“ပင့်အားနဲ့ ဖိအား”

“ပင့်အားနဲ့ဖိအား ”

 

ကျနော်တက္ကသိုလ်ပထမနှစ် အောင်ပြီးစအချိန်မှာ တစ်နှစ်ဘဲခြားပြီးအဖေရော

အမေပါ အသဲရောဂါနဲ့ ခြောက်လစီခြားပြီးကွယ်လွန်သွားခဲ့ပါတယ်။

ကျနော်အောက်မှာ (၂)နှစ်စီဘဲခြားတဲ့ နှမငယ်တစ်ယောက်နဲ့ညီငယ်တစ်ယောက်

ကျန်ခဲ့ပါတယ်။

အဲဒီအချိန်မှာ လက်ငုတ်လက်ရင်းဆိုလို့ ကျနော်တို့နေတဲ့ရပ်ကွက်ထဲမှာဖွင့်

ထားတဲ့ လက်ဖက်ရည်ဆိုင်လေးဘဲကျန်ခဲ့ပါတယ်။

အဲတော့ ကျနော် တက်နေတဲ့ကွန်ပြူတာသိပ္ပံကိုဆက်မတက်တော့ဘဲ

အဝေးသင်ပြောင်းပြီး အိမ်ကလက်ဖက်ရည်ဆိုင်လေးကို ဆက်ဦးစီးခဲ့ပါတယ်။

ကျနော်အမေဖက်ကတော့ဟိုးမြင်းခြံနယ်ဘက်ကဆိုတော့ ဆွေမျိုးတွေနဲ့တွေ့ဘို့မလွယ်ကူပါဘူး။

အဖေ့ဘက်ကတော့ တစ်မြိုထဲနေ အဒေါ်နှစ်ယောက်ရှိပါတယ်။

တစ်ရက် အဖေ့တစ်နှစ်ပြည့်နဲ့ အမေ့ခြောက်လပြည့်အတွက် အိမ်မှာ

ဆွမ်းကပ်လို့ အဒေါ်နှစ်ယောက်လုံးလာကြတဲ့အခါ

……………………………………………………………………………

 

 

“မောင်ဌေး သားတို့ မောင်နှမတတွေအဆင်ပြေကြလား။

ငါ့တူက အကြီးဆုံးဆိုတော့ မင်းကိုဘဲမှာရတော့မယ်။

အဖေရော အမေရော မရှိတော့ဘူးဆိုတော့ မင်းအောက်က

ညီလေး ညီမလေးတွေ ကို မင်းဘဲ စောင့်ရှောက်ရတော့မှာလေ။

ဒေါ်ကြီးတို့ ဝိုင်းနိုင်ဝန်းနိုင်တယ်ဆိုတာ ငွေလေးကြေးလေး

နိုင်သလောက်ထောက်ပံ့တာဘဲတတ်နိုင်ကြတာ။

အဲတော့ မင်းလိမ္မာမှ မင်းအောက်က ကလေးတွေကို သွန်သင်

ဆုံးမ လို့ရမှာ။

ငါ့တူကြီးက စံပြ ဖြစ်အောင်နေပြရမှာနော်။

အေးအခက်အခဲရှိရှင်ပြော ငါတို့လဲသောင်သာလို့တော့ မဟုတ်ဘူး ။

ဆွေရယ်မျိုးရယ်ဆိုတော့ နို်င်သလောက်တော့ ဝိုင်းရမှာဘဲ။

အားမငယ်နဲ့ ငါ့တူ လောကမှာ ကိုယ်တစ်ယောက်ထဲ ဒုက္ခဆင်းရဲရှိတာမဟုတ်ဘူး”

ဒီစကားကိုကြားမိတော့ ယောက်ျားတန်မဲ့ မျက်ရည်ဝဲခဲ့ရပါတယ်။

ကြည်နူးလွန်းလို့ပါ။

ငါတစ်ယောက်ထဲမဟုတ်ဘူးဆိုပြီး ခွန်အားတွေဖြစ်လာခဲ့ရပါတယ်။

*****************************************************

“ငဌေး နင့်အောက်က အငယ်နှစ်ကောင်ကိုသေချာထိန်းနော်။

ငါတို့မျိုးဂုဏ်ဆွေဂုဏ်အပျက်ခံလို့မဖြစ်ဘူး။

မိမဲ့ ဖမဲ့ဆိုပြီး  မိမဆုံးမ ဖမဆုံးမ ဖြစ်ချင်တိုင်းဖြစ်လို့မရဘူး။

ကောင်းကောင်းမွန်မွန် နေလို့ကတော့

ငွေလိုရင် အချိန်မရွေးလာခဲ့။

အေး………………သူများ အပြောအဆိုခံရတာကြားလို့ကတော့

အိမ်ရိပ်တောင်လာမနင်းနဲ့

သေခန်းပြတ်ဘဲ ”

ဒီစကားကိုကြားလိုက်တဲ့အချိန်ုတုံးကသူ့မျက်ကွယ်ရောက်တဲ့အခါ

နံရံကို လက်သီးနဲ့ ထိုးရင်း မျက်ရည်တွေကျခဲ့ရပါတယ်။

ခံပြင်းလွန်းလို့ပါ။

ဒါပေမယ့် သူပြောသလိုမဖြစ်စေရဘူးဆိုပြီးကြိုးစားဘို့

တွန်းအားတွေရခဲ့ပါတယ်။

*******************************************

လောကကြီးမှာ ပင့်အားကြောင့် အမြင့်တက်နိုင်သလို

ဖိအားကြောင့်လဲ အထက်ကို ကန်ထွက်နို်င်ပါတယ်။

ဒါပေမယ့် ခံရတာခြင်းတော့ မတူဘူးပေါ့ဗျာ။

ကဲ ဘော်ဘော်တို့ရော ဘယ်လိုများကြုံဘူးခဲ့ကြသလဲမသိဘူူးနာ်။

 

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

15-7-2013

 

9 comments

  • အလင်း ဆက်

    July 15, 2013 at 3:46 pm

    ကျွန်တော်က တော့
    ပင့်အားရော
    ဖိအားရော
    ဘေး နှစ်ဖက်က တွန်းကန် အားတွေရော
    ခံယူချင်ပါတယ်

    အတွေ ့အကြုံ ရအောင်ပေါ့

    😆

  • Ma Ei

    July 15, 2013 at 4:02 pm

    ကိုပေါက်စာဖတ်ပြီး…
    ့တစ်နေ့က သူများကိုပြောလိုက်မိတာ
    ဖိအားပေးတဲ့သူ ဖြစ်သွားခဲ့မိပြီလားလို့
    စိတ်မကောင်းဖြစ်မိပါတယ်…

  • Ma Ma

    July 15, 2013 at 4:12 pm

    ဘယ်အားပဲဖြစ်ဖြစ် သုံးတတ်ရင် အကျိုးများမှာပါ။ 🙂

    • Ma Ma

      July 15, 2013 at 4:15 pm

      ဒါ့ထက် ထိုးထွင်းဉာဏ်ကောင်းသတဲ့လားပိုစ့်ကို မန့်မရဘူး။
      လော့အင်လည်း ဝင်ထားပေမယ့် ကွန်မန့်ဘောက်စ်ပိတ်နေတယ်။
      တခြားလူတော့ မန့်ထားတာ တွေ့တာပဲ။ ❓

      • ko pauk mandalay

        July 15, 2013 at 10:28 pm

        ကျနော်တင်နေတုန်း ကော်နက်ရှင်ပြုတ်ကျသွားလို့ဖြစ်မယ်ထင်တယ် မမရေ
        အခုတော့ မောဒ့်တစ်ယောက်ပြင်ပေးလိုက်လို့ကောင်းသွားပြီဗျ

  • โทรศัพท์มือถือ

    July 15, 2013 at 7:01 pm

    ကျနော်က တော့ ဖိအားတွေ နဲ့သာ ကြုံဖူးပြီး အပျက်ဖက်ကို ဦးတည်တဲ့ ကန်အားတွေသာ ရရှိဖူးပါတယ်
    ဒီပို့စ်ကို နှစ်သက်လှတယ်ဗျာ

  • ko pauk mandalay

    July 15, 2013 at 10:30 pm

    အခုတစ်လော အရှည်တွေရေးရတာစိတ်ငြီးတာနဲ့ အတိုတွေရေးနေပါတယ်
    နောက်ရက် ချောင်းသာခရီးက အချစ်ဇာတ်လမ်း အရှည်ကြီးတင်ပါမည်။
    အခုတော့ ရေးလို့မပြီးသေးး
    အခန်းဆက်ရင်ကောင်းမလား
    တစ်ပုဒ်ထဲအပြီးတင်ရင်ကောင်းမလား မဝေခွဲရသေးပါ
    16မျက်နှာလောက်ရှည်ပါမည်။

  • uncle gyi

    July 15, 2013 at 11:03 pm

    ပင့်ပဲပင့်
    ဖိပဲဖိ
    ဘယ်သူတွေဘယ်လိုပြော
    ကိုယ်တိုင်ခံစားနိုင်မှပင့်အားဖိအားဖြစ်မယ်
    နောက်မို့ဆိုအလကားပဲကိုပေါက်ရေ

  • kyeemite

    July 16, 2013 at 11:38 am

    ကျနော့ အတွေ့အကြုံအရတော့
    လူဆိုတာ ဖိအားနဲနဲတော့လိုတယ်ဗျ
    ဒါမှတိုးတက်တာ…ပင့်အားချည်းပဲဆို
    မြောက်ပီး..ဖေါက်သွားတတ်တယ်..

Leave a Reply