“ထိုးထွင်းဉာဏ်ကောင်းသတဲ့လား”

“ထိုးထွင်းဉာဏ်ကောင်းသတဲ့လား”

 

 

ဟိုတစ်နေ့က သူငယ်ချင်းတွေလက်ဖက်ရည်ဆိုင်ထို်င်ကြတော့

ပြောကြတာ ဟိုရောက်ဒီရောက်ပေါ့။

ပြောရင်းကနေ ထိုးထွင်းဉာဏ်အကြောင်းရောက်သွားပါတယ်။.

ကျနော်တို့မြန်မာလူမျိုးတွေထိုးထွင်းဉာဏ်ကောင်းတဲ့အကြောင်းပေါ့။

စည်းကမ်းတစ်ခုသတ်မှတ်လိုက်တာနဲ့ ဘောင်အတွင်းကနေချိုးဖောက်နိုင်တဲ့

နည်းလမ်းတွေချက်ခြင်းရအောင်ရှာနို်င်တယ်လို့ပြောလာပါတယ်။

တစ်ယောက်ကတော့ ထိုးထွင်းဉာဏ်မဟုတ်ဘူး အဲဒါ ကလိန်ကကျစ်ဉာဏ်လို့

ခေါ်တယ်လို့ ပြောတဲ့အခါ မဟုတ်ဘူး ဟုတ်တယ်ငြင်းကြပါတော့တယ်။

 

ကျနော်ကတော့ ကိုယ့်ထက် အုံးပြေးသူက စားသွားလို့ခံလိုက်ရတာလေးကိုပြန်သတိရပါတယ်။

ကျနော်ကြက်သွန်ကြော်ဖိုတစ်ဖိုမှာအလုပ် ဝင်လုပ်တုန်းကပေါ့။

ကြော်ပြီဆိုမှတော့ ထင်းသည်နဲ့ဆက်ရတော့တာပေါ့။

သူုတို့က မုန့်ဖိုကိုအရောက်လာပို့ပေါတယ်။

တစ်လမှာတော့ ကျနော်ပိုင်ရှင်က ထင်းကုန်တာ အရင်ကထက်မြန်လာတယ်။

ထင်းအသုံးဂရုစိုက်ပါလို့မှာပါတယ်။

အဲတော့ အရင်ဆုံး ကြော်တဲ့ကြက်သွန်အရေအတွက်နဲ့ သုံးတဲ့ထင်းအရေအတွက်

စစ်ကြည့်တော့ မပြောင်းလဲ။

အဲတော့ ထင်းပိုသုံးတယ်ဆိုတာမဟုတ်ရင် ထင်းတွေပျောက်ပြီလို့ခန့်မှန်းရတာပေါ့။

အဲဒါနဲ့အဝင်အထွက်ကိုစစ်ကြည့်တော့လဲ မသင်္ကာစရာမတွေ့။

ဒါနဲ့ ဖိုက သုံးမယ့်ထင်းကိုသေချာအရည်အတွက်နဲ့ စစ်ပေးတော့လဲ

အဲဒီဘက်က အပိုအလိုမရှိ။

ထင်းထားတဲ့ ဂိုဒေါင်ကကြည့်ပြန်တော့လဲခြေရာလက်ရာမပျက်။

အဲတော့ခိုးရောင်းစားတယ်ဆိုတာလဲမဖြစ်နိုင်။

စိတ်တော့ အတော်လေပါတယ်။

ဒါနဲ့ဘဲထင်းကုန်ခါနီးတော့ ထပ်မှာပေးဘို့ပိုင်ရှင်ကိုပြောတော့ ဓါတ်ပြားဟောင်းဖွင့်ပြပါတယ်။.

ထင်းအကုန်မြန်တယ် ဂရိုစိုက်ပါပေါ့။

ဒါနဲ့ဘဲမှာထားတဲ့ထင်းရောက်တဲ့နေ့ မှာ သူတို့ထင်းချတဲ့နားကိုရပ်ကြည့်တော့လဲစနစ်တကျ။

ကားပေါ်ကနေ ထင်းကို အရေအတွက်နဲ့အော်ပြီးအောက်ပစ်ချ။

တစ်ရာပြည့်ရင် ထင်းတစ်စည်းဘေးဖယ်ထား။

အဲဒီနေ့ထင်းချပြီးလို့ရေကြည့်တော့ ထင်းစည်းအသေး20ဆိုတော့ ထင်း2000ကွက်တိ။

ဒါပေမယ့်လကုန်ခါနီးရောက်တော့ထင်းမရှိတော့။

ခါတိုင်းလိုအကုန်မြန်ပါတယ်။

အဲတော့ ပိုင်ရှင်ကလဲပြောပြန်ပါတယ်။

“ထင်းအသုံးကြမ်းတယ်ပေါ့”

အဖြေရှာမတွေ့တော့ကျနော်လဲစိတ်တွေလေပါတယ်။

ဒါနဲ့ဘဲထင်းနောက်ထပ်ချတဲ့အချိန်ရောက်လာပါတယ်။

ထင်းချတဲ့နားမှာ အိမ်နံဘေးက ကလေးလေးတွေဆော့နေကြပါတယ်။

ကျနော် အခန်းထဲအလုပ် လုပ်နေတုံး အိမ်ဘေးနားက ကလေးတွေထဲက

မိစု ဆိုတဲ့ကလေးမလေးက ကျနော့်နားရောက်လာပါတယ်။

ပြောစရာရှိတဲ့ပုံပါဘဲ။

“ မိစု ဘာဖြစ်လာလဲပြော”

“လေးပေါက် ထင်းချတဲ့သူကဂဏန်း မရေ တတ်ဘူး”

“ညည်းဘယ်လိုလုပ်သိ”

“သူအော်ရင်ဂဏန်းတွေမှား ပြီး ကျော်အော်တာ  လေးလေး”

‘ဒါနဲ့ဘဲထင်းချတဲ့ အနားလေးမယောင်မလည်သွားပြီးသူဂဏန်းရေတာ

နားထောင်ကြည့်လိုက်တော့။

 

နှစ် လေး ခြောက် ရှစ် ဆယ် ဆယ်နှစ် ဆယ်လေး ဆယ်ခြောက်

ဆယ့်ရှစ် နှစ်ဆယ် နှစ်ဆယ်နှစ့် နှစ်ဆယ့်လေး နှစ်ဆယ့်ခြောက်

နှစ်ဆယ့်ရှစ်သုံးဆယ် သုံးဆယ်နှစ် သုံးဆယ်လေး သုံးဆယ်ခြောက်

သုံးဆယ်ရှစ် လေးဆယ်  လေးဆယ်နှစ် လေးဆယ့်လေး လေးဆယ်ခြောက်

လေးဆယ်ရှစ် ခြောက်ဆယ်၊

 

ပါတဲ့ခင်ဗျာ။

ကဲ တယ်ကောင်းလိုက်တဲ့ ထိုးထွင်းဉာဏ်ပါလား အရပ်ကတိုေ့ရ။

ကဲ ဘော်ဘော်တို့ရော ခံဘူးသလား ဒီလိုလေး။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

13-5-2013

9 comments

  • အလင်း ဆက်

    July 15, 2013 at 3:55 pm

    အဟိ

    သီရိမင်္ဂလာဈေးမှာ ဒညင်းသီးတွေ
    အလုံးရေဗထာင် ချီ ဝယ်တုန်းကလည်း
    အိမ်ရောက်လို ့ပြန် ရေတော့
    လျော့လိုက်တာ သောက်သောက်လဲ
    ကိုယ်တွေ ထိုင်ကြည့်နေတဲ့ကြားက ဘယ်လိုများ ခိုးရေသလဲတွေးမရခဲ့

    ဒီလိုပဲ ဖြစ်ရမယ်
    နောက်တစ်ခါဆို သတိ

    ============

    😆

  • Mr. MarGa

    July 15, 2013 at 7:36 pm

    အခြေအနေ နဲ့ အချိန်အခါ ကြောင့်
    အဲဒီလို တွေ ဖြစ်သွားတယ်ပဲ ပြောရမလား……… 🙄

  • San Hla Gyi

    July 15, 2013 at 7:57 pm

    အမှန်တော့ ကျနော့် အမြင်အရ မြန်မာတွေ ဖြတ်ထိုးဉာဏ်ကောင်းတာ တကယ်ပါ။ တကယ်တမ်း သူများတွေနဲ့ အလုပ်ယှဉ်လုပ်ရင်လဲ အရိပ်ပြရင် အကောင်မြင်တတ်တာ များပါတယ်။ ဖြတ်လမ်းနည်း အတိုလေးတွေလဲ ချက်ချင်း စဉ်းစားနိုင်တယ်လို့ ထင်တယ်။ အဲဒီ နေရာမှာတော့ မြန်မာတွေက တကယ်ကို တော်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ နေရာမှာသွားပြီး အသုံးချတာတော့လဲ ရှိတာပေါ့လေ။

  • ko pauk mandalay

    July 15, 2013 at 10:12 pm

    အလင်းဆက်ရေ အဲလို အမှတ်စဉ်ကျော်ပြီး ခိုးတာ ကြာပေါ့

    ကိုစံလှကြီးပြောတာ မှန်၏
    ကျနော်တို့တတွေက တလွဲဆံပင်ကောင်းနေကြတာအမှန်ပါဘဲ။

  • uncle gyi

    July 15, 2013 at 11:24 pm

    အမှန်ပဲကိုလှကြီးရေ
    မြန်မာတွေဆံပင်ကောင်းချက်
    လူစီုးကာတွေလုပ်ငန်းလိုင်စင်လုပ်ရင်လူနှင့်ကုန်ဆိုပြီးကုန်ဆိုတဲ့စကားပါဖို့ပဲလိုတယ်
    အမှန်ကလူနဲ့တပါတည်းသည်နိုင်တဲ့ကုန်ကိုပြောတာ
    သူတို့ကလုံးဝကိုကုန်ကားအဖြစ်ပြောင်းလိုက်ကြတာ
    စာတလုံးပဲဟိုဘက်လှည့်ဒီဘက်လှည့်
    လုပ်စားကြတာ

  • Ma Ma

    July 16, 2013 at 9:29 am

    ဖြတ်ထိုးဉာဏ်လို့ပဲ ပြောမလား……
    ဒေဝဒတ်ဉာဏ်လို့ပဲ ပြောရမလား….
    တော်တာတော့ အမှန်ပဲ။
    အဲ- ကောင်းတဲ့နေရာမှာ အသုံးချလိုက်ရင် ကောင်းမယ်။

    ဒါ့ထက် မြင်မိသလောက်……..
    ခုနောက်ပိုင်း ဈေးဝယ်ရင် အလေးချိန် မမှန်မကန်လုပ်တာတွေ အတိုင်းအတာတစ်ခုအထိတော့ လျော့နည်းသွားသလိုပဲ။
    ဈေးသည်တွေ ကိုယ်တိုင်ကိုက အရင်ဘဝကမကောင်းခဲ့လို့ ခုဘဝချို့တဲ့တာ ခိုးဝှက်ပြီးတော့ မစားတော့ဘူး လို့ပြောတဲ့အသံလေးတွေ ကြိုကြားကြိုကြား ကြားလာရတယ်။

    တရားတော်တွေ ပြန့်ပွားတဲ့ အင်မတန်ကောင်းတဲ့အကျိုးဆက်တစ်ခုမို့ အဲလိုအသံတွေကြားရရင် ဝမ်းသာမိတယ်။

  • kyeemite

    July 16, 2013 at 11:07 am

    ဖြစ်ရလေကိုပေါက်ရယ်..
    မိစု ကယ်ပေလို့ပဲ..နို့မို့ ဘယ်လောက်ဆက်ခံနေရအုန်းမယ်မသိ

  • Garfield

    July 16, 2013 at 11:15 am

    လူတော်ဖြစ်ဖို့က နောက်
    လူကောင်းဖြစ်ဖို့က အရင် ဆိုလား ဘာလားးးးး
    :mrgreen:

Leave a Reply