ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း ၅)

maungmoenyoJuly 31, 20101min952

ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း ၅)

(ယခင်အပိုင်းများကိုသရုပ်ပြဇယားများဖြင့် ဘယ်ဘက် menu ရှိ “2010 Election”  section တွင်သွားရောက်ကြည့်ရှုဝေဖန်နိုင်ပါသည်။)

ရွေးကောက်ပွဲဝင်မည့်ပါတီများအနေအထား

အဓိကပါတီဖြစ်သည့် NLD ပါတီကရွေးကောက်ပွဲကိုသပိတ်မှောက်ပြီးသည့်နောက်ယနေ့အထိမှတ်ပုံတင်ခွင့်ပြု သောပါတီအရေအတွက် (၄၀)ကျော်ခန်ရှိပါပြီ။ ကြံ့/ဖွံ့ပါတီမှလွဲ၍ကျန်ပါတီများရံပုံငွေ၇ရှိရေး၊ စည်းရုံးရေး၊ အမတ်၇ရှိရေး မှအစများစွာသောအကျပ်အတည်းများနှင့်ရင်ဆိုင်နေရပါသည်။ ကြံ့/ဖွံ့ပါတီကအကန့်အသတ် မရှိခြေလှမ်းသွက်နေသလောက် ကျန်ပါတီများကအချင်းချင်းမူဝါဒပြိုင်ခြင်း၊ အရေးမပါသော သာမာန်ကိစ္စများ နှင့်သာလုံး ပမ်းနေရင်းအချိန်ကုန်နေပါသည်။ ပါတီဦးဆောင်သူများကိုမီဒီယာများကမေးမြန်းသော်လည်းတိတိ ကျကျ လုပ်ငန်းစဉ်မပြနိုင်သေးပါ။ အောင်နိုင်ရေးကားမျှောိလင့်ဘွယ်မရှိ။ NLD ပါတီဝင်များ၏လူထုကြား ဝင်ရောက် စည်းရုံးနိုင်မှုအတိုင်းအတာတခုအထိမြင်ရသော်လည်းအများအားဖြင့်မြင်ရသောလှုပ်ရှား မှုမှာလူမှုရေးလှုပ်ရှားမှုများသာဖြစ်ပါသည်။ ဥပမာ- နာဂစ်မုန်တိုင်းကူညီပေးမှု၊ အဖမ်းဆီးခံမိသားစုများ ထံကူညီထောက်ပံ့မှုနှင့်ဆေးဝါး ကုသရေး၊ ဘာသာရေးကိစ္စများအတွက်စီစဉ်ဆောင်ရွက်မှုများကိုသာ တွေ့နိုင်ပါသည်။ စစ်အစိုးရ ကလည်းလုံးဝလှုပ်ရှား၍မရအောင် ပြင်းပြင်းထန်ထန်နှိပ်ကွပ်ကန်ု့သတ်မှုများ ကိုပြုလုပ်ထားသည်။ နိုင်ရေးအဖွဲ့ အစည်းတရပ်၏လှုပ်ရှားမှုမျိုး မပြုလုပ်နိုင်အောင်ဖိနှိပ်ထားပါသည်။ ဝမ်းနဲဘွယ်ကောင်းသည်မှာခေါင်းဆောင် ပိုင်းတွင်ရှိသောနိုင်ငံရေးပါတီ (အထူးသဖြင့် NLD) ၏ခေါင်းဆောင်မှုအရည်အသွေးကားအလွန်အားနဲ နေခြင်းပင်။ နှစ်များစွာကဖိစီးခံခဲ့ရသော အကြောက်တရားက၎င်းတို့ကိုလှုပ်ရှားလိုစိတ်ရှိအောင်စေ့ဆော်ပေး နိုင်သောအခြေအနေကိုမတွေ့ရပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဥိးဝင်းတင်စသောပုဂ္ဂိုလ်များမှလွဲ၍ကျန် ခေါင်းဆောင်များ၏အရည်အသွေး များကအကြောက်တရားများကဖုံးလွှမ်းနေသည်ကိုထင်ရှားစွာတွေ့ရသည်။ ပွဲမဝင်ခင်ကပင်အားတက်စရာ စည်းရုံး ရေးအောင်မြင်မှုဆို၍လုံးဝ မတွေ့ရပါ။

နယ်စပ်အစွန်အဖျားကျသောဒေသများမှတိုင်းရင်းသားပါတီများအနေဖြင့်အမတ်နေရာရနိုင်စရာရှိပါသည်။ သို့သော်ယင်းပါတီများမှာလည်းစစ်အစိုးရနှင့်အလွမ်းသင့်ပြီးစီးပွားရေးအရအပြန်အလှန်အကျိုးပြုသောစီးပွား ရေးလုပ်ငန်းရှင်များသာလျင်ဖြစ်ပါသည်။ နိုင်ငံရေးအစဉ်အလာရှိသော၊ယခင်နိုင်ငံရေးခေါင်းဆောင်ဟောင်း များ၏သားသမီးအသိုင်းအဝန်းနှင့်ဆက်စပ်သူတို့ကား အောင်မြင်ရန်လမ်းမမြင်ရယုံမက၊ ရွေးကောက်ပွဲပြီး သည်နှင့်ပုဒ်မမျိုးစုံတပ်၍အရေးယူခံရဘွယ်ရှိပါသည်။ မိအေးနှစ်ခါနာသည့်အဖြစ်မျိုးကြုံရဘွယ်ရှိပါသည်။ (၂၀၀၈) ဖွဲံသည်းပုံအခြေခံဥပဒေ၏သရုပ်ကိုသိလျက်နှင့် “ဒီတိုင်းဘေးထိုင်နေမည့်အစားစစ်အစိုးရလွတ်တော် ထဲဝင်ပြီးတဖြေးဖြေးခြင်းပြောင်းယူမည်”ဟူသောအတွေးကိုဘယ်နည်းဘယ်ပုံတွေနှင့်ယင်းပါတီတို့ကတွေး ကြသည်မသိပါ။ ရွေးကောက်ပွဲနီးလေစစ်အစိုးရ၏သရုပ်မှန်ကိုသိရလေ၊”ရွေးကောက်ပွဲဝင်မိတာ မှားမိလေချင်း”ဟုတချို့ခေါင်းဆောင်များကခုမှမြင်လာကြပါသည်။ အချို့ကလဲအပြောကြီးစွာဖြင့် လျှောက်မိသည့်အတူတူ “မထူးဇတ်ကိုခင်းနေကြရသည်”။ မီဒီယာများကမေးသောမေးခွန်းများကို ဟန်ဆောင်ရှောင်လွဲဖြေနေရသည့်ဘဝရောက်နေပေပြီ။ လူထုကပင်ယင်းပါတီများထက်အမြင်မှန် ရှိပြီးကြိုသိနေသည်။ “မိမိစစ်အစိုးရအာဏာတရားဝင်ရေးနှင့်အရှည်တည်တံ့ရေးမှတပါး အခြားရည်ရွယ်ချက်မရှိတဲ့ဒီရွေးကောက်ပွဲကိုဝင်ပြိုင်ဘို့စီစဉ်တာမဟာအမှားဘဲ” ဟုဆိုကြသည်။ စစ်ဘက်မှautomatic ဖြစ်လာမည့်အမတ်များ (ပြည်ထောင်စုအဆင့်နှင့်ပြည်နယ်တိုင်းဒေသကြီး)တို့မှအပ၊ ကျန်ခရိုင်နှင့်မြို့နယ်၊ရပ်ကွက်ကျေးရွာအဆင့်တို့တွင်ဝင်ရောက်အရွေးခံမည့် ကြံ့/ဖွံ့ ပါတီဝင်များကား အခက်အခဲအနည်းငယ်ကြုံရဖွယ်ရှိပါသည်၊ ယခုအခါကားယင်းပါတီဝင်များကသာမာန်လူထု ထက်နှာတဖျားသာ သောအခွင့်အရေးငွေကြေးတို့ကိုသုံးလျက်လူထုကိုချော့၍တမျိုး၊ချိမ်းခြောက်၍တဖုံမဲဆွယ်နေကြချိန်ဖြစ်သည်။ လူထုကြားတွင် “မင်းတို့ဘယ်လိုမဲတွေပေးပေးငါတို့ဘဲနိုင်မှာပါကွာ” ဟူသောဝါဒဖြန့်လုံးတွေမိုးမွှန်နေလောက် ပါပြီ။ မဲဆန္ဒရှင်စာရင်းကောက်သလိုလို၊ မဲစာရင်းပြုစုသလိုလိုပုံမှားရိုက်၍၎င်းတို့အတွက်ထောက်ခံမဲများ အသင့်ထဲ့ပြီးလောက်ပြီဖြစ်ပါသည်။ လူထုကလည်း “မထူးပါဘူးကွာ” ဟူသောဘဝမျိုးနှင့်ရွေးကောက်ပွဲ ကြီးပြီးသွားမှာမြင်ယောင်မိပါသည်။  စစ်ဗိုလ်ချုပ်များကယင်းတို့အတွက်ရုံပုံငွေနှင့်အခွင့်အရေးအနဲငယ်တို့ကို ထောက်ပံ့ပေးထားသည်မှအပလှည့်၍ ပင်မကြည့်ပါ။ ယခုအခါကားယခင်တိုင်း၊ခရိုင်နှင့်မြို့နယ်ရပ်ကျေးအဆင့် တို့တွင်ကြံ့ဖွံ့ အတွင်းရေးမှူးအဆင့်ရှိသူတို့ဗျာ များချိန်ဆိုကမှားအံ့မထင်ပါ။

2 comments

  • Pyaung Gye

    July 31, 2010 at 2:19 am

    နိုင်ငံရေးဟာ မတော်တဆ ဆိုတာမဖြစ်ဘူး
    ဖြစ်ခဲ့ရင်လဲ ကြိုတင်စီစဉ်ထားလို့ ဖြစ်တာပါဘဲ….တဲ့

    သမ္မတဘဝကနေ မိမိဆန္ဒနှင့် နှုတ်ထွက်သွားတဲ့ သမ္မ ရုစဘဲ့ ရဲ့စကားကို
    ကိုးရီးယား IRIS ဇတ်ကားထဲက သုံးထားတဲ့ စာသားလေးပါ

  • maylay

    July 31, 2010 at 5:51 am

    ကြံ/ဖွံ့ပါတီကလူတွေက တော့ခြေသွက်လက်သွက်တွေဆိုတာတော့ လက်ခံတယ်။ အဲ့ဒီထဲမှာရှိတဲ့သူတွေကောင်း မကောင်းတော့မသိဘူး။ ကျနော်တို့ နယ်က ကြံခိုင်ရေး လူူကြီးတစ်ယောက်ကတော့ မိန်းမနှစ်ယောက်ယူထားတယ်ဗျ။(မဲဆွယ်တာကောင်း၊မကောင်းအဲ့ဒါသာကြည့်ပေတော့)

Leave a Reply