၂၀၁၁ခုနှစ်……

သူများတွေပွဲသွားရင်……ကိုက ပွဲကြည့် ချင်တာထက် ပွဲဈေးတန်းမှာ မုံ့စားမယ် လူတွေကြားထဲတိုးဝှေ့ နောက်ပြောင်ကြည်စယ်ပြီးပွဲခင်းထဲဝင်ထိုင် သူများတွေပြန်တော့ပြန်….ပွဲမကြည့်တတ်သေး….။

၂၀၁၂ခုနှစ်……

ပွဲခင်းထဲရောက်ပါများတော့  စတိတ်ရှိး ပြဇတ် တို့ကြည့်တတ်လာတယ်…..မြိုင်ထနှစ်ပါးသွား မင်းသား.မင်းသမီး..အက…အသံကောင်းမကောင်းဝေဖန်ဆွေးနွေးတတ်လာတယ်

၂၀၁၃ခုနှစ်……

ကြည့် ရုံတင်အားမရတော့….စင်ပေါ်တက်ချင်လာတယ်…ဘယ်နေရာကပါရ ပါရ… ကားဆွဲပဲ လုပ်ရ လုပ်ရ….ဇာတ်သေတ္တာပဲ ထမ်းရပိုးရ…ထင်းခွဲရေခပ် ….. ယုတ်စွအဆုံးမင်းသမီးထမီပဲခေါက်ရ  သိမ်းရ

အိုဗျာ….ဒီဇာတ်ကြီး ဘယ်နေရာကိုသွားသွား ကျုပ်လိုက်ရဖို့ ပဲအရေးကြီးတော့တယ်……ကျုပ်မှမခွဲနိုင်တာ….ကျုပ်ဘုရားရှစ်ခိုးတိုင်းဆုတောင်းတယ်…ဒီဇာတ်ကြီးဇတ်ခေါင်းမကွဲပါစေနဲ့

ဇာတ်ထောင်သူ….ဇာတ်မန်နေဂျာ…..နဲ့ဇာတ်အဖွဲ့သားတွေအားလုံးကျမ္မာ ချမ်းသာကြပါစေလို့…………။

ခုတော့ ကျွန်တော်ချစ်တဲ့ ဒီဇာတ်ကြီးနဲ့လိုက်ခွင့်ရနေပါပြီ…….ဒီဇာတ်အဖွဲ့ကြီးနဲ့ အတူဆိုးတူကောင်းဖက်……သာတူညီမျှနေနိုင်အောင်ကျွန်တော်ကြိုးစားနေပါပြီ

ဒီဇာတ်အဖွဲ့ကြီး တိုးတက်ရာတိုးတက်ကြောင်းအတွက်.တထောင့် တနေရာက……ပိုးစုန်းကြုး အလင်းရောင်လေးမျှ ပေးစွမ်းနိုင်ရင်ကိုပဲ …………………….။

About ဦး ကြိမ်

ဦး ကြိမ် has written 8 post in this Website..

ရို သား ဖျောင့်မတ် ခြင်းကို နိုင်သရွေ့ ထမ်းပိုးရင်း လောကလမ်းကို လျှောက်နေသူပါ..........။