လျှို့ဝှက်​ဂဇက်​ရွာမှ ~~​မျှော်​စင်​ကျွန်​းဆီသို့

ေမာင္ရိုးJuly 17, 20131min17240

 

လျှို့ ဝှက်​ဂဇက်​ရွာ ~~~

ဟုတ်​ပါတယ်​ ..တစ်​ခါက မျက်​နှာဖုံးကိုယ်​စီနဲ့ လျှို့လျှို့ ဝှက်​ဝှက်​ ​နေခဲ့ကြဖူးပါတယ်​ …..

ဂဇက်​ရွာ စည်​ကားဖွံဖြိုးလာချိန်​မှာ စစ်​အုပ်​ချုပ်​​ရေးကာလ ဆို​တော့ အစာလည်​းစား ​ဘေးလည်​းကြည်​့​ပေါ့​လေ ….

သူသူကိုယ်​ကိုယ်​ ဘဝမှန်​မပြရဲ မ​ပြောရဲခဲကြတာပဲမဟုတ်​လား … ဂဇက်​ရွာဆိုတာကလည်​း သိ​တော်​မူတဲ့အတိုင်​း … မကြာခဏဆိုသလို နိုင်​ငံ​ရေး

စီးပွား​ရေး ၊ဘာသာ​ရေ း နဲ့ ဟိုအ​ရေး ဒီအ​ရေး​တွေ ​ဆွေး​နွေးငြင်​းခုံ​နေကျဆို​တော့

နိုင်​ငံ​တော်​ လူကြီးမင်​းများ မျက်​​စေ့​နောက်​မှာစိုးရ​သေးသကိုးးးး 🙂

 

ပထမဆုံးထင်​ပါရဲ့ .. ကိုရင်​ရှုံးတို့ ဦးဖက်​တီးတို့ MOONPOEM တို့ ​တွေ့ဆုံကြဖို့ စီစဉ်​​ပေမယ်​့

မ​အောင်​မြင်​ဘူးလို့​တော့ ကြားဖူးခဲ့ပါတယ်​ ။

အဲဒီ​နောက်​မှာ​တော့ … ကြိုကြားကြိုကြားရွာသူား တစ်​စုတစ်​ဖွဲ့ အနည်​း​ငယ်​​လောက်​ဆုံဖြစ်​ကြ​ပေမယ်​့ လူများများ​တော့ စုမိခဲ့ဟန်​မရှိပါဘူး ။

ကျ​နော်​သိသ​လောက်​ ရွာထဲကိုယ်​့ဓတ်​ပုံစတင်​တာဟာ ကိုရင်​နိဂိမိဘဲ ဖြစ်​မယ်​ထင်​တယ်​ ။ ၂၀၁၁ ​လောက်​မှာ ရွာသူားတစ်​ချို့နဲ့ အဘ​ဖော တို့ ဆုံ​တွေ့ခဲ့ကြပါပြီ ။ တစ်​ချို့တ​လေ ဆုံဖူးကြပြီဖြစ်​လို့ အတန်​ငယ်​ပွင်​့လင်​းလာမယ်​ထင်​ပါရဲ့ ။

ဒါ​ပေမယ်​့ … တစ်​ကယ်​တန်​း လူစုလူ​ဝေးနဲ့ စတင်​ဆုံမိခဲ့တာက​တော့….

2012 နှစ်​ဆန်​းပိုင်​းမှာ လုပ်​ခဲ့ကြတဲ့

နာ​ရေးကူညီမှုအသင်​းကို အလှူ​ငွေ​ပေးအပ်​ခဲ့တဲ့ပွဲပါဘဲ ။

 

​ကိုရင်​​ရွှေတိုက်​ AKKO နဲ့ E TONE (အိတုန်​) တို့ဦး​ဆောင်​ခဲ့တဲ့ အလှူပွဲ​လေးဟာဆိုရင်​ မျက်​နှာဖူံး​တွေစတင်​ခွာချပြီး

ပွင်​့လင်​းမြင်​သာတဲ့ ဆက်​ဆံ​ရေး စတင်​လာဖို့ အစပထမလို့ ဆိုနိုင်​ပါတယ်​ ။

အဲဒီပွဲမှာ ရွာသူရွာသားတစ်​ချို့ကို ရွာသူား​တွေမြင်​ခွင်​့ရလိုက်​တယ်​ဆိုပါ​တော့ …..

အဲဒီပွဲဖြစ်​​မြောက်​ခဲ့တဲ့အတွက်​ ရွာထဲမှာ မန်​ဘာဦး​ရေလည်​းတိုးလာသလို စာ​ရေးစာဖတ်​ ကွန်​မန်​့​ရေးတာ​တွေလည်​း ပိုပြီးစည်​ကားလာပြန်​တာ​ပေါ ့​လေ ။ မှတ်​မှတ်​မိမိ အီးဇီးကွတ်​အဖွဲ့ကရွာသူမအိဆိုရင်​ အဲဒီပွဲ​ကြောင်​့ ရွာသူဖြစ်​လာတာပါပဲ ။။ရှိပါ​သေးတယ်​ ​ရွှေပုံ့ နဲ့ အခြား သူအများအပြား​ပေါ့​ ။

 

အဲဒီပွဲပြီးလို့ လအနည်​းငယ်​မှာဘဲ အမှတ်​တရဆုံစည်​းမှု ဒုတိယအကြိမ်​ဖြစ်​​မြောက်​ဖို့ ဖန်​တီးလာပြန်​​တော့တယ်​ ….

ရွာထဲမှာမ​ကြေငြာခင်​ကတည်​းက မအိတုန်​ အီး​မေးပို့လို့ ​သိခဲ့ပြီးပါပြီ ။

အစုကြီး​ကျေးရွာကသီတဂူ မျက်​စိကု​ဆေးရုံကြီးကို သွား​ရောက်​လှူတန်​းကြဖို့ပါ။

ပန်​းတ​နော်​ အပိုင်​ထဲမို့ ​နေ့ချင်​းပြန်​ သွားဖို့ စီစဉ်​ကြပြန်​ပါပြီ ။ ထူးထူးခြားခြား

ရွာရဲ့မင်​းသား အင်​ဇာဂီ ပြန်​လာမယ်​ တဲ့ ….

မန်​း​လေးက ကို​ပေါက်​နဲ့ မဒမ်​​ပေါက်​တို့ လာကြမယ်​ တဲ့ …. ရွာရဲ့အချစ်​​တော်​ ဖရဲမ (ဖရဲသီး) လည်​း မန်​း​လေးကလာမယ်​ဆိုပဲ … ချစ်​ရင်​ထူးတို့ညီအစ်​ကိုလည်​းပါမယ်​​ပေါ ့ …

ဒါတင်​ဘယ်​ကမလဲ ​နေပြည်​​တော်​တပိုင်​စား ရွာစား​ကျော်​တို့မိသားစုလည်​း လာကြမယ်​ လို့သိရပြန်​ပါတယ်​ ။ ပွဲက​တော်​​တော်​​လေး စည်​ကား​နေပါပြီ ။

 

အဲဒီပွဲဟာ ခရီးတို​လေးတစ်​ခုအသွင်​သွား​ရောက်​ခဲ့ရသလို ရွာသူားများအထူးရင်​းနှီး​စေတဲ့ပွဲတစ်​ခုပါဘဲ ။ စီစဉ်​သူများက​တော့ အန်​တီမမ၊ဦး​နေးချား၊ အစ်​မပဒုမ္မာ နဲ့ ဆူး တို့ပါ ။

ယ​နေ့ ..ရွာထဲကလူငယ်​​တွေစုစည်​းပြီးတည်​​ထောင်​ထားတဲ့ ဒါဇင်​ပလပ်​ အဖွဲ့ဟာဆိုရင်​လည်​း ဒီလိုအလှူပွဲ​တွေမှာ

ဆုံစည်​းခဲ့ကြသူ​တွေ​ပေါင်​းစည်​းခဲ့တဲ့ အဖွဲ့လို့ဆိုရင်​ မမှားဘူးထင်​ပါတယ်​ ။

 

အလှူပွဲ​တွေက​တော့ ဆက်​တိုက်​ပါပဲ ။ ၅ လပိုင်​း ပန်​း​တ​နော်​အစုကြီးအလှူအပြီးမှာ ရခိုင်​အ​ရေးစတင်​​ပေါ်​ပေါက်​လာပြန်​​တော့တယ်​ …။ ရခိုင်​ပြည်​နယ်​က ညီ​နောင်​သားချင်​း​တွေရဲ့ လိုအပ်​ချက်​​တွေကို ဖြည်​့စည်​း​ပေးချင်​တဲ့ ဆန္ဒကိုစတင်​သူက ….

ကိုထူးဆန်​းပါ …. ။ ဟုတ်​ပါတယ်​ သူကစပြီး ကိုဘလက်​တို့အပါအဝင်​ ရွာလူကြီးများလူငယ်​များ​ပေါင်​းစည်​းလို့ ​စီစဉ်​ကြတာမှာ

ရခိုင်​​ဒေသ တွင်​မကဘဲ ကိုထွန်​းဝင်​းလတ်​နဲ့ချိတ်​ဆက်​ပြီး ​မော်​လူး​ဒေသက ရဲ့ လိုအပ်​ရာရာပညာ​ရေးအလှူကိုပါ လှူနိုင်​ခဲ့ပြန်​ပါ​တော့တယ်​ ။

ဒီလိုအလှူအတန်​း​တွေမှာ မန်​း​လေး​ဒေသအတွက်​ ကို​ပေါက်​ ၊ ​နေပြည်​​တော်​ဝန်​းကျင်​အတွက်​ ရွာစား​ကျော်​ တို့က အလှူ​ငွေ​ကောက်​ခံ​ပေးပြီး ရန်​ုကုန်​ဝန်​းကျင်​ကို​တော့ အီးတီ ၊ Mလုလင်​ အမတ်​မင်​း ​ရွှေတိုက်​စိုး မအ်ိတုန်​ တို့ကတာဝန်​ယူ​ကောက်​ခံ​ပေးတာ​ပေါ့ ။

 

စတုတ္ထအကြိမ်​ တွံ​တေး ဘုန်​း​တော်​ကြီးပညာ​ရေး​ကျောင်​းအလှူမှာ​တော့ ဒါဇင်​ပလပ်​ လူငယ်​​တွေဦး​ဆောင်​ခဲ့ပါတယ်​ ။

လူငယ်​​တွေရဲ့ ထက်​မြက်​တဲ့ စွမ်​း​ဆောင်​မှု​ကြောင်​့ လစဉ်​လတိုင်​းလှူနိုင်​ခဲ့တာ အ​တော်​ကြာပါပြီ ။ ရွာသူား​တွေအချင်​းချင်​းလည်​း ​တွေ့ဆုံရင်​းနှီးခွင်​့ရခဲ့ပါတယ်​ ….။

ကဲ ….. ​မောင်​ဆာမိ​ရော ဘယ်​ပွဲ​တွေမှာ ကိုယ်​တိုင်​ပါဝင်​ခဲ့ပါသလဲ ..။

ဟုတ်​ကဲ့ …. ကျ​နော်​ တစ်​ပွဲမှမလိုက်​ပါနိုင်​ခဲ့ပါဘူး ….။

အ​ကြောင်​းအမျိုးမျိုးနဲ့ လိုက်​ပါခွင်​့မရခဲ့ပါဘူး … ဖန်​သားပြင်​မှာ​တွေ့ရတဲ့ ဓာတ်​ပုံ​တွေသာကြည်​့ပြီး ကြည်​နူးခဲ့ရတာ​ပေါ့ ။

ကျ​နော်​ တစ်​ကယ်​တမ်​း ရွာသူား​တွေနဲ့ဆုံတဲ့ပွဲက ပြးီခဲ့တဲ့ ဇန်​နဝါရီက လုပ်​တဲ့ပွဲမှပါ …. ဒါ​ပေမယ်​့ …

အဲဒီပွဲမတိုင်​မှီ ရွာသူသား (၃)ဦးနဲ့​တော့ ဆုံခဲ့ဖူးပါတယ်​ ….. ပထမဆုံး စတင်​ဆုံမိခဲ့သူက မအိတုန်​ ..။

နာ​ရေးကူညီမှုအသင်​းကို အလှူ​ငွေ​ထည်​့ဝင်​ဖို့ သွား​ရောက်​​ပေးရင်​းနဲ့ပါ ။ ကျ​နော်​့ကို သူ့ထက်​ငယ်​တဲ့ လူငယ်​​လေးတစ်​​ယောက်​လို့ထင်​ထားတဲ့ မအိတုန်​ နဲ့ ….

E tone ဆိုတာ ကျ​နော်​့ထက်​များကြီး​လေမလားလို့ မှန်​းမိတဲ့ကျ​နော်​ ….. တကယ်​ဆုံ​တွေ့​တော့ အံဩခဲ့ရပါတယ်​ ။ တကယ်​​တော့ သူ့ရဲ့ ​ဝေဖန်​ပိုင်​းခြားနိုင်​စွမ်​းနဲ့ အ​တွေးအ​ခေါ်ရင်​့ကျက်​မှုကို ကျ​နော်​အတွက်​မှားခဲ့တာပါ ။ ပြီး​တော့ …ကျ​နော့ရဲ့ ကုမရတဲ့ ​ရောဂါ​ကလည်​း မြင်​မြင်​သမျှကိုယ်​့ထက်​ကြီးတယ်​လို့ ိထင်​မိတာကိုးးးး 🙂

 

​နောက်​တစ်​​ယောက်​က ဆူးးးး …။ အင်​းး အမှန်​အတိုင်​းဝန်​ခံရရင်​ ဆူး ကိုလည်​း ကိုယ်​့ထက်​ကြီးတယ်​လို့ ထင်​မိတာပဲ …။ အစုကြီးအလှူအတွက်​ အလှူ​ငွေသွား​ပေးရင်​း ပထမဆုံး​ကောင်​တာမှာ​တွေ့လိုက်​ရတဲ့သူကို ဆူးးး လို့ထင်​မိတာ ။

ကျ​နော်​ထင်​ပါတယ်​ … အဲဒါ ဆူးရဲ့ အ​မေဖြစ်​မှာပါ ။ “ကျမ ဆူးပါ” လို့​ပြောသံကြားမှ စိတ်​ထဲက အားနာလိုက်​တာ ……။ ကျ​နော်​ ့ ​ရောဂါက အဲဒီလို​လေ ….

အဲ …. ​နောက်​တစ်​​ယောက်​က …

 

ဦး​ကျောက်​ခဲ …။ ပထမဆုံးအကြိမ်​ဆုံခဲ့တာက အလုံကလတ်​ကီးဆဲဗင်​း လက်​ဖက်​ရည်​ဆိုင်​မှာပါ ။ ဒီတစ်​ခါလည်​း ကျ​နော်​ ​ရောဂါ ​ဖောက်​ပြန်​တာဘဲ ။ ဦး​ကျောက်​ခဲဆို​တော့ ကျ​နော့်​ထက်​အများကြီး ကြီးမယ်​ထင်​တာ​ပေါ့ ..။

တကယ်​လည်​း​တွေ့​ရော .. ရုပ်​က ကျ​နော်​့ထက်​နုပြီး အသက်​က ကျ​နော်​့ထက်​နဲနဲဘဲကြီးတာ​လေ ။

တစ်​​ခေတ်​တည်​း လူဖြစ်​လာကြတာ​ပေါ့ ။ ဒီတစ်​ခါလည်​း ကျ​နော်​ မှားပြန်​တာပဲ ……

 

ဒီလို ဒီလိုနဲ့ ……

ပထမအကြိမ်​ ​မျှော်​စင်​ကျွန်​းမှာ ဆု​ပေးပွဲနဲ့ ​တွေ့ဆုံပွဲ ကျင်​းပနိုင်​ခဲ့တယ်​ ။

ကျ​နော်​အဲဒီပွဲမှာ ရွာသူား​တွေနဲ့ စ​တွေ့ဖူးတာပါဘဲ ။ အချိန်​နဲ့ ​နေရာအ​ခြေအ​နေ​ကြောင်​့ တစ်​ချို့လူ​တွေကို နှုတ်​ဆက်​ရုံနဲ့ဘဲ မချင်​့မရဲဖြစ်​ခဲ့ရတယ်​ ။

​ပြောစရာစကား​တွေ ရင်​မှာ အပြည်​့နဲ့ လက်​ပြရုံနဲ့​ကျေနပ်​ခဲ့ရပြန်​ပါတယ်​ ။

အခု …. ဒုတိယအကြိမ်​ ​တွေ့ဆုံပွဲကြီးနီးလာပါပြီ …။

ကျ​နော်​ နဲ့ရင်​းနှီးပြီးမ​တွေ့ဖူး​သေးတဲ့ သူ​တွေနဲ့​တွေ့ရပါ​တော့မယ်​ ။

ခင်​မင်​ရတဲ့ ရွာသူား​တွေနဲ့ ဆုံဖို့အ​ရေး စိတ်​လှုပ်​ရှားစွာနဲ့ ​တစ်​ရက်​ပြီးတစ်​ရက်​

လက်​ချိုး​ရေ​နေမိပြန်​ပြီ ။ ဖြစ်​နိုင်​ရင်​ အားလုံးနဲ့ ဆုံချင်​တာပါပဲ ……

မျက်​နှာဖူံး​တွေခွာချပြီး ပကတိအပြုံး​တွေနဲ့ ​ပျော်​​ပျော်​ပါးပါး ​တွေ့ကြဖို့ …..

ကျ​နော်​တို့ လျှို့ဝှက်​ ဂဇက်​ရွာက ​မျှော်​စင်​ကျွန်​းကို လာခဲ့ပါမယ်​ …..

21 ရက်​ ဇူလိုင်​လ ၂၀၁၃ မှာ ​မျှော်​စင်​ကျွန်​းမှာ ဆုံကြမယ်​ …..။

 

 

​လေးစားလျှက်​

​မောင်​ဆာမိ

 

 

 

 

 

 

 

 

 

 

40 comments

  • မဟာရာဇာ အံစာတုံး

    July 17, 2013 at 2:46 am

    ပထမဆုံး ဥဥဆာ ကို ဈေးဦး ဖောက်ခဲ့ဦးမယ်။
    လာလေရော့ဟယ် …. :mrgreen:

    ဒီ ဒုတိယအကြိမ် ကွန်ဖရင့်မှာ
    ကျုပ်လည်း မျက်နှာ စပြရင် ကောင်းမလားလို့ တွေးနေပါတယ်။
    ဒီလို တွေးရင်း တွေးရင်းနဲ့ စာရင်း ပေးမယ့် ရက်တောင် လွန်လာခဲ့ပြီ။
    လာလို့ ရတော့ဘူးနဲ့ တူပါတယ်။ စာရင်းလည်း ပိတ်ပြီ ထင်ပါတယ်။
    အကယ်၍များ အဲ့ဒီရက်မှာ …
    ခေါင်းဖြူဖြူနဲ့ အဘိုးကြီး တစ်ယောက်များ မယောင်မလည်နဲ့ ရောက်လာရင်
    အဲ့ဒါ “မဟာရာဇာ အံစာတုံး” ဆိုတဲ့ ဒီရွာထဲက လူလို့ပဲ မှတ်ကြပါ ခင်ဗျာ။

    • surmi

      July 18, 2013 at 9:56 am

      ​​မောင်​အံရယ်​
      အံစာတုံး ဆိုတာက​လေးတိုင်​းသိသ​ပေါ့
      တစ်​ခုပဲ …..
      အခန်​့မသင်​့ရင်​ ​လောင်​းကစားဆိုင်​ရာဆက်​စပ်​ပစ္စည်​းအဖြစ်​ အဖမ်​းခံရနိုင်​တယ်​ 🙂

  • kai

    July 17, 2013 at 5:59 am

    ကမ္ဘာ့အကြီးဆုံးသတင်းဌာနကြီးတွေနဲ့.. မန်းဂဇက်ဝက်ဘ်ဆိုက်ဆက်ဆံထားပုံအထောက်အထားတချို့ပါ..။
    သက်ကြီးစကား သက်ငယ်ကြားကြစေလို.. :mrgreen:
    ==

    http://www.cbsnews.com/2300-500145_162-3296080.html

    Myanmar Monks March
    Myanmar soldiers take position in downtown Yangon, Myanmar, Thursday, Sept. 27, 2007. About 10,000 anti-government protesters gathered in the city Thursday despite a violent crackdown by security forces that drew international appeals for restraint by Myanmar’s ruling junta.
    Credit: AP/Mandalay Gazette/HO
    =
    http://news.nationalgeographic.com/news/2008/05/photogalleries/Myanmar-photos/photo3.html
    PHOTOS: Myanmar Cyclone Destroys Pagodas, Temples
    —Photograph by Mandalay Gazette/Reuters

    =
    http://thelede.blogs.nytimes.com/2007/09/27/burmese-bloggers-get-the-word-out/
    A California-based news Web site called the Mandalay Gazette provided this photo from downtown Yangon today to wire services. (Photo: Mandalay Gazette via AFP — Getty Images)

    • surmi

      July 18, 2013 at 10:06 am

      ​ကျေးဇူးဘဲ ဦးခိုင်​​ရေ
      ကြား​တော့ ကြာဖူးပါရဲ့ ဒီလို​လေးသိရ​တော့ ပို​ကောင်​းတာ​ပေါ့
      ကို​ပေါက်​ရဲ့ ဓာတ်​ပုံတစ်​ချို့လည်​း ပါခဲ့ဖူးမယ်​ထင်​တယ်​
      ဘာပဲဖြစ်​ဖြစ်​​နောက်​လူများ ကိုယ်​့ဆိုဒ်​အ​ကြောင်​းကိုတာ​ပေါ့​လေ
      ​တော်​ကြာ ဦး​ကြောင်​လို ချက်​ကြီးရွာနဲ့ မှား​ မ​နေ​တော့ဘူး​ပေါ ့ 🙂
      ထင်​ရှားသွား​အောင်​စိမ်​းလိုက်​ပြီဗျို့ ။

      အလက်​ဆင်​း​ရေ …….
      ကျုပ်​ နုတယ်​​ပြောရင်​စိတ်​ဆိုးဒယ်​ 🙂
      ညာမှန်​းသိ​နေလို့ 🙂

  • အလင်း ဆက်

    July 17, 2013 at 7:43 am

    ကျွန်တော့်ကိုရော
    ဦးဆာ ထက် ကြီးတယ် ထင် လား ဟင်
    😆

    အမှန်တော့
    ကျွန်တော် ထင်ထားတာက ဦးဆာက ကျွန်တော့်ထက် အများကြီး ကြီးမယ် ထင်ထားတာ
    အခု သိပ်မှ မကွာပဲကိုးးး
    အဲ အသက်ကိုပြောတာပါနော

    ပြီးတော့ ရုပ်ဆို ရင် ဦးဆာက တောင် ကျွန်တော့်ထက် ပို နုနေသေးတယ်

    ကဲ ဆုရတဲ့သူကြီးးး မုန့်ဝယ်ကျွေးဖို့ပြင်
    🙂

  • ဦးကျောက်ခဲ

    July 17, 2013 at 8:13 am

    မှတ်မှတ်ရရ ရွာသူရွာသား ရေးဖော်များကို ပထမဦးဆုံး ဆုံမိတာ ၂၀၁၂ အောက်တိုဘာ ၂၅ပါ…
    ကိုရင်ဆာနဲ့က နောက်တစ်ရက် ၂၆ရက်နေ့လေ…
    ကျောက်စ်လည်းလွဲတာပဲ၊ တကယ်တွေ့လိုက်ရတော့ ဂျလေဘီသည်ကြီးက ဖြူဖြူချောချောလေ…
    လပ်ကီးဆဲဗင်းမှာ လ္ဘက်ရည် ကျဆိမ့် ၂ခွက်စီနဲ့ စီးကရက်တစ်ဗူးကုန်အောင် ပွါးခဲ့ကြတာ…
    အမှတ်တမဲ့တော့မဟုတ်… အမှတ်တရပါပဲဗျို့… လွမ်းတယ်ဗျ :mrgreen:

    • surmi

      July 18, 2013 at 10:15 am

      ဟုတ်​တယ်​ဦး​ကျောက်​​ရေ
      ကျ​နော်​လည်​းမ​မေ့​သေးဘူးဗျ
      ဟို​နေ့က​တောင်​ပြန်​​ပြောမိ​သေးတယ်​ ။
      ဒီတစ်​​ခေါက်​​တွေ့ဆုံပွဲလည်​း အရင်​လူ​တွေနဲ့ဘဲ ဆုြံပြီးသွားဖြစ်​မှာပါ ။
      ဦး​ကျောက်​ မပါနိုင်​တာကို​တော့ လွမ်​းမိသားဗျာ

      မခိုင်​ဇာ​ရေ
      အဲဒီ​ကောင်​က ကျ​နော်​နဲ့မတူဘူးဗျ
      ဒါ​ပေမယ်​့ နှစ်​ဝိုင်​းမက​ကျွေးပါမယ်​ဗျာ
      ဘူ​ဖေးကို ဓာတ်​ပုံရိုက်​ပြီး တင်​​ပေးလိုက်​မယ်​ ။
      အဝ စားဗျာ 🙂

  • Garfield

    July 17, 2013 at 8:19 am

    ဦးဆာ။
    ဖတ်နေရင်း ဓာတ်ပုံများ ပါမလားထင်လိုက်သေးးးးး
    ကြည့်စရာတော့မလိုဘူးထင်ပါတယ်။
    မျက်မှန်လေးနဲ့ တူမယ်မှတ်တာပဲ။ :mrgree:

    အဲလာဆိုရင်တော့ ချောမှာပေါ့။ :mrgreen:

    ညစာ ၂ ဝိုင်းးးးးးးးးးးးး :mrgreen:

  • Ma Ma

    July 17, 2013 at 8:40 am

    နောင်တချိန်မှာ
    တခါတုန်းက ….
    တခါတုန်းကပေ့ါ……. (ခွက်ဒစ်တူ ကိုဆာမိ) လို့
    ပြောရမယ့် မမေ့ရက်နိုင်စရာ လွမ်းမောဖွယ်အတိတ် (ဆြာစိုးစာထဲကလို လိုကျား ) တစ်ခုအဖြစ်တော့ ကျန်ရစ်ပါလိမ့်မယ်။

    • surmi

      July 18, 2013 at 10:24 am

      အန်​တီမမ​ရေ
      ၆ လဆိုတာ တစ်​ချို့က ခဏ​လေးထင်​ကြပါတယ်​
      ကျ​နော်​က​တော့ အ​ဝေးကြီးလိုပါဘဲ
      သဂျီး ဟီုဘက်​မှာ​ပြောသလို အသက်​၆၅ ဆိုရင်​​တော့ ….
      တစ်​ခါတုန်​းက ဂဇက်​ရွာ​ပေါ့ဗျာ ….

      ဗျို့ဦး​ကြောင်​
      ခင်​ဗျားကြီးနဲ့ က​အောင်​ပုကိုလည်​း ကျုပ်​က
      ၅ဝ ​ကျော်​ဘဲအိုကြီး​တွေလို့ထင်​ထားတာဗျ
      ခုမှသိတယ်​ 🙂 🙂

  • ဦးကြောင်ကြီး

    July 17, 2013 at 8:41 am

    ကျုပ် လဗျွတ်ကြီး မတွေ့သေးလို့.. တွေ့များတွေ့ရင် ဘိုပြောမဲ သိဝူး 🙄

  • မင်းမင်း

    July 17, 2013 at 10:00 am

    ကျုပ်နေတဲ့ မြို့ နာမည် ယူသုံးးတဲ့

    ရွာမို့ ကျုပ်မြို့မှာ တွေ့ဆုံပွဲ လုပ်မှတတ်မယ် :mrgreen:

    • surmi

      July 18, 2013 at 10:29 am

      ကိုမင်​းမင်​း​ရေ
      မန်​း မှာ မန်​ဘာအင်​အား​ကောင်​းပါတယ်​
      လုပ်​ဖြစ်​ပါ​စေလို့​မျှော်​လင်​့ပါတယ်​
      ကိုမင်​းမင်​းတို့လိုတက်​ကြွတဲ့လူငယ်​​တွေပါဝင်​ဦး​ဆောင်​ရင်​ဖြစ်​မှာပါ
      ကျုပ်​လာခဲ့ပါဦးမယ်​​နော 🙂

      @လုံမ​လေး
      ကျုပ်​က ခင်​ဗျားကို ​ကျောင်​းဆရာမလို့ထင်​​နေတာ ဗျ 🙂
      ခုလည်​း ဆရာမပါပဲ ​နော

  • သာမီးကိုရော မမဂျီးလို့ ထင်မိလားဟင်င်.. အူးလေး.. :mrgreen:

    ဒုတိယအကြိမ်မှာ ထပ်ဆုံကြမယ်ဗျိုး.. 🙂

  • ခင် ခ

    July 17, 2013 at 11:28 am

    ပိုစ့်တွေရေးရင် ကွန်မန့်တွေပေးရင်းနဲ့တော့ ရွာသူားတစ်ချို့ကို ခင်မိပါတယ်၊ အဲဒီထဲမှာ ကိုဆာမိတစ်ယောက် လည်းအပါအဝင်ပါ။ ရွာသူသားတစ်ချို့နဲ့တော့ ကျွန်တော်ဆုံတွေ့ဖူးပါတယ် ဆုံတွေမှုရှိတိုင်းလည်း ခင်ခင်မင်မင် ပြောကြဆိုကြတာမို့ အတော်ကိုအားရစရာကောင်းတဲ့ ဂဇက်ပါဘဲဗျာ။
    ၂၁ ရက်နေ့မှာ တိုက်ဆိုင်စွာ ရန်ကုန်မှာရှိလို့ ပွဲကိုတော့ မအားတဲ့အကြောင်းလေးရှိနေလို့ အစီအစဉ် အစအဆုံး မတက်နိုင်ပေမယ့် ငါတို့ ဂဇက်က သူတွေတွေ့ဆုံခဲ့ရာနေရာနဲ့ အခင်းအကျင်းလေးကို ကိုယ်တိုင်မြင်ဖူး ချင်လို့တော့ ခဏ တာလေး ရောက်ရင်ဖြင့်ဆိုတဲ့အတွေးနဲ့တော့ လာမလို့စိတ်ကူး ထားမိပါတယ်၊ အဲဒီအချိန်လေးများ ကိုဆာမိ တစ်ယောက်ကို လက်ဆွဲနုတ်ဆက်ခွင့်ရရင်ဖြင့်ပေါ့လေ။

    • surmi

      July 18, 2013 at 10:44 am

      ဦးခ ရယ်​
      ဘယ်​့နှယ်​​ပြောပါလိမ်​့ … ကျ​နော်​လည်​း ဆုံချင်​မတာလားဗျာ
      ​စောင်​့​နေမယ်​​နော .. လာဖြစ်​​အောင်​သာလာခဲ့ပါ
      တစ်​ကယ်​​တော့လည်​း …. ​အေး​အေး​ဆေး​ဆေး​ပြောချင်​ပါ​သေးတယ်​ဗျာ ….

      ​အောင်​မ​လေး ကိုရင်​ဂီ
      အဲဂလို တွဲရမှလာချင်​တာလားကွယ်​ 🙂
      အင်​းးးးး တွြဲပြီးလာရင်​​တော့ ပို​ကောင်​းတာ​ပေါ့ 🙂

  • Inz@ghi

    July 17, 2013 at 11:42 am

    ဇင်ဇင့် လို ကောင်မချောချောလေး အဖော်ပြုပြီးတော့ တော့ ..ရွာ့ ကွန်ဂရက်စ် ကို တက်ဖူးချင်သားဗျာ..

  • Ma Ei

    July 17, 2013 at 12:12 pm

    ပထမဦးဆုံး အလှူပွဲလေးကို အကြောင်းပြုလို့
    ရွာသူဖြစ်လာခဲ့တာလေး မှတ်​မှတ်​မိမိရှိပေးလို့
    ကျေးဇူးလဲတင် ဝမ်းလဲသာပါတယ် ကိုဆာမိရေ…
    ကဘုန်းကျော်ရဲ့ စာတစ်ပုဒ်ကြောင့်လဲ စိတ်တိုခဲ့ရတာ မှတ်မိသွားပြန်ရော….
    ရွာအလှူတွေမှာ ပါဝင်လှူဒါန်းခဲ့တာ ပထမ ကနေစလို့ ခုချိန်ထိပါဘဲ…
    နောက်ထပ်လှူမယ့် အလှူတွေမှာလဲ ဆက်လက် ပါဝင်နေပါဦးမယ်…

    • surmi

      July 18, 2013 at 11:07 am

      မအိ​ရေ …
      ဆက်​လက်​ပါဝင်​နိုင်​ပါ​စေလို့ ဆု​တောင်​းပါတယ်​​နော
      ရွာ မှာလည်​း ​မေ့မရနိုင်​တာ​တွေအများသား ဗျ ။
      တ​နေ့ကျရင်​​တော့ ပြန်​​ပြောစရာ​တွေအများကြီးရတာ​ပေါ့ဗျာ ။

      ဗျို့ ဦးမိုက်​
      ပျို့ကညာြငြိ ဆို​တော့ … 🙂
      ဒဂျိ ဒဂျိ 🙂

  • kyeemite

    July 17, 2013 at 2:28 pm

    ကိုရင်ဆာမိ
    ကိုယ်ထင်တာကြည့်
    အပျိုထင်ကာညိ
    မညိုညင်ပါအမိ
    လိုချင်လာဘိ
    ငိုချင်လာ၏။ ဘာရယ်မဟုတ် ကျုပ်စိတ်လည်းခပ်လှုပ်လှုပ်ပါ ကိုရင်ဆာ…

  • may july

    July 17, 2013 at 2:57 pm

    ဦးဆာမိ ဆိုတော့ အသားမဲမဲ ထင်မိတာဗျို့ …
    တကယ်တွေ့တော့မှပဲ လွဲ ပါ ရောလားးး…
    မဂျူးကတော့ ဦးဆာ ထက်ငယ်မယ်ထင်တယ် … 😆

    • surmi

      July 18, 2013 at 11:14 am

      ဒီတစ်​ခါ မဂျူး စရင်​း​ပေးထားတာမ​တွေ့ပါလား
      မလာဖြစ်​ဘူးလားဗျ ။
      ဖြစ်​နိုင်​ရင်​​ပေါ့​လေ ….. အားလူံးလာ​စေချင်​တာပါပဲ

  • cobra

    July 17, 2013 at 7:16 pm

    ဘာပဲဖြစ်ဖြစ်တွေ ့ကြတာကောင်းပါတယ်
    အစားအစာလေးက ပိုတောင်ထူးခြားလာတယ်ဆိုတော့ ပိုကောင်းတာပေါ့
    သောက်စရာလေးပါ ပါရင်ပိုကောင်းတာပေါ့
    တိုက်မယ့်သူတွေများရှိရင် ကျွန်တော်က သောက်တတ်တယ်လို့……….

    • surmi

      July 18, 2013 at 11:12 am

      ​ေြမြွမင်​းသား​ရေ
      တိုက်​မယ်​စိတ်​ချ …
      ​သောက်​စရာက ကိုယ်​့အစီစဉ်​နဲ့ကိုယ်​ဆို​တေ့ာ 🙂
      လှည်​းတန်​းအိုင်​တီမှာတိုက်​မယ်​ မနက်​​စော​စောလာရင်​​ပေါ့​လေ 🙂

      သဂျားမင်​းးးး
      ရထား​တော်​နဲ့ကြွမယ်​သိရလို့ ဝမ်​းသာပါ၏
      ဘူတာကြီးလည်​းထိုင်​ကန်​​တော့မ​နေနဲ့ဦး​နော်​
      ​ရွှေတဂုံကို​မောင်​အံပို့​ပေးလိမ်​့မယ်​ 🙂

      • Mr. MarGa

        July 18, 2013 at 1:26 pm

        သူတို့ကို ပြောထားပါဦးဗျာ
        နတ်ဝတ်တန်ဆာတွေ ဝတ်မလာပါဘူး လို့
        ပုံမှန်ပဲ လာကြိုရင် ရပါတယ် လို့ :mrgreen:

        • Ma Ma

          July 18, 2013 at 1:42 pm

          နတ်ရထားလွှတ်လိုက်တယ်။
          နတ်မျက်စေ့နဲ့ကြည့်မှ မြင်ရမယ်။
          သိကြားစစ် မစစ် စစ်ဆေးတာ။
          မြင်ရလား သိကြား။ 😆

        • Mr. MarGa

          July 18, 2013 at 7:37 pm

          စိတ်ခ
          ဒီတစ်ခါလဲ နတ်ဝတ်တန်ဆာတွေ ဖျောက်ခဲ့မယ်
          ဟီဟိ
          နတ် အချင်းချင်းသာ မြင်နိုင်မှာဗျိုးးးးးးးးးးးးးးးးးး
          အနော်က မြင်ရပြီးသား

  • Mr. MarGa

    July 17, 2013 at 7:34 pm

    ဘယ်လိုပြောရမလဲ
    ထူးတော့ထူးတယ်
    မန်းက လူက ပထမဆုံး ဆုံတဲ့ မန်ဘာတွေက
    ရန်ကုန်ကချည်းဘဲ
    အဲ့နေ့ကလို နောက်တစ်ခါ ထပ် ပေါကြဦးစို့လား ဦးဆာရေ့

  • TNA

    July 17, 2013 at 8:20 pm

    ကိုယ်မပိုင်တဲ့ကိုယ့်ဘွမို့ တွေ့ဆုံပွဲတိုင်းလွဲချော်ခဲ့ရတာရင်နာမိပါတယ်။ ဒီတခါလဲ ချိန်းမထားပဲ တည့်တည့်ကြီး တိုးလို့ အလွဲကြီးလွဲရပြန်ပီ။

    • surmi

      July 18, 2013 at 11:17 am

      မသဲနု​ရေ
      ကိုယ်​ချင်​းစာမိပါရဲ့ဗျာ ။ကျုပ်​လည်​း အရင်​အလှူ​တွေတုန်​းက ဒီလိုပါပဲ
      ခုလည်​း … မနဲကြိုးစားရမှာပါ

  • padonmar

    July 17, 2013 at 9:42 pm

    ကိုဆာမိ
    အတိတ် ပြန်လွမ်းဆွတ်တာလေး ကောင်းလိုက်တာ။
    ဒီလိုမှန်းသိ
    ရွာ့စာအုပ်မှာ အလှူမှတ်တမ်းအမှာစာကို ကဆာမိရေးခိုင်းလိုက်ပါတယ်။
    ခုတော့ မစုံမလင်ပါသွားပြီ၊ခွေးလွှတ်ကြပါဗျို့။

    • surmi

      July 18, 2013 at 11:28 am

      အစ်​မပဒုမ္မာ​ရေ …
      ကျ​နော်​က ဒီလိုပဲ အတိတ်​ကိုသွား​နေကျဖြစ်​​နေလို့ထင်​တယ်​ 🙂
      🙂
      ဒါ​ကြောင်​့ ​ရှေ့ကိုမ​ရောက်​​တော့ဘူး … 🙂
      ကွန်​ဖရင်​့ အ​ကြောင်​း​တော့ သိမသိတာတ​ကြောင်​း ြပြီး​တော့ …
      မူပို်​င်​ရှင်​ အစ်​မ​တော်​နဲ့သာ ပိုြပြီးသင်​့​တော်​တာ မို့ 🙂
      ​စောင်​့ြပြီးဖတ်​မလား လို့ 🙂
      ​နောက်​တစ်​ခုက ဓာတ်​ပုံလည်​း မတင်​တတ်​ ၊စာ​ရေးရတာကလည်​း ဖုန်​း နဲ့ဖြစ်​​နေ အဲသလို​တွေ​ကြောင်​့ 🙂
      ဒါ​ပေမယ်​့ ….. အင်​းးးး ဆို​တော့ …..
      နည်​းနည်​း​တော့ ဟို​ရေးဒီ​ရေး လုပ်​ဖြစ်​မလားပဲ ။
      ဘာပဲဖြစ်​ဖြစ်​ အစ်​မ​ရေးတာ​​လေး​တော ့ ​မျှော်​​နေဦးမယ်​​နော 🙂

  • padonmar

    July 17, 2013 at 9:43 pm

    ဒီတစ်ခါ ဂဇက်ကွန်ဖရဲင့်စ်အကြောင်း ကိုဆာမိဗားရှင်းလေးရေးပေးရင် ကောင်းမှာပဲ။

  • Swal Taw Ywet

    July 18, 2013 at 12:04 pm

    ဒီပွဲကတော့ လွဲလို့ကို မဖြစ်တော့ဘူး။
    စာအုပ်မှာလည်း လက်မှတ်တွေထိုးခိုင်းရမယ်။
    ရွာသူားတွေနဲ့လည်း ဓါတ်ပုံတွေတွဲရိုက်ရမယ်။
    စာအုပ်တွေအပိုဝယ်၊ လက်မှတ်တွေထိုးခိုင်းထားပြီး ONLINE ကနေ လေလံတင်လိုက်ရရင်……
    ဘီလီယံ ဘိဇနက်ပေါ့။
    စာအုပ်မရလိုက်မှာတောင်စိုးရပါရဲ့။
    အစောဆုံးရောက်အောင်လာချင်တာမို့
    ဗို်လ်အုန်းသီးတောင် မှာထားပါပြီဗျို့။
    ဆုံကြစို့ရဲ့။
    With respect,
    Swal Taw Ywet.

    • surmi

      July 18, 2013 at 12:42 pm

      အစ်​ကိုကြီးစွယ်​​တော်​ရွက်​​ရေ
      အစ်​ကိုနဲ့ အရင်​ဆုံဖြစ်​မလားပဲ ……
      ဒီတစ်​ခါမလွဲ​တော့ပါဘူး 🙂

  • e tone

    July 18, 2013 at 3:25 pm

    အယ် .. တများ အာမေဋိတ်သံနဲ့ …အသက်ကြီးတယ်တော့လို့ … ပြောမိပြောရာ ပြောခဲ့တာ ဂယ်ပဲ အမှတ်ထားတယ် … ။ ဟီး …ပြန်တွေးတိုင်း ဟန်မဆောင်တတ်တဲ့ အကျင့်ကြောင့် … အားနာရပါတယ်ချင့် … ။ 😳

    ယောက္ခမရီးချင့် ….ဖစ်နိုင်ရင်လေ တောက်ထဲ မလာဗဲ သများတို့ အမောပြေအောင် … သားလေးနဲ့ တကွ တက်ရောက်ပါလို့ဖြည့်စွက် အကြံပုပါရဇီချင့် …. ။ ဒယ်ဒီမိုက်ဆို .. ခဏခဏသားလေးနဲ့ လာတယ် … ။ :kwi:

  • surmi

    July 18, 2013 at 6:55 pm

    မအိတုန်​်​​​ရေ
    ပထမဆုံးအလှူမှာ ပထမဆုံး​တွေ့ခဲ့ဖူးတဲ့ ရွာသူားအ​နေနဲ့ အမှတ်​ရ​နေမိတာ ။
    အား​တော့မနနဲ့ဗျို့ ကျုပ်​လည်​းတူတူဘဲ 🙂
    ဒါနဲ့ … ဟို​ကောင်​က အရမ်​း​ဆော့သဗျ ။
    သူ့​ခေါ်လာရင်​ မျက်​စိ​နောက်​​နေပါလိမ်​့မယ်​ဗျာ….
    အ​မောမ​ပြေဘဲ ပို​မော​နေမှဖြင်​့ ….. 🙂

  • ကျနော်က ကတော့ ကြိုတင်စိတ်ကူးရဲ အမြဲလွဲပါသတဲ့။
    မှတ်မှတ်ရရ 2011 ကျနော်မွေးနေ့ မတို်င်ခင်တစ်ရက်မှာ မပဒုမ္မာ မမ ကိုနေချား မဝေ ဆူး တို့နဲ့ အမှတ်တရ ဘုရားဖူးထွက်ခဲ့ရ။
    နောက်ရက် ကျနော်မွေးနေ့မှာဦးဖက်တီး တေးကလုန် ဒေါက်ဒေါက် အာဂ ရစ်မမ ချာတူး မောင်ဝါဝါ အီးရော်စ် မနောဖြူ တို့နဲ့တွေ့ခဲ့ရ
    မန်းလေးကို ခဏရောက်လာတဲ့ကိုဘလက်ချောနဲ့
    နောက်တော့ ကိုမိုက်နဲ့
    နောက်တစ်ခေါက်မှာတော့ အများကြီးနဲ့တွေ့ခဲ့ရ
    ထိုနောက်မှာတော့ ပန်းတစ်နော်ပွဲမှာပိုပိုများသောမိတ်ဆွေများနဲ့တွေ့ခဲရ
    နောက်ပိုင်းမှာတော့ ရွာသူားအတော်များများ နဲ့ရန်ကုန်မှာရေ မန်းလေးမှာပါတွေ့ခဲ့ရပါတယ်။
    ပထမတစ်ခေါက်တွေ့ဆုံပွဲ ကျနော်ကပ်လွဲပါတယ်။
    အဲဒီမတိုင်ခင်လေးကတင်ရန်ကုန်က ပြန်လာခဲ့တာပါ။
    အခုတစ်ပွဲလဲ ခဲထားပေမယ့် လွဲပြန်ပါတယ်။

    ဒါပေမယ့် ကျနော်မလာနို်င်ပေမယ့်ကို်ယ်စားလှယ်လွတ်ထားပါတ.ယ်

    ကျနော်ရို်က်ထားတဲ့ဓါတ်ပုံ လေးတွေကို ရွာသူားများအတွက် ပီပီချိုနဲ့ မိမိတိုက်ဆီပို့ပေးထားပါတယ်။
    နောက်မှာလက်မှတ်ထိုးပေးထားပါတယ်။
    ဓါတ်ပုံလေးကူးခကတော့ တစ်ပုံမှ 65ကျပ်ဘဲကျပါတယ်။
    ဒါပေမယ့်ဒီဓါတ်ပုံလေးများထဲမှာ ကိုပေါက်ရဲချစ်ခင်လေးစားမူ့တွေနဲ့ စေတနာတွေပါဝင်နေတာအမှန်ပါဘဲ။
    ဒီပုံလေးတစ်ပုံရဘို့ အများကြိးအားထုတ်ခဲ့ရလို့ပါ။
    မလာနိုင်တာ ခွင့်လွှတ်စေလိုပါကြောင်း။

    • surmi

      July 21, 2013 at 6:54 am

      အစ်​က်​ု​ပေါက်​​ရေ
      ဒီ​နေ့မနက်​မှ Reply လုပ်​ဖြစ်​တာခွင်​့လွှတ်​​နော
      ဟိုရက်​​တွေက ရွာထဲမ​ရောက်​ဖြစ်​ဘူး​လေ
      ဒီတစ်​ပတ်​​တော့ ကို​ပေါက်​လာမယ်​ထင်​ထားတာ လွဲပြန်​တာဘဲ​နော
      ဓာတ်​ပုံ​လေး​တွေပို့​ပေးထားတာ​ကျေးဇူးဘဲဗျ ။
      ကိုစားလှယ်​ဦးမာဃ​တော့ မ​နေ့က​ရောက်​လာပါပြ ။
      ကျ​နော်​ရတဲ့ ဓာတ်​ပုံ​လည်​း ဘာပုံဆိုတာ ပြန်​​ပြောဦးမယ်​ ။
      ​နောက်​တစ်​ကြိမ်​​ပေါ့အစ်​ကို​ရေ ….
      အခု ကျ​နော်​ စုရပ်​ကိုသွား​နေပါြပြီ

Leave a Reply