..ဂေဇက် ရွာသူ ရွာသား အားလုံး မင်္ဂလာ ပါဗျား.. ဒီတစ်ခါတော့ နိုင်ငံရေး အင်အားစုတွေကို ကိုယ်မြင်သလို တံဆိပ်တပ် ဘောင်ခတ် စွပ်စွဲ ထားတဲ့ စာစုလေး တင်ချင်ပါတယ်.. အမှန်တော့ ဒီတစ်ခါတင်ဖို့ ရည်ရွယ်ထားတဲ့ စာစု ကသက်သက်ရှိတယ်.. ယုံကြည်မှု၊ ဘာသာရေး နဲ့ သိပ္ပံ အကြောင်းစဉ်းစားမိတာ ဟိုတစ်စ ဒီတစ်စ ရေးဖို့ပဲ.. ဒါပေမယ့် တစ်လုံးမှလည်းစမရေးရသေး၊ ရေးရမှာလည်း ဟိုတစ်စဒီတစ်စ ဆိုတော့ ဒီတစ်ပါတ်ရေးဖို့ကို လက်လျှော့လိုက်တယ်.. အဲ့ဒီ့အစား ဒီနှစ်ဆန်းပိုင်းလောက်တုန်းက လက်ဆော့ထားတဲ့ အခုစာစုကိုပဲ တင်ချင်တယ်.. လွန်ခဲ့တဲ့ လေးငါးလ ကရေးမိတာဆိုတော့ အပြောင်းလဲမြန်နေတဲ့ ကိုယ့်နိုင်ငံ၊ ပြည်သူတွေနဲ့ အခုအချိန်ကိုက်ပါတော့မလား လို့တော့ စဉ်းစားမိပါတယ်.. ဒါပေမယ့် သိပ်လည်း ဒိတ်မအောက်သေးပါဘူး လို့ယူဆတာရယ်.. ရွာသူ ရွာသားတွေ ရဲ့ အမြင်ကို နားထောင်ချင်တာရယ်ကြောင့် အခု နည်းနည်း ပြင်ဆင်ဖြည့်စွက်ပြီး တင်ဖြစ်သွားပါတယ်..

.

.

.

ငယ်တုန်းကတွေးခဲ့ သိခဲ့တဲ့ နိုင်ငံရေးအမြင်တွေကို အခုပြန်စဉ်းစားကြည့်ရင် အတော်လေး ရိုးရှင်းပြီး ပိုပျော်စရာကောင်းသလို ဖြစ်နေမလားပဲ..  အမှန်ကတစ်ဖက်၊အမှားကတစ်ဖက်.. အကောင်းကတစ်ဖက်၊အဆိုးကတစ်ဖက်၊ အဖြူနဲ့အမဲ လို့ရိုးရိုးလေးတွေးပြီး အကောင်းဖက်ကလူဆို ချစ်၊အဆိုးဖက်ကလူဆို မုန်း နဲ့ အဆင်ပြေနေခဲ့တာပဲ.. လူအသစ်၊ အဖွဲ့အစည်းအသစ်တွေ  ထပ်ပ်ါလာလဲ အဆိုးဖက်လူနဲ့မတည့်ရင် အကောင်းဖက်ထား၊ အကောင်းဖက်ကလူကို ဝေဖန်ရင် အဆိုးဖက်ပို့ နဲ့ လွယ်နေခဲ့တာပဲ။

 

အသက်နည်းနည်းကြီးလာ၊ ဖတ်ဖူးတွေ့ဖူး တာတွေများလာတော့ အတွေးအမြင်က နည်းနည်းပြောင်းချင်လာတယ်.. ရုပ်ရှင်တွေထဲမှာလို အကောင်းကတစ်ဖက်၊ အဆိုးကတစ်ဖက်၊ နောက်ဆုံး မှာ အမှန်တရားက အနိုင်ရ ဆိုတာထက် အပြင်လောကမှာ ပိုရှုပ်ထွေးပြီး လွယ်လွယ်တွေးလို့မရတာတွေ တွေ့လာရတယ်..

 

ပထမဆုံးသတိထားမိတာက လူတွေ၊ အဖွဲအစည်းတွေရဲ့ Role ပါ..

 

အရင်တုန်းကစစ်အုပ်ချုပ်ရေးလက်ထက် ပြည်သူတွေဒုက္ခခံနေရချိန်မှာ ပြင်ပသတင်းဌာနတွေက ပြည်သူတွေနဲ့တသားထဲရှိကြောင်းတွေပြော၊ အစိုးရကိုအမျိုးစုံ တိုက်ခိုက်၊ ဝေဖန်မှုတွေလုပ်တော့ ဒီလူတွေအမှန်တရားဖက်ကရှိတယ်၊ အမှန်ဖက်က တိုက်ခိုက်ပေးတယ်ပေါ့..အကောင်းဖက်ထဲ ထည့်ထားလိုက်တယ်.. ဒါပေမယ့် တလောက ဖြစ်တဲ့ ဘင်္ဂလီကိစ္စကျမဟုတ်တော့ဘူး.. ပြည်သူတွေရဲ့ အမြင်ခံယူချက်နဲ့ ပြင်ပမီဒီယာတွေရဲ့ အာဘော်၊ Lead လုပ်တာက ဆန့်ကျင်ဖက်.. အဲတော့ ဒီကောင်တွေမကောင်းဘူးဆိုပြီး မကောင်းစာရင်းသွင်းရမလိုဖြစ်ပြန်ရော။ အမှန်ကတော့ အရင်က ကောင်းပြီး အခုမှ ဆိုးလာတာမျိုးမဟုတ်ပဲ အစကထဲက သူ့ Role အရ သူ့ဟာသူ လုပ်နေတဲ့သဘောဖြစ်နေတယ်.. သတင်းမီဒီယာတစ်ခု အနေနဲ့ သူအပေါ် အထောက်အပံ ဒါမှမဟုတ် လွှမ်းမိုးမှုရှိတဲ့ အဖွဲ့အစည်းရဲ့ Influence ပေါ်လိုက်ပြီး သတင်းတွေက ဘက်လိုက်မှု အနည်းအများ ရှိနေမှာဖြစ်တယ်..အဲဒီအပေါ် အချစ်အမုန်း ကောင်းဆိုး ဆိုတာထက် ကိုယ်ဖက်က ဘယ်လိုပြန်တုံ့ပြန်မလဲ (positive or negative response) ဆိုတာပဲအရေးကြီးတော့တယ်..

 

အဲဒီ လူတစ်ဦးချင်း၊အဖွဲ့အစည်း၊နိုင်ငံတစ်ခုချင်းရဲ့ Role ကိုမြင်လာတဲ့အချိန်ကျ 100% အကောင်း၊ 100% အဆိုးဆိုတာမရှိတော့ပဲ နည်းနည်းချင့်ချိန်လာနိုင်တယ်.. လူတစ်ယောက်၊ နိုင်ငံတစ်နိုင်ငံ ကိုယ့်ကြိုက်လုပ်ပေးတဲ့ အခါ အကောင်း၊ ကိုယ်မကြိုက်တာလုပ်တဲ့ အခါ အဆိုးဆိုတာမျိုးမဟုတ်ပဲ ဘယ်သူတွေက ဘယ်လို Role နဲ့ သွားနေတာလဲ.. ကိုယ်ကရော ဘယ်သူတွေနဲ့ ဘယ်လောက်ထိတွဲ လုပ်မလဲ.. ဘယ်လိုဆက်ဆံသွားမလဲ ဆိုတာမျိုးစဉ်းစားလိုပိုရလာတယ်.. (အမေရိကန် ကောင်းတယ်၊ တရုပ် ဆိုးတယ် ဆိုတာမျိုးထက် အမေရိကန် နဲ့ ဘယ်လို၊ တရုပ်နဲ့ ဘယ်ပုံ ဆက်ဆံသွားရမယ် ဆိုတာမျိုး)

 

နောက်တစ်ခုက ခေါင်းစဉ်တပ်ထားတဲ့ Hard Liner & Soft Liner ကိစ္စပါ

 

သဘောထားတင်းမာသူနဲ့ပျော့ပျောင်းသူ၊ ညှိနှိုင်းလို့ မရသူ နဲ့ ညှိနှိုင်းလို့ရသူ.. ဒီလိုပဲနီးနီးစပ်စပ်ပြန်လို့ရမယ်ထင်ပါတယ်။ ကျွန်တော်တိုဆီမှာရှိနေတဲ့ Hard Liner Soft Liner တွေနဲ့ သူတို့ ရဲ့အတွေးအမြင်တွေကို အရင် နဲ့ အခု နဲနဲချင်း နှိုင်ယှဉ်စဉ်းစားကြည့်မိပါတယ်..

 

အရင်တုန်းကတော့ ရှင်းပါတယ် Hard Liner တွေချည်းပဲ.. အစိုးရဖက်ကလဲ လက်ထိပ်နဲ့ ကျည်ဆံပဲရှိတယ်.. ပြည်သူကလဲ လက်နက်မဲ့ချင်းသာဆို လုံးသတ်မယ့်လူချည်းပဲ.. ဒေါ်စု၊NLD၊ဂဂ၊ပြည်ပမီဒီယာ စသည်ဖြင့်က ပြည်သူဖက်ကပေါ့ (အကောင်းဖက်ကပေါ့).. ၂၀၀၈-၂၀၁၀ ဝန်းကျင်က နိုင်ငံရေးအပြောင်းအလဲစချိန် ရှေပြေး Soft Liner တချို့ရဲ့အသံတွေကြားလာရပေမယ့် ပြည်သူတွေသိပ် အကြိုက်မတွေ့ကြသေးဘူး.. အချစ်အမုန်းအခြေမခံပဲ ပေးထားချက် (လက်ရှိနိုင်ငံရေးအခြေအနေ နဲ့ ပေးထားတဲ့အခွင်အရေး) နဲ့ အကောင်းဆုံး အဖြေထွက်အောင်တွက်ဖို့ပြောတာတွေ၊ အစိုးရကိုလဲ အပြုသဘောချဉ်းကပ်မယ့် Approach တွေ၊ လူမပြောင်းတာထက် မူပြောင်းတာကို လက်ခံဖို့၊ ရသလောက်အသုံးချဖို့ တိုက်တွန်းတာတွေကို ကြိုက်သူ၊မကြိုက်သူရော၊သိကိုမသိလိုက်သူရော ရှိခဲ့တယ်။

 

အခုအချိန်တော့ အစိုးရဖက်ကော၊ အတိုက်အခံ+ပြည်သူဖက်မှာပါ Hard & Soft ဖြည်းဖြည်းချင်း ကွဲလာတာတွေရပါတယ် (ကွဲလာတယ် ဆိုတဲ့စကားလုံးသုံးပေမယ့် မျဉ်းတစ်ကြောင်းရဲ့ဟိုဘက်ဒီဘက်ကွဲတာမျိုးမဟုတ်ပဲ အရောင်တစ်ရောင်ရဲ့ အရင့်အနုကွဲသလိုမျိုးနဲ့ပိုတူပါတယ်).. အပေါ်မှာရေးခဲ့တဲ့ Role  ဆိုတာနဲ့တွဲစဉ်းစားရင် လူတစ်ဦးချင်းယူတဲ့ Role ပေါ်မူတည်ပြီး Hard, Soft ကွဲပြားသွားနိုင်သလို Hard ကနေ Soft ဖြစ် Soft ကနေ Hard ဖြစ် Adopt လုပ်သွားတာတွေ လဲတွေရပါတယ်.. (တစ်ချို့တွေ ကိုယ်ကျိုးအတွက် ဆိတ်လစိလုပ်ကြတာက သက်သက်ပါ)

မျက်လုံးထဲမြင်အောင်ပြောရရင်

 

အစိုးရ Hard > အစိုးရ Soft > common ground < အတိုက်အခံ Soft < အတိုက်အခံ Hard

 

(၁)

ပထမဆုံး အစိုးရပိုင်း Hard ကို ပြောကြည့်ပါမယ်.. ဦးသိန်းစိန်က အစိုးရတွင်းမှာ ခေါင်းမာဂိုဏ်း ခေါင်းပျော့ဂိုဏ်း မရှိပါဘူး လို ထိမ်းပြောပေမယ့် အပြောင်းအလဲနဲ့မလိုက်နိုင်သူကို ချန်ထားခဲ့ရမယ် လို့ ဆိုပြန်တော့ ရှိတယ်လို့ ဝန်ခံတဲ့သဘောဖြစ်နေတယ်.. Hard ဖြစ်နေတဲ့အထဲမှာ အနားယူသွားပြီ ဆိုတဲ့ အဏာရှင်ဟောင်းတွေ၊ အသစ်သိပ်မကြိုက်တဲ့ အစိုးရ၊တပ်၊ပြည်ခိုင်ဖြိုးပါတီ တွင်းက ရာခိုင်နှုန်းတချို့တွေ၊ ဝါဒမှိုင်း overdose ဖြစ်နေတဲ့ စစ်တပ်အရာရှိ တစ်ချို့တွေ ပါ ပါလိမ်မယ်.. သူတို့ရည်ရွယ်ချက်က သူတို့အကျိုးစီးပွားလုံခြုံချင်တာ၊ အပြောင်းလဲကို နှေးစေချင်၊ အပြောင်းလဲကြောင့်သူတို့ကို မထိခိုက်ချင် တာဖြစ်ပါတယ်.. သူတို့နဲ့ ညှိနှိုင်းဖို့ ထက် သူတို့ဆီက လာနိုင်တဲ့ အန္တရာယ်ကို မြင်နိုင်ဖို့၊ ပိုအင်အားကြီးမလာဖို့၊ ချောင်ပိတ်ထားသလို မဖြစ်ဖို့ စတာတွေ ကို သဘောပေါက်သင့်ကြပါတယ်..

 

(၂)

နောက်တပိုင်းက နိုင်ငံရေးအပြောင်အလဲအစရဲ့အရေးကြီးအပိုင်းဖြစ်တဲ့ အစိုးရပိုင်း Soft Liner တွေပါ..  ဦးသိန်းစိန်ကို ဒီမိုကရေစီဖခင်ကြီး ဆိုပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ်တန်းထဲထား ချီးမြှေက်တာတွေကို မျက်လုံးထဲကြည့်မရလှ မထောက်ခံပေမယ့် သူကို Soft Liner တွေထဲက ဦးဆောင်သူ၊ မျှော်လင့်လို့ရသူလို့ထင်ပါတယ်..သူနောက်ကလိုက်ပါမယ့် Soft သမားတွေ အစိုးရအဖွဲအတွင်း အနည်းအများပေါ်မှုတည်ပြီး အပြောင်းအလဲက မြန်ပါလိမ့်မယ်.. ဒီနေရာမှာ ပြည်သူတွေသဘောပေါက်သင့်တာက အစိုးရတွင်းက Soft Liner တွေယူထားရတဲ့ Role ပါ.. သူတို့နေနဲ့ တိုင်းပြည်ရဲ့ Democratization (ဒီမိုကရေစီ ပြောင်းလဲရေး)ကိုအကောင်အထည်ဖေါ်ရမယ့်အပြင် အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီးတွေကိုသစ္စာရှိရသလို သူတို့ရဲ့လုံခြုံရေး၊ Stability၊သူတို့ထားခဲ့တဲ့ ကောင်းမွေဆိုးမွေ (ကောင်းမွေတော့သိပ်မရှိပါ) တို့ကို ထည့်စဉ်းစားရပါတယ် (ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ရှိအခြေအနေပါ).. ဒါကြောင့် တချို့ကိစ္စတွေ ပြည်သူအကြိုက်လိုက်တာ၊ ဒီမိုကရေစီဆန်ပေးတာ အမှတ်ယူရတာတွေ လုပ်နိုင်ပေမယ့် တချိုဟာတွေတော့ အရင်ပုံစံဟောင်းနဲ့ကိုင်တွယ်ရတာတွေရှိနေပါသေးတယ်.. ဒါကြောင့်သူတို့ရဲ့ Role ကို သဘောမပေါက်ရင် ကိုယ်အကြိုက်လုပ်ပေးတဲ့အခါ လူကောင်းကြီးပါလားဆိုပြီး (အညှာလွယ်သူတွေက) ကြည်ညိုကြသလို၊ ကိုယ်ဆန္ဒနဲ့ဆန်ကျင်တဲ့အခါ (သံသယကြီးသူတွေက) မင်းသားခေါင်းဆောင်းကျွတ်ပါပြီ ဆိုပြီး ဝူးဝူးဝါးဝါးထလုပ်ကြတယ်.. အမှန်တော့ ဘီးလူးလဲမဟုတ် ကယ်တင်ရှင်မင်းသားလဲမဟုတ်ပဲ သူ့ Role နဲ့ သူ ကပြနေရသူတွေပဲဖြစ်တယ်လို့ယူဆပါတယ်..

 

(၃)

အတိုက်အခံအင်အားစုနဲ့ ပြည်သူတွေဖက်က Soft Liner တွေအကြောင်းပြောရရင် ကစရမယ်။ သူပြောခဲ့တဲ့ ကျွန်မက ခေါင်းတော့ မမာဘူး၊ဒူးခေါင်းတော့မာတယ်၊ဘယ်တော့မှဒူးမထောက်ဘူး ဆိုတဲ့စကား ကိုကြားတုန်းက ဗိုလ်ချုပ်အောင်ဆန်းကို သွားသတိရတယ်.. ဗိုလ်ချုပ်တုန်းကလဲ လွတ်လပ်ရေးကြိုးပမ်းတဲ့ အင်္ဂလိပ်၊ဂျပန်၊အင်္ဂလိပ် ခေတ်အဆက်ဆက် ဒူးထောက်အလျှောပေးတာမျိုးမရှိသလို ကွန်မြူနစ်တွေလို “တိုက်ယူလို့ ရမှလွတ်လပ်ရေးအစစ်” ဆိုပြီးလဲ ခေါင်းမမာခဲ့ပဲ တိုက်သင့်တာတိုက် အလျှော့အတင်းနဲ့ ညှိသင့်တာညှိပြီး ကြိုးပမ်းခဲ့ရတာဖြစ်တယ်.. အခုလဲ ဒေါ်စုအနေနဲ့ အစိုးရပိုင်းက မာတုန်းက သူဖက်က မလျှောခဲ့သလို့ အစိုးရဖက်က Soft Liner တွေပေါ်လာတဲ့အချိန် သူလဲလိုက် Adopt လုပ်ခဲ့ပြီး နိုင်ငံအတွက်အလုပ်ဖြစ်မယ့် လမ်းကိုလျှောက်ခဲ့တယ်.. ဒါကြောင့် Soft Liner, Hard Liner ဆိုတာ ခံယူချက်ဘယ်လောက်ခိုင်မာတယ်၊ ယုံကြည်ချက်ဘယ်လောက်ပြင်းထန်တယ်ဆိုတာနဲ့မဆိုင်ပဲ အခြေအနေအပြောင်းအလဲကို ဘယ်လို ကိုင်တွယ်နိုင်သလဲ၊ ဆန်ကျင်ဖက်အင်အားစုတွေနဲ့ ဘယ်လိုဆက်ဆံရှင်သန်နိုင်မလဲဆိုတာနဲ့ ပိုဆိုင်ပါတယ်.. (ခံယူချက်မခိုင်မာပေမယ့် ညှိနှိုင်းလိုကို မရတဲ့ Hard Liner မျိုး၊ ခံယူချက်ခိုင်မာပေမယ့် ညှိညှိနှိုင်းနှိုင်း ရှိတဲ့ Soft Liner မျိုးရှိတယ်လို့ ပြောချင်တာပါ).. ဒေါ်စုရဲ့နောက် NLD နဲ့ တခြား ဒီမို ပါတီ တချို့၊ ပြည်သူအချို့ Soft လမ်းစဉ်လိုက်နေတာတွေရပြီး အားလုံးရဲ့ဦးတည်ချက်ကိုခြုံကြည်ရရင်

 

– အစိုးရ Soft Liner တွေနဲ့ တွဲလို့ရတဲ့အပိုင်းမှာတွဲပြီး ရသလောက် နိုင်ငံအတွက်အလုပ်လုပ်ဖို့ (နိုင်ငံ့စီးပွားရး၊တရားဦးပဒေစိုးမိုးရေး etc)

– စစ်အုပ်ချုပ်ရေးပုံစံကနေ ဒီမိုကရေစီပိုဆန်လာဖို့ (စစ်တပ်အခန်းကဏ္ဍ ဖြည်းဖြည်းချင်းလျှောရန်)

– အစိုးရတွင်းမှာ Hard တွေနည်းလာပြီး Soft တွေများလာဖို့ (စိုးရိမ်စိတ်များနေတဲ့ လူတွေ လျှော့လာပြီး၊ Democratization မှာတပ်၊ပြည်ခိုင်ဖြိုးကလူတွေပိုပါလာဖို့)

အဲဒါတွေကို ဒေါ်စုရဲ့ပြောစကား၊ လုပ်ဆောင်မှုတွေထဲမှာတွေနိုင်ပါတယ်

 (စကားလုံးအတိအကျတော့ မမှတ်မိပါ)

  • “အခြေခံ ဥပဒေပြင်ဖို့ တပ်မတော်အတွင်းမှ သတ္တိရှိပြီး အပြောင်းအလဲကို မကြောက်တဲ့လူများလိုအပ်”
  • “ဒီမိုကရေစီ လမ်းကြောင်းမှာ တပ်မတော် အရေးကြီး”
  • ဦးသိန်းစိန်၊ ဦးရွှေမန်း တို့နှင့် ကောင်းမွန်စွာ ဆက်ဆံခြင်း၊ တခါတရံ အကောင်းပြောပေးတတ်ခြင်း
  • ပြိုင်ဖက်ပါတီဝင်များ၏ စကားအမှား၊ အပြုမူမှားများကို မတိုက်ခိုက်၊မနှိပ်ကွပ်ခြင်း (ဒေါ်စုသာ စကားပြောကောင်းကောင်းနဲ့ ပြိုင်ဖက်အမှားတွေကို ထောက်ပြရင်ဘာဖြစ်မလဲ? ပြည်သူတွေကတော့ လက်ခုပ်တဖြောင်းဖြာင်းနဲ့ အားပေးကြေ၊ facebook မှာ ရှဲကြမယ်၊ ရေရှည်တော့မကောင်းပါဘူး)
  • ရသမျှအနေအထားကနေ အလုပ်လုပ်ပြီး Sensitive ဖြစ်နေတဲ့ ကိစ္စတွေကို မကိုင်တွယ်ခြင်း… စသည်ဖြင့်ပေါ့

အဲဒါတွေကို ပြည်သူဖက်ခြမ်းက Hard Liner အချိုက ပျော့တယ် မပြတ်သားဘူးဆိုပြီး မကြိုက်သူရှိသလို ဒေါ်စုဘာလုပ်လုပ်ထောက်ခံတဲ့ Hard Liner ဒီမိုတချိုကလဲ ဇွတ်မှိတ်ထောက်ခံနေတာလဲရှိတယ် (ဒေါ်စုရဲ့ Soft လမ်းစဉ်ကိုမဟုတ်ဘဲ၊ လူပုဂ္ဂိုလ်ကိုထောက်ခံနေတာမျိုး).. ဘယ်လိုပဲဖြစ်ဖြစ် ပြောချင်တာက တချိန်က သိပ်ခေတ်မစားလှတဲ့ Soft လမ်းစဉ် ကျယ်ပြန့်လာတာ ကိုယ်နိုင်ငံအတွက်မဆိုးလှဘူး လို့ပဲမြင်မိပါတယ်..

 

(၄)

နောက်ဆုံးအပိုင်းက အတိုက်အခံ (NLD) နဲ့ ပြည်သူထဲက Hard Liner တွေပါ.. ဒီကြောင်းကိုမပြောခင် ပြောချင်တာတစ်ခုက ကိုယ်ကိုတိုင် မနေ့တနေ့က အထိ Hard Liner ဖြစ်လေတော့ Hard  Liner တွေကို အမြာ်မြင်နည်းသူ၊ အရှည်မမြင်သူတွေ စသည်ဖြင့် ပြောလိုရင်းမဟုတ်ပါဘူး.. အပြောင်းလဲ ဖြစ်ချင်ဇောနဲ့ သတိလက်လွတ်မဖြစ်စေချင်တာအဓိကပါ.. အခုအချိန်မှာ ပြည်သူတွေရဲ့ ကိစ္စတစ်ခုခုအပေါ်တုံပြန်ပုံတွေ၊ ခံယူချင်တွေ ကြည့်ခြင်းအားဖြင့်  Hard Liner တွေမနည်းလှတာတွေရပါတယ်.. လူအများ ဖြစ်နေတဲ့အတွက် ရည်ရွယ်ချက်၊ဦးတည်ချက်တွေလဲရောထွေးပါတယ်.. မြင်ရသလောက်ပြောရရင်

  • အချစ်အမုန်းအခြေခံတယ် (ချစ်တဲ့လူဖက်က အမြဲမှန်ပြီး မုန်းတဲ့လူဖက်က အမြဲမှား)
  • သံသယကြီးတယ် (ဦးသိန်းစိန် ဆုံးဖြတ်ချက်အကောင်းချရင်တောင် အမှတ်ယူတာ၊ဟန်ဆောင်တာသက်သက်လို့မြင်တယ်)
  • အကောင်းမြင်စိတ်နည်းသွားတယ် (ဒေါ်စုနဲ့ NLD ကို အခုချက်ချင်း သမ္မတ နေရာ၊ အာဏာပေးရင်တောင် နှစ် ၂၀ နောက်ကျပြီးမှ ပေးတယ်၊ မကျေနပ်ဘူးဆိုတာမျိုးရှိမယ်)
  • Role ကိုသိပ်ထဲ့ မတွက်ဘူး (အကောင်းနဲ့ အဆိုး နှစ်မျိုးပဲ မြင်မယ်)
  • အဃာတ များနေမယ် (တိုင်းပြည်အကျိုးရှိ မရှိဆိုတာထက် တစ်ဖက်အုပ်စုကို တိုက်ခိုက်ချင်တာများနေတယ်)

တချို့ Hard Liner တွေဆို အာဏာရှင်ဟောင်းတွေကို တရားစွဲချင်တာတို့၊ ခရိုနီတွေကို ဆွဲစိချင်တာတို့၊ Revolution ဆန်ဆန်သွားချင်တာ တွေ တွေ့ရပါတယ်.. ဒီသဘောကို ဒေါ်အောင်ဆန်းစုကြည် ကအားမပေးပဲ စားပွဲဝိုင်းပေါ်ကနေ ငြိမ်းငြိမ်းချမ်းချမ်းသွားဖို့ အားသန်လို့သာ အခုတော်တော် ငြိမ်သွားတာလို့ပြောရမယ်..

အမှန်တော့ နဂိုကတည်းက ပြည်သူအများစုဆီမှာ အကျိုးရှိမယ့် Constructive Idea တွေ၊ ဒီခရီးဘယ်လိုသွားမလဲဆိုတဲ့ guide line တွေထက် တဖက်အုပ်စုကို ဘယ်လို တိုက်ခိုက်မယ်၊ လှောင်မယ်ပြောင်မယ်ဆို တာက ပိုအားသန်နေပါတယ်.. စာပေဟောပြောပွဲလိုနေရာမျိုးမှာတောင် Strategy ဆန်ဆန် အကြံဥာဏ်တွေ၊ အလားအလာ Vision တွေထက် အတိတ်တုန်းက အရင်အစိုးရမှားခဲ့တာတွေ အပြစ်တွေထောက်ပြတာမျိုး၊ သရော်တာမျိုးကို ပိုသဘောကျ၊ ပိုလက်ခုပ်သံရလေ့ရှိပါတယ်.. အဲဒါကြောင့်လဲ နိုင်ငံရေးသုံးသပ်လေ့လာသူ တွေထက် သီးလေးသီးအငြိမ့်အဖွဲ့ လိုမျိုးကို လူပိုကြိုက်ကြတာပဲလိုပြောရပါမယ်.. မီဒီယာတွေဆိုရင်လဲ နိုင်ငံရေးနဲ့ပါတ်သတ်လို့ ပြည်သူကို ဦးဆောင်လမ်းညွန်မှုတွေလုပ်တဲ့အဖွဲ့က နည်းပြီး အများစုက ငါးပွက်ရာ ငါးစာချတဲ့သဘော ပြည်သူ့အကြိုက် လိုက်အစိုးရအဖွဲ့ကိုလှောင်တဲ့ ကာတွန်းတွေ၊ဖွတဲ့ အင်တာဗျူးတွေ တွေ့လာရပါတယ် (ဆရာအော်ပီကျယ် လက်ရာမျိုးတွေလို ပညာပါ၊ တွေးစရာလေးပါတာမျိုးဆို ကောင်းပါတယ်).. ဒီနေရာမှာ ပရိတ်သတ်က တောင်းဆိုလို့ပါဆိုပြီး ပေါတောတောကားတွေပဲ လှိမ်ရိုက်နေတဲ့ ရုပ်ရှင်လောကနဲ့ သဘောချင်းတူမလားပဲ.. ဒီပုံစံ တဖြည်းဖြည်းပိုဆိုးလာရင် တချိန်ကအစိုးရသတင်းစာတွေမှာပါဘူးတဲ့ ဒေါ်စုဘာလုပ်လုပ်လှောင်ပြောင်သရော်ထားတဲ့ ဝါဒဖြန့် ကာတွန်း၊ ဆောင်းပါးတွေလောက် အဆင့်နိမ့်သွားပါလိမ်မယ်..

 

ဖြစ်စေချင်တာက ဟိုဖက်ဒီဖက် Hard Liner အင်အားစုတွေကနေ Soft တွေဖြစ်လာဖို့  နိုင်ငံရေးပါတီ၊ပြည်သူ၊မီဒီယာ အကုန်လုံး ကဦးတည်စေချင်တာပါ.. ဒီမိုကရေစီ ခိုင်မြဲပြီးသား အမေရိကန်လို နိုင်ငံမှာ တစ်ဖက်ပါတီကို အမှားထောက် သိက္ခါချ တာမျိုးက ကိစ္စမရှိလှပါဘူး.. ကိုယ်ဆီမှာတော့ တစ်ဖက်နဲ့ တစ်ဖက် အပြတ်ရှင်းလို့မရတဲ့ အခြေအနေမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ချော့ခိုင်း (အပြန်အလှန်) ကြရမယ့် အခြေအနေပါ..

 

ဒါပေမယ့် အထက်က ပြောခဲ့တဲ့ အကောင်းမြင်ဖို့တွေ၊ Soft ဖြစ်ဖို့တွေ၊ ချော့ ဖို့တွေအကုန်လုံးကို တော့ သတိ နဲ့ ပြန်ချုပ်ရပါမယ်.. ဒေါ်စုပြောခဲ့တဲ့ သတိကြီးစွာနဲ့ အကောင်းမြင်ပါတယ် ဆိုတဲ့ စကားမျိုးအတိုင်းပါ.. အချိန်မရွေး အခြေအနေပြောင်းသွားနိုင်တယ် ဆိုတဲ့ သတိ၊ ဘာ အကြောင်း လုပ်ရင် ဘယ်လို အကျိုး ရနိုင်တယ်ဆိုတာ တွေးတတ်တဲ့ သတိပါ… ကျွန်တော်တို့ဆီမှာ သတိကြီးတဲ့ Soft Liner တွေ အများကြီးလိုအပ်တယ် ထင်ပါတယ်..

Zaw Thant

 

About Zaw Thant

Zaw Thant has written 9 post in this Website..