ပွဲမကြည့် ရ ရင်မနေနိူင် တော့တဲ့သူ

ဦး ၾကိမ္July 14, 20131min1567

၂၀၁၁ခုနှစ်……

သူများတွေပွဲသွားရင်……ကိုက ပွဲကြည် ့ချင်တာထက် ပွဲဈေးတန်းမှာ မုံ့စားမယ် လူတွေကြားထဲတိုးဝှေ့ နောက်ပြောင်ကြည်စယ်ပြီးပွဲခင်းထဲဝင်ထိုင် သူများတွေပြန်တော့ပြန်….ပွဲမကြည့်တတ်သေး….။

၂၀၁၂ခုနှစ်……

ပွဲခင်းထဲရောက်ပါများတော့  စတိတ်ရှိး ပြဇတ် တို့ကြည့်တတ်လာတယ်…..မြိုင်ထနှစ်ပါးသွား မင်းသား.မင်းသမီး..အက…အသံကောင်းမကောင်းဝေဖန်ဆွေးနွေးတတ်လာတယ်

၂၀၁၃ခုနှစ်……

ကြည် ့ရုံတင်အားမရတော့….စင်ပေါ်တက်ချင်လာတယ်…ဘယ်နေရာကပါရ ပါရ… ကားဆွဲပဲ လုပ်ရ လုပ်ရ….ဇာတ်သေတ္တာပဲ ထမ်းရပိုးရ…ထင်းခွဲရေခပ် ….. ယုတ်စွအဆုံးမင်းသမီးထမီပဲခေါက်ရ  သိမ်းရ

အိုဗျာ….ဒီဇာတ်ကြီး ဘယ်နေရာကိုသွားသွား ကျုပ်လိုက်ရဖို့ ပဲအရေးကြီးတော့တယ်……ကျုပ်မှမခွဲနိူင်တာ….ကျုပ်ဘုရားရှစ်ခိုးတိုင်းဆုတောင်းတယ်…ဒီဇာတ်ကြီးဇတ်ခေါင်းမကွဲပါစေနဲ့

ဇာတ်ထောင်သူ….ဇာတ်မန်နေဂျာ…..နဲ့ဇာတ်အဖွဲ့သားတွေအားလုံးကျမ္မာ ချမ်းသာကြပါစေလို့…………။

ခုတော့ ကျွန်တော်ချစ်တဲ့ ဒီဇာတ်ကြီးနဲ့လိုက်ခွင့်ရနေပါပြီ…….ဒီဇာတ်အဖွဲ့ကြီးနဲ့ အတူဆိုးတူကောင်းဖက်……သာတူညီမျှနေနိူင်အောင်ကျွန်တော်ကြိုးစားနေပါပြီ

ဒီဇာတ်အဖွဲ့ကြီး တိုးတက်ရာတိုးတက်ကြောင်းအတွက်.တထောင့် တနေရာက……ပိုးစုန်းကြုုး အလင်းရောင်လေးမျှ ပေးစွမ်းနိူင်ရင်ကိုပဲ …………………….။

7 comments

  • အလင်း ဆက်

    July 14, 2013 at 10:32 am

    ခံစားချက် တူပါတယ်
    ချစ်သော ဦးကြိမ်ရေ

    ကျွန်တော်လည်း
    ဒီဇာတ်ထဲ ပျံသန်းနေတဲ့
    ပိုးစုန်းကြူးလေး တစ်ကောင် ပါ
    😆

  • ဒီဇာတ်အဖွဲ့ကြီးက ကမ္ဘာကျော်နေပါပြီ …..။
    တော်ရုံနဲ့ ဇာတ်ခေါင်းတော့ မကွဲနိုင်တော့ဘူး ထင်ပါရဲ့။
    ကျုပ်ကတော့ ပွဲကြည့် ပရိသတ် ဆိုတော့ကာ
    မိုးတိုးမတ်တပ် လည်း ရပ်မကြည့်ချင်တော့ဘူး …
    မြေကြီးပေါ် ဆောင့်ကြောင့် ထိုင်ပြီးလည်း မကြည့်ချင်တော့ဘူး …
    အချို့တွေလို ထိုင်ခုံတွေ ဘာတွေနဲ့ ဇိမ်ပြေနပြေ ထိုင်ကြည့်လိုက်ရရင်များ … ဆိုပြီး တစ်ခါတစ်ခါများ စိတ်ကူးတွေတောင် ယဉ်နေလိုက်မိသေး …..။

  • ဦးကြောင်ကြီး

    July 15, 2013 at 8:37 am

    ဇာတ်သမား
    အပြတ်ဖား
    နတ်ကန္နား
    မှတ်ထား
    ဝက်သား
    ချက်စား
    လာဘ်ပွား
    ဓာတ်အား..။

  • မင်းမင်း

    July 15, 2013 at 9:33 am

    ကျုပ်လဲပွဲကြိုက်တယ်။

    နှစ်ပါးခွင် တို့ ရှေ့ထွက် နောက်ထွက်

    ဒီအချိန်ဆိုအိပ်ချင်တယ်။

    ပျက်လုံးပြတ်ရင်တော့ထထရယ်မိတယ်။

    အဲ ဇာတ်ထုတ်ခင်းပြီဆိုရင်တော့ :mrgreen:

  • kyeemite

    July 15, 2013 at 3:25 pm

    ဇတ်သမားပြန်ရင်မှတ်သားစရာကျန်တယ်တဲ့…ပြောစမှတ်ရှိတယ်
    ကိုင်းဇတ်ဆရာတို့…မတိမ်းမစောင်း ဗိန်းမောင်းလေးနဲ့စလိုက်ရအောင်
    ပလို့……..ဂျိ :mrgreen:

  • Ma Ma

    July 15, 2013 at 4:26 pm

    ကိုယ်တိုင်ပါဝင်ကပြပြီဆိုရင်တော့ ပိုပြီးစွဲလမ်းစေေတော့မှာ အမှန်ပဲ။ 🙂

  • ဦး ကြိမ်

    July 15, 2013 at 8:20 pm

    အေးဗျာ…..ကျုပ်က ရုပ်ကလည်းဆိုး
    အသံကလည်းမကောင်း….ဆိုတော့ ဘယ်နည်းနဲ့မှ မင်းသားမဖြစ်နိူင်ပါဘူး
    ကျုပ်ထက် တော်တဲ့ တတ်တဲ့ …..အဆိုကောင်း အကကောင်း သရုပ်ဆောင်ကောင်းသူတွေကို
    ငေးမော ကြည့်ရှု အားပေးရင်း…နဲ့ ပဲ ကျုပ်ကျေနပ်နေမှာပါ……။

Leave a Reply