ယနေ့ခေတ်ပညာရေး

Nan Mo KhanJuly 13, 20131min1588
  1.                        မနေ့ညကကျွန်မတို့မိသားစုတွေညစာစားသောက်ပြီးစကားစမြည်ပြောကြသည်။
    ရလေလိုလေ အိုတစ္ဆေ ကြောင်ကြီး စိတ်ညစ်နေ…
    ရလေလိုလေ အိုတစ္ဆေ ကြောင်ကြီး စိတ်ညစ်နေ…
    ကျွန်တော် ချစ်သော ပတ်ဝန်းကျင်
    ကျွန်တော် ချစ်သော ပတ်ဝန်းကျင်

    ခုခေတ်က

လေးတွေကဆယ်တန်းသာအောင်တာ..ဘာမှမတတ်ဘူးတဲ့..ငါတို့ငယ်ငယ်တုန်ကဆိုခဲ့ရတဲ့မောင်

ငယ်ရင်သွေးတို့ဘာတို့ဆိုခိုင်းပါလားတဲ့..ဘာမှမသိဘူးတဲ့ ဆိုကာအပြစ်တင်သည်။

ငါတို့ငယ်ငယ်တုန်းကဆိုရင်အလီတွေဆိုအပေါ်ကနေအောက်၊အောက်ကနေအပေါ်ပြောင်းပြန်ဆိုရ

တာဟုပြောပြ၏။အခုခေတ်ကတော့ဒါမေး၊ဒါကျက်၊ဒါဖြေကိုအမေရဲ့..သမီးတို့လည်းဆရာမကျက်ခိုင်းတာပဲသိမှာပေါ့ဟုပြန်ပြောလိုက်သည်။

  1. ယနေ့ခေတ်မှာကျောင်းသားများ၏လုပ်ဆောင်ချက်သည်ဘာမှမပါ။

ကျူရှင်တွေက ရှေ့နေလမ်းပြပေးသည်။ပြိးတော့ဂိုက်တွေပါလာသည်။အထူးထုပ်တွေပါလာသည်။

ကလေးတွေရဲ့အခန်းကဏ္ဍကဘယ်မှာလဲ..တဖြည်းဖြည်းနှင့်ကလေးတွေ၏ဦးနှောက်မှာသံချေးတက်နေ

ပြီဖြစ်သည်။ကျူရှင်တောင် ကိုယ်ယူချင်သည့်ကျူရှင်ကိုမယူရ..အတန်းပိုင်ကျူရှင်မှတဲ့…။

ညအိပ်ယာဝင်သည့်အခါကျွန်မစဉ်းစားမိတာလေးတစ်ခုရှိသည်။ကလေးတွေအတွက်ကျူရှင်တွေ၊ဂိုက်တွေ

ပဲအားကိုးနေတော့မှာလား…ကလေးတွေအတွက်ရွေးချယ်ခွင့်လေးတွေမပေးတော့ဘူးလား..

ဒီကလေးတွေရဲ့တစ်ဘဝလုံးဆရာမတွေအမေတွေကပဲဦးဆောင်သွားတော့မှာလား.ဟူရှ်ဖြစ်သည်။

ကျွန်မလည်းကျောင်းသူတစ်ယောက်ဖြစ်ရျ်ကိုယ်ပိုင်အတွေးအခေါ်၊ကိုယ်ပိုင်ရပ်တည်မှုကိုလိုလားတောင့်တပါ၏။

ရှေ့လျှောက်ဒီလိုမျိုးသာဆက်သွားနေမည်ဆိုလျှင်တော့ ဪ..မြန်မာနိုင်ငံပညာရေးစနစ်

ကြီးကရင်လေးစရာပါပဲလား..။  ။

8 comments

  • အရီးခင်လတ်

    July 13, 2013 at 8:38 pm

    ဆရာတွေ ကိုယ်တိုင်က ကလေးတွေ လို အလွတ်ကျက်ပြီး သင်နေကြရမှတော့ မိုခမ်း ရေ။
    နောက်တစ်ချက်က အူမတောင့်တာကိုမဟုတ် ဟောင်းလောင်းဖြစ်နေမှတော့ သူတို့ကို ပုံချလို့လဲမရ။
    တကယ်တော့ ပြင်ဖို့ကတော့ ခေါင် ကကိုပါဘဲ။

    ဒါထက်
    “မနေ့ညကကျွန်မတို့မိသားစုတွေညစာစားသောက်ပြီးစကားစမြည်ပြောကြသည်။ ”
    စာသားအောက်မှာ ကကြောင်ကြီး ရဲ့ ကြောင်မိသားစု ပုံနဲ့ ဆိုတော့ ရီမိသွားသေးတယ်။
    နောက်ပုံ က အလင်းဆက် Post ကထင်တယ်။

    ကြည့်ရတာ Post အတင်မှာ ဒီ ပုံတွေ ပါ ရောဝင်သွား ပုံရတယ်။

    ဒါမှ မဟုတ် မိန်းကလေး ငယ်ငယ် ဝင်လာရင် စောင့်ဖမ်းဖို့ အကွက် စောင့်နေတဲ့ ဒင်းတို့ နှစ်ယောက် လက်ချက်ဘဲလား။
    😆

    • kai

      July 14, 2013 at 6:09 am

      အဲဒါ.. ဘယ်လိုဖြစ်သွားသလည်းမသိ…
      ပြင်ထားတဲ့ Logs မှာတေ့ာ မူရင်းပို့စ်ပိုင်ရှင်ပဲလို့တွေ့ရတယ်…
      =
      ဆိုတော့…
      အနန္တောအနန္တဆိုပြီး.. အလွန်အကျွံစာသားစကားကလာတယ်လို့ထင်မိတယ်…
      ဆရာဟာ.. ဆရာသာဖြစ်ပါကြောင်း…. ရယ်…။

      ယဉ်ကျေးမှုအရ.. ဆရာဟာ.. အနန္တောအနန္တဂိုဏ်းဝင်ဖြစ်နေတော့…
      ဆရာပြောသမျှ.. ပြန်လှန်ဆွေးနွေးမပြောရဲဖြစ်တယ်….။ ကြောက်ရတယ်လေ…
      ဆရာအသုံးမကျရင်.. ဘယ်စနစ်.. ဘာပညာရေးဖြစ်ဖြစ်… ဘဝရောစုံမျောသွားပါလေရော…
      Luck ဆိုတာကြီးကိုလွှဲချနေရတဲ့.. ဘဝရောက်ရော…

      သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…. :mrgreen:

    • အလင်း ဆက်

      July 14, 2013 at 9:54 am

      ကျွန်တော်မျိုး လက်ချက်လည်း မဟုတ်ရပါကြောင်းးးး

      မိန်းကလေး ငယ်ငယ်လေး ဆိုတာကိုတော့ ဝမ်းမျောက်ဝမ်းသာ ကြိုဇိုပါကြောင်းးးးး

      ပုံက ကျွန်တော့်ပိုစ့်ထဲက ပုံ ဖြစ်ပါကြောင်းးး
      စာသားက ကျွန်တော်ကိုယ်တိုင် ရေး တင်ခဲ့သော စာသားဖြစ်ပါကြောင်းးးး

      ပုံကတော့ google ထဲက ခပ်လွယ်လွယ် ဆွဲယူလာတဲ့ ပုံ ဖြစ်ပါကြောင်းးး

      ဒီ ပိုစ့်ထဲ ဘယ်လို က ဘယ်လို ရောက်နေတယ် မသိပါကြောင်းးးး

      😆

  • Ma Ma

    July 13, 2013 at 9:48 pm

    ပညာရေးကို အဓိကထားရမယ်၊ ပြုပြင်ပြောင်းလဲရမယ်ဆိုတာကို အသံတွေ အကျယ်ကြီး ကြားနေရပြီ။
    ပြောင်းလဲဖို့လည်း လုပ်နေကြပါပြီ။
    ဒါ့ထက်….နန်းမိုခမ်းဆိုတာ ယောဂကျင့်စဉ်သင်တန်းဆရာမ များလား။
    ကြိုဆိုပါတယ်နောာာာာာာာာာာာာ 🙂

  • အလင်း ဆက်

    July 14, 2013 at 9:58 am

    ပညာရေး တိုးတက်မြင့်မားခြင်း နဲ့ အပြိုင်
    ပညာသင်စရိတ်တွေလည်းးး မြင့် လာပါတော့မည်

    ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနိုင်ငံမှာ နေထိုင်ရှင်သန်ရတာ
    ရင် လေး ရ ရိုး ထုံးစံက
    အစဉ်အလာ မပျက် ပါဘူးကွယ်

  • TNA

    July 14, 2013 at 8:06 pm

    စပါး၊ ဆန်၊ ပဲ၊ ပြောင်းလို့ဆရာမကရေးပေးထားတာကို ကျောင်းသားက ဆန်၊ စပါး၊ ပဲ၊ ပြောင်း လို့ရေးလိုက်မိ လို့တမှတ်မှမရခဲ့ပါတဲ့။ ယနေ့လက်ရှိပညာရေးပါ။ ဒဂုံ ၁ ကတော့ အတန်းပိုင်ဆီမှာကျူရှင်ထားရပါတယ်။ ကလေးကိုပို့စရာမလိုပါဘူး။ ညနေမိဘက ဆရာမဆီမှာ ကျက်စရာစာရွက်သွားယူရပါတယ်။ အိမ်မှာဆရာ မခေါ်ပြီးကျက်ခိုင်းရပါတယ်။ ကျူရှင်လခကတော့ အတန်းပိုင်ကိုလဲပေးရပါတယ်။ အိမ်ခေါ်သင်တဲ့ဆရာမကို လဲပေးရပါတယ်။

  • လူငယ် တစ်ယောက် လမ်းလျှောက်လာတယ် ….။
    လမ်းမှာ ခလုတ် တိုက်မိတယ် …။
    ဒီအခါ …..
    “ဒါ … နယ်ချဲ့စနစ်ကြောင့်ပဲ” လို့ ခပ်လွယ်လွယ် အပြစ်တင်လိုက်တယ် …. တဲ့ …။

    ဖတ်ဖူးတာထဲက ရေးတေးတေး မှတ်မိတာလေးပါ။

  • မင်းမင်း

    July 15, 2013 at 9:12 am

    ကျောင်းနေပျော်ရေး ( ကျောင်းသူားများ)

    သင်ကြားမူ့ အရည်အသွေး တန်းတူ သင်ကြားပေးနိုင်ရေး (တနိုင်ငံလုံး ကွာဟချက်ကျဉ်းမြောင်းစေရေး)

    ဒီနှစ်ချက်က ပညာရေး ပြုင်ပြောင်းလဲရေးအတွက် အခြေခံ အရင်ပြင်ရမယ်

    လို့ထင်ပါတယ်။

    ခုခေတ်ပညာရေးကတော့ ငွေလဲတတ်နိုင်ရမယ် ။ကျောင်းသူားကလည်း

    ဥဏ်ကောင်း စာတော်ကြိုစား တဲ့သူထြစ်ရမယ်။ ဒီအချက်နဲ့ညီရင် မဆိုးပါဘူး

    လို့တော့ပြောနိုင်ကောင်းပါရဲ့။

Leave a Reply