ရင်ခွင်သစ်

DEPARKO DEPARKOJuly 16, 20131min1063

မနက်ဝ၆၃ဝ ရောင်စုံပန်းပွင့်တွေအလား ပန်းတစ်ခင်းထဲငါစီးမျောရင်းပေါ့
ရုတ်တရက်ကြားလိုက်ရတဲ့ နားဝမှာမသက်သာ အရွယ်နဲ့မလိုက်တဲ့ ဘဝဒဿန စကား
အိပ်ပျော်နေတဲ့ငါ့နှလုံးသားကို လှုပ်ခါလိုက်သလို ရင်ထဲနင့်ကနဲပါဘဲ
ရမိုင် ကုန်းမြင့်ရိပ်သာက အထည်ချုပ်စက်ရုံဆီက်ု ခြေလှမ်းသွက်သွက်နဲ့လျှောကလှမ်းနေကြတဲ့
ဥမမည် စာမမြောက် မလောက်လေးမလောက်စား ၁၂နှစ်အရွယ်ကလေးမလေးရဲ့ ဘဝဒဿနစကားပါ။
(ဟဲ့မြန်မြန်လျှောက် ငါတို့ဘဝကစိတ်ကူးယဉ်နေဘို့အချိန်မရှိဘူး လက်လှုပ်မှပါးစပ်လှုပ်ရမှာ တော်ကြာနောက်ကျလို့ အပေါက်ဝကလှည့်ပြန်ရတာအရေးမကြီးဘုး
လစာဖြတ်ခံရတော့မှဟုတ်ပေ့ဖြစ်သွားမယ်)
အဲဒီစက်ရုံက နောက်ကျရင်ပေးမဝင်တော့တာ ခယတောင်းပန်တိုးလျှိုး နေတဲ့ မိန်းမငယ်လေးများကို အမြဲမြင်တွေ့ နေရလို့ ရိုးနေပါပြီ။
ဒီကနေ့တော့ ၁၂နှစ်အရွယ်ကလေးမလေးတွေရဲ့စကားသံကြားမှ စိတ်ထဲနင့်ကနဲဖြစ်သွားတယ်။
အဲဒီစက်ရုံမှာ ကလေးလုပ်သားရာနဲ့ချီရှိတယ် မနက်တိုင်းအရွယ်စုံမိန်းကလေးတွေထမင်းချိုင့်လေးတွေဆွဲလို့ အဲဒီအထဲမှာ ၁၂/၁၃ အရွယ်ကလေးတွေ ၃၀ဝ လောက်ရှိမယ် ပိုရင်တောင်ပိုနိုင်သေး။ ဒါတွေကိုအရေးယူဘို့တိုင်ပြန်တော့လည်း သူတို့လေးတွေကိုဘယ်သူတွေထမင်းခွံ့ကျွေး အသက်မွေးဝမ်းကြောင်းပညာသင်ပေးနိုင်ပါ့မလဲ
ည ဝ၇၀ဝမှာတော့ ဒရီးဒရိုင် မောဟိုက်ပန်းလျှနေတဲ့ခြေလှမ်းအစုံနဲ့ လိုင်းကားကြပ်ကြပ်ပေါ်တိုးခွေ့ရင်း မနွေးထွေးနိုင်တဲ့ အမေ့ရင်ခွင်ဆီ ခရီးနှင်လို့
ငါသာ သမ္မတ ဖြစ်ခဲ့ရင်ပေါ့ အင်းသူတို့လေးတွေကို အစာကျွေး ပညာသင်ပေးရင်း လုံခြုံမှုအပြည့်ရှိတဲ့ ရင်ခွင်သစ်တစ်ခု ဖန်တီးပေးလိုက်ချင်ပါရဲ့။

3 comments

  • အလင်း ဆက်

    July 16, 2013 at 4:05 pm

    ကျွန်တော်သာ သမဒ ဖြစ်ရင်

    တတိုင်းပြည်လုံးကို
    ရောင်းစားမယ်
    အဟိ
    ဒါပေမယ့်
    ဈေးကောင်းတော့ ရမှာ မဟုတ်တော့ပါဘူးလေ
    တိုင်းပြည်က အရိုးအရွတ်ပဲ ကျန်တော့တာ ကိုးးး
    😆

  • ခင် ခ

    July 17, 2013 at 1:38 pm

    လက်ရှိတည်ဆဲ အလုပ်သမားဥပဒေတွင် အသက် ၁၅ နှစ် မပြည့်သူကို အလုပ်လုပ်ကိုင်ခွင့်ရှိသော အသက်မပြည့်သေးသည့် အလုပ်သမားများအရ အလုပ်လုပ်စေခွင့်ရှိပါတယ်၊ ဒါပေမယ့် အဲဒီလို အသက်မပြည့်သေးသော အလုပ်သမားများရဲ့ လုပ်သက်ခွင့်နဲ့ ခွင့်အကျိုးခံစားခွင့်က အသက်ပြည့် အလုပ်သမားထက်ပိုပြီးခံစားခွင့် သတ်မှတ်မှုပိုပြီးရှိတာပါ။
    ဥပမာ- လုပ်သက်(၁၂)လ တဆက်တည်းပြည့်ပြီး လစဉ်အနည်းဆုံး အလုပ်လုပ်ရက် (၂၀) ရက် ရှိသော
    (က) အသက် ၁၅ နှစ်ပြည့်သူဖြစ်က (၁၀) ရက်
    (ခ) အသက် ၁၅ နှစ် မပြည့်သူဖြစ်က (၁၄) ရက် လုပ်သက်ခွင့် ခံစားမှုပြုရမည်၊ အလုပ်သမားမှ ခံစားခြင်းမပြုလျှင် ထိုရက်နှင့်ညီမျှသော ပျမ်းမျှ အခကြေးငွေ/လစာဖြင့် ပေးရမည်။ အဲလိုပြဌာန်းမှု့ရှိပါ၏။

    • DEPARKO DEPARKO

      July 17, 2013 at 4:44 pm

      ဒါတွေကိုနားမလည်တဲ့ကလေးတွေကတော့ ခေါင်းပုံဖြတ်ခံနေရမှာဘဲ

Leave a Reply