ဒီထက်ကောင်းတဲ့ နည်းလမ်းလေးမရှိတော့ဘူးလားဗျာ

ဒီထက်ကောင်းတဲ့ နည်းလမ်းလေးမရှိတော့ဘူးလားဗျာ

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျောက်တော်ကြီးဘုရားကိုအသွား အရှေ့မြောက်ကျုံးထိပ်မှာ

ယာဉ်ထိန်းတွေအများကြီးစောင့်နေတာ တွေ့ရပါတယ်။

ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်တွေကိုလိုက်ဖမ်းနေတာပါ။

ယာဉ်ထိန်းတွေက ဦးထုပ်မပါတဲ့ဆိုင်ကယ်မြင်ရင် ဖြစ်ဖြစ်

ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်က နန်းရှေ့မီးပွိုင့်ကိုကျော်လွန်ပြီးလွတ်သွားတဲ့အခါ

ဝိုင်ယာလက်နဲ့လှမ်းပြောရင်ဖြစ်ဖြစ် လမ်းလယ်ခေါင်ကနေတက်ပြီးတားပါတယ်။

အဲဒီအခါမှာ ဆိုင်ကယ်သမားကလည်း တားထားတဲ့လူတွေကို ကွေ့ပါတ်ပြီးရှောင်မောင်းပါတယ်။

မျက်နှာချင်းဆိုင်က လာတဲ့ ဆို်င်ကယ်များကလဲ “ရှေ့မှာဖမ်းနေတယ်နော်” လို့လှမ်းအော်ပြီးသတိပေးရင်

ဦးထုပ်မပါတဲ့ဆိုင်ကယ်တွေက ပြန်ကွေ့လို့ လမ်းပြောင်းပြန် စီးပြီး ထွက်ပြေးပါတယ်။

မော်တော်ပီကယ်များကလဲ ဦးထုပ်မပါဘဲ ဇွတ်ဝင်လာတဲ့ဆိုင်ကယ်တွေကို မတားနို်င်တာအမှန်ပါဘဲ။

မတော်လို့ ဖမ်းရင်းဆိုင်ကယ်လဲ သွားလို့ လူတစ်စုံတစ်ရာဖြစ်ခဲ့ရင် မော်တော်ပီကယ်မှာဖြေရှင်းရခက်နို်င်ပါတယ်။

ဖမ်းတယ်ဆိုတာသိတော့လဲ ရှောင်ကွင်းကွေ့ပါတ်မောင်းကြတာ အန္တရာယ်ကြီးလှပါတယ်။

အပွင့်လင်းဆုံးပြောရရင် အတော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။

အဲတော့ စည်းကမ်း မဲ့တဲ့သူတွေကိုဖမ်းတယ်ဆိုတာ မှန်ကန်သောလုပ်ရပ်ပါ။

ဒီလိုလူတွေကို ဖမ်းဆီးတာကို အခုလိုဖမ်းမယ့်အစား

ဘယ်လိုနည်းနဲ့ သေသေသပ်သပ်လေးဖမ်းရင်ကောင်းမလဲလို့စဉ်းစားပေးကြပါလားလို့

အုံးစားပေးလိုက်ပါတယ်။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

8-7-2013

 

 

11 comments

  • မောင် ပေ

    July 19, 2013 at 11:44 am

    ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်ထိတုန်းကတော့ ၊ ဆိုင်ကယ်မောင်းသူ စီးသူ များ ဦးထုပ်မဆောင်းတာကို မော်တော်ပီကယ်/ယာဉ်ထိန်းရဲ က တွေ ့ရင် ၊ နံပါတ်မှတ်ပြီး ရုံးမှာ တင်လိုက်တာပဲ ။
    နောက်ဆက်တွဲအနေနဲ ့ ၊ အဲဒီ နံပါတ် ၊ အုံနာဘုတ် နာမည် လိပ်စာအတိုင်း စာပို ့ပြီး ၊ ရုံးမှာ ဒဏ်ငွေလာဆောင်ဖို ့ ၊ ဆင့်ခေါ်စာပို ့တယ်ဗျ ။ နောက်ပိုင်းကြ ၊ ဆိုင်ကယ်အုံနာဘုတ် နေရာမှာ ပိုင်ရှင်အမှန် နာမည်မပြောင်းပဲ ၊ အရင် အုံနာ နာမည်နဲ ့ပဲ ဆက်စီးကြပြန်တော့ ၊ ကညန မှာ သက်တမ်းတိုးတဲ့အချိန်မှာ ၊ ရဲမှုရှိနေတယ်ဆိုပြီး ယာဉ်ထိန်းရုံးကို ဒဏ်ငွေအရင်သွားဆောင်ခိုင်းတာနဲ ့ စည်းကမ်းကြပ်မတ်ခဲ့ဖူးတယ် ။
    ဒီနေ ့ခေတ်မှာ မြင်တာကတော့ ၊ ဆပ်ပရိုက်ချက် လို ့ခေါ်တဲ့အဖွဲ ့လိုက်ဖမ်းတာနဲ ့၊ နေ ့ခင်းပိုင်းဆိုရင် ဦးထုပ်မဆောင်းပဲ မီးပွိုင့်ဖြတ်တဲ့ ဆိုင်ကယ်တွေကို မီးပွိုင့်ကနေ ဖမ်းတာလောက်ပဲ တွေ ့ရတယ် ။
    အဲဒါလဲ သိပ်မထိရောက်ပါဘူး ။
    ကျုပ်ကိုယ်တိုင်ဆိုရင်လဲ ၊ နေ ့ခင်းပိုင်းသာ ဆိုင်ကယ်ဦးထုပ်ဆောင်းပေမယ့် ၊ ညနေ ၆ နာရီကျော်လို ့ အလုပ်ပြီးလို ့အပြင်ထွက်ရင် မဆောင်းဖြစ်ဘူးရယ် ။
    လမ်းဆုံတိုင်းမှာ ကင်မရာတွေတပ်ပြီး ၊ မှတ်တမ်းမှတ် ဖိဖိစီးစီး အရေးယူ ဒဏ်ရိုက်မယ် ဆိုရင်တော့
    စည်းကမ်းလိုက်နာမှုပိုင်းမှာ တိုးတက်မှု ရှိလာမယ် လို ့ထင်ပါရဲ ့ဗျာ

  • တိမ်မည်း

    July 19, 2013 at 12:02 pm

    ပြင်သစ်မှာတော့ လုပ်တဲ့ စည်းကမ်းလေးတော့ ဒီလို ကြားဖူးလေရဲ့……..

    ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ် လိုင်စင် လုပ်တဲ့အခါ အစိုးရကို ငွေ ကြိုတင် သွင်းထားရလေရဲ့……
    ပြစ်မှူဖြစ်တယ်နော်…… မှတ်ထားတယ်….
    ဖြစ်တဲ့ပေါ်မူတည်ပီး ပိုက်ဆံလျော့တယ်…. ကုန်သွားတယ်နော်…. ယာဉ်လိုင်စင်ပိတ်မှာပေါ့နော်…. မောင်းသူလိုင်စင်အမှတ်လည်း လျော့ပါမယ်…..

    အဲ့ဒါဆိုရင် လမ်းလယ်ကလည်း တားစရာ မလိုဖူး…. ခနခန လည်း ဖမ်းစရာ မလိုဖူး…..
    ဖြတ်သွားတာနဲ ့ မှတ်ထားလိုက်ပဲ……

    လိုင်စင် မရှိ မောင်းတာကတော့ တကိစ္စပေါ့နော်………

    ခင်လျက်
    တိမ်မည်း

  • ခက်တာက မြန်မာပြည်မှာက အစိုးရဌာနကိုငွေသွင်းရင်လွယ်ပြီး ပြန်ထုတ်ဘို့တော့ အတော်ခက်သဗျ

    • Ma Ma

      July 20, 2013 at 6:43 pm

      ငွေသွင်းတာတောင် မလွယ်တာတွေ ရှိသေးတယ်။ 🙁

  • uncle gyi

    July 19, 2013 at 11:10 pm

    ဖမ်းတော့လည်းဖမ်းတယ်တဲ့
    စည်းကမ်းမရှိတာကြမပြောကြဖူး
    ကဲဒါဆိုဒီလိုလုပ်
    လုံးဝမဖမ်းနဲ့

    ယာဉ်တိုက်မှုဖြစ်တယ်နော်
    ဦးထုပ်ဆောင်းခု်ိင်းတယ်
    မဆောင်းသူကိုပြစ်ဒါဏ် ၂ ဆချ

    ကားနဲ့တိုက်နဲ့လို့သေတယ်
    ဆိုင်ကယ်ကမှန်တယ် ဦးထုပ်မဆောင်းဖူူးနော်
    ရိုးရိုးယာဉ်တိုက်မှုသာဖြစ်စေ

    လမ်းပြောင်းပြန်မောင်းတယ်နော်
    ယာဉ်တိုက်မှုဖြစ်တယ်
    အတိုက်ခံရသူပျက်စီးသမျှလျှော်စေ
    ပြစ်ဒါဏ်၂ ဆ ကျခံစေ

  • ခင် ခ

    July 20, 2013 at 2:16 pm

    ကိုပေါက်ရေ တာဝန်ရှိတဲ့သူတွေက ဖမ်းပေမယ့် ဖမ်းတဲ့နေရာမှာဘဲ ဒါဏ်ကြေးဆောင်ရင်ရတယ်တဲ့၊ အဲလိုဆို ပိုက်ဆံပေါသူတွေက ကြိုက်သလိုဆီး ဖမ်းရင် ငွေပေးရှင်း အဲဒီစနစ်က မထိရောက်တော့ဘူးဗျ၊
    စည်းကမ်းမဲ့စီးလို့ အဖမ်းခံရရင် ဖမ်းတဲ့နေရာမှာ ဆိုင်ကယ်နဲ့ဝှီတက်(ယာဉ်လိုင်စင်)သိမ်းထားပြီး ချလံဖြတ်ပေးလိုက် နောက်တစ်ပတ်ကျော်မှ ဆိုင်ကယ်ကို တရားရုံးမှာ ဒါဏ်ဆောင်လာရွေးခိုင်းလုပ်ရင် သွားစရာလာစရာ တစ်ပတ်တော့ ကသိကအောက် အနည်းနဲ့အများဖြစ်မယ်၊ ဖမ်တဲ့နေ့ကလည်း ကိုယ်ဆက်သွားမယ့် ခရီးလမ်းဖင့်မယ် ဒါဆိုရင်တော့ ငွေအပြင် သွားရေးလာရေးပါ ထိခိုက်လာရော အဲလိုဆိုရင်တော့ ကောင်းလေမလားလို့တွေးမိပါတယ်၊ ဒါပေမယ့် စည်းကမ်းမဲ့လို့ ဖမ်းတဲ့အဖွဲ့ကလည်း ဘယ်သူဘယ်ဝါ မျက်နှာမလိုက်ဘဲ ဖမ်းဖို့လိုသလို ညှိနှိုင်းကာ လာဘ်မယူဘဲ တိတိကျကျဖမ်းဖို့လည်း လိုတာပေါ့လေ။( တွေးမိပြီး ပြောကြည့်တာပါ )

  • TNA

    July 20, 2013 at 6:40 pm

    စည်းကမ်းဆိုတာလိုက်နာနိုင်အောင် လိုက်နာချင်အောင် လိုက်နာတတ်အောင်လေ့ကျင့်ပေးမယ်ဆိုရင် ဒီလိုရုတ်ပျက်ဆင်းပျက်တွေဖြစ်တော့မယ်မထင်ဘူးနော်လေးပေါက်။

    • တစ်ခါတစ်ရံ သူတို့ လုပ်နေတဲ့ လွှတ်လိုက်ဖမ်းလို်က်က စည်းကမ်းပျက်အောင် အားပေးနေသလိုပါဘဲ TNA ရေ

      • TNA

        July 21, 2013 at 3:28 pm

        ဟုတ်တယ်လေးပေါက်ရေ။ အစကတဲကလိုက်နာချင်အောင်ထုပ်ထားသင့်တယ်။ သူတို့ကစီမံချက်ရှိ မှအတင်းလုပ်တော့ ဟာသဖြစ်တာပေ့ါ။ ခြစားတာတွေမပပျောက်သရွေ့ကတော့ ဒီသံသရာလည်နေအုံးမှာပဲလေးပေါက်ရေ။

Leave a Reply