“မေးချင်တာလေးတစ်ခု”

“မေးချင်တာလေးတစ်ခု”

 

 

မြန်မာပြည်အနှံ့အပြားမှာ ကားအိုကားဟောင်း တွေကို နံပါတ်အလိုက် လဲပေးနေတာကိုတွေ့ရပါတယ်။

ဒါပေမယ့် လမ်းမတွေပေါ်မှာ အုတ်တင်တဲ့ကား သဲတင်တဲ့ကား နောက်ကနေကြည့် ရင်နံပါတ်တောင်သေချာမမြင်ရတဲ့ကားတွေက လူအသွားအလာရှုပ်တဲ့နေရာတွေမှာ လမ်းပိတ်မောင်းတာကို မြင်နေရပါတယ်။

နောက် အိမ်ဆောက်ရာမှာသုံးတဲ့သံချောင်းအရှည်တွေတင်တဲ့ကား တွေရဲ့နောက်မှာ သံချောင်းတွေအစွန်းထွက်လို့ ။

ဘာမှလဲ အမှတ်အသားလုပ်မထား။

သံတိုင်ပါမှန်းသိအောင် အဝတ်စလေးလဲ တန်းလန်းချည်မထား။

မသိလို့ဝင်ဆောင့်မိရင်တော့ ပွဲခြင်းပီးသေနိုင်ပါတယ်။

ဒီနေ့မနက်ပိုင်း

မနက်က မြိုသစ် အသွား73လမ်းပေါ်မှာ သဲတင်တဲ့ကားနောက်က လိုက်တဲ့သူမှန်သမျ

သဲတွေစင်ပါတယ်။

ကျော်တက်ဘို့လမ်းတောင်းတော့ လည်းလမ်းမပေး။

စိတ်ပျက်စရာ။

မုန့်တင်လာတဲ့ဆိုင်ကယ်ကလေးကလဲ  ဘေးဘယ်ညာ မမြင်ရလောက်အောင်ဘေးနှစ်ဖက်မှာ ချိတ်ထားတဲ့ မုန့်တွေက ဆိုင်ကယ်နှစ်စီးစာလောက်နေရာယူထားပါတယ်။

သူ့ကိုကျော်တက်ချင်ပေ့မယ့် သူက ကွယ်ထားတော့ မျက်နှာချင်းဆိုင်က ဘာလာနေတယ်ဆိုတာကို မမြင်ရတော့ မကျော်တက်ရဲ။

မေးခွန်းကတော့ တစ်ခွန်းဘဲမေးချင်ပါတယ်။

 

“ရိုးသားစွာ စီးပွာရှာတယ်”ပြောပြီး စည်းပျက်ကမ်းပျက်လုပ်နေကြတာရောမှန်ပါသလားလို့ မေးချင်တာပါ၊

 

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

7-7-2013

15 comments

  • ကို ငြိမ်းမောင်

    July 16, 2013 at 10:15 am

    ယာဉ်စည်းကမ်းကတော့ အပြည့်အဝ အစိုးရက မထမ်းနိုင်သေးဘူး ထင်တာဘဲလေ၊
    ရန်ကုန်မြို့ တစ်ခုလောက်ဘဲ ၇ဝ ရာခိုင်နှုန်းလောက်လုပ်နိုင်သေးတာ အခြားမြို့တွေ နယ်တွေတော့ ပြောမနေနဲ့တော့လေ၊ နယ်စပ်မြို့တွေဆို ဝစ်သောက်ကားတွေကို စီစီရီရီ သွားလာနေကြတာဘဲလေ။ အစိုးရက တင်းတင်းကြပ်ကြပ် မလုပ်သရွှေ့ စည်းကမ်းကလည်း ပျက်သည်ထက်ပျက်ပါဘဲလေ။

  • kyeemite

    July 16, 2013 at 10:37 am

    ဒီမေးခွန်းက နဲနဲခက်တယ်ကိုပေါက်ရေ
    အရေးယူမှု(တရားဥပဒေစိုးမိုးရေး) အားနည်းလွန်းလို့ဖြစ်တာပါ..
    တကယ်တော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိပြီးသားပါ
    အကောင်အထည်ဖေါ်မှု(ထိရောက်စွာအရေးယူဆောင်ရွက်မှု)အပိုင်းက
    မရှိသလောက်အားနဲနေလို့ပါဗျာ…

  • အလင်း ဆက်

    July 16, 2013 at 10:52 am

    စည်းကမ်းလည်း အားနည်းတယ်

    စိတ်ဓါတ်လည်း အားနည်းတယ်

  • Garfield

    July 16, 2013 at 11:26 am

    စည်းကမ်းတော့ ထုတ်မှာမဟုတ်/ရှိမှာမဟုတ်
    ဖြစ်ပြီးမှ ဟိုဘက် ဒီဘက် အပြစ်ပြောကြ/ဆဲကြလိမ့်မယ်။ 🙁

  • candle .

    July 16, 2013 at 12:47 pm

    အခု Candle ရောက်နေတဲ့နိုင်ငံ
    ဒို ့မြန်မာပြည်ထက်ဆိုးပါ၏ ။
    ချိတ်အချိုးနဲ ့နော် ကိုပေါက်
    အဲဒါ ဂယ်ပြောတာ.. 😛

    • kai

      July 16, 2013 at 1:06 pm

      ရေးလေ… အဲဒီနို်င်ငံအကြောင်း..
      ဓါတ်ပုံလေးပါပါစေပေါ့…
      ထေရဝါဒတို့ရဲ့နိုင်ငံမို့.. စိတ်ဝင်စားတယ်… :mrgreen:

      • candle .

        July 16, 2013 at 1:55 pm

        ဟုတ်ကဲ့ သူကြီး
        ရေးဖို ့ကြိုးစားနေပါတယ်
        အချက် အလက်လေးတွေ စုဆောင်းတုန်းမို ့ပါ
        အခုတောင် ရွာထဲ မရောက်တာ ကိုးလ လောက်ကြာသွားတာ
        သူကြီး နဲ ့ရွာထဲက အမျိုးတွေကိုလွမ်းလွန်းလို ့ အပြေးပြန်လာတာ 😛

        • ခင် ခ

          July 16, 2013 at 2:07 pm

          ရွာသူားတွေ အမျိုးအဆွေတွေကို လွမ်းလွန်းလို့ အပြေးလာတဲ့ candle ရေ ဝမ်းသာစွာကျေးဇူးပါဗျ။
          candle ပြောတဲ့နိုင်ငံအကြောင်းလေး ကြိုပြီးစိတ်ဝင်စားမိနေတယ်ဗျ၊
          မြန်မာထက်ဆိုးတယ်ဆိုလို့ပါ။ ရှေးလူကြီးတွေပြောတာရှိတယ် စိတ်ဓာတ်ကျမယ်ကြံရင် တောင်ပေါ်က လူကိုမကြည့် နဲ့ တောင်အောက်က လူကိုကြည့်ဆိုလို့လေ။

  • ko pauk mandalay

    July 16, 2013 at 4:26 pm

    ကိုခရေ
    မကောင်းတာချင်းတော့ မယှဉ်ချင်ပါဘူးဗျာ။
    ိုနိမ့်သထက်နိမ့်သွားမှာစိုးလို့ပါ။

  • uncle gyi

    July 16, 2013 at 11:04 pm

    လာမယ်ကြာမယ်
    မကြာမှီမျှော်
    ရှေ့နှစ်လောက်ဆိုယာဉ်စည်းကမ်းအတော်ကြပ်မတ်လာမယ်
    ထင်ပါတယ်ကိုပေါက်ရေ
    အခုကိုအရင်ထက်စာရင်လုပ်လာပါပြီ
    အကျင့်ကလေးတွေကတော့မပျောက်နိုင်သေးဖူးပေါ့နော်

  • Ma Ma

    July 17, 2013 at 8:46 am

    သဂျီးပြောသလိုပဲ …….
    လူတစ်ဦးချင်းစီက အလုပ်တစ်ခုစီပဲ လုပ်ဖို့လိုတယ် ဆိုသလို

    ကိုယ့်စည်းကမ်းကိုယ်ထိန်းပြီး ကိုယ့်ကြောင့် သူတပါးအနှောင့်အယှက်မဖြစ်အောင်နေရင် ဘယ်သူမှ တာဝန်ယူပြီး ထိန်းစရာမလိုဘူးပေ့ါ။

    ခုတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်နဲ့ ကိုယ့်အတွက်ကလွဲလို့ ဘာမှထည့်မစဉ်းစားတဲ့ (ရိုင်းရို်င်းပြောရရင်) လူမှန်းမသိတဲ့ လုပ်ရပ်တွေကြောင့်……..

    စနစ်ကြောင့် မဟုတ်ဘူး စနစ်ကြောင့် မဟုတ်ဘူး……. (ခွက်ဒစ်တူ သဂျီး)

  • ko pauk mandalay

    July 17, 2013 at 9:34 am

    နောက်တစ်ပါတ်အတွက်တော့
    စည်းပျက် ကမ်းပျက် ဒီလိုနှက် ဆိုတဲ့ဆောင်းပါးလေးရေးထားပါတယ်

  • marga thagyar

    July 17, 2013 at 1:30 pm

    ပြင်ရမှာ၊ပြင်သင့်တာတွေကတော့. အများကြီးဘဲပေါ့ဗျာ၊သည်းခံ. သည်းခံ. ငါ့ရှင်

  • TNA

    July 17, 2013 at 8:09 pm

    အဘက်ဘက်ကနေယိုယွင်းနေတဲ့တိုင်းပြည်ပြန်အဖတ်ဆယ်နိုင်ပါအုံးမလားလို့ သံသယဖြစ်မိပါ တယ်လေးပေါက်ရေ။ ကျွန်မတို့တသက်တော့မှီနိုင်မယ်မထင်တော့ပါဘူး။

  • ko pauk mandalay

    July 17, 2013 at 10:45 pm

    အခုက စပြင်ရင် ကျနော်တို့မြေးရဲ့သားလက်ထက်ဆိုရင် အိုကေလောက်တယ်

Leave a Reply