Search Engine Optimisation အကြောင်း အသေးစိတ် ဖတ်လို့ရမယ့် website

Myanmar Web DesignerJuly 15, 20131min956

ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ websites တွေလုပ်တာ အရမ်းခေတ်စားလာသလို Facebook pages တွေလုပ်တာလည်း အရမ်း ခေတ်စားလာပါတယ်။ Website ပဲလုပ်လုပ် Facebook page ပဲလုပ်လုပ်၊ ကိုယ်လုပ်တာ အောင်မြင်ဖို့ဆိုရင် SEO လုပ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် website လုပ်တဲ့လူတွေအတွက် SEO ကောင်းကောင်း ပြုလုပ်ဖို့လိုပါတယ်။ SEO ဆိုတာ ဘာလဲ မသိသေးတဲ့သူတွေအတွက်တော့ http://www.seo.sg/what-is-seo.html မှာ သွားဖတ်လို့ရပါတယ်။ အဲဒါထက်ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင်တော့ http://www.seo.sg/seo-faq.html မှာ အမေးအဖြေပုံစံလေးနဲ့ ရှင်းပြထားတာကို ဖတ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာ SEO က သိပ်မကြာခင်မှာ ရေပန်းစားလာမှာပါ။ ဒါကြောင့် သိသင့်တယ်ထင်လို့ share လိုက်ပါတယ်။ အဆင်ပြေပါစေ။

6 comments

  • uncle gyi

    July 15, 2013 at 10:26 pm

    ဘုန်းကြီးတရားဟောသလိုဖြစ်နေပြီလူခါးရေ
    သိသလားမေးတာ သိပါတယ်ပြောတော့ သိရင်ပြောစရာမလိုတဲ့
    နောက်တခါသိသလားမေးတော့ မသိပါပြောတော့ မသိတဲ့သူပြောအပိုပဲတဲ့
    နောက်တခါမေးတော့ တဝက်ကသိတယ် တဝက်ကမသိပါပြောတော့
    မသိသူကိုသိသူကပြောလိုက်တဲ့

    • လူခါး ...

      July 22, 2013 at 3:51 pm

      SEO ကို တစ်ကယ်လုပ်မယ်ဆိုရင်တော့ အများကြီးပေါ့၊ ဒါမျိုးက သင်ပေးလို့လည်း မရဘူးလေ၊ လိုက်လုပ်တဲ့လူမှာလည်း website တစ်ခုတော့ အနည်းဆုံးလိုအပ်တာကိုး၊ ဒါကြောင့် ဒီလောက်လေးတွေပဲ ပြောပြပေးလို့ရတာပါ။ ဦးလေးကြီးက ဒီထက်ပိုပြီး သိချင်တယ်ဆိုရင်တော့ ကျွန်တော့်ဆီ မေးလ်ပို့ပြီး ဆွေးနွေးနိုင်ပါတယ်၊ အခမဲ့ ဆွေးနွေးပေးပါတယ်။ ဒါပေမယ့် အရင်ဆုံး Free SEO Consulting မှာတော့ ဘယ်လို website သမားတွေကို အခမဲ့ ဆွေးနွေး/ဝန်ဆောင်မှုပေး မလဲဆိုတာ ရေးပေးထားပါတယ်။

  • ကထူးဆန်း

    July 17, 2013 at 12:18 pm

    သူကြီး ရဲ့ ခေတ်မမီတော့ တဲ့ စည်းကမ်းချက် မှာပါတဲ့ ကျေးဇူးတင်ပါသည် ဆိုတာကို ဖိုရမ်တွင် ရေးပါ ဆိုတာ ကို မျက်ကွယ်ပြုပြီး ကျေးဇူးတင်ပါတယ် ကိုလူခါးရေ …

  • we R one

    July 20, 2013 at 10:54 am

    SEO သုံထားရုံနဲ First Page မှာ နံပတ်တစ် နေရာ ရနိုင်လား ကိုလူခါး..။ Website တစ်ခု 1 to 10 ဝင်ဖို့အတွက် SEO အပြင် တခြား ဘာတွေ လိုအပ်သေးလဲ မသိဘူး..။ တစ်ချက်လောက် ရှင်းပြပေးပါလား ရှင့်..။

    • လူခါး ...

      July 22, 2013 at 3:54 pm

      SEO ပြုလုပ်ရုံနဲ့ first page မှာ နံပါတ် တစ်နေရာ ရနိုင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့၊ တစ်ခါတစ်လေ google က ကြော်ငြာတွေက search လုပ်လိုက်တဲ့အချိန်မှာ ပေါ်လာတတ်ပါတယ်။ အဲဒီကြော်ငြာတွေကိုတော့ ကျော်လို့မရဘူးပေါ့။ ကြောငြာမပါတဲ့အချိန်ကျရင်တော့ နံပါတ်တစ်ပဲပေါ့။ လူတွေကလည်း ဒါက ကြော်ငြာဆိုတာ သိကြပါတယ်။ Website တစ်ခု ၁ – ၁ဝ ဝင်ဖို့ SEO တစ်ခုတည်းနဲ့ ရပါတယ်။ ဒါပေမယ့် အဲဒီ SEO တစ်ခုတည်းကိုက လုပ်ရတာ တော်တော်များပါတယ်။ 🙂

      • we R one

        July 24, 2013 at 4:51 pm

        ဟုတ်ပြီကိုလူခါး သေချာပြောပြပေးတာ ကျေးဇူးတင်ပါတယ်..။ တစ်ခုလောက်မေးချင်သေးတယ်ရှင့်..။
        လူ ၁ဝ ယောက်က သူတို့ website တစ်ခု ချင်းစီကို fist page ရဲ့ နံပတ် တစ်နေရာမှာ တက်ဖို့ အတွက် SEO သုံးကြမယ်..။ ဥပမာ SEO အတွက် သတ်မှတ်ထားတဲ့ ဈေးက ဒေါ်လာ ၂၀၀ဝ ဆိုပါတော့..။ သူတို့ လည်း အဲဒီ အတွက် ပေးမယ်..။ အဲဒီ website ၁ဝ ခု ကလည်း SEO သုံးထားမယ်ဆိုရင် key word တစ်ခုတည်းနဲ နံပတ် တစ်နေရာမှာ ၁ဝ ခုလုံးတန်းစီးနေမှာလား..။ တကယ်လို့ သာအဲလို SEO သုံးတိုင်း နံပတ်တစ်နေရာ ရှိနေမယ်ဆိုရင် လူတိုင်း ပိုက်ဆံပေးပြီး SEO လုပ်ကြလိမ့်မယ်လို့ထင်ပါတယ်..။

Leave a Reply