အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေးပြောကြည့်မယ် (၃)

alinsettJuly 15, 20132min22029

အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၁ )

အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၂)

 

 

ကျွန်တော်ချစ်သော အနုပညာ

 

 

အနုပညာစကား ။ ၁၁ ။

 

 

အနုပညာပစ္စည်း တစ်ခုကို ခံစားရာမှာ. . . . .

ခံစားသူအနေနဲ ့ အဲဒီ အနုပညာ ပစ္စည်း ကို နားလည်ခြင်း / နားမလည်ခြင်းတွေက ပြဿနာ ဖြစ်စေပါတယ် ။

နားလည်ခြင်းဆိုတာ . . .

အဲဒီ အနုပညာပစ္စည်း ရဲ ့ဆိုလိုချက် / အဓိပ္ပါယ် / ပေးချင်တဲ့ message / (သို ့မဟုတ် ) ရသ ကို ခံစားသူက တသွေမတိမ်း ရလိုက်ခြင်း လို့ ့ယူဆပါမယ် ။

ဒီတော့ နားမလည်ခြင်းဆိုတာ . . . . .

အဲဒီ အနုပညာပစ္စည်း ရဲ ့ဆိုလိုချက် / အဓိပ္ပါယ် / ပေးချင်တဲ့ message / ရသ ကို ခံစားသူက မရ လိုက်တာပေါ့ဗျာ ။

ကဲ နည်းနည်း ချဲ့ ့တွေးကြည့်လိုက်ကြရအောင် ။

**************************************

အနုပညာစကား ။ ၁၂ ။

အနုပညာပစ္စည်းတစ်ခု (ဥပမာ)ကဗျာ တစ်ပုဒ် ကို . . . . .

ခံစားသူက ခံစားဖို့ ့အသင့်ပြင်လိုက်ပြီ ဆိုရင် ပထမဆုံးတွေ့ ့ရမှာက အဲဒီ ကဗျာကို ဖွဲ ့စည်းထားတဲ ့

စာသား (သို့မဟုတ်)စကားလုံး (သို့မဟုတ်)ဘာသာစကား အစုအဝေးပါ ။

ဘာသာစကား တွန့်တွန့်ကောက်ကောက်တွေ ကို ဖတ်လိုက်ပြီးးမှ. . . . . .

အဲ ဒီ ဘာသာစကား /စကားလုံးတွေက ညွှန်းဆိုပြထားတဲ့ အဓိပ္ပါယ် (သို့မဟုတ်) သဘော ကို ခံစားသူက သိ ပါတယ် ။

ဥပမာ စာသားတစ်ခု ဆွဲထုတ်ပြပါ့မယ် ။

———————–

နွေကန္တာ အလယ်မှာ

ရွှေဒဏ်ရာ မပယ်သာဘူး

ခင့်ကြောင့် ငိုပွဲ နွှဲရပြီ ။

 

<  အလင်းဆက် / မျက်ရည်ပွဲ မှ   >

————————

ဒီကဗျာ စာသားကို ဖတ်လိုက်တဲ့သူအတွက် မြင်နေရတဲ့ စာသား စကားလုံး တွန် ့တွန့် ့ကောက်ကောက် အက္ခရာတွေ က အပြင် သဘောပါ ။ ဘာသာစကား ပါ ။

အဲဒီ ဘာသာစကား စကားလုံးတွေက ညွှန်းဆိုပြထားတာကတော့. . . . . . (ဖတ်လိုက်တဲ့အခါ )

ယောကျာ်းပျိုတစ်ယောက် / ယောကျာ်းပေမယ့် မျက်ရည်လည်ရွှဲ ငိုနေပုံ /သူ ့ချစ်သူ မိန်းကလေးက စိမ်းကား ရက်စက်သွားလို ့ အသည်းနာ ပူဆွေး နေတာတောင်

စိတ် မနာရက် ပုံ ။ နွေရာသီ သဲကန္တာရ အလယ်မှာလို ပူဆွေးသောကတွေနဲ ့ အသည်းအသန် ငိုကြွေးနေရပုံ တွေ မြင် / ထင် သွားပါတယ် ။

ဒါတွေ ထင် မြင်သွားတာက အတွင်းသဘော ပါ ။

စာသားက ညွှန်းဆို ပြလိုက်နိုင်တဲ့ အဓိပ္ပါယ်ပါ ။

ဒီလို ရေးထားတဲ ့ကဗျာ တစ်ပုဒ်မှာ ရေးသူနဲ ့ဖတ်သူကြား အထစ်အငေါ့မရှိပဲ ခံစားမှု ထပ်တူကျ နိုင်တယ် ။

နားလည် နိုင်တယ်ပေါ့ဗျာ ။

ကဗျာမှာ ပါတဲ့ ရသကို ရလိုက်နိုင်တယ်ပေါ့ဗျာ ။

ဒီလို အပိုင်းက သာမန် ပြဿနာ မရှိတဲ့အခြေအနေမို ့ အထူးအထွေပြောစရာမရှိပါဘူး ။

******************************************

အနုပညာစကား ။ ၁၃ ။

————————————-

အလင်းပျောက်သွားတဲ့ မနက်ခင်းမှာ

ငါ့ရင်ထဲက ပင်လယ်

လမ်း ထလျှောက်တယ် ။

 

{အလင်းဆက် / တမ်းတခြင်းကဗျာစု မှ}

————————————

ဒီလို ကဗျာ စာသားမှာတော့ ပြဿနာ ရှိလာပါတယ် ။

အလင်းပျောက်သွားတဲ့မနက်ခင်းမှာ ငါ့ရင်ထဲက ပင်လယ် လမ်းထလျှောက်တယ် ဆိုတဲ ့စာသား (ဘာသာစကား) အက္ခရာတွေက အပြင်သဘောပါ ။

အတွင်းသဘောဖြစ်တဲ့ စာသားက ညွှန်းဆိုပြတဲ့ အဓိပ္ပါယ်ကို ဖမ်းဆုပ်ကြည့်တော့ . . . . . အင်မတန် ဝေဝါးသွားပါတယ် ။

———————————–

ခွဲခြမ်းစိတ်ဖြာ ကြည့်ရအောင် ။

 

၁ ။ ။ အလင်းပျောက်သွားခြင်း

၂။ ။ မနက်ခင်း

၃။ ။ရင်ထဲက

၄။ ။ပင်လယ်

၅။ ။ လမ်း ထလျှောက်ခြင်း

ဒီလို တစ်ဆင့်ချင်းစီ ဖတ်သွားတဲ့အခါ မှာ . . . . . .

နားမလည်ခြင်း ပြဿနာက ဝင်မလာသေးပါဘူး ။

စကားလုံး ငါးခုလုံးကို နားလည်နေပါတယ် ။

တစ်ပိုဒ်လုံး(ဝါကျတစ်ကြောင်းလုံး)

ဆုံးအောင်ဖတ်ပြီးတဲ့အခါကျတော့ ဘာကို ဆိုလိုထားမှန်းးး မသိ ။

အဓိပ္ပါယ်က ဝေဝါးးသွားပါတယ် ။

မနက်ခင်းဆိုတာက ဘာလို့ ့အလင်းပျောက်သွားတာလဲ။

အလင်းမရှိတဲ့ မနက်ခင်းဆိုတာက ဘယ်လို မျိုးလဲ ။

ပင်လယ်က ဘယ်လို လုပ် လမ်းလျှောက်သလဲ ။

ပင်လယ်ကြီးက ဘာလို ့ရင်ထဲမှာ ရှိနေရတာလဲ ။

??????????????

မေးခွန်းတွေ တန်းးးးစီ ပြီး   ထွက်လာပါတော့တယ် ။

တိကျတဲ့ အဓိပ္ပါယ်ကို မရ လိုက်ဘူး ။

သို ့လော သို ့လော တွေနဲ့ အတူ နားမလည်ခြင်း ပြဿနာကြီး စတင်ပါတော့တယ် ။

ရပ်ကွက်ထဲက လူတွေ ပြောသလိုဆို အဲဒီမှာ စ တွေ့ ့တာပါပဲ ။

***************************************

အနုပညာစကား။ ၁၄ ။

 

တစ်ခု ကြားဖြတ်ပြောချင်တာက တော့

နား မလည်တာ / နား လည်တာ နောက် ထား ပါဦး ။

အဲဒီ ကဗျာ စာသား မှာ ဘာရသ ပါသလဲ ဆိုတာလေး တွေးကြည့်စေချင်ပါတယ် ။

နားမလည်ဘူး းးးး ဘာကို ဆိုလိုမှန်းးးမသိပါဘူးးးး ဆိုရင်တောင် ရသ တစ်ခုခုတော့ ဆွဲထုတ်ကြည့်လို့ ့ရမယ် ထင်ပါတယ် ။

အလင်းပျောက်သွားတဲ့ မနက်ခင်းမှာ ငါ့ရင်ထဲက ပင်လယ် လမ်းထလျှောက်တယ် ဆိုတဲ့ စာသား ဟာ

အံ့ဩစရာ မကောင်းဘူးလားးးး။ မြင်ယောင်ကြည့်ပါ ။

လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲက ပင်လယ်ကြီး တစ်စင်း ထွက်လာပြီးးး

လမ်း ထ လျှောက်နေပုံ / အလင်းမဲ့တယ်ဆိုတဲ့ မှောင်မှောင်မည်းမည်း မနက်ခင်းကြီးထဲမှာ ပင်လယ်ကြီး လမ်းထ လျှောက်နေပုံ. . . ။

အံ့ဩမှုရသ မြောက်တယ်လို့ ့ကျွန်တော် ပြောရင်

သင်တို့ ့ငြင်းမလား ။

——————————-

ဒါပေမယ့်

နိမိတ်ပုံတွေ | သင်္ကေတတွေ သုံး ထားတဲ့ ဒီလို စာသားမျိုးမှာက ဆိုလိုချင်တဲ့

(ဖန်တီးသူ ဆိုလိုထားတဲ့)အဓိပ္ပါယ်က သပ်သပ် ရှိနေပါတယ်။

(ကိုယ့်ကဗျာကို ကိုယ် ပြန် ရှင်း မပြချင်တော့လို ့)

ဒီစကား ဒီနားမှာ ရပ်ပြီး

ကျန်တာကို ဆက်ပါမယ် ။

ဆိုလိုတာက နားမလည်ဘူးဆိုတဲ့ ဒီစာသားထဲက ရသ တစ်ခုခု ဆွဲထုတ်ကြည့်ပါ လို ့။

***************************************

ဒီ ကဗျာကို ဖတ်ကြည့်ပါ ။
ဒီ ကဗျာကို ဖတ်ကြည့်ပါ ။

 

****************************************

အနုပညာစကား။ ၁၅။

ကဲ ……

အဲ ဒီ ဘာသာခြားကဗျာ ကို နားလည်နိုင် မလား ။

အဲဒီ ကဗျာကို ဖွဲ့စည်းထားတဲ့ ဘာသာစကားကို  နားမလည်/ မတတ်ကျွမ်းသူ အဖို့တော့

ကဗျာထဲက အဓိပ္ပါယ်ကိုလည်း မရ /ရသ ကိုလည်း မရ။

ခံစားသူ အတွက် ခံစားလို့မရ (မဖြစ်)တဲ့ ကဗျာပေါ့ဗျာ ။

ဒါ ကဗျာပါ လို့ ့ပြောတဲ့သူရှိမှသာ ကဗျာမှန်း သိ ရုံမျှ သိမှာပါ ။

ဘာသာစကားကို မသိနိုင်သူအဖို့ ့ရုတ်တရက် ကြည့်လိုက်ရင် ဆေးအညွှန်းလား။

နာရေးကြော်ငြာလား။

အလုပ်ခေါ်စာလား။

သတင်းလား။

ကျေးဇူးတင်လွှာလားး ဘာမှန်းကို မသိနိုင် /နားမလည်နိုင်ပါဘူး။

ဘာလို့နားမလည်သလဲ ဆိုတော့

အဲဒီ ကဗျာမှာ သုံးထားတဲ့ ဘာသာစကား

(စကားလုံး/အက္ခရာ)တွေက ကိုယ် မကျွမ်းကျင်/မတတ် မသိ လို့ပါ ။

အဲဒီကဗျာကို နားလည်ချင်တယ်/ခံစားချင်တယ်ဆိုရင်တော့ လုပ်ရမှာက တစ်ခုပဲရှိပါတယ် ။

အဲဒီ ကဗျာကို ဖွဲ့ ့စည်းထားတဲ့ (ကဗျာမှာ အသုံးပြုထားတဲ့ )

ဘာသာစကားကို တတ်ကျွမ်း နားလည်အောင် သင်ယူ ရမှာပါ ။

ဒီတော့ . . . . . . . .

ခံစား နာလည်ချင်ရင် သင်ယူ /

မသင်ယူချင်ရင် မခံစားနဲ့ ့ နားမလည်ချင်နဲ့။

ဒီလိုပဲ ခပ်ပြတ်ပြတ် ပြောရပါတော့မယ်။

ကိုယ်နားလည်ရာ. . . . . . .

ကိုယ့် ခံစားချက်နဲ့ ့ကိုက်ညီရာ အနုပညာက်ို ရွေးချယ် ခံစားခွင့် လူတိုင်းမှာ ရှိပါတယ်။

 

*******************************************

အနုပညာစကား။ ၁၆ ။

ဘာသာစကားမတူတဲ့ ကဗျာမို့ ့နားမလည်တာ ပြဿနာ မရှိ/

မြန်မာဘာသာနဲ ့ရေးထားတဲ့ မြန်မာကဗျာကိုပဲ

မြန်မာလူမျိုးတစ်ယောက်က ဖတ်တာ နားမလည်ဘူး ဆိုတာကတော့. . . . . . . .

ပြဿနာ လုပ်မယ်ဆို ပြဿနာ ဟုတ်နေပါတယ် ။

————————

အပေါ်မှာ ပြောခဲ့သလိုပါပဲ ။

အဲဒီ နားမလည်ခြင်း ပြဿနာကို ဖြေရှင်းဖို့က တစ်နည်းပဲ ရှိပါတယ်။

(ကျွန်တော့်အမြင် တစ်နည်းကိုသာပြောမှာပါ ။)

မော်ဒန်ကဗျာတစ်ပုဒ်ကို နားလည်ချင်ရင်. . . . . . .

နားလည်ဖို့ ့ကြိုးစားရပါမယ် ။

————————————-

နားလည်ဖို့ ့ကြိုးစားရာမှာ ကိုယ့် မူလ က စွဲ ယူထားတဲ့ ဝါဒစွဲတွေ / စံ / သတ်မှတ်ချက် အစွဲလေးတွေကိုတော့

ခွါချ ထားခဲ့ သင့်  / ထားခဲ့ပေးပါ ။

မော်ဒန် ကဗျာကို ဂန္ထဝင် နှလုံးသားနဲ့တော့ ခံစားနေလို့ မသင့်တော်ပါဘူး။

ကျွန်တော် အရမ်းကြိုက်တဲ့ စကားနဲ့ ပြောရရင်တော့ . . . .

သူ ့ဘက်ကမ်းက မီး ဘယ်လောက် လင်းသလဲ သိချင်ရင် . . . …….

ကိုယ့်ဘက်ကမ်းက မီးကို မှိတ်ကြည့်ပေါ့ဗျာ ။

မော်ဒန်ကဗျာကို ရေးသားဖန်တီးနေတဲ့ မော်ဒန် လူငယ်တွေရဲ့ နှလုံးသား(ခံစားမှု)ကို ဝင် ပူးကြည့်ရမယ် ။

သူတို ့  အတွေးးး သူတို ့ အယူအဆ /သူတို့ ့စိတ် ခံစားမှု / သူတို ့ယုံကြည်ရာ နောက်ကို သူတို့နဲ ့ထပ်တူထပ်မျှ လိုက်ပါကြည့်ရမယ်ဗျာ ။

သူ ့အနုပညာ ကမ်းစပ်ကို လွတ်လပ်စွာ ခြေ ချကြည့်ပေါ့ဗျာ ။

မော်ဒန် မြစ်ထဲ ဆင်းကြည့်ပေါ့ဗျာ ။

(အနုပညာ ခံစားမှု အားကောင်းခြင်းးးဆိုတဲ့ )

ရေကူးးးတော့ ကျွမ်းကျင်ပါစေ ပေါ့ ။

*******************************************

အနုပညာစကား။ ၁ရ ။

လိုရင်းကို ဒဲ့ ပြောရ ရင်တော့. . . . . . .

နားလည် ခံစားချင်ရင် နားလည်ဖို့ ့ကြိုးစား ။

နားလည်ဖို ့ မကြိုးစားချင်ရင်တော့ ရှင်းးးးးရှင်းလေးပါပဲ ။

မဖတ်နဲ့ ့ပေါ့ဗျာ ။

မော်ဒန်ကဗျာတွေကို နားမလည်ဘူးးး/နားလည်ဖို့လည်း စိတ်မကူးချင်ဘူးးးဆိုတဲ့ သူတွေအတွက်တော့

မဖတ်ပါနဲ့ ့လို့ ့ပြောရုံပဲရှိပါတော့တယ် ။

တော်ရာ ရှာဖတ် /တော်ရာ မှာ သွား  ခံစားး ဒါပဲ ရှိပါတယ် ။

စကားက နည်းနည်း ကြမ်းသလို ရှိမယ် ။ ဒါပေမယ့်.. ကျွန်တော် ပြောနေတာကိုက အကြမ်းထည်ဆန်တဲ ့ စကားနဲ ့ အနုပညာအကြောင်း ပြောနေတာပါ ။

 

****************************************

အနုပညာစကား။ ၁၈ ။

နားမလည်အောင် ရေးရကောင်းလားဆိုပြီးးး

ဖန်တီးသူတွေကို အပြစ်တင်နေလို့လည်း အပိုပဲလေ ။

ဖန်တီးသူကတော့ သူ ဖန်တီးချင်သလို /သူ ဖန်တီးတတ်သလို ဖန်တီးနေဦးမှာပဲ ။

သူ ဖန်တီးထားတာကို နားလည်အောင် ဖတ် ရမယ်လို့ ့ပြောမှာ လည်း မဟုတ်။

နားလည်အောင် လိုက်ရှင်းပြနေနိုင်မှာလည်း မဟုတ်ပါဘူး ။

ဒီတော့ . . . . . . . . . . . . . .

ကျွန်တော်တို ့က……

ခံစားသူ အလုပ်နဲ့ ့

ဖန်တီးသူအလုပ် /ကြားမှာ . . . . . . . .

ကိုယ့်အလုပ် ကို ကိုယ်လုပ်ကြရုံပါပဲ ။

**********************************************

အနုပညာစကား ။ ၁၉ ။

အခု ပြောခဲ့တာတွေက

ဒီအချိန် ဒီနေရာ မှာ ကျွန်တော် တွေးမိတဲ့ အတွေးးး

ကျွန်တော် ့ အယူအဆကို တင်ပြဆွေးနွေးခြင်းသာ ဖြစ်ပါတယ် ။

ကျွန်တော့ စကားအမှန် လို ့ ယူဆ လည်း ဖြစ် / မယူဆလည်း ဖြစ်ပါတယ် ။

မှားနေရင် ပြင်ပေးကြပါ ။

ပြင်ရင်းနဲ့ ့အမှန်တရား ပေါ်လာပါလိမ့်မယ် ။

ဘာမှ မပြောတာထက်စာရင်

အနုပညာအကြောင်းတစ်ခုခု ပြောနေတာက အမြတ်ထွက်မယ်ထင်လို့ ့ကျွန်တော် ပြောပါတယ် ။

သဘောမတူသူများးး

လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ် ။

နားမလည်ခြင်း ပြဿနာ ဆိုတာ

ပွဲ မပြီးသေးဘူး ထင်လို ့ ရိုးစင်းစွာ ပြောခြင်းရယ်ပါ ။

**************-*************

 

လေးစားစွာဖြင့်. . .

အလင်းဆက်

 

alinsett.art@gmail.com

29 comments

  • โทรศัพท์มือถือ

    July 15, 2013 at 11:27 pm

    ဆရာအလင်းဆတ်ပြောထားတာတွေဖတ်ရတာ သိပ် ပြီးနားမရှင်းဘူးဗျာ
    ရေးထားတာတွေကပဲ နက်နဲလို့လား ကျနော် ကပဲဉာဏ်မမှီလို့လား ရယ်တော့မသိ
    ကြာလာရင်တော့နားလည်သွားမယ်ထင်ပါတယ်
    ဖတ်ရတာ မရှင်းပေမယ့် နောက်အပိုင်းတွေဆက်ရေးပါဦး{မခိုင်းလဲရေးမယ့်တူတူ}

    • အလင်း ဆက်

      July 16, 2013 at 9:38 am

      ကျွန်တော်
      ရှင်းလင်းအောင်
      မရေးတတ်သေးလို ့
      ဖြစ်
      ပါ
      လိမ့်
      မယ်
      🙂

  • candle .

    July 16, 2013 at 9:01 am

    ” ကျွန်တော်တို ့က
    ခံစားသူအလုပ်နဲ ့ဖန်တီးသူအလုပ်ကြားမှာ
    ကိုယ့်အလုပ် ကိုယ်လုပ်ကြရုံပါဘဲ ”
    ဖတ်ခွင့်ရခဲ့တဲ့
    အရမ်းကြိုက်သော စာစုလေးမို ့
    အလက်ဆင်းလေး ဒီထက်ပိုပြီး အောင်မြင်ပါစေ ။

  • လင်းစက်ရာ

    July 16, 2013 at 11:15 am

    ကိုယ်သိနေမြင်နေကျ စကားလုံးတွေ (သို့မဟုတ်) စကားလုံးအသစ်တွေကို. ဆက်စပ်ဖန်တီး.. ထားတဲ့ ကဗျာထဲကနေ.. ဖန်တီးသူရဲ့.. ခံစားမှု ၊ အတွေး ၊ မျှော်လင့်ချက်.. ဒါမှမဟုတ် သူပြောချင်တဲ့စကားကို.. ရှာဖွေဖော်ထုတ် စိတ်ကူးဉာဏ်ကွန့်မြူးနေရတာကိုက.. ရသ တစ်ခုလို့မြင်တတ်ကြရင် ၊ အဆင်ပြေကြမယ်ထင်ပါတယ်..။

  • Inz@ghi

    July 16, 2013 at 12:24 pm

    အနုပညာအကြောင်းလား .. အဲ့ဒါလူတချို့ဆီမှာပဲရှိတာဗျ…အဲ့ဒီ့လူတချို့အတွက်တော့ ထုတ်ကုန်
    ကျန် လူအများစုအတွက်တော့ စားသုံးကုန်။ ခက်တာက အနုပညာ မူကွဲ ပုံစံကွဲအချို့ကို
    ကျုပ်တို့လူမျိုးထိတွေ့ဖို့ ကျန်နေသေးတယ်ဆိုတာပဲ…။
    ဘာဂိုဏ်းသင့်တယ် ညာဂိုဏ်းသင့်တယ် ပြောခဲ့တဲ့ ဆြာ့ဆြာဂျီးတွေ ကောင်းမှုကြောင့် ဆိုပါတော့..။
    ဒချိ. .ဒချိ။

  • မင်းမင်း

    July 16, 2013 at 2:28 pm

    အေးဗျာ။

    ရော့စ်ခ် တေးဂီတ အပြင်းစားကြိုက်နေတဲ့

    ကျနော်တို့ က ဒီ ရက်ပါ တွေဆိုတဲ့ သီချင်းကို

    နားမထောင်တတ်သလို ဖြစ်နေမယ်ထင်တယ်။

    နောက် ဘောလုံးဝါသနာပါတဲ့ ပရိတ်သတ်တယောက်က

    NBA ဘက်စကတ်ပွဲတော့ မကြိုက်တာအပြစ်မဆိုသာဘူး

    ထင်တယ်။

    ဒါပေမဲ့ ခံစားတတ်လာအောင် နားလည်ပေးနိုင်အောင်

    အားပေးလက်ခံလာအောင်တော့ ပရိုမိုးရှင်း တော့ လုပ်ပေး

    သင့်တယ်ထင်ပါတယ်။

    နားလည်သလောက်မန့်ပေးတာပါ။ မှားနေရင်လဲ ပြင်ပေး

    ပေါ့ဗျာ ။

    • အလင်း ဆက်

      July 16, 2013 at 2:47 pm

      ဟုတ်ကဲ ့ ဦးမင်းရေ

      ဖတ်ရှု ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးပါ

      =======

      အင်းး ကျွန်တော်တောင်
      အခုတလော
      ကိုယ်တစ်ယောက်တည်း နားလည်တဲ့ စကားလုံးနဲ့
      ကဗျာ မရေး ဖြစ်ပဲ
      အများနားလည်မယ် ထင်တာတွေ ရေး မိသေးတယ်

      ဒီလိုပါပဲ

      . . . . . . . .

  • Myo Thant

    July 16, 2013 at 4:22 pm

    အဲဒီလို ပို့စ်မော်ဒန်ကဗျာတွေကို မရေးတတ်

    တချို့ဟာတွေဆို သိပ်နားမလည်ဘူး

    ဒါပေမယ့် ဖန်တီးရေးဖွဲ့တတ်တာကိုတော့ သိပ်ချီးကျူးတယ် ၊

    ဘရာဗို အလက်ဆင်း 🙂

  • ဦးကြောင်ကြီး

    July 17, 2013 at 9:19 am

    မော်ဒန်ကဗျာ
    စော်ဖန်ရှာ
    ဖော်လန်ဒကာ
    မျှော်ကြံတာ
    ချော်ညဏ်တခါ
    ဂျော်ဒန်မှာ
    အော်ပျံဗလာ
    ခေါ်အံစာ..

    • အလင်း ဆက်

      July 17, 2013 at 10:00 pm

      ကဲ…အံစာရေ…
      လာာာာ

      ဒီမှာ..အူးကြောင်ကြီင်္း.က.ခေါ်..ဆိုလို ့

  • aung moethu

    July 17, 2013 at 12:22 pm

    ကျတော်ကတော့ ကိုယ့်ချလိုက်တဲ့အနုပညာတစ်ခုမှာ ယူလိုက်တဲ့သူနေရာမှာ ကိုယ်ချပေးတဲ့မက်ဆေ့ချ်ကို သူမရဘဲ တစ်ခြားမက်ဆေ့ချ်တစ်ခုရသွားလည်း ဒါအနုပညာတစ်ခုပါပဲ။ ခံစားချက်တိုင်းက ထပ်တူကျတာ နည်းတယ်လို့ထင်တာပဲ ကိုအလင်းဆက်ရေ။ ကျွန်တော့် ဝတ္တုလေးတစ်ပုဒ်ဖြစ်တဲ့ “ကျွန်မနဲ့ ဘတ်စ်ကားပေါ်ကလူတစ်ယောက်” ဆိုတဲ့ စာမူလေးဆိုရင် ဖတ်တဲ့သူတစ်ယောက်ချင်းဆီမှာ မက်ဆေ့ချ်တစ်မျိုးဆီရတယ်ဗျ။ ကျွန်တော်ထင်တာကတော့ အဲဒါလည်း အနုပညာလို့ပဲ ထင်ပါတယ်။

    လေးစားလျှက်
    အောင်မိုးသူ

  • အလင်း ဆက်

    July 17, 2013 at 12:33 pm

    http://myanmargazette.net/179934
    မှာ ကျွန်တော် ပြောခဲ့သလိုပေါ့ ကိုအောင်မိုးသူရေ
    အနုပညာမှာ အနုပညာပစ္စည်းရယ်လို ့ ဖြစ်ပြီ ဆိုကတည်း
    ပကတိတန်ဖိုး ပကတိ ဂုဏ်သတ္တိ နဲ ့ ပြည့်စုံပြီးသားပဲ

    ဒီတော့ အနုပညာ ဟာ အနုပညာ ဖြစ်နေရင်
    အနုပညာ ပါပဲ ပေါ့နော်

    လေးစားစွာ

  • အာဂ

    July 17, 2013 at 4:14 pm

    လွန်ခဲ့ တဲ့ ၅နှစ်လောက်က ရေးထားတာလေး ပြန်ရှာတင်ဦးမယ်ဗျာ..။ အဲဒီကာလတုန်းကတော့ မော်ဒယ်နဲ့ ကာရန်တိုက်ပွဲဆင်နွဲနေချိန်လို့လည်း ပြောလို့ရမယ်ထင်တယ်။ နားလည်တယ်ကဗျာနဲ့ နားမလည်းဘူး ကဗျာအကြောင်းရေးထားတာ..။ အခု ညီလေး တင်တာနဲ့ တော့ နဲနဲဆင်တူမယ်ထင်တယ်။အမှန်ပြောရရင် အခုနောက်ပိုင်း ကဗျာတွေသိပ်မလိုက်စားဖြစ်တော့ L.P(language poetry) ကဗျာ လောက်ပဲသိတော့တယ်။ နောက်ပိုင်းဆန်းသစ်လာတဲ့ကဗျာ အမျိုးအစားတွေကိုတော့မသိတော့ဘူး။။

    • အလင်း ဆက်

      July 17, 2013 at 9:58 pm

      နားလည်တယ်ကဗျာနဲ့ နားမလည်းဘူး ကဗျာအကြောင်း
      ဖတ်ချင်ပါတယ် ..ကိုအာဂရေ…။

  • Mr. MarGa

    July 17, 2013 at 7:16 pm

    ကြမ်းကြမ်းပဲ ပြောပြော
    နုနုပဲ ပြောပြော
    တို့ကတော့
    အနု ပညာကို အနု ပညာလို့ပဲ သိတယ်ဝေ့

  • Ma Ma

    July 18, 2013 at 8:16 am

    ဖန်တီးသူနဲ့ ခံစားသူ အဆင့်ခြင်းတူမှ အနုပညာရဲ့ရသပေါ်လွင်မယ်ထင်ပါတယ်။ 🙂

    • Garfield

      July 18, 2013 at 8:26 am

      ကဲ ကြည့်!
      မမလည်း အဲလို ယူဆ တယ်ဟုတ်??
      အလက်ဆင်းရယ်…… လက်မခံဘူးပြောနေတယ်။

      အလက်ဆင်းလေး ကြားသလားးးး ငိငိငိ :mrgreen:

      • Inz@ghi

        July 18, 2013 at 11:33 am

        ဒီနေရာမယ် သဘောထားကွဲလွဲခွင့် ပြုကြပါခီညာ..

        အဆင့်တူလို့မရဘူးဗျ.. သို့သော် အဆင့်တခုတော့ ရှိရမယ်ဗျာ..
        ဆိုလိုသည်မှာ ဆီဗက်စတီယန်ဘက် သီချင်းနားထောင်ဖို့ ဆီဗက်စတီယန် ဘက် နဲ့ တန်းတူ
        ဂီတပညာ တတ်ကျွမ်းစရာမလိုဘူး ..သို့သော် အနည်းဆုံးအဆင့် အနေနဲ့ နားတော့ ကြားရမယ်..
        အဲဒိထက် နည်းနည်းပိုပါဆိုရင် အနုပညာခံစားတတ်တဲ့ နှလုံးသားရှိရမယ်..
        နောက်တဆင့် မဟာဂီတ ကို အခြေခံလောက် တီးမိခေါက်မိ ရှိပြီဟေ့ ဆိုတဲ့အဆင့်လောက် ဆိုရင်တော့…
        ဟာ ဒါပဂေးကြီးပဲ ဆိုတာလောက် ခံစားကြားသိလာမယ် ..။ အဲ့ထက် နည်းနည်းပိုသိရင်တော့
        သူ့အခင်းအကျင်းကို ပြည့်ပြည့်ဝဝ နားလည် ခံစားနိုင်မယ်ပေါ့လေ..။
        အဲ့ .. သူနဲ့ တန်းတူလောက် တတ်သွားပြီ ဆိုရင်တော့ .. ဒီနေရာလေးက ဒီလိုလေးမဟုတ်ဘဲ
        ဟိုလိုလေးပြင်ရင် ပိုကောင်းမလား ဆိုတဲ့အတွေး ဝင်လာပြီး ပိတ်သတ်မဖြစ်နိုင်ခြေ ပိုများသွားပြီဗျို့ ..။
        စာပေမှာလည်း တူတူပါပဲ။ ရှိတ်စပီးယားအဆင့် တတ်တဲ့ ပညာရှင်က ရှိတ်စပီးယား ပိတ်သတ်ဖစ်ချင်မှ ဖြစ်မပေါ့လေ..။
        သို့သော် စာဖတ်သူတွေရဲ့ over 99.9% လောက်က ရှိတ်စပီးယားလို ရှိတ်စပီးယားလောက် မတတ်သူ
        အဆင့်မတူ သူ နိမ့်သူဖြစ်လို့သာ သူ့ပိတ်သတ် ဖြစ်တာပေါ့ဗျာ…။ (အခြေခံအဆင့်အနေနဲ့တော့ မျက်စိမြင်ဖို့ စာတတ်ဖို့
        လောက်တော့ လိုမပေါ့လေ… )
        ကိုင်း.. ဘယ့်နှယ့်တုန်း နေရာကျကဲ့လား မာတုဂါမဂျီးရဲ့..။

        • Garfield

          July 18, 2013 at 11:41 am

          အာ။
          နာ ပြောတာ အဲ့လို ပညာဆင့်ဟုတ်ဘူးးးး
          ခံစားချက် လယ်ဗယ် ထပ်တူညီဖို့ ပြောတာ။
          ဖန်တီးသူရဲ့ စိတ်/အားထုတ်မှု/ဆိုလိုရင်းကို
          ခံစားသူက အပြည့်လိုက်နိုင်/ နားလည်နိုင်မှ ဒီ အနုပညာက ပြီးပြည့်စုံတယ်လို့သတ်မှတ်တယ်၊။

          တခြားမကြည့်နဲ့။
          ဝတ္ထုရေးသူရဲ့ ခံစားချက်ကို ဒါရိုက်တာမလိုက်နိုင်။
          ဒါရိုက်တာ ညွန်ကြားချက်ကို မင်းသားမင်းသမီး နားမလည်နိုင်ရင် စာအုပ်တုန်းက ကောင်းသလောက် ရုပ်ရှင်မှာ ပစ်ရရောတဲ့ကွယ်။
          :mrgreen:

        • Inz@ghi

          July 18, 2013 at 12:27 pm

          ၁။ ဂျက်ဆင်ထိပ်က လရိပ်ပြာ
          ၂။ မိုနာလီဇာ အပြုံး
          ၃။ BGM

          အဲ့ ၃ခု ကို စောကျောပါလေ…။
          ဒချိ ဒချိ။

        • အလင်း ဆက်

          July 18, 2013 at 12:34 pm

          မမဂျီး ပြောတာလည်း ဟုတ်ထာဘဲ

        • အလင်း ဆက်

          July 18, 2013 at 12:37 pm

          ဂီ ့ အယူအဆလည်း
          ဟုတ်နေတာပဲ

          ဒီတော့ အနုပညာနဲ့ပက်သက်လာရင်
          ကိုယ့်အယူအဆ နဲ့ ကို
          မှန် နေကြတာပါပဲ

          လွတ်လပ်စွာ
          သဘောထား ကွဲလွဲနိုင်ကြပါဂျောင်းးးo

Leave a Reply