စုန်းဘုရင်၏ စာစုများ (အတွေးသက်သက်သာ)

KingJuly 16, 20131min27116

ရွာထဲလည်း မရောက်တာတော့ ကြာပေါ့ ။ ရွာထဲသာ မဝင်ဖြစ်တာပါ ရွာအပြင်ကနေ ရွာထဲက အခြေအနေကို အမြဲ လေ့လာလျှက်ပါ။ ဘာလို့ ရွာထဲ မဝင်သလဲဆိုရင်တော့ ရွာထဲမရောက်ဖြစ်လို့ပေါ့ဗျာ 😆 ကဲကဲ ပေါက်ကရ စာစုလေးတွေ ချရေးတော့မယ် …
—————————————————————————–
အချစ်နဲ့ ပင်ပန်းခြင်း
—————-
တစ်ယောက်ယောက်ကို ချစ်ရတာ
ပင်ပန်းတယ်
တစ်ယောက်ယောက်က ချစ်တာကို ခံရရင်လည်း
ပင်ပန်းတယ်
ဒါကြောင့်
အချစ်ဆိုတာ ပင်ပန်းတယ်
…………………………………………………………………….
အရှုံးတကာ့အရှုံး
—————-
မိမိအချစ်ကို တစ်ပါးသူမသိဘဲ ကျိတ်ချစ်၍
ရှုံးရသော အရှုံးထက်
မိမိအချစ်ကို တစ်ပါးသူသိပြီး
မချစ်ဟန်ဆောင်ကာ တစ်ပါးသူ၏အောက်တွင်
ရှုံးရသော အရှုံးက ပိုပြီး ဆိုးဝါးလှ၏ ..
……………………………………………………………………..
ဘယ်သူက ခံစားလို့ပိုကောင်းမလဲ
——————————
ချစ်သူနှင့် ခွဲခွာနေရခြင်းသည်
ရည်းစားဖြစ်သူနှင့် တွဲနေရခြင်းထက်ပင်
စိတ်ကျေနပ်မှုဖြစ်စေ၏ …
………………………………………………………………………..
အချစ်နဲ့စစ်
———-
အချစ်က လူတွေရဲ့ အသည်းကို ကွဲစေတတ်သလို
စစ်ကလည်း လူတွေရဲ့ ဦးခေါင်းတွေကို အစိပ်စိပ် အမွှာမွှာ ဖြစ်စေတယ် …
အချစ်ကြောင့် စစ်ဖြစ်နိုင်ပေမယ့်
စစ်ကြောင့်တော့ အချစ်မဖြစ်နိုင်ဘူး
………………………………………………………………………………….
စုန်း ဘု ရင်
(စာကြွင်း။ ခုတော့ ပေါက်ကရ ဒါပဲ တွေးလို့ရတယ်)

16 comments

  • padonmar

    July 16, 2013 at 8:16 pm

    မောင်ကင်း
    ရွာထဲရောက်ပြီဆိုတော့ တွေ့ဆုံပွဲလာခဲ့ပါအုံး။
    ကဗျာပြခန်းထဲရော ရောက်ပြီးပြီလား။

    • စုန်း ဘု ရင်

      July 16, 2013 at 8:37 pm

      ဟုတ် တီတီ
      မင်္ဂလာပါ
      လာဖြစ်အောင် ကြိုးစားပါမည် …
      ကဗျာပြခန်း မသိဘူးဗျ (တော်တော် ပိန်းပါသည်)
      လမ်းညွှန်မှု ပေးပါ …
      ခင်မင်လျက် မင်းကောင် တစ်ဖြစ်လဲ စုန်းဘုရင် 😀

      • Mr. MarGa

        July 17, 2013 at 5:26 pm

        တိန် တိန်
        ရွာထိပ်မှာ တက် ချိတ်ထားတာတောင် မြင်ဘူးလားဟင်
        ကဲ လာလေရော့
        သိကြားတန်ခိုးနဲ့ လှမ်းပေးလိုက်မယ်
        http://myanmargazette.net/176617
        ရောက်မလာရင်တော့ ဝရဇိန်နဲ့ ချိန်ထားတယ်ဆိုတာ သတိပေးလိုက်တယ်နော့ :mrgreen:

      • TNA

        July 17, 2013 at 8:22 pm

        ဟဲ့ စုန်းဘုရင်က မောင်ကင်းလား။ နာထုမှတိဒယ်တော့။ တခါတွေ့တသက်မမေ့ပါဘူးအေ။

  • Mr. MarGa

    July 16, 2013 at 8:41 pm

    မပေါ်လာတာ ကြာပေါ့
    ဟိုဘက်မှာပဲ လှည့်ပတ် နေတာ
    နောက်ထပ် စာတွေ မျှော်နေတယ်ဗျို့

  • Ma Ma

    July 17, 2013 at 6:48 am

    စုန်းဘုရင်ဆိုလို့ မျက်စေ့လည်နေတာ။
    ဒီကဗျာမျိုးဆို ကဗျာပြခန်းက အကြိုက်ပဲနေမှာ။ 🙂

  • Garfield

    July 17, 2013 at 8:29 am

    အချစ်နဲ့ ပင်ပန်းခြင်းကို အကြိုက်ဆုံးပဲ။ :mrgreen:

  • ဦးကြောင်ကြီး

    July 17, 2013 at 8:48 am

    အတွေးသက်သက်
    ငခွေးဝက်
    အပြေးမတတ်
    ခလေးမှတ်
    မနှေးသရက်
    သူဌေးဆက်
    တရေးအနှပ်
    လဖွေးဓာတ်..

  • ခင် ခ

    July 17, 2013 at 12:04 pm

    “အချစ်ကြောင့် စစ်ဖြစ်နိုင်ပေမယ့်
    စစ်ကြောင့်တော့ အချစ်မဖြစ်နိုင်ဘူး´´ တဲ့လား စုန်းဘုရင် ရေ။

    “ဒုတိယမ္ဘာစစ်တုန်းကပေါ့လေ´´ ဆိုပြီး သမိုင်းနောက်ခံ စစ်ကားတွေက အချစ်ဇတ်လမ်းတွေကို ရိုက်ထားတဲ့ ရုပ်ရှင်ကားကြီးတွေတော့ ကြည့်ခဲ့ဘူးတယ်ဗျ၊ အဲဒါတွေက တကယ်ရှိလို့ အခြေခံကာ ရိုက်တာဆိုရင်ဖြင့်………….။

    • စုန်း ဘု ရင်

      July 17, 2013 at 1:00 pm

      အဲ့ဒါကို ဆိုလိုတာမဟုတ်ဘူး ဦး ရ
      စစ်ဖြစ်ချင်ကြတဲ့ ဦးစီးဦးဆောင် ပြုတဲ့သူတွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ ချစ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောချင်တာပါ …

  • kyeemite

    July 17, 2013 at 2:34 pm

    စုန်းဘုရင် မောင်ကင်း
    အပြုံးလျှင်ဆောင်ကျဉ်းလို့
    မယွင်းသာအရောက်ကြွခဲ့ပါ
    အို..ဘယ့် ဂဇက်ကွန်ဖရင့်…

  • မဟာရာဇာ အံစာတုံး

    July 17, 2013 at 4:46 pm

    စုန်းဘုရင် ဆိုလို့ ဘူရဲမှတ်ဒယ် …
    အော် .. ဆုံးဗယင် ဂိုး …. :mrgreen:

    စာစုဒွေကို ဖတ်တွားဘာဒယ် …
    ကန့်ကွက်ချင်ဒါဒွေဒေါ့ ချိဒလယ် ..
    နို့ .. ရှိစေတာ့ ..

    • စုန်း ဘု ရင်

      July 17, 2013 at 5:18 pm

      ကန့်ကွက်ချင်ဒါဒွေဒေါ့ ချိဒလယ် ..
      နို့ .. ရှိစေတာ့ ..
      ==================
      ကန့်ကွက်ချင်ဒါ ချိရင် ကန့်ကွက်အေ
      အတိုက်အခံ ရှိမှ တိုးတက်တယ်ဆိုလား ဘာလားတော့ မသိ ကြားဖူးတာပဲ
      နောက်ပြီး
      သူ့အမြင် ကိုယ့်အမြင် ၂ ထု ပေါင်းရင်
      ၂ မျိုးရ ရသ ရတယ်ဒဲ့
      ဒီတော့ ကြော A 😆

Leave a Reply