“သတိထားလို့ ဆင်ခြင်စရာ”

“သတိထားလို့ ဆင်ခြင်စရာ”

 

 

ဒီနေ့ နန်းရှေ့က ဆွမ်းကျွေးက အပြန်အလာ အတူသွားခဲ့ကြတဲ့ မိတ်ဆွေတွေနဲ့

စကားစမြည်ပြောရအောင် ရယ် အအေးသောက်ချင်တာရယ်ကြောင့်

35လမ်းနားက သပ်ရပ်တယ်ထင်တဲ့ အအေးဆိုင်လေးကို ဝင်လိုက်ပါတယ်။

ဒီဆိုင်နားကို ဖြတ်သွားပေမယ့် တစ်ခါမှ ဝင်မထိုင်ဘူးလို့ ထိုင်ချင်တာလဲပါ ပါတယ်။

တစ်ခါမှ မထိုင်ဘူးတော့ ဘာတွေရတယ်ဆိုတာလဲမသိပါဘူး။

တစ်ယောက်က ကော်ဖီအေး တစ်ယောက်က စပျစ်။

တစ်ယောက်က အသီးဖျော်ရည်တစ်မျိုးမှာတော့ အသီးအစစ်မရ အနံ့ဘဲရမယ်တဲ့။

အဲလိုဖြေလိုက်တဲ့ အခါ

ကျနော်က ဘာသောက်ရမှန်း မသိတော့ အသီးအစစ်နဲ့ဘာရလဲမေးတဲ့အခါ

ကောင်တာက ဝန်ထမ်းအမျိုးသမီးက ဒီမှာကြည့် ဆိုပြီး ကဒ်ပြားတစ်ခုထိုးပေးပါတယ်။

သူကဒ်ပြားချပေးပုံက လေးစားမူ့လုံးဝမရှိတဲ့ အမူအယာနဲ့

ဖတ်ကြည်လိုက်တော့ သဘောင်္ နာနတ် ဖရဲ ပန်းသီးနဲ့ နဂါးမောက်သီး ဒါဘဲရှိပါတယ်။

ပါးစပ်ကလေးနဲ့ သာဖြေပေးလိုက်ရင် လဲရနိုင်ပါတယ်။

ဒါပေမယ့် အဲဒီဝန်ထမ်းရဲ့ ပြုမူပုံက ရိုင်းတယ်လို့ ထင်မိပါတယ်။

အခုခေတ်လိုအပြိုင်အဆိုင်လုပ်နေကြရတဲ့ ခေတ်မှာ အဲလိုဝတ္တရားကျေလုပ်တတ်တဲ့

ဝန်ထမ်းမျိုးကိုတော့ ဖောက်သည်ကို ကောင်းမွန်စွာ ဆက်ဆံတတ်အောင်လေ့ကျင့်ပေးဘို့ လိုအပ်ပါတယ်။

အဓိကပြောချင်တာ က ဒီဆိုင်မှာဒီလိုဖြစ်ခဲ့တယ်လို့ပြောချင်တာမဟုတ်ဘူး။

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ မိတ်ဆွေများရှိရင် ဒါမှမဟုတ်

လုပ်ငန်းတစ်ခုကို တာဝန်ယူလုပ်ကိုင်နေတဲ့သူများရှိရင် ကိုယ့်လုပ်ငန်းခွင်မှာ

အခုလိုဖောက်သည်ကို စိတ်ပျက်စေတဲ့ ဝန်ထမ်းများ ရှိနေခဲ့ရင် အချိန်မီပြုပြင်ပေးနိုင်အောင်လို့ ရေးပြတာပါ။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

7-7-2013

7 comments

  • ကို ငြိမ်းမောင်

    July 16, 2013 at 10:19 am

    တစ်ခါတလေ ဆိုင်ဝန်ထမ်းတွေမှာလည်း ဖော်ရွှေတဲ့ဝန်ထမ်း မျက်နှာရှစ်ခေါက်ချိုးဝန်ထမ်း အမျိုးပါဘဲဗျာ။
    ဒါပေမယ့် အဲလို ဖော်ရွှေမှု့မရှိတဲ့ ဝန်ထမ်းများများသာခန့်ထားမိရင် ဆိုင်ရှင်အတွက်တော့ ရင်လေးဖွယ်ပါဘဲ။

  • kyeemite

    July 16, 2013 at 10:41 am

    အခုခေတ်လိုအပြိုင်အဆိုင်လုပ်နေကြရတဲ့ ခေတ်မှာ
    အဲလိုအားနဲချက်ရှိတဲ့ဆိုင်တွေ အလိုလိုဆုတ်သွားပါလိမ့်မယ်
    ကိုပေါက်တောင် နောက်တခါ အဲဒီဆိုင်မသွားတော့ဘူးမဟုတ်လား… 😆
    ကိုပေါက်အခုလိုရေးပြတာ ဖတ်မိတဲ့ပရိပ်သတ်ထဲက လုပ်ငန်းရှင်တွေတော့
    ဒါမျိုးအချိန်မီ ကုစားကြမယ်ထင်ရပါဂျောင်းးး

  • အလင်း ဆက်

    July 16, 2013 at 11:07 am

    ဟုတ်တယ် လေးပေါက်ရေ
    အခု တလော ကာစတန်မာကို သိပ် ဂရုမစိုက်တဲ့ ရောင်းသူတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတာ ခဏခဏပဲ

    တစ်ခု ရှိတာက
    အဲဒီရောင်းသူတွေက တခြားတစ်နေရာရာမှာ
    သူတို ့ ဝယ်သူ ဖြစ်မှာပဲ
    သူတို ့ကိုယ်တိုင် ကာစတန်မာ အဖြစ် အားပေးဝယ်ယူတဲ့ အခါ
    ဆက်ဆံရေးမကောင်းတဲ ့ရောင်းသူကြောင့်
    သူတို ့လည်း စိတ်အနှောက်အယှက် ဖြစ်ဖူးမှာပဲ

    ဒါတောင်မှ
    မပြုပြင်တတ်တဲ့ သူတွေရှိတယ်

    ဆိုတော့
    စိတ်ဓါတ်အဆင့်အတန်းတွေ မြှင့်ဖို ့လိုတာပါပဲ
    😆

  • အရီးခင်လတ်

    July 16, 2013 at 8:13 pm

    ကပေါက်ကြီး

    ခရီးသွားလို့ ပျောက်နေတာလား။
    ဆိုင်ရှင် ကိုယ်တိုင်က ဒါဟာ အရေးကြီးတယ်လို့ ဂရုမထားတာလဲ ပါမှာပါ။

    အဲဒီလို အလုပ်ကို ခန့်ကထဲက လူရွေးခန့်ဖို့သင့်ပါတယ်။
    တစ်ချို့ က ရုပ်မလှပေမဲ့ မျက်နှာချိုချိုလေးထားတတ်တယ်။
    စိတ်လှပြီး သူများကို ကူညီတတ်တဲ့ အခံရှိရင်တော့ သင်တန်းပေးစရာမလို အောင် အလုပ်လုပ်တတ်ပါတယ်။
    တစ်ချို့က မျက်နှာပေါက်ကိုက ရှစ်ခေါက်ချိုး။
    စိတ်ပါပုတ်ရင်တော့ ဘယ်လို သင်တန်းပေးပေး သူ့စိတ်ကိုက မပါတော့ ဒီလိုနေရာမှာ သုံးမရတာ အသေအချာပါဘဲ။ ။

    • ko pauk mandalay

      July 17, 2013 at 9:38 am

      ကိုလတ်ကြီးရေ
      ခရီးသွားလို့လဲပျောက် ကော်နက်ရှင်မကောင်းတော့ အရင်လို ဓါတ်ပုံမတင်ဖြစ်တော့ဘူးဗျာ။
      နောက် ကျနော်စာရေးတဲ့ဖက်ကို ပြန်လှည့်နေတယ်။
      နို့မဟုတ်ရင် အပျော်စာရေးသူဖြစ်သွားမှာစိုးလို့။
      ပိုစ်တွေကတော့ ဆက်တိုက်တက်လာပါမယ်
      ကိုလတ်ကြီးရေ

  • ဦးကြောင်ကြီး

    July 17, 2013 at 8:54 am

    အယုအယ ခံဂျင် မာဆက်သွား ကိလေသာထ။။ 👿

  • ko pauk mandalay

    July 17, 2013 at 9:44 am

    ကြောင်ကြီးရာ မာဆတ်မှာသာ ဒီအချိုးမျိုးလာလုပ်လို့ကတော့
    ဖြန်း ဖြန်း ဖြန်း နဲ့တွေ့သွားမယ်
    သဘောပေါက်

Leave a Reply