ဒေါသဂိုဏ်းသင့်တဲ့ အားပေးစကား

ムラカミJuly 17, 20131min16612

ကံဆိုးမှု မိုးသားတွေ ပြိုကျတဲ့ ကာလပေါ့..

အားငယ်နေမလားကွယ်..

ဆောရီး .. ကျနော် အားမပေးတတ်ဘူး..

ခပ်သော့သော့ ပြုံးလို့ လောကဓံဆိုတဲ့ ငနဲသားကို

ကလိကလိ နေအောင် ပျက်ရယ်ပြုတတ်တာ..

ကျုပ် ထရိတ်မာ့ခ် ရယ်ပါ…

 

ပြုံးပါဦး မိန်းကလေး..

မင်းပြုံးတိုင်း ပန်းတွေ မကြွေ သလို

ကြယ်တွေလည်း မသေဘူး

ဒါပေသိ …

စိတ်ကျေနပ်မှုရဲ့ တန်ဖိုး တစုံတရာ ကိန်းတယ်..

မာန ဆိုတဲ့ပန်းဟာ မွှေးလွန်လွန်းလို့ လောကဓံ ဆိုတဲ့ကောင် ရှုရှိုက်ဖို့ မတန်ဘူး တဲ့လေ..

 

ဒုက္ခ ဆိုတဲ့ ငနဲသားက သူ့ခယ်မ သောက ကိုပါခေါ်ပြီး

အိမ်ပေါ်တက် ထမင်းမျိုတာပဲကွယ်.. ကျွေးလိုက်ပါ..

မျက်လုံးလေး မှေးစင်း လို့ ဖွဖွလေး ရယ်လိုက်စမ်းဘာ…

တွေ့လား ..

ငတိရဲ့ အရှက်တရားတို့ .. လွင့် စင် ပျောက် ရှ..

ဒင်းတို့ရဲ့ ထောက်ထားတဲ့ ဒူးတွေ သွေးချင်းချင်းနီမှ

ငယ်ထိပ်ကို တက် အလံစိုက် မယ်လေကွယ်. ..

နော်..။

 

12 comments

  • ဦးကြောင်ကြီး

    July 17, 2013 at 9:39 am

    ဒေါသဂိုဏ်း
    ဘောဂသိုင်း
    သောမတိုင်း
    မောရလှိုင်း
    ဩဘနှိုင်း
    ကောဇရှိုင်း
    ဗျောတဆိုင်း.

  • Garfield

    July 17, 2013 at 1:06 pm

    နောက်တစ်လုံး ပါ ကျကွဲပါစေ။
    (ဟန်းဖုန်းးးးး)

    ဪ။ များများးး အားပေးလို့ရအောင် ပါ။
    ငိငိငိ :mrgreen:

    • Inz@ghi

      July 17, 2013 at 3:31 pm

      under-height ဖြစ်နေသူတဦးရဲ့ ရယ်သွမ်းသွေးမှု ဆိုပီး ခွင့်လွှတ်မှု ဂျက်ပင်ကို ဗော်လျူးမ်း ကုန် တင်ထားပါတယ်လေ…ငိငိ

  • အရီးခင်လတ်

    July 17, 2013 at 1:29 pm

    ‘Stay hungry, Stay foolish’.
    အဟတ်ဟတ်ဟတ် ……. 😉

    • Inz@ghi

      July 17, 2013 at 3:29 pm

      အရှေ့အာရှက အသည်းမမာဆုံးသော စည်းနဲ့ကမ်းနဲ့ လစ်ဘရယ်ယောက်ျားတယောက် ရဲ့ ဖွင့်ဟဝန်ခံချက်ပါ ခီညာ..

      ဒချိ.. ဒချိ..

  • kai

    July 17, 2013 at 3:32 pm

    ရှေးစကားအရ.. ကဗျာစပ်ရင်.. စာရေးရင်လည်း.. ဒေါသသင့်တဲ့စာတွေ.. စကားတွေရှိတယ်..
    ကဗျာမှာ.. ဝဂ်နင်း နဲ့ ခွါထောက် ဒေါသတဲ့…။
    သတိထားသင့်တာတဲ့..။

    ဒီခေတ်ပိုင်းကျတော့လည်း.. တမင်ကိုဒေါသသင့်အောင်လုပ်ပြီးမှ.. ပြူးပြဲပြတာလုပ်ကြတယ်..
    ဖတ်လို့ကောင်းတာပါပဲ…။

  • အလင်း ဆက်

    July 17, 2013 at 6:42 pm

    မျက်လုံးလေး မှေးစင်းလို ့

    ရယ်လိုက်ပါပြီကွယ်
    ခွိခွိ

    😆

  • Mr. MarGa

    July 17, 2013 at 7:55 pm

    ငယ်ထိပ်ကိုတက်
    အလံစိုက်တော့
    ဘယ်လိုများ နေမှာပါလိမ့် 😆

    • Inz@ghi

      July 17, 2013 at 9:27 pm

      ဒုက္ခနဲ့ သောက ကို ငယ်ထိပ်အလံစိုက်နိုင်မှတော့. ဒူပေဒဏ်ပေရှိလာပြီပေါ့ ကိုယ့်ဆြာ ရယ်.
      အော်. လှောင်ရီတတ်တဲ့ နှုတ်ခမ်းလေးတွေ အထော်လွန်လို့ ပြတ်ကျတဲ့အခါ ဖိနပ်လုပ်စီးရအောင် သဲကြိုး တစုံလောက်တော့
      ဝယ်ဆောင်ထားနိုင်ရင်. ဘဝက နေသာထိုင်သာ ရှိသာပ.

  • ဘဆွေ

    July 17, 2013 at 10:50 pm

    ဂီရေ.. လောကမုန်တိုင်း ယောက်ခမ တို့ ဘဝအမော ပထွေးတို့ မယားပါသား ကံဇာတာ တို့လည်း ထည့်ရေးပါဦး…

  • Wow

    July 18, 2013 at 3:51 pm

    ကိုင်း… ဆွေမျိုးလဲစုံဘီဆိုတော့ ရက်လယ်လိုက်ပါတော့ ဂီရယ်… :mrgreen:

  • uncle gyi

    July 18, 2013 at 10:55 pm

    ကံကသူ့ကိုပြုံပြသူကို
    မျက်နှာသာပေးတာလား
    အရွဲု့တိုက်သူကို
    ကြောက်တတ်တာလား
    ဥပက္ခာပြုသူကို
    ကျောခိုင်းသွားတာလား
    မလျောတဲ့ဇွဲ လုံးလရှိသူကို
    ဒုူထောက်မှာလား
    သူ့ဖာသူဘာလုပ်လုပ်
    မလျော့ဇွဲနဲ့ကြီုးစာနေဖို့က
    ိုကိိုယ့်အလုပ်

Leave a Reply