ဓာတ်သေပညာကျမ်း အပိုင်း(၁၀)

ဓာတ်သေပညာကျမ်း အပိုင်း(၁၀)

July 13, 2013 at 10:49pm

ရှက်တာစပိအကြောင်းတော့ ပြောပြီးပါပြီး.. ခုပြောလာခဲ့တာတွေက တခုချင်းဆီရဲ့ အကြောင်းတွေဖြစ်ပါတယ်.. တကယ်တော့ ဓာတ်ပုံ ရိုက်တယ်ဆိုတာ အပါချ နဲ့ ရှက်တာစပိ သမမျှတအောင် ချိန်ပြီး ဖန်တီးရတာပါ.. အဲဒီလို ဖန်တီးပြီးရိုက်ကူးရတာတွေကိုတော့ ပြီးရင် နောက်ပို့စ်တွေမှာ ပြောပြပေးမှာ ဖြစ်ပါတယ်.

ခုပြောပြချင်တာကတော့ လန်းစ်ကနေ တဆင့်ခြင်းလာလိုက်တာ ရှက်တာ ပြီးတော့ ခုပြောမှာ က ရှက်တာနောက်မှာ ရှိတဲ့ ပုံရိပ်ဖမ်း ဆင်ဆာ (Image sensor )အကြောင်းဖြစ်ပါတယ်..

 

 

လန်းစ်ထဲက ဝင်လာတဲ့ ပုံရိပ်ဟာ ရှက်တာက ဖွင့်ပေးလိုက်တဲ့ အချိန်မှာ ပုံရိပ်ဖမ်းဆင်ဆာ ထဲကို ရောက်ပါတယ်.. အဲဒီ ဆင်ဆာ က ဝင်လာတဲ့ ပုံရိပ်ကို ဖမ်းလိုက်တဲ့ အခါ ဓာတ်ပုံ တစ်ပုံရဲ့ ကွာလတီဟာ အဲဒီ ဆင်ဆာပေါ်မှ မူတည်ပြီး ကွာခြားသွားပါတော့တယ်..

ကင်မလာ အမျိူးအစား တွေကို အကြမ်းဖျဉ်းခွဲခြားတဲ့ အခါ

  1. ကော်ဆူးမားဆိုတဲ့ compact camera
  2. ပလိုဆူးမား ခေါ်တဲ့ bridge camera
  3. ဆင်မြှီးပလိုခေါ်တဲ့ Entry level နဲ့ Midrange camera
  4. ပလို ခေါ်တဲ့ Hight-end camera

အဲဒီကင်မလာတွေမှာ အဓိကကျကျ ကွာခြားတာကတော့ ခုနပြောခဲ့တဲ့ ဆင်ဆာ ကြောင့်ပဲ ဖြစ်ပါတယ်.. ပုံရိပ်ကို ဖမ်းဖို့ ဆင်ဆာဆိုဒ် သေးတဲ့ ဆင်ဆာနဲ့ ကြီးတဲ့ ဆင်ဆာ ဘယ်ဟယက ပိုအသေးစိတ်ဖမ်းနိုင်မလဲ .. ရှင်းပါတယ် ဆိုဒ်ကြီးတဲ့ ဆင်ဆာက အသေးစိတ် ပိုဖမ်းနိုင်မှာပါ.. ဆင်ဆာ အရွယ်အစား လို့ ပြောတဲ့ အခါမှာ ဖလင်ခေတ် ကင်မလာတွေရဲ့ ဖလင်ဆိုဒ် 36mmx24mm ကို ဆိုဒ်အပြည့် ဆင်ဆာ လို့ စံသတ်မှတ်ပြီး  Hight-end ခေါ်တဲ့ pro ကင်မလာ ကြီးမှာ.. အဲဒီ ဆိုဒ်ကို သုံးထားပါတယ်.. အဲဒါကြောင့် အဲဒီ ပလို ကင်မလာကြီးတွေကို ခေါ်တဲ့ နာမည်က ………………..ဖူးဖင်လိန်ကင်မလာ

ပလိုတွေက ဖူးဖင်လိန်ကင်မလာ ဆိုတော့ ဆင်မြှီးပလို ကင်မလာတွေကျတော့ ခလောဖင်လိန်ကင်မလာ ပေါ့နော်

ကင်မလာတွေမှာ သုံးထားတဲ့ ဆင်ဆာ အရွယ်အစားတွေကို အောက်မှာ တွေ့ရမှာ ပါ.. ဒါဆို ပိုကောင်းတဲ့ ကင်မလာတွေရဲ့ ဓာတ်ပုံတွေရဲ့ ကွာလတီ နဲ့ ဈေးပေါတဲ့ ကင်မလာတွေရဲ့ ဓာတ်ပုံကွာလတီဟာ ဘာကြောင့်ကွာခြားသွားတယ်ဆိုတာ ရှင်းပြစရာ မလိုတော့ပါဘူး

 

 

ကော်ဆူးမား = consumer
ပလိုဆူးမား = prosumer
ဆင်မြှီးပလို = semi-pro
ပလို = pro
ဖူးဖင်လိန် = full frame
ခလောဖင်လိန်= crop frame

4 comments

  • Ma Ma

    July 15, 2013 at 4:21 pm

    ကင်မရာဝယ်ဖို့ ချိန်ထိုးချင်ရင် အဲဒီ Image Sensor နှိုင်းယှဉ်ပြထားတာကို ကြည့်ရမယ်။ 🙂

  • အလင်း ဆက်

    July 15, 2013 at 5:36 pm

    တကဟ့်ကို ဗဟုသုတ ရ စေတဲ့ ပိုစ့်မို ့
    တင် ပြ ပေးတဲ့ ဆရာအုပ်ကို
    ကျေးဇူး မတင်ပဲ
    မနေ နိုင် ဘူးဗျို ့

  • Mr. MarGa

    July 15, 2013 at 8:18 pm

    သေချာတာကတော့
    ကြီးလေကောင်းလေ :mrgreen:

  • padonmar

    July 15, 2013 at 8:59 pm

    ခလောဖင်လိန်ဆိုလို့ စဉ်းစားလိုက်ရတာ
    တော်ပါသေးရဲ့ ၊အောက်မှာခက်ဆစ်အဖြေပါပေလို့
    crop frame တဲ့။
    …..ပလဲဆင့်တီချာ…

Leave a Reply