တီတီတီ

DEPARKO DEPARKOJuly 15, 20131min1043

ဖုန်းလေးကိုင်လို့ကားကိုမောင်း ဟောတွေ့ပြန်ပြီတစ်လောင်း
ဖုန်းပြောရင်းနဲ့လမ်းကိုကူး ရေဝေးမှာပျော်မြူး
တတီတီနဲ့ဖုန်သံသာ ကြွားလို့မဆုံးပါ
အိပ်ကပ်ထဲက ချွေးနဲစာလေး
သူအိပ်သူခိုးလေး။
ညဘက်ညဘက်မအိပ်နိုင်ရှာ ပြောလို့မဆုံးပါ
ချမ်းသာရှာပေါ MPT လေး ထရိလျှံနာတောင်ပျင်းသေး။
၁၅၀ဝ နဲ့ရောင်းလဲကွာ ရှစ်သောင်းနဲ့ဝယ်သုံးရှာ
တစ်လုံးပိုင်လဲအားမရသေး သူ့မှာဖုန်းသူဌေး
ကုဋေရှစ်ဆယ်သူဌေးသားပမာ အတိုင်းအဆမရှိပါ
အရူးပမာသူခါးကြား ဖုန်းတွေတန်းစီထား။
မည်သူ့ကိုမှမရည်ရွယ်ပါ ။။။။။။။။။။။။

3 comments

  • Ma Ma

    July 15, 2013 at 3:47 pm

    ဒီရက်ထဲ……..
    Myanmar Telephone Directory and Official Yellow Page စာအုပ်ကို ကြည့်မိတော့မှပဲ မြန်မာပြည်မှာ မိုဘိုင်းဖုံးစစ်စတမ်တွေ ၁ဝမျိုးလောက်ရှိမှန်းသိရတယ်။

    ဖုံးစစ်စတမ်တမျိုးပေါ်ရင် ပထမစစ်စတမ်ဖုံးက လိုင်းမမိတော့ဘူး။

    ဧရိယာမဝင်ဘူးဆိုလိုက် နောက်တမျိုးဝယ်လိုက်နဲ့ ………
    လိုက်မဆုံးပဲ အရူးပမာသူခါးကြား ဖုန်းတွေတန်းစီထားကြတာတွေ ဖြစ်ပါလေရော။

    ဖုံး၄လုံး ခါးကြားထိုးထားတဲ့သူတောင် တွေ့ဖူးတယ်။ 😛

    • DEPARKO DEPARKO

      July 15, 2013 at 7:25 pm

      ကမာ္ဘပေါ်မှာမသုံးတော့တဲ့ နည်းပညာအဟောင်းတွေကို အဝယ်တော်တွေက ဈေးကောင်းပေးဝယ် နိုင်ငံဘဏ္ဍာတွေကို နည်းမျိုးစုံနဲ့အိပ်ကပ်ထဲ ထည့်နေကြသူတွေကြောင့် မြန်မာပြည်မှာ သူများနိုင်ငံမှာမသုံးတော့တဲ့နည်းပညာသုံးပစ္စည်းတွေကိုပြည်သူတွေကသုံးနေရတယ်

Leave a Reply