ချလံမဲ့တဲ့လား

DEPARKO DEPARKOJuly 13, 20131min975

မနေ့က ပန်းဆိုတန်းမှတ်တိုင်ကနေ ပါရမီ အစိမ်းရောင်ကို သမိုင်းဘက်တက်စီးတယ်။
ကားသမားကခတ်ငယ်ငယ် ညနေရုံးဆင်းချိန်နောက်ပိုင်းဆိုတော့ လူကိုအလုအယက်ရှာနေရတဲ့ပုံ။
ပြွတ်ညပ်နေတဲ့ ကားပိစိတွေကြား ပုရွက်ဆိတ်အုပ်ထဲ ဆင်ဝင်တိုးသလို ခေါင်းထိုးထိုးပြီးအတင်းလမ်းလုမောင်းရာက
ရွှီကနဲ ဝီစီသံတစ်ချက် ကားကတုံ့ကနဲရပ်လို့ ၂၈လမ်းအောက်ဘလောက် ညနေဝ၅၀ဝချိန် ဝီစီတော်ပီကယ်ဆီကိုစပါယ်ယာလေးပြေးလို့
လက်ကြားမှာ ၃၀၀ဝ ညှပ်လို့ ဝတ်တွားခယတောင်းပန် ဟိုကလက်မခံ ငါ ၃၀၀ဝ တန်မဟုတ် ဆင်ဖြူတော်မဟုတ်လို့ ချလံမပေး ရုံးကိုမနှေးလာခဲ့တဲ့။
စပါယ်ယာတွေက ကားသမားကိုအပြစ်တင် ၅၀၀ဝ နဲ့ သူငယ်ချင်းလုပ် တာ့တာတောင်အဟုတ်ပြမတဲ့။
ချလံမဖြတ်တဲ့သကောင့်သား တစ်နေ့ နှစ်ဆယ်လောက်များဖမ်းရင် အိတ်ဝင်သပိတ်ဝင် ငွေတစ်သိန်း
ဒီမိုကရေစီယိမ်းကလို့ရ လုပ်ကြပါဦးဗျ။

5 comments

  • အချို့က ငါးထောင်
    အချို့က သုံးထောင်
    အချို့က တစ်ထောင် နှစ်ထောင်နဲ့
    ရန်ကုန်မြို့ နေရာအနှံ့မှာ
    ခြစားမှုတွေ ဖြစ်ဖြစ်နေတာ
    ပြည်သူတွေတောင် တွေ့တွေ့နေတယ်
    ဟိုလူတွေ မတွေ့ဘူးလားရယ်လို့ မေးလိုက်ချင်တော့လေး ….။

  • DEPARKO DEPARKO

    July 13, 2013 at 11:13 am

    မျက်လုံးမကောင်း သူစွေစောင်း
    နားကမကြည် အသံမပီ
    စကားကထစ် လူ့ငညစ်
    ဒုက္ခိတ ပြားတုတ်သလိုပဝေး

  • အလင်း ဆက်

    July 13, 2013 at 11:47 am

    အော်
    လုပ်စား ခွင့်
    အဆင့်ဆင့်
    မြှင့်တင် ပေးထားပါတယ် ဆိုမှ

    😆

  • TNA

    July 15, 2013 at 11:30 am

    အိုးဖမ်းစရာမရှိတော့ ကားကိုတားတော့ ဘာလုပ်လို့လဲလို့မေးတော့ လက်ဖက်ရည်ဖိုးလေးဆိုလို့ပေးခဲ့ရသေး။ လက်တွေ့ပါ။ အိမ်စီးကားပါ။

Leave a Reply