ရွာထဲလည်း မရောက်တာတော့ ကြာပေါ့ ။ ရွာထဲသာ မ၀င်ဖြစ်တာပါ ရွာအပြင်ကနေ ရွာထဲက အခြေအနေကို အမြဲ လေ့လာလျှက်ပါ။ ဘာလို့ ရွာထဲ မ၀င်သလဲဆိုရင်တော့ ရွာထဲမရောက်ဖြစ်လို့ပေါ့ဗျာ :lol: ကဲကဲ ပေါက်ကရ စာစုလေးတွေ ချရေးတော့မယ် …
—————————————————————————–
အချစ်နဲ့ ပင်ပန်းခြင်း
—————-
တစ်ယောက်ယောက်ကို ချစ်ရတာ
ပင်ပန်းတယ်
တစ်ယောက်ယောက်က ချစ်တာကို ခံရရင်လည်း
ပင်ပန်းတယ်
ဒါကြောင့်
အချစ်ဆိုတာ ပင်ပန်းတယ်
…………………………………………………………………….
အရှုံးတကာ့အရှုံး
—————-
မိမိအချစ်ကို တစ်ပါးသူမသိဘဲ ကျိတ်ချစ်၍
ရှုံးရသော အရှုံးထက်
မိမိအချစ်ကို တစ်ပါးသူသိပြီး
မချစ်ဟန်ဆောင်ကာ တစ်ပါးသူ၏အောက်တွင်
ရှုံးရသော အရှုံးက ပိုပြီး ဆိုးဝါးလှ၏ ..
……………………………………………………………………..
ဘယ်သူက ခံစားလို့ပိုကောင်းမလဲ
——————————
ချစ်သူနှင့် ခွဲခွာနေရခြင်းသည်
ရည်းစားဖြစ်သူနှင့် တွဲနေရခြင်းထက်ပင်
စိတ်ကျေနပ်မှုဖြစ်စေ၏ …
………………………………………………………………………..
အချစ်နဲ့စစ်
———-
အချစ်က လူတွေရဲ့ အသည်းကို ကွဲစေတတ်သလို
စစ်ကလည်း လူတွေရဲ့ ဦးခေါင်းတွေကို အစိပ်စိပ် အမွှာမွှာ ဖြစ်စေတယ် …
အချစ်ကြောင့် စစ်ဖြစ်နိုင်ပေမယ့်
စစ်ကြောင့်တော့ အချစ်မဖြစ်နိုင်ဘူး
………………………………………………………………………………….
စုန်း ဘု ရင်
(စာကြွင်း။ ခုတော့ ပေါက်ကရ ဒါပဲ တွေးလို့ရတယ်)

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................