တစ်ခါတုန်းက

ကျွန်မ ပူလောင်နေတယ်..အရမ်း ပင်ပန်းနေတယ်..စိတ်တွေ ရှုပ်ထွေးနေတယ်… ဖြစ်နိုင်ရင် အားလုံးနဲ့ အဝေးကို ထွက်ပြေးချင်တယ်… ဘယ်သူမှ မရှိတဲ့နေရာ… ပတ်ဝန်းကျင်နဲ့ ဝေးကွာရာ…အို… နောက်ဆုံး မာနတရား နဲ့ ကင်းလွတ်ရာ… မြတ်စွာဘုရား..တပည့်တော်မရဲ့ ပူလောင်ခြင်းတွေအတွက် ငြိမ်းချမ်းရာ မြတ်ဓမ္မတရားကို လျင်မြန်စွာ သိမြင်ရပါလို၏ အရှင်ဘုရား….

 

နားထဲမှာ..နားထဲမှာ..အသံတွေကြားနေတယ်… ကျေးဇူးပြုပြီး အားလုံးထွက်သွားပေးပါ… ငါ… ငါလည်း လူတစ်ယောက်ပါ… ငါ့ခံစားချက်တွေနဲ့ ငါ ရပ်တည်ပါရစေ… ငဲ့ကွက်ထောက်ထားမှုတွေကို ခဏလောက်… မေ့ခွင့်ပေးပါ…. ငါ အရမ်းပင်ပန်းနေချိန်မှာ..ခဏလောက် နားပါရစေ… ပေါ့ပါးချင်တဲ့ ငါ့စိတ်ကို … ခဏလောက် လွတ်လပ်ခွင့်ပေးပါ….

 

“သမီး..အားတင်းပြီး ကြိုးစားလိုက်ပါ… ငါ့သမီးက သူများရဲ့ ထိပ်မှာပဲ ရှိနေတာလေ… မကျစေနဲ့နော်..”

ဟော..ဒါက ငါ့အဒေါ်ရဲ့အသံ…

 

“ကိုယ့်အကြောင်းကိုယ်သိနော်..သမီး… နင် သူများတွေကို ဘယ်လိုစိန်ခေါ်ခဲ့လဲ…”

အမေက ဝင်ပြောပြန်ပြီ…

 

“နင့်ကို သူတို့တွေ စောင့်ကြည့်နေတယ်နော်… တစ်ခုခုဆိုလို့ကတော့ တံတွေးခွက်မှာ ပက်လက်မျောပြီပဲ..”

ဆရာမအသံကလည်း နားထဲမှာ စူးခနဲ…

 

“နင်လုပ်ချင်တာ လုပ်လိုက်ပါဟာ… နင့်ကို ငါ နားလည်ပါတယ်…”

သူငယ်ချင်းက ဖြေပြောတယ်..ဟင့်အင်း.. ငါသိတယ်.. ငါ မှားရင် ဝိုင်းပြောမယ့်ထဲမှာ နင်လည်း ပါတယ်…

 

“အားမလျော့စမ်းနဲ့… နင့်မိသားစုရဲ့ မှီခိုရာက နင့်အောင်မြင်မှုပဲ…”

အချစ်ဆုံးတစ်ယောက်ရဲ့ အားပေးသံ….

 

ငါသိတယ်..ငါသိတယ်..အားလုံးကို ငါသိတယ်… ဒါပေမယ့်..တစ်ခါတစ်ခါ.. အဲဒီအောင်မြင်မှုတွေ..လူတွေရဲ့ ဂရုစိုက်မှုတွေကို ငါမုန်းတယ်.. ငါ့ကို မာနတွေသွင်းပေးခဲ့တဲ့ ပတ်ဝန်းကျင်ကို မုန်းတယ်… အဆင့်ဆိုတာတွေကို မရခဲ့ရင် သိပ်ကောင်းမယ်… ငါ သူများတွေလို သာမန်ကျောင်းသူပဲ ဖြစ်ချင်တယ်… ငါ… ငါ မပြိုင်ချင်တော့ဘူး… ငါ မနိုင်ချင်တော့ဘူး… စာတွေကြားမှာ အချိန်ပြည့်နေတဲ့ ငါ့ဘဝကို မွန်းကျပ်လာပြီ… ငါ့ကို ခဏလောက် လွပ်လပ်ခွင့် ပေး..ကြ..ပါ… ။   ။

41 comments

  • surmi

    July 15, 2013 at 2:30 pm

    အဟမ်​းးး
    လွတ်​လပ်​စွာ​နေနိုင်​ ​တွေးနိုင်​ ခံစားနိုင်​ပါ​စေ …. 🙂
    ဒါနဲ့ ​ပြောရဦးမယ်​
    တစ်​ခါက တို့ တစ်​ခါတုန်​း ကတို့ဆိုတာ ကျုပ်​မူပိုင်​​နော်​
    မူပိုင်​ခွင်​့နဲ့ ဂဇက်​ရွာ တရားရုံးမှာတရားစွဲပစ်​မယ်​ ..
    🙂 🙂
    ခု​တော့ ခွင်​့လွှတ်​လိုက်​မယ်​ … လက်​ဘက်​ရည်​တိုက်​ရင်​​ပေါ့​လေ 🙂

  • Myo Thant

    July 15, 2013 at 2:40 pm

    အောင်မြင်ခြင်းကို ရဖို့ ကြိုးစားရတာထက်
    ရပြီးတဲ့ အောင်မြင်မှုကို လျော့မသွားအောင် ရုန်းကန်လုံးပမ်းရတာက
    ပို ခက်သတဲ့ ၊
    အကယ်ဒီများရှင် မင်းသားတစ်ယောက်ပြောသွားတာ ၊

    • အဲဒီစကား အရမ်းမှန်တယ် ဦးမျိုး… ဆယ်လစ်ဘရတီတွေမပြောတဲ့..
      သမီးလို ဘာမဟုတ်တောင်..တစ်ခါတစ်ခါ အတော်လေး ပင်ပန်းတယ်…

  • သူကလေး

    July 15, 2013 at 3:00 pm

    သူကလေးကတော့ ငယ်တုန်းက အဲလိုအသံတွေလုံးဝကိုမကြားရဒါ …
    ဘယ်တုန်းကမှ စာကျက်အုံးဆိုတဲ့အသံကိုမကြားခဲ့ရဘူး
    မကြားရတော့လည်း ကြားချင်မိခဲ့

    • အမွန်ဆို… တီဗီကြည့်ရင်းနဲ့ ဒါကြည့်ပြီးရင် စာကျက်မယ်လို့ တွေးထားတာ..အဲ့ဒီအချိန်မှာ အမေက တီဗီပြီးရင် စာကျက်လို့ ပြောလိုက်ရင် ကျက်ချင်စိတ်ကို ပျောက်ရော..သူများပြောလို့ လုပ်တာ မဖြစ်ချင်လို့လေ.. :mrgreen:

  • Ma Ei

    July 15, 2013 at 3:10 pm

    အောင်မြင်ချင်တဲ့သူ……
    အောင်မြင်သူ တစ်ယောက်ရဲ့တာဝန်တွေ…
    တစ်ခါတုန်းက ….ဆိုတာ
    တစ်ဘဝလုံးစာပါဘဲ လုံမလေးရေ…

    • တစ်ခါတစ်ခါ..အဲ့လို ဖိအားတွေကြောင့် ပျင်းချင်စိတ်တွေ ပျောက်သွားပေမယ့်..တစ်ခါတစ်ခါ ..အဲ့လို ဖိအားတွေကြောင့် စိတ်တွေအရမ်းပင်ပန်းမိတယ်… တစ်ဘဝစာ သေရာပါပဲ…

  • Garfield

    July 15, 2013 at 3:16 pm

    အို။
    လုံမလေးးးး
    အဲလောက် မတွေးနဲ့။
    ပြောင်ပြောင်ပဲ။
    ဒို့နိုင်ငံမှာ အကြီးဆုံးလူကြီးက အစ ပြောင်ပြောင်မို့ ကိုယ်လည်း ပြောင်ပြောင်ပေါ့ကွယ်။ (မျက်နှာ) :mrgreen:

    တကယ်ပြောတာ။
    အားလုံး မမြဲဘူးးးးးး
    ဘာကိုမှ မဖိစီးနဲ့။
    ရှေ့လျှောက်ရမဲ့ ဘဝလမ်းမှာ ကိုယ်သည်သာ အရေးအကြီးဆုံးးးးးး
    ဒီဖိစီးမှုနဲ့ တင် လဲမသွားစေနဲ့။ 🙂

    • ဟိ..ဘပြောင်ကို မထိနဲ့နော်.. :mrgreen:

      ဘာမှမမြဲဘူးလို့ နှလုံးသွင်းလိုက်ရင် သီလရှင်ဝတ်ချင်စိတ် တကယ်ပေါက်သွားတယ်.. တကယ်..တကယ်..အတည်ပြောတာ.. 🙂

      • Garfield

        July 15, 2013 at 5:01 pm

        ဟယ်။
        ကျုပ်က တော့ ဘာမှ မမြဲဘူးလို့ စဉ်းစားမိရင်
        လုပ်ချင်ရာ လုပ်ပစ်ချင်စိတ်ပေါက်လာတာ။

        အကုသိုလ် အကျိုးပေးကောင်းသလားပဲ။ :mrgreen:

      • DEPARKO DEPARKO

        July 15, 2013 at 7:32 pm

        ဟယ်တကယ်လား ခေါင်းတုန်းပြောင်ပြောင် သူယောင်မယ် မယ်သီလ
        တောထွက်တဲ့အခါကျ ဘုန်းမောင်လိုက်ခဲ့မယ်ဗျ။။။။။
        ရေပူရေချမ်းကမ်းလှမ်းဘို့နော်တလွဲမတွေးနဲ့။

        • ဟုတ်..တောထွက်ရင် ပြောပါ့မယ်ချင့်..ခုတော့ ဟုတ်တေးဝူးနော်.. :mrgreen:

  • အလင်း ဆက်

    July 15, 2013 at 3:42 pm

    လွတ်လပ်မှုကို လူငယ်တိုင်းးးးမြတ်မြတ်နိုးနိုး လိုချင်နေတာပါပဲကွယ်

    ရင့်ကျက်မှုနဲ ့လွတ်လပ်လိုမှုကြားမှာ
    ဟောဒီ လို ပဲ ပေါက်ကွဲပစ်ချင်ဖူးပါတယ်

    😆

  • kyeemite

    July 15, 2013 at 4:06 pm

    “ ငါ… ငါ မပြိုင်ချင်တော့ဘူး… ငါ မနိုင်ချင်တော့ဘူး…”
    မဟုတ်သေးပါဘူး မွန်မလေးရယ်…
    တစ်ခါ တစ်ခါ စိတ်မွန်းကျပ်လာရင်…ကောင်းကောင်းအနားယူပြီး
    ရီလက်စ်လုပ်ပစ်လိုက်ပါ…
    ဘဝဆိုတာကတော့ ပြိုင်နေရတာပဲ..လေ
    အနဲဆုံး ကိုယ့်အတိတ်ကကိုယ်နဲ့
    အခုလက်ရှိကိုယ်နဲ့တော့ ပြိုင်နေရတာပဲလေ..
    အရင်ထက်ညံ့သွားလို့မှမဖြစ်တာ..
    အဆင်ပြေသွားမှာပါလေ…

    • အားပေး ပေးပါ အူးမိုက်ရေ.. တကယ်ကို စိတ်ဓာတ်တွေ ဟိုးးးအောက် ရောက်နေလို့ပါ..
      နည်းနည်းတော့ အားတက်လာပြီ…

  • โทรศัพท์มือถือ

    July 15, 2013 at 4:27 pm

    မွန်မွန် ရဲ့ရင် ဆိုင်ယှဉ်ပြိုင် အနိုင်ယူခဲ့ ကြိုးစားခဲ့ ကျားကန်ခဲ့တာတွေကို ရေးထားတာဖြစ်မယ်
    ဒီတစ်ခါတော့ တကယ်မှတ်လို့ ရမယ်ထင် ပါတယ်
    ကျနော်လည်း အရင် တုန်းက အဲလိုစိတ်တွေရှိခဲ့ဖူးတယ်
    ခုနောက်ပိုင်းမှာတော့ အရာရာကို အရှုံးပေးချင်နေတဲ့ ပျော့ညံ့ညံ့ စိတ်တွေဝင်နေတယ်
    မွန်မွန်တို့လို ခပ်ထက်ထက် လူတွေကို အားကျလှပါ၏

    • တိန်..မထက်ပါဝူးတော်..ဂေါက်တောက်တောက်ရယ်ပါ…

      ဒီစာကိုတော့ အတည်မှတ်လို့ရပါတယ်… 🙂

  • Ko chogyi

    July 15, 2013 at 4:49 pm

    ” အဝေးကို ထွက်ပြေးချင်တယ်… ဘယ်သူမှ မရှိတဲ့နေရာ… ပတ်ဝန်းကျင်နဲ့ ဝေးကွာရာ…အို… နောက်ဆုံး မာနတရား နဲ့ ကင်းလွတ်ရာ… မြတ်စွာဘုရား..တပည့်တော်မရဲ့ ပူလောင်ခြင်းတွေအတွက် ငြိမ်းချမ်းရာ မြတ်ဓမ္မတရားကို လျင်မြန်စွာ သိမြင်ရပါလို၏ အရှင်ဘုရား”
    မယ်သီလဝတ်စုံ ဝယ်ပြီးပို့ပေးရတော့မှာလား……………..

    • အမေက ခွင့်ပြုပြီးသား…

      အနော့်ဆုံးဖြတ်ချက်ပဲ ကျန်တော့တာ..သံယောဇဉ်တွေ ဖြတ်တုန်း.. :mrgreen:

      • DEPARKO DEPARKO

        July 15, 2013 at 7:33 pm

        ပြတ်ပြီဆိုပြော

      • Ko chogyi

        July 16, 2013 at 10:15 am

        မရှိတဲ့သံယောဇဉ် အကြောင်းပြမနေပါနဲ့တော့
        ယောက်ခမကလည်းခွင့်ပြုပါတယ်။

  • Mr. MarGa

    July 15, 2013 at 6:04 pm

    တစ်ခါတုန်းက
    ငါကုန်းကွ
    လာဦးဟ
    အာ လုံးသဟ

  • ဦး ကြိမ်

    July 15, 2013 at 8:31 pm

    မွန်မွန်ရေ…..
    ကိုယ့်ကိုကိုယ် ဂေါက်လို့ဂေါက်မှန်းသိနေတာကိုက
    အခြေအနေမဆိုးသေးပါဘူး
    ဘာလုပ်ရမယ်ဆိုတာမွန်မွန်သိပါတယ်
    သတိ္တရှိဖို့ပဲလိုတော့တယ်……….။

  • candle .

    July 15, 2013 at 10:24 pm

    မွန်မွန် တို ့များ စိတ်ထွက်ပေါက်ရှာတာတောင် ရသမြောက်လိုက်ပုံများ နော်..

  • uncle gyi

    July 15, 2013 at 11:14 pm

    ကြိုးစားမှုကြောင့်မွန်းကျပ်သတဲ့လား
    ဖြစ်တတ်ပါတယ်လေ
    ဒါကဆေးခါးကြီးပဲ
    ဒါပေမဲ့ဆေးခါးကြီးကရောဂါတော့ပျောက်တာအမှန်ပဲနော်
    ဒါကြောင့်မသောက်ချင်တဲ့ဆေးခါးကြီးကို
    ကြီတ်မှိတ်သာသောက်လိုက်တော့မမွန်ရေ

  • ဦးကျောက်ခဲ

    July 16, 2013 at 9:23 am

    အဟတ် အဟတ်… မာနမရှိရင် လူနင်းခံရမယ်…
    အတ္တမရှိရင် မတိုးတက်၊ လောဘမရှိရင် မကြီးပွါး…
    ဆိုတော့… အစွန်းရောက်စရာမလို မျှတအောင်တော့ထားပေါ့…
    စိတ်ဓာတ်ကျတယ်ဆိုတာ ကိုယ့်ဘဝကိုယ်ဆွဲချတာ…
    ကြိုးစား… တိုင်ပင်… တိုက်တွန်း… အဖြေရှာ… :mrgreen:

  • Ko Kaung

    July 16, 2013 at 9:39 am

    မြင့်တဲ့ သစ်ပင်ဟာ လေ ပိုတိုက်ခံရတာ ဓမ္မတာ ပါပဲ။
    လေဒဏ်တွေ မခံနိုင်ရင်တော့ လဲကျမှာပါ။
    လေဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်ရင်တော့ အိုကေပေါ့ဗျာ။
    ဒါ့ထက် တစ်ပင်ကို တစ်ပင်ယှက် ဆိုတဲ့ စကားလည်း ရှိသေးရဲ့ မဟုတ်လား။
    တစ်ပင်နဲ့ တစ်ပင်ယှက်ထားတော့ တော်ရုံနဲ့ မလဲပြိုနိုင်ဘူးပေါ့။
    ဒါတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရာ မြတ်ဓမ္မတစ်ခုကိုလည်း ဘုရားရှင်တော်က ဟောကြားတော် မူခဲ့ပါတယ်။
    “ယောနိသော မနသိကာရ” ပါတဲ့ ခင်ဗျာ။

  • ကို ငြိမ်းမောင်

    July 16, 2013 at 9:50 am

    “မာနဆိုတာ မထားကောင်းတဲ့အရာလို့ တရားတော်အဆုံးအမမှာ ပါပေမယ့်
    လောကကိုရင်ဆိုင်တဲ့အခါ အင်းအားတစ်ခုဖြစ်စေတဲ့ အပိုင်းကဏ္ဍအနေနဲ့တော့ မာနဟာလည်း အကောင်းဆုံးလက်နက်တစ်ခုပါ´´

  • ဟူးးးးးရင်မောသွားတာပဲအမွန်ရယ် ဘွမှာအက်လိုတွေလည်းမနေချင်တော့ပါဘူး
    သို့သော် ငယ်သေးသူလေးကတော့ ရည်မှန်းချက်ြီးကြီးထားမှတော်ကာကျမယ် လမ်းမလွဲအောင်လည်းဂရုစိုက်သင့်တယ်

  • ဗုံဗုံ

    July 16, 2013 at 10:15 am

    မွန်လေးရေ စစ်ကိုင်းချောင် လူပြည့်တော့မယ်
    မြန်မြန်လာထား နေရာဦးထားတယ်… :mrgreen:

  • အရီးခင်လတ်

    July 16, 2013 at 2:48 pm

    ကျောင်းစာနဲ့ လုံးပမ်းရချိန်တုန်း က အရီး မိဘတွေ က ကြိုးစားဖို့ကို တွန်းတာ ကလွဲ လို့ ထိပ်မှာနေဖို့ မတိုက်တွန်းခဲ့ပါ။
    ဒါကြောင့် နဲနဲပျင်းတတ်တဲ့ အရီး က အတန်းထဲ မှာ တော်ရုံ ထိပ်မှာ မရှိခဲ့ဘူး။ 😉
    ကျောင်းသက်တန်း တစ်တလျှောက် ဟေးလားဝါးလား ပျော်ပျော်ကြီး ကို တန်အောင် ဖြတ်ခဲ့သပေါ့။
    ဒီတော့ ကျောင်းကထိပ်တန်းလူတွေရဲ့ ခံစားချက် ကို ကိုယ်ပိုင် အနေနဲ့တော့ မပြောနိုင်ဘူး။
    ဒါပေမဲ့ အတန်းထဲက ဒိတ်ဒိတ်ကြဲ ရှေ့တန်းရောက်တဲ့ သူငယ်ချင်း တွေ ကို ကိုယ့်အမြင် နဲ့ မြင်မိတာလေး တော့ မျှချင်ပါတယ်။

    တက္ကသိုလ် ရဲ့ နောက်ဆုံး အတန်းကြီးမှာ လူ ရှစ်ယောက် ဘဲ ရှိတာ။ (မိန်းကလေးချည်းဘဲ)
    အဲဒီထဲ မှာ နှစ်ယောက်က သိသိသာသာ ရှေ့မှာ ရှိပါတယ်။
    ထူးခြားတာက တစ်ယောက် က ထိပ်မှာ နံပါတ်တစ် ဖြစ်ချင်လွန်းလို့ကို အသေ ကြိုးစားတာ။
    မိဘ က နဲနဲချို့တဲ့ တော့ ဘဝ နာနေတာက လဲ အဓိက အချက်ဘဲပေါ့။
    နောက်တစ်ယောက် ကတော့ ကျောင်းစာတွေကို ဝါသနာပါလွန်းလို့ တော်နေတာ။
    အင်္ဂလိပ်စာကလဲ အရမ်းကောင်းတယ်။
    အင်္ဂလိပ်စာကောင်းဖို့ ဆိုတာက အဓိက စိတ်ပါဝင်စားမှုရှိမှ တော်တာကလား။
    သူက မပြိုင်ပေမဲ့ နံပါတ်တစ် လိုချင်လွန်းတဲ့ သူငယ်ချင်းကတော့ သူ့ကို ပြိုင်နေခဲ့သလားဘဲ။
    အင်္ဂလိပ်လို ဖြေရတဲ့ အတန်းမှာ အင်္ဂလိပ်စာ အင်မတန်တော်သူက တစ်ပန်းသာတာ မဆန်းပါဘူး။
    နံပါတ်တစ် ကိုမှန်းလို့ ရနေတာဘဲ။

    သင်ရတဲ့ ဘာသာရပ်တွေထဲမှာ အနောက်နိုင်ငံပြန် ပူပူနွေးနွေး အင်မတန် စကားနည်းတဲ့ ဒေါက်တာ လူပျိုကြီး တစ်ယောက်ပါတယ်။
    အရမ်းတော်ပါတယ်။ ဒါပေမဲ့ အရင်ကထဲ စာသင်မကောင်းလှဘူး။
    (မောင်ဂီ့ ကိုသာ Marketing ဆရာ ခန့်လိုက်ချင်ရဲ့ )
    ဒါကို နိုင်ငံခြားက အပြန် မှာတော့ အင်္ဂလိပ်လို ဘဲ သင်တယ်။
    ဒီမှာတင် တစ်တန်းလုံး ဘာဘာ ဘာမှ မသိဘူးဖြစ်ရော။
    နောက်ဆုံး တစ်တန်းလုံး ရဲ့ ကယ်တင်ရှင် က အင်္ဂလိပ်စာတော်တဲ့ သူငယ်ချင်းပေါ့။
    အဲဒီဘာသာ အတွက် ဟိုတစ်ယောက် ဒီတစ်ယောက် တောင်ရေးမြောက်ရေး ထားတာတွေ ကိုစုပြီး သူက စာစီလိုက်တယ်။
    အင်္ဂလိပ်လို ဖြေရတာကိုး။
    ပြီးတော့ အားလုံးညှိပြီး ဒီလိုမေးခွန်း ဖြစ်ရင် ဒီအပုဒ် ဖြေ ဆိုပြီး တိုင်ပင်ဖြေခဲ့တာပါဘဲ။
    မှားလဲ အားလုံးမှားနေတာမို့ ဘယ်သူ့ ကိုမှ အကျပေးလို့ မရတော့ ဘူးပေါ့။
    မြင်ကြမှာပါ။
    ၁ဝဘာသာလောက် ဖြေရမဲ့ အထဲ အင်မတန် ခက်တဲ့ ဘာသာအတွက် တစ်ယောက်က အချိန်ကုန် နေချိန်မှာ
    ကျန်လူ ရယောက် က တစ်ဘာသာ အတွက် ဘာမှ ပြင်ဆင် နေစရာမလိုဘဲ ကျန်တဲ့ ဘာသာ တွေ ကို ဖိပြီး မကျက်နိုင်ကြပေဘူးလား။
    အရီးတို့ အချိန်က ဒီလို နောက်ဆုံးတန်းတွေ ကို တော်ရုံ အအောင်မပေးဘူး။
    ဒီတော့ စာဖတ်ရတာ ရူးမတတ်ဘဲ။
    ဒါပေမဲ့ နောက်ဆုံး အောင်စာရင်းထွက်တော့ တစ်ယောက် ကလွဲလို့ ကျန်သူတွေ အားလုံး အောင်ပါတယ်။
    အောင်စာရင်းက အမှတ် အလိုက် စဉ်ထုတ်တာပါ။
    အရီးတို့ ရဲ့ ကယ်တင်ရှင် က ဒုတိယ ဘဲ ရခဲ့ပါတယ်။
    မဆန်းပါဘူး မဟုတ်လား။
    အောင်စာရင်းထွက်တဲ့နေ့ ကို အရီး မမေ့ဘူး။
    ပထမ ဖြစ်သင့်ရက်နဲ့ ဒုတိယ ဘဲ ရခဲ့ပေမဲ့ ပြုံးပြီး အရမ်းပျော် နေတဲ့ သူ့ရဲ့ မျက်နှာလေး ကို မမေ့ဘူး။
    သေချာတယ် အရီးတို့ အတန်းသူ တွေ အားလုံး တစ်ဘဝလုံး သူ့ ကို ဘယ်တော့မှ မမေ့ဘူး။

    ဆိုချင်တာကတော့
    လုံမ ရေ။
    ဘဝ ဆိုတာမှာတော့ အမြဲကြိုးစားနေရမှာပါဘဲ။
    ဒါပေမဲ့ ကိုယ့်ရင်းနေရတဲ့ အင်အားတွေ ဟာ နံပါတ်ရဖို့ ထက် ကိုယ့် အတွက် တစ်စုံတစ်ခု အကျိုးဖြစ်ထွန်းဖို့ နဲ့ အများကောင်းကျိုး ဆောင်ရွက်ကို ရှေ့တန်းတင် လိုက် သူကတော့ ပိုပြီး အဖိုးတန်သူ ဖြစ်မှာအသေအချာပါ။
    နံပါတ်တစ် အတွက် ကြိုးစားရတဲ့ ရလာဒ်ဆိုတာ ရေတို အတွက် ပျော်စရာဖြစ်ချင်ဖြစ်မယ်။
    ဒါပေမဲ့ တကယ်သိချင် လိုချင်လို့ ကြိုးစားလိုက်တာ က ပိုပြီး အကျိုးများပါတယ်။
    လက်တွေ့ဘဝမှာ အဲဒါက ပိုပြီး အသုံးတဲ့ အောင်မြင်ပါတယ်။

    ဒီတော့
    အမေတို့ လိုချင်သလို နံပါတ်တစ် အတွက် ကြိုးစားပါ။
    ဒါပေမဲ့ ကိုယ်ကတော့ နံပါတ်တစ် အတွက်မဟုတ် ဘဲ ကိုယ့်ပညာ ကို တစ်နေရာမှာ အကျိုးရှိအောင် သုံးလိုက်နိုင်သူ ဖြစ်ဖို့ ကို ထည့်စဉ်းစားပြီး ကြိုးစားလိုက်ပါ။
    နံပါတ်တစ် မရခဲ့ရင်တောင်မှ ကိုယ်ကြိုးစား နေတာ မြင်ရတဲ့ အမေ က အပြစ်ပြောရက်မှာ မဟုတ်ပါဘူး။
    ဒါဆို သမီး ဘဝ မှာ လဲ စိတ်လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ ကင်းကင်း နဲ့ ပိုပြီး ကြိုးစားသွားနိုင်မယ်ထင်တာပါဘဲ။

    ဒါထက်
    သမီးက ပြောတယ်
    { စာတွေကြားမှာ အချိန်ပြည့်နေတဲ့ ငါ့ဘဝကို မွန်းကျပ်လာပြီ…}
    အရီး လဲ အဲဒီ စာမေးပွဲကို ရူးမတတ် ဖြေပြီး ကထဲ က ဘာစာမေးပွဲ မှ မဖြေတော့ဘူး ဆုံးဖြတ်ခဲ့တာ။
    အခု အသက်အရွယ် အထိ စာမေးပွဲ တွေ တစ်ခုပြီး တစ်ခု တွေ့နေရဆဲပါဘဲ။
    မွန်းကျပ်လာရင် ငါ့ အရီး တောင် သူ့အသက်အိုကြီးအိုမ နဲ့ စာမေးပွဲတွေ ကြားမှာ ရူးနေသေးတာ လို့ တွေး ပြီး ရီလိုက်ပါ။
    ပြီးတော့ ရင်ဆိုင်ပစ်လိုက်။
    😆

  • လူကလေး

    July 16, 2013 at 5:27 pm

    စဉ်းစားရတာ တယ်ခေါင်းရှုပ်သယ်ဟယ်..
    ဟင်ဆိုရင် ပြန်မကြည့်နဲ့ တော့
    မဟင်နိုင်ဘူးဆိုရင်လည်း စိတ်ရှုပ်ခံမနေနဲ့တော့
    မှားတယ်မှန်တယ်ဆိုတာ မလုပ်ခင်သိတာလည်းရှိတယ် လုပ်မှသိတာလည်းရှိတယ် မကြုံခင်သိတာလည်းရှိတယ် ကြုံမှသိတာလည်းရှိတယ်..
    ကို်ယ့်ယုံကြည်မှု နဲ့ ကိုယ့်ယူဆချက်က ကိုယ်ဘယ်လမ်းရွေးမလဲ ဦးဆောင်မှာပေါ့

  • မဟာရာဇာ အံစာတုံး

    July 16, 2013 at 6:51 pm

    အမလေး …
    သူ့စာဖတ်ပီး မောလိုက်ဒါ …
    ဟူးးးးးး
    ကိုင်း .. ရေတစ်ခွက်လောက်တော့ ဒဒါဘာ .. :mrgreen:

  • kotun winlatt

    July 16, 2013 at 8:08 pm

    ဟုတ်ပါ့…ဟုတ်ပါ့……ဟူးးးးးးးမောဒယ်။။။။။
    နောက်ထပ် ရေတစ်ခွက်…….ဒဒါဘာဦးးးးးး

    • မဟာရာဇာ အံစာတုံး

      July 17, 2013 at 2:50 am

      ဟက်လူ ..
      ကျုပ် တောင်းတဲ့ ရေက ဟိုလိုရေဗျ …
      ဘာမှန်းလည်း သိဘူးးးး
      သူညား တောင်းဒိုင်း လိုက်တောင်းနေဒယ် … လူဇိုးးးးး :mrgreen:

  • ဦးကြောင်ကြီး

    July 17, 2013 at 9:05 am

    ခါတုံးက
    ငါပြုံးပြ
    ရှာစုန်းမ
    ဝါဘုန်းကြွ
    ညာလုံးစ
    အာဂျုံးဂျ
    ခွာရုန်းထ
    သာထုံးပ…

Leave a Reply