ပြိုင်တူ … ဒွန့်လျှင် … ဝိုင်း ပိုစည်သည်နှင့် အခြားမှတ်စုများ

ခေါရ် တယောက် ဒီနေ့လည်း ဖွဘုတ်ပေါ် တက်ရင်း … ခါတိုင်းလို

ဝေါလ် ပေါ်တက်လာသမျှ ဒတ်ပုံတွေ ဒွန့်ပုံတွေ …. Like မလုပ်တော့ဘဲ နည်းနည်းလူရှိန်အောင် ကီတချက် သွင်းရင်း နိူင်ငံရေး/လူမှုရေး/စီးပွားရေး စာမျက်နှာတွေ ဖတ်ဖြစ်တယ်။

ငြိမ်းချမ်းရေးမရတာ ဘာဖြစ်လို့လဲ ? (ဆလိုင်းမီးဒုတ် )

comment : အဝေမတည့်သေးလို့ပါ

ဟယ် … မှန်ချက်က ပက်ပက်စက်စက်  🙂

 

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့  မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဘာကွာသလဲ ( ကိုကိုနီ ကြီးပွားရေး တက္ကသိုလ် )

comment : ကုလားကြီး နဲ့ အရာကြီး

ဟယ် … ထပ်မှန် နေပြန်ပါဘီ   🙂

 

မြန်မာနိူင်ငံရေးသမား အစစ်အမှန် ရေငုပ်သန်၏  ( မျိုးချစ်ကိုကို )

comment : အဲ့တာတော့ မသိဘူး … တချိန်က နိူင်ငံရေးသမားမှန်ရင် စစ်အစိုးရ လက်ချက်ကြောင့် ထောင်ထဲကြီး မြန်းရတာ ကတောက်စ်   😈

comment : ခင်ဗျားပြော သလိုဆို ထောင်ထဲ ဝင်လိုက် ထွက်လိုက်နဲ့ ဂနေ့ နာမည်ကြီးနေတဲ့ သူတွေကြီးကဘဲ နိူင်ငံရေး သမားလိုလို ကျန်တာ မြန်မာတပြည်လုံး နိူင်ငံရေးသမား မရှိတော့ဘူးလား ???     😯

comment : မဟုတ်ဘူးဟေ့ … နပ်တဲ့ကောင်တွေက ကျူရိုး ရှည်ရှည်လေးကိုင်ပီး ရေငုပ်နေတာ တအောင့်ကြာ ပေါ်လာလိုက် မြှောက်သင့်တာမြှောက်၊ ကြောက်သင့်တာ ကြောက်လုပ်ပြ ပီးရင် ကုန်းပေါ်က လူတွေကို ချောက်ချပီး ဒင်းတို့က ရေငုပ်တိုင်း ဆော့နေတာ

comment : ဒညင့် ဒညင့် 

လိုက်မှီတော့ဝူး  @_@

 

ကျားကိုက်မှာ ကြောက်ရန် ကြောက်ဖို့ သတိထားဖို့ လိုတယ် ( မျက်ကန်းမုန်းမုန်း )

comment : အဘွားကပြောတယ် တောထဲ မသွားနဲ့ ကျားရှိတယ်၊ ကျားကိုက်လိမ့်မယ်တဲ့

comment : အဘိုးကပြောတယ် တောတိုင်း သွားတဲ့ သူတိုင်းကို ကျားမကိုက်ဘူး၊ ကျားကိုက်တဲ့ သူတိုင်းလဲ မသေဘူးတဲ့

ဘာလုပ်ရမလဲ ဟင်င်င်င် …  ???

 

အက္ခရာ သုံးလုံး အထက် ဘယ်သူရှိသလဲ ( ပရိုဖားစား ဒေါက်တာ ကြိတ်ဝါး )

comment : သစ်ပင်နဲ့တူတာ မြက်တောင် မစိုက်ဘူးတဲ့ ဒေါ်လာဈေးကျရင် တိုင်းပြည်ပျက်ပါဘီ အော်တတ်တဲ့ မြန်မာနိူင်ငံသစ်လုံးငန်းရှင်များ အသင်း

comment : ကိုယ်တိုင်က စက်ဘီးလေထိုးတာနဲ့ စက္ကူလေယာဉ်ပျံတောင် အနိူင်နိူင်လုပ်နေရတဲ့ UMFCCI

comment : ဆန်ဈေးတက်တာ ထမင်းလုံး တစ္ဆေ ခြောက်ခံရသလို နာတတ်တဲ့ မြန်မာနိူင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း

comment : ငါမွေးတတ်ဖို့မလို လူမွေးတတ်ဖို့ဘဲ လိုတယ်ဆိုတဲ့ မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များ အသင်း

comment : ဟိုအသင်း ဒီအသင်းက ပညာတတ်၊ လုပ်ငန်းရှင်တွေ အကုန် အကုန်

သာမီး မပါဝူးနော် ….     🙄

 

လူတကာ့ လူတွေထဲမှာ ဘယ်လို လူမျိုး ကြောက်ဖို့ အကောင်းဆုံးလဲ ( ကိုခံရ နင်းပြားမြေ )

comment : ပညာတတ် လူနပ်တွေ ကြောက်ဖို့ အကောင်းဆုံး …..

 

ခင်ခက်ခက်ခေါ facebook timeline …. status update

သာမီးရဲ့ အူးတွေကို လူတွေက ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နဲ့ မကောင်းဘူးလို့ ပြောကြတယ်

သာမီးကတော့ သူရို့ကို အရမ်းသနားတယ် သူတို့ခမျာ ကြိုးတန်းပေါ် လမ်းလျှောက်နေရတာ ခေတ်အဆက်ဆက် စနစ်အဆက်ဆက် …

အဟင့် … အဟင့် ….. အဟက်

 

အိမ်စာ

REVOLUTION

REFORMATION

REFORLUTION  ( REVOLUTION + REFORM )

REVEALATION 

သမီး အဲ့ဒီလေးခု အလွတ်ကျက်နေတယ် …. စာမေးပွဲမှာ ၂၅မှတ်ဖိုး ပါမယ်တဲ့

 

အားလုံးကို ချစ်ခင်စွာဖြင့်

ခင်ခက်ခက်ခေါ ………. ( ဒီမို KTV )

26 comments

  • Inz@ghi

    July 17, 2013 at 11:52 am

    လုပ်ပီ စောခူသက် တို့ကတော့..
    သူမနေရ ငါမနေရ ..။ :mrgreen:

    အိုက်ဒါပျောဒါပေါ့ မစီးရဒဲ့ မီးရထား ဂဲနဲ့ ကောက်ထုတာ ဆိုတာ ..
    ဟို နိုင်ကျဉ်း ဟောင်းဂျီးကတော့ ဂလို စာချိုးဖူးသဗျ..

    နောက်တခါ
    လာချင်ဘူး ဒီအထဲ။
    မှန်နိုင်လွန် ဟင်းရည်ကျဲနဲ့ ၊
    သဲငါးပိ ဆန်လုံးတီး ၊
    (- ီး) လိုမှ ပဲ။

    တဲ့… ကျုပ်လည်း ခုတလော သူ့စာဒွေချည်း ရီဗီရှင်ပျံနေဒါရယ်… ဒချိ.. ဒချိ..။
    မြင်းခြံ ငွေနဂါးလေး တစ်စီးလောက် လိုချင်တယ် မေမေ…။

    • ခင်ခက်ခက်ခေါ

      July 17, 2013 at 1:22 pm

      မောင်၄ မှားပါတယ်ကွီ …..

      စောခူသက် နဲ့ စောဖွပြေး အဲ့လာမို့ မဲစောက်လာရင် အာရ်ဘွား တချက်လျော့မယ် …..

      ခိ ခိ ခစ် …

  • ဦးကျောက်ခဲ

    July 17, 2013 at 12:18 pm

    ပြိုင်တူ တွန့်လျှင်… ယိမ်း ပိုညီသည်
    ခေါရ်ဖွပြေးတို့က အမြင်စူးရှတယ်… ပရိုဖားစား ဒေါက်တာကြိတ်ဝါး ဆိုဒါ ခီညားပဲဖြစ်မယ်…
    အန်ဒရာယ်ကင်းအောင် သမဒ အကျန်ပေးအဖွဲ့ထဲမှာ ခန့်မှ…
    လာခဲ့ ကြိုးတန်းပေါ်လမ်းလျှောက်… :mrgreen:

    • ခင်ခက်ခက်ခေါ

      July 17, 2013 at 1:27 pm

      ဒီလိုပါရှင့် ….
      ခုတလော စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါး အန်ဒရယ် ထဲမှာ ဒီမိုကရက်တေဇီ ဆိုတဲ့ စားဆေးနဲ့ ထိုးဆေးဟာ အတော် နာမည်ကြီးနေပါတယ် ချင့် ……
      အရင်က လူတန်းစား အမြင့်ပိုင်း တရပ်ကို သာ အဓိကထား သုံးစွဲနေရာကနေ အခု အားလုံးလက်ထဲ အကုန်သုံးနိူင်အောင် ရည်ရွယ်လာပါတယ့်ချင့် …. ကောင်းသလား ဆိုတော့ ကောင်းပါတယ်အူးရယ် …
      ဒါပေမဲ့ အရမ်းများရင်တော့ ဦးရော သမီးပါ ပင်ပန်းပီး အရာမရောက်မှာ စိုးလို့ပါ နော် …. အူး ….
      ဦးက လိင်မာဒယ် … ခစ် ခစ်
      :mrgreen:

  • အရီးခင်လတ်

    July 17, 2013 at 1:26 pm

    သူပုန်ဘဝ ကနေ နောက်တစ်မျိုး ဖြစ်ပြန်ပဟဲ့။
    မပြောတော့ဘူး။ 😆

    • ခင်ခက်ခက်ခေါ

      July 17, 2013 at 1:34 pm

      အရီးချင့် ဟိုဘက်မှာ အတည်ဖတ်ပီး ဒီဘက်မှာ အပျော်သဘောပေါ့ …
      ဒါပေမဲ့ သာမီးလဲလေ လောကီသားပေမို့ … အချို့ဟာတွေ ကြုံဖူးလို့ပါ..။
      🙂
      အတည်ပြောပါ့မယ် …
      ဟိုဘက်က အပျော့ အမာ ဇာတ်လမ်းကို ဖတ်ပီး ဒီရောဂါ ထဖြစ်တာပါ ..
      အက္ခ ၃လုံး (စိန်၊ စု၊ မန်း)နဲ့ Dမိုကရက်တိုင်ဇေးရှင်းကြီးဘဲ စာတွေ့တွေ တအားဖတ်နေရလို့ …
      အတို့အမြှုပ်လေးဆွဲထည့်တဲ့သဘော ….
      ပြုပြင်ပြောင်းလဲရေးမှာ ဒင်းတို့လဲ ရာခိုင်နှုန်း အတော်များ ပါတယ်ဆိုတာလေး သူများနဲ့ မတူအောင် ရေးချင်တာ
      မရေးတတ်လို့ ….
      🙁

  • Garfield

    July 17, 2013 at 1:42 pm

    ဒွန့်ကြစို့ လေ။ :mrgreen:

    ဇော်သန့်ရေ။
    ဒါမာ လာကြည့်စမ်းးးး
    မင်းရဲ့ ပို့(စ) ကို ဖတ်ပြီး မျက်စိ ဆံပင်မွှေးတွေ ဆူးကုန်ပြီထင်တယ်။
    လာရှင်းဦးးးး ငိငိငိ :mrgreen:

    • Zaw Thant

      July 17, 2013 at 2:49 pm

      .. ဗျာ.. ဝင် ဒွန့်ဖို့ခေါ်တာလား? မျက်စိဆံပင်မွှေးစူးတာ ရှင်းပေးဖို့ခေါ်တာလား..?

      .. ကျွန်တော်က ဟိုရေးဒီရေးပဲ လျောက်ရေးတတ်တာ.. မျက်စိထဲ့ဝင်သွားတဲ့ ဆံပင်မွှေးတော့ မရှင်းတတ်ဖူးရယ်.. အဲ့ဒါကြောင့် ဟိုဖက်မှာကတည်းက သည်းခံပေးဖို့ တောင်းပန်ထားရတာ.. နောက်နောင်ဆို ကိုယ်စာကို အမွှေးပြောင်အောင် နုတ်ပြီးမှတင်ပါမယ်.. 😛

      • ခင်ခက်ခက်ခေါ

        July 17, 2013 at 10:55 pm

        ကိုဇော်သန့် ရှင့် …
        တခုခုတော့ လွဲနေပီထင်တယ် …
        ကျမ သိသလောက် ထပ်ဖြည့်မိတာကို ……
        အာ … ဟူး …
        ဆိုတော့ …. ဘယ်နေရာရောက်ရောက် မြန်မာဟာ မြန်မာဘဲမို့ …

        မှားခဲ့သည်ရှိသော် …. ခွင့်လွှတ်ပါ …
        ဆိုတော့ ဒီနေ့ ရေးနေ ပြောနေသူများ ၂၀၂ဝ မလွန်ခင် စာမျက်နှာ တခုခုပေါ်မှာ တွေ့ချင်မိရဲ့

        • Zaw Thant

          July 18, 2013 at 9:39 am

          .. မ KZ က မျက်စိ ဆံပင်မွှေး ဆိုလို့ ကျွန်တော်ကလည်း မျက်စိဆံပင်မွှေး ဝင်ပြောရတာပါဗျာ.. ဘာရယ်မဟုတ်ပါဘူး.. နည်းနည်းဝင် ဒွန့်ကြည့်တာပါ.. 😀

        • Garfield

          July 18, 2013 at 9:46 am

          ဂစ်။
          နာ တရားခံ ဖစ်ပြီ။

          ဒွန့်ရအောင်ဆိုတာက ခေါ ကို ပြောတာဖြစ်ပြီးးး ကို ဇော်သန့်ကို ရန်တိုက်ရအောင် ခေါ်လိုက်ရာက ဂလိုတွေဖြစ်သွားတယ် ဆို စောဒီးပါ။

          ကိုဇော်သန့် ရေ၊ ရွာ အထာမသိပဲ သိပ်မပြောနဲ့။
          နားလည်မှုတွေက နေရင်းထိုင်ရင်းကို လွဲပြီးရင်း လွဲနေကြတာကလားးး

          ဟမ်မလေးးးလေးးးးးး

          မောထာ။
          ကိုယ့်တုန်း က အလိုလို နားလည်ပေးရသလောက် ကိုယ့်ကျ နားမလည်တာတွေ ရှင်းပြရတာ သမီး မုန်းတယ် ဖေဖေ။
          (ခရက်ဒစ်တူ: ဦးရာလူ)

        • ဦးကျောက်ခဲ

          July 18, 2013 at 10:02 am

          သာမီးဆွိ… ဖေဖေကျောက်စ် ပြောထားတယ်လေ…
          နားလည်မှုဆိုတာ နားရွက်ဆွဲပြီးလှည့်ယူလို့မှ မရတာ…
          အချိန်တန်ရင် “ဓာတ်” သွားမှာပေါ့ကွယ်… အားဟိ :mrgreen:

        • Zaw Thant

          July 18, 2013 at 10:06 am

          .. ရွာအထာမသိတဲ့ လူမို့ ခွင့်လွှတ်ကြဘာလို့… နားလည်မှုလွဲနေရင်လည်း ပြောကြဘာလို့.. ရှင်းတတ်သ၍ ပြန်ရှင်းပါမယ်..

        • Garfield

          July 18, 2013 at 10:09 am

          ဖေဖေကျောက်(စ)

          ဒါပဲနော်။

          ဖေကြီးကို မခွဲနိုင်လို့ မိန်းမ မယူနဲ့။
          ငိငိငိ :mrgreen:

      • Garfield

        July 18, 2013 at 10:11 am

        နည်းနည်းလေးတော့ လွဲနေတယ်။
        လွဲလွဲလေးလည်း ကောင်းပါတယ်။
        စိတ်ကျေနပ်ရင် ပြီးတာပဲ။
        နေတတ်ရင် အေးဆေးလေးးးးး

        သာမီး သီချင်းဆိုတာနော်။ နားလည်မှု မလွဲကြနဲ့။ :mrgreen:

    • ခင်ခက်ခက်ခေါ

      July 17, 2013 at 10:29 pm

      မမKZ … သာမီးလို အသစ်ကို ကြိုဆိုတာ နည်းနည်းများ ပုတ်ဂိုရေး ဆန်သလားလို့ …
      မမဂျီးက လူလတ်ပိုင်းပါ သာမီးတို့က လူငယ်ဒွေ …. ခေတ်ကို လိုက်ကျစတမ်းဆို … မမဂျီးတို့လို ၅၅ဝ ဇာတ်နိပါတ်တွေ ထိုင်ဖတ်နေရင် …. အကျိုးထူးမယ် လို့မထင် …..
      ဇဂါးမစပ် …

      ဇော်သန့်ရေ။
      ဒါမာ လာကြည့်စမ်းးးး

      အဲ့ဒါ ၄ဝကျော် ၅နှစ်တွင်းများ လားလို့ …
      မမဂျီး ဝါတွင်း ငရဲကြီးမှာ ကြောက်လို့ …
      🙂

      • Garfield

        July 18, 2013 at 6:15 am

        မဂျီး က တတ်သလောက် မှတ်သလောက် ရန်တိုုက်ကြည့်တာ ပါကွယ်။ ဟိုုဘက်ကသွေးအေးတော့ မဂျီး ငရဲကြီးတာပဲ အဖတ်တင်တာပေါ့ သားရယ် အဲလေ သမီးရယ်။ ငရဲလေး နိုုင်တာ အမြတ်ပေါ့ရယ်။
        ဖြစ်သေးးဘူးးး ၅၅ဝလေးးး ဖတ်နေရတာ အန်ဒရယ်ကင်းးးပါတယ်။
        ငိငိငိ :mrgreen:

  • မင်းမင်း

    July 17, 2013 at 2:32 pm

    ကြိုးတန်းပေါ်လမ်းလျောက်နေတဲ့သူတွေကို

    ပြောပေးပါ။

    ဖိုးသူတော် ကြီးလို နင်က အကောင်ကြီးလို့

    နှစ်ခါလျောက် ပြောပေးပါ။

    ပုံ/

    မင်းမက်မက်မော

    :mrgreen: :mrgreen: :mrgreen:

  • kai

    July 17, 2013 at 3:09 pm

    တိုင်းပြည်ကို(တကယ်)ပြုစားနေသူ.. လူ့အသိုင်းအဝိုင်းကြီးတခုလုံး.. မျက်စိမှောက်ပျောက်နေတာ.. ထည့်မရေးတာထူးဆန်းမိတယ်…
    သရော်ခနဲ့စာတောင်.. မရေးရဲလောက်အောင်ဖြစ်နေရတာ..

    အိုဘယ့်…
    နှစ်၁၀၀ဝ ကျိန်စာ…။

    • ခင်ခက်ခက်ခေါ

      July 17, 2013 at 10:46 pm

      သဂျီး ဆိုလိုရင်းကို ခေါ တညနေလုံး အဖက်ဖက်က စဉ်းစားနေတာ …
      သဂျီး ဒလိုပြောတော့ ခေါ မျက်ရည်တောင် ဝဲတယ် … အာဟင့်
      ပြန်စဉ်းစားပါ ဂျီးဂျီးရယ် ….. ခေါ ဘွ ခေါ အတွေ့အကြုံ နုနယ်သေးသမို့
      စားအရေးအသား … မကောင်းတာ ခွင့်လွှတ်ပါ …

      ဒီစာရဲ့ ဆိုလိုရင်းကိုက ရှင်းရှင်းလေးပါ ….
      ခေါ ဖေဖေ ပြောပြတဲ့ ပုံပြင်လေး အတိုင်းဆို …
      သင်ပေးလိုက်တာ ကျောင်းက
      တကယ့်လက်တွေ့မှာ အပြင်က အလုံးစုံပါ
      ဆိုတော့ ဂျီးရယ် … ဂျီးပြောတဲ့ အတိုင်းဆို ခေါက သရုပ်ဆောင်နေသလို …

      ခုနေများ .. ဂျီးဂျီးက ခေါကို ” သာမီး အူးတို့ အမေဒိကားမှာ အိုဘားမားကို ကြောက်လား ဆိနိတ်တာတွေကို ကြောက်လား” မေးရင် ခေါကတော့ ပြန်ဖြေဖြစ်လိမ့်မယ် ထင်တယ် …..
      မြန်မာပြည်ကို အဲ့လို ဖြစ်စေချင် ကြိုးစားစေချင် နားလည်စေချင် တာပါ … ဂျီးရယ်

      ခေါ အရင်စာတွေ ဂျီး ပြန်ဖတ်ကြည့်ပါ … ခေါက ဘူမှ မကြောက်လို့ တယောက်တည်း လျှောက်နေတာပါ … အများကို ငဲ့နေတာပါလို့ …

      ဆိုတော့ ဆွဲကြစေသတည်းဆို သူတပြန် ကိုယ်တပြန်ပါဘဲ ….
      ဂျီးထင်တာက ခေါက နားသပ်ရှိုသွင်းထားတဲ့ မိန်မကြမ်းကြီးပေါ့ …
      ခေါရင်နာတယ် ….
      နောက်တကြိမ် … ခေါရင်နဲ့လှုပ်ပီး ရေးပြမယ်

      တိုင်းပြည်ကို(တကယ်)ပြုစားနေသူ.. လူ့အသိုင်းအဝိုင်းကြီးတခုလုံး.. မျက်စိမှောက်ပျောက်နေတာ.. ထည့်မရေးတာထူးဆန်းမိတယ်

      ဆိုလိုရင်းများ … နည်းနည်းလွဲနေသလားလို့

      ခေါကိုယ် ခေါ ပြန် စမ်းစစ်နေလေရဲ့

      • Wow

        July 18, 2013 at 2:57 pm

        ခေါရေ ဂျီးဂျီးသဘောကျအောင် ဗိုင်းကောင်းကျောက်ဖိနေလေကွယ်…
        ညီးပဲ သဂျီးကတော်ဖြစ်ချင်လှဆို.. :mrgreen:

  • Mr. MarGa

    July 17, 2013 at 6:29 pm

    ပြိုင်တူ ဒွန့်လျှင် ဝိုင်း ပိုစည်သည်
    သူပုန် ကွန့်လျှင် အလောင်း ပိုစည်မည် :mrgreen:

    • ခင်ခက်ခက်ခေါ

      July 18, 2013 at 2:12 am

      အူးလေး ကိုကို မာဃရှင့် …
      Chess ထိုးပါ
      ဒိုးဇက်ကစားပါ
      ပိုကာဒေါင်းပါ …
      ယူတတ်ရင် … ကလေးကြီးဘဲ ..
      ခေါတောင် ဆေးသောက်တာ မနိူင်လို့ တက်တူးထိုးထားတဲ့ လက်မောင်းမှာ တလက်မ ဒုတ်ချောင်း စိုက်ထားရတယ်
      အဟစ် … အဟစ် …

  • အလင်း ဆက်

    July 17, 2013 at 6:47 pm

    နာမည် ကျိပြီးးး
    ပဟေလိနန်းဒေါ်ထဲက မော်ဒယ် များလားလို ့

    😆

  • kyeemite

    July 18, 2013 at 10:41 am

    ခေါပီးရင်းခေါနေသောခင်ခက်ခက်ခေါဂျီးရေ..
    လူဂျင်းတွေ့မှ မန့်တော့မယ်အေ.. :mrgreen:

  • မောင် ပေ

    July 18, 2013 at 7:45 pm

    + နဲ ့ – တလှည့်စီသော် လီးကောင်း (ခရက်ဒစ်တူ ကိုအောင်ပု)
    + ချည်းပဲ လာခဲ့သော် လီးကောင်း ( အပေါ်မှာပေးပြီးပီနော )
    – ချည်းပဲ လာခဲ့သော် လီးကောင်း
    အီ ဒွန်နယာ ကြီးတွင်
    သင့်ကိုယ်အလေးချိန်ဝလာလိုပါက
    မွတ်စလင် အစားအစာများဖြစ်သော
    ချပါတီ + အာလူးဟင်း ၊ ဆိတ်ရိုးစွပ်ပြုတ် နှင့် ကြက်ဥဟက်ဖ်ဖရိုက် စားရန်လိုအပ်ပါသည်

Leave a Reply