“ရှယ်ပြဿနာ”

“ရှယ်ပြဿနာ”

 

 

 

 

ပြီးခဲ့တဲ့သုံးလေးရက်လောက်က ကျနော်နဲ့ မိတ်ဆွေသုံးယောက် မုန့်ဟင်းငါးသွားစားကြပါတယ်။

ကျနော်တို့ကတော့ ဘာဖြစ်ဖြစ်စားပေမယ့် တစ်ယောက်ကတော့ ဘဲဥ ငါးဖယ်ထည့်တာ မကြိုက်ပါဘူး။

အဲဒီနေ့က မုန့်မှာတော့ မုန့်ဟင်းငါး အစုံသုံးပွဲ ဘူးသီးကြော်နဲ့တစ်ပွဲလို့မှာလိုက်ပါတယ်။

မုန့်လာချတော့ သုံးပွဲက ပဲကြော် တစ်ပွဲက ဘူးသီးကြော်။

ဒါပေမယ့် အားလုံးမှာ ငါးဖယ်ဘဲဥပါလာပါတယ်။

စားပွဲထို်းကောင်လေးကို လှမ်းခေါ်ပြောတော့ ရိုးရိုးလို့မှာရင် အဲဒါတွေမထည့်ဘူးလို့ပြောပါတယ်။

ဒါနဲ့ဘဲ ဘဲဥတွေ ငါးဖယ်တွေကို ဖယ်စားလိုက်တော့ ကိစ္စပြီးသွားပါတယ်။

 

မနေ့က တစ်ခါထပ်ပြီးသွားစားတော့ အစုံသုံး ရိုးရိုး တစ် ရိုးရိုးက ဘူးသီးကြော်နဲ့လို့မှာလိုက်ပါတယ်။

ကျနော်တို့မှာလိုက်တဲ့ စားပွဲထိုးလေးက  မုန့်မှာတဲ့ကောင်တာထိမသွားဘဲ ကျနော်တို့ စားပွဲနားနေဘဲ

မုန့်ဟင်းငါး အစုံသုံး ဘူးသီးကြော်နဲ့ ရိုးရိုးတစ် လို့လှမ်းအော်လိုက်ပါတယ်။

မုန့်လာချတဲ့အခါလေးပွဲလုံးငါးဖယ်တွေဘဲဥတွေပါလာပြန်ပါတယ်။

သုံးပွဲကတော့ ပဲကြော်နဲ့ တစ်ပွဲကတော့ ဘူးသီးကြော်နဲ့။

အဲဒါနဲ့ စားပွဲထိုးလေးကို ခေါ်ပြောတဲ့အခါ မုန့်လာချတဲ့စားပွဲထိုးက

“ရိုးရိုး ဆိုတာ ဘာလဲ”လို့ကျနော်တို့ကိုပြန်မေးပါတယ်။

စိတ်တိုချင်စရာအတော်ကောင်းပါတယ်။

“ဟ ဘဲဥတွေငါးဖယ်တွေမထည့်ရင် ရိုးရိုး ဆိုတာ မင်းတို့ဘဲပြောတာလေ”လို့ပြောလိုက်တော့

ဘာမှ ပြန်မဖြေ။

နောက်စားပွဲထိုးခေါင်းဆောင်က ပြန်လဲပေးမယ် ပြောမယ်ပေမယ့်

မလဲနဲ့တော့ လို့ပြောလိုက်ပါတယ်။

သူတို့ကသွန်ပစ်ပြီးအသစ်မှာရင်လဲ ပိုင်ရှင်ဘဲနစ်နာမယ်။

ပထမ မှာသူက သေချာမမှာလို့ စားပွဲထိုးတွေစိုက်ရမယ်ဆိုရင်လဲ သူတို့ပိုက်ဆံအဖြတ်ခံရမယ်။

အဲတော့ မှားတတ်တာကိုမှ စားချင်တဲ့ ကျနော်တို့ဘဲခံလိုက်ပါတယ်။

*******************************************

ဟိုအရင်ကတော့ စားသောက်ဆိုင်တွေမှာ ရှယ်တွေရိုးရိုးတွေသိပ်မရှိပါဘူး။

ပွဲကြီး-ပွဲသေးတွေလောက်ကတော့ရှိတတ်ပါတယ်။

အချို့သောပိုက်ဆံချမ်းသာသူများက သူများတွေစားတာနဲ့မတူချင်တော့

အပိုတွေထည့်စားကြပါတယ် ။

တတ်လဲတတ်နိုင်ကြတာကိုး။

ဆီချက်ခေါက်ဆွဲစားရင် အသားအပိုထပ်ထည့်တာတို့၊

ကြေးအုးိစားရင် ဦးနှောက် တို့ အသဲတို့ ပိုထည့်တာတို့၊

ကြက်ဥတစ်လုံးအပိုဆောင်းတာတို့ ဆိုပြီး ထွင်ပြီး ထပ် ထည့်ခိုင်းတတ်ကြတာကိုး။

မုန့်ဟင်းငါးစားပြန်ရင်လဲ အိုးဘဲဥထည့်တာတို့ ငါးဥကြော်ထည့်စားတို့

လုပ်ကြတဲ့အပြင် မြီးရှေလိုအစားအစာမျိုးတောင်မှ ဘာမဆိုင်ညာမဆိုင်

ဒိန်ညင်းသီးကို အဆန်းထွင်ပြီးထည့်စားတတ်ကြပါတယ်။

အဲလိုအပိုဆောင်းပြီးစားကြသောက်ကြတာမျိုးတွေရှိလာတော့ဆိုင်တွေကလဲ

ရှယ်

ရိုးရိုးရှယ်

ရှယ်တကာ့ရှယ်တွေ ဖြစ်အောင် အပိုဆောင်းလို့အဆန်းထွင်ကြပါတော့တယ်။

ကျနော်တို့ငယ်ငယ်ကတော့ မုန့်ပျစ်စလက်ဆိုရင်လဲ ဒီအတိုင်း

တိုရှည်ဆိုရင်လဲ ဒီအတိုင်းစားတတ်ကြပါတယ်။

အခုခေတ်မှတော့ ကြက်ဥထည့်လို့စားကြပါတယ်။

 

ဟိုတစ်လောက တိုရှည်သွားစားကြပါတယ်။

စားပွဲထိုးလေးကို တိုရှည်နှစ်ပွဲလို့ မှာလိုက်တဲ့အခါ

ကြက်ဥထည့်မှာလားမေးပါတယ်။

ကြက်ဥမကြိုက်တော့ ထုံးစံအတိုင်းရိုးရိုးလို့မှာလိုက်ပါတယ်။

တိုရှည်ကတော့စောင့်ရတဲ့အထဲမှာပါ ပါတယ်။

ဒါပေမယ့်အဲဒီနေ့က ကျနော်တို့ နှစ်ယောက်ဘဲ စားတဲ့သူရှိပါတယ်။

ခဏနေတော့ နောက်ထပ် မိသားစုတစ်စုဝင်လာပါတယ်။

ကျနော်တို့ကလဲ စကားပြောနေရင်းဆိုတော့ မုန့်လာမချတာ သတိမထားမိ။

အတော်ကြာမှ သတိရလို့ကြည့်လိုက်တော့ နောက်မှ ရောက်တဲ့သူတွေ က စားလို့တောင်ကုန်တော့မှာပါ။

စားပွဲထိုးလေးကို “ငါတို့ကအရင်ရောက်တာလေကွာ မုန့်မရသေးဘူးလား” လို့မေးတော့

“သူတို့က ကြက်ဥနဲ့မှာတော့ အရင်လုပ်ပေးလိုက်တာ”လို့ပြန်ပြောပါတယ်။

ဘာမှပြောချင်စိတ်မရှိတာနဲ့ ဒါဆိုလဲ မလုပ်နဲ့တော့ဆိုပြီးထပြန်လာခဲ့ပါတယ်။

အခုစားသောက်ဆိုင်တွေဝင်လိုက်ရင် ရှယ်လားရိုးရုးိလားဆိုတာက အမြဲဖြေနေရတဲ့

မေးခွန်းလိုဖြစ်နေပါတယ်။

အဲဒီမှာပြဿနာရှိလာတာက ရိုးရိုးလို့ပြောလိုက်ရင် စားပွဲထုးိလေးတွေကမုန့်မှာပေးရတာ

ဖီလင်မလာတော့သလိုပါဘဲ။

မုန့်မှာပေးတဲ့အသံကိုက စိတ်မပါလက်မပါ။

ဘော်ဘော်တို့ရော ဒါမျိုးလေးတွေကြုံဘူးသလားလို့ မေးကြည့်ချင်စမ်းပါရဲ့။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

10-7-2013

 

 

 

 

 

 

 

 

 

 

 

 

 

 

11 comments

  • Garfield

    July 18, 2013 at 10:22 am

    လေးပေါက်။
    ခု မိုးအေးအေးနဲ့ မုန့်ဟင်းခါး ရှယ်စား ချင်လာပြီရယ်။

    ကွာလီတီ ကွန်ထရိုး (QC) ရှိရင်တော့ ရိုးရိုးတွေ ရှယ်တွေ ခွဲစရာမလိုဘူးထင်ပါ့။

  • ko pauk mandalay

    July 18, 2013 at 11:55 am

    ကွာလတီကွန်ထရိုးမဟုတ်ဘူးဗျ။
    အဆန်းထွင်ချင်တဲ့ ငွေပေါသူတွေက
    ဟိုဟာထည့် ဒီဟာထည့်လျောက်ထည့်ရင်းကနေဖြစ်လာတာပါ

  • ခင် ခ

    July 18, 2013 at 3:18 pm

    ဒီ “ဂဇက်´´ တောင် “ရွာ´´ မဟုတ်တော့ဘူး၊သဂျီးမင်းက “ရှယ်´´ လုပ်လိုက်လို့ “မြို့´´ ဖြစ်သွားပြီ ဗျ ဆရာပေါက်ရေ။ “ရှယ် ဂဇက်မြို့ ´´ ပေါ့ဗျာ။ အဲဒါမျိုးရှယ်ကျတော့လည်း ကောင်းတာပလေ။

  • အလင်း ဆက်

    July 18, 2013 at 4:58 pm

    ရှယ် ပြဿနာ ကို ဖတ်ပြီး
    အထူးးးဆိုတာတွေ လည်း ရှိနေတာကို တွေး မိသွားတယ်

    အလှူခံတောင် အထူးအလှူခံ တဲ့

  • အထူးအကြောင်းကတော့ရေးပြိး ပြီဗျ။
    အထူးလူ အထူးနေရာဆိုပြီး

    နောက်ပျင်းရင် ဒီလို အတိုလေးတွေဘဲရေးမယ်

  • မောင် ပေ

    July 18, 2013 at 8:22 pm

    ဟီ ဟိ
    ရှယ် နဲ ့ရိုးရိုး ဆိုတာ
    ဘယ်စနစ်ရောက်ရောက်ရှိနေဦးမှာပဲ ထင်ပါရဲ ့
    ဥမပါ
    သခွါးသီးရေဆေးတာနဲ ့
    မဆေးတာနဲ ့ဆိုသလိုမျိုး

  • uncle gyi

    July 18, 2013 at 11:01 pm

    ကိုပေါက်ကရိုးရိုးရှယ်မေးရမယ့်အစာတွေစားတာကိုး
    ကျုပ်လိုစားမမေးရတော့ဖူး
    လက်ဘက်ရည်ရိုးရိုးတခွက်အီကြာကွေးနဲ့

  • ဦးကြောင်ကြီး

    July 19, 2013 at 8:36 am

    အနော်တို့ခေတ်က ကျူရှင်တွေမှာ ရိုးရိုးနဲ့ ရှယ်ဆိုပီးရှိတယ်… ဘာရယ်တော့သိဝူး.. ရိုးရိုးတန်း တက်ရင်ကိုပဲ မျက်နှာငယ်တယ် ထင်မိဒယ်… ရိုးသားတဲ့ ဆရာတွေကတော့ ရိုးရိုး ရှယ် ခွဲမနေပါဘူး ခေတ်ကာလ အလျောက် ထွင်ပေးရတာ… ပိုယူတဲ့ အတန်းမှာ အချိန်ပို သင်ပေးလိုက်တာပေါ့၊ ဒါမှမဟုတ် စာရွက်စာတမ်း ပိုပေးလိုက်တာပေါ့… ဒါပေသိ မာဆက်မှာတော့ ရိုးရိုးနဲ့ ရှယ် အတူဗူး….။ ရှယ်မှာမှ ဖူးလ်ဆားဗစ်ဆိုပီး ထပ်ခွဲတာ ရှိသေးဒယ်….။ ညောင်းလာပီဗျာ… သွားလိုက်အုံးမယ် ဖူးဆားဗစ် တဆက်ရှင်ဟေ့…. :mrgreen:

  • အရီးခင်လတ်

    July 19, 2013 at 10:34 pm

    ကပေါက်ကြီးရေ
    ဒီ Post မှာတော့ တစ်ခြားအကြောင်း တွေထက်
    မုန့်ဟင်းငါး စားချင်သွားတာ အရမ်းဘဲ။
    ရှယ်မကြိုက်ဘူး။
    ပဲကြော် ပါရင်ရပြီ။ 😛

Leave a Reply