မွေးနေ့လက်ဆောင် (သို့) အတ္တကိုချေဖျက်ခြင်း

သူကေလးJuly 28, 20131min25013

မွေးနေ့လက်ဆောင် (သို့) အတ္တကိုချေဖျက်ခြင်း

 

“မင်းအကြောင်းလေးပဲ တွေးတွေးပီးနေတယ် မင်းအကြောင်းလေးပဲတွေးတွေးပြီးပျော်တယ်”

 

“ဟလို”

“ဟလို ချစ် အိပ်သေးဘူးလား”

ကျွန်မအတွက်ဆို ချစ်သူရဲ့အသံဟာ ထာဝစဉ်နွေးထွေးနေတတ်တယ်။ ဘယ်နေရာမှာ ဘယ်လောက်ပဲစိတ်ရှုပ်ထွေးနေပါစေ

ကျွန်မနဲ့တွေ့ရင် ကျွန်မနဲ့စကားပြောရင် ကိုဟာအမြဲ ပျော်ရွှင်နေတတ်တယ်။ ကိုဟာအမြဲနူးညံ့နေတတ်တယ်။

ယုတ်စွအဆုံး ကျွန်မကစိတ်ဆိုးမာန်ဆိုးနဲ့ နင်တစ်ခွန်း ငါတစ်ခွန်းပြောနေရင်တောင် ကိုက အတတ်နိုင်ဆုံး ကောင်း၂မွန်၂ပြန်ပြောလေ့ရှိတယ်လေ။

“အချိန်ကိုလည်းကြည့်အုံးလေ အိပ်ချိန်ရောက်နေပြီကို ဘာတွေလုပ်နေလို့ အခုမှဖုန်းဆက်ရတာလဲ” တကယ်တော့ ကိုယ်တိုင်လည်းအိပ်မငိုက်သေးပါဘဲ

ဖုန်းဆက်တဲ့အချိန် နည်းနည်းနောက်ကျတာနဲ့ ကြံဖန်အပြစ်တင်လိုက်မိတယ်။ “ဟာ ချစ်အိပ်ချင်နေပြီလား ဆော်ရီးပါကွာ

ကိုမနက်ဖန်သင်တန်းမှာ assisgnment တင်ရမှာမို့ presentation လုပ်နေလို့ပါ ဆော်ရီးနော် ကိုတောင်းပန်တယ်”

ချစ်သူဆီက ခပ်မြန်မြန်ဖြေရှင်းသံကိုကြားတော့ စိတ်ထဲသဘောတွေ့သွားတာမို့ ကို မမြင်ရလည်းပြုံးပြလိုက်မိတယ်။ ဘာလို့များ ဒီလောက်ဖြူစင်ရသလဲ။

“အဲဒါဆိုလည်းပြီးရော တခြားကောင်မလေးနဲ့ ဖုန်းပြောနေတာတော့မဟုတ်ပါဘူးနော်”

တစ်ခုပြီးတော့လည်း နောက်တစ်ခုထပ်ရစ်၊

ဒီလိုပဲ အမြဲရစ်တတ်တဲ့ ကျွန်မကို ကို စိတ်မကုန်လောက်ပါဘူးနော်။

“မပြောရပါဘူး ချစ်လေးရယ် ကို့မှာချစ်ကလွဲလို့ဘယ်သူမှမရှိတာ သိသားနဲ့

ချစ်ကြိုက်တတ်တဲ့အချိန်ဖုန်းဆက် ကို့ဖုန်းကအမြဲအားနေတာပဲဟာ”

“ပြောတာပဲလေ မြင်ရတာမှမဟုတ်တာ ချစ်မသိတဲ့နောက်ဖုန်းတစ်လုံးနဲ့ ပြောရင်ပြောနေနိုင်တာပဲ”

“ရော် ကိုရတဲ့လခရော၊ ကိုနေ့စဉ်အသုံးစရိတ်ကို ချစ်လေး စစ်နေတာပဲကွာ ဘယ်အပိုဝင်ငွေရှိလို့ ဖုန်းဝယ်နိုင်မှာလဲ ဘာဖုန်းမှမရှိဘူး”

“ဟွန်း အလျှောက်ကောင်းလို့သက်သာတယ်မှတ်ပါ ဒါဆိုလည်းတာ့တာ ချစ်အိပ်တော့မယ်”

“ဟာ အခုမှဖုန်းပြောတာ ၁မိနစ်ပဲရှိသေးတယ် ဖုန်းချတော့မလို့လား ကိုကချစ်နဲ့ဖုန်းပြောချင်သေးတာ”

“မနက်ကျ ခေါင်းထလျှော်ရအုံးမှာ စောစောအိပ်မယ် ခုတောင်ပြောရင်းနဲ့အိပ်ချင်လာဘီ”

ကျွန်မရဲ့ ခပ်ညစ်ညစ်အပြောကို ကိုက သက်ပြင်းလေးချပြီး လက်ခံလိုက်ပုံရတယ်။

“အင်းပါ အဲဒါဆိုလည်းချစ်အိပ်တော့နော် အင်တာနက်လည်းသုံးမနေနဲ့တော့”

“ဟုတ်တာ့တာနော် ဂွတ်နိုက် ကို အာဘွား”

“ဒါနဲ့ သန်ဘက်ခါ ကို့မွေးနေ့နော် မှတ်မိရဲ့လား”

“အောင်မယ် လူကိုဘာများမှတ်နေလဲ မှတ်မိတာပေါ့ ဟွန်း”

“ကို့ကို ဘာလက်ဆောင်ပေးမှာလဲဟင် ချစ်လေး”

“မွေးနေ့ကျသိမှာပေါ့ ခုတော့အိပ်ပြီ ဒါဘဲ မွှက်”

“အာဘွား ချစ် အရမ်းချစ်တယ်နော်” ~~~

 

======================

အိပ်တော့မယ်လို့ပြောပြီး မအိပ်နိုင်သေးသူက ကျွန်မပင်။ ကို့မွေးနေ့ကိုလည်းမှတ်မိသည်။ မွေးနေ့လက်ဆောင်ပေးဖို့လည်းသိသည်။

ဒါပေမယ့် ခက်တာက ဘာလက်ဆောင်ပေးရမလဲဆိုတာ စဉ်းစားလို့မရတာပင်။ ကျွန်မမှာ ခပ်ငယ်ငယ်ကတည်းက အကျင့်တစ်ခုရှိသည်။

ကိုယ်ပေးလိုက်တဲ့အရာဟာ သူတစ်ပါးအတွက်အသုံးဝင်မှ အသုံးဝင်မှသဘောကျသည်။ တစ်စုံတစ်ယောက်လိုအပ်နေကို

ဖြည့်ဆည်းပေးလိုက်ရတာကို ကျေနပ်တာမျိုး။ သူငယ်ချင်းတွေမွေးနေ့ဆိုလည်း သူတို့အတွက် ဘာလိုနေလဲ ဘာလိုချင်နေလဲဆိုတာကို

လက်ဆောင်အဖြစ်ပေးဖြစ်တာများသည်။ လက်ဆောင်ဆိုတာ ပေးသူအတွက်ရော ရတဲ့သူအတွက်ပါ ကျေနပ်မှုတစ်ခုရှိနေမှ ပေးရတာ အဓိပ္ပါယ်ရှိတော့မပေါ့။

မနှစ်က ကို့မွေးနေ့မှာ ချစ်သူနှစ်ယောက်ရန်ဖြစ်နေရတာနဲ့ ဘာလက်ဆောင်မှမပေးဖြစ်လိုက်တာကို တွေးမိတော့ စိတ်ထဲမကောင်း။

ကိုနဲ့ပက်သက်ရင် ကျွန်မဘက်က ရယူတာတွေအရမ်းများနေပြီး ကို့အတွက် ကျွန်မ ဘာမှပြန်ပြီးမပေးဆပ်ခဲ့ဖူးတဲ့အဖြစ်တွေကို ပိုသတိထားလာမိတယ်။

ဒီနှစ်ကို့ကို ဘာပေးလိုက်ရပါ့။ အစတုန်းကတော့ ကို့ကိုမွေးနေ့လက်ဆောင် ဟမ်းဆက်ဒ်ဝယ်ပေးမယ်လို့ စဉ်းစားထားပေမယ့် ကျွန်မဖုန်းလဲတာနဲ့

ကိုကပါ ဖုန်းဆင်တူလိုက်လဲဖြစ်သွားတာမိုပ ဟမ်းဆက်ဒ်ကလဲ ဝယ်ပြီးနေပြီ။ လုပ်ငန်းခွင်မှာ ရာထူးကြီးကြီးနဲ့ အလုပ်လုပ်နေတဲ့သူမို့

အကောင်းစားဘောပင်တစ်ချောင်းလည်း မနှစ်က အမှတ်တရနေ့တစ်ခုမှာ ပေးနှင့်ပြီးပြီ။ ပိုက်ဆံအိတ်ကလည်း ဟိုတလောက ယိုးဒယားကပြန်လာတော့

ဝယ်လာခဲ့ပြီးသား။ ချစ်စရာကောင်းတဲ့အရုပ်အကြီးကြီးတစ်ရုပ်ပေးရအောင်ကလည်း ကိုကခလေးမဟုတ်၊ မိန်းကလေးလည်းမဟုတ်။ အားးးးးး ခေါင်းစားရပါလား

ကိုရယ်။ စိတ်ရှုပ်ရှုပ်နဲ့ ကိုနောက်ဆုံးဝယ်ပေးထားတဲ့ anni လေးကိုဖက်ကာ စောင်ထဲဝင်ကွေးမိတော့သည်။ ကျွန်မကသူ့အတွက်ရယ်လို့

အမှတ်တရတွေ၊ ပျော်စရာတွေသိပ်များများစားစားမပေးခဲ့ဖူးသော်လည်း ကိုကတော့ ကျွန်မကိုအမှတ်တရတွေအများကြီးပေးခဲ့တာ။

ဘယ်သူနဲ့မှမတူတဲ့အချစ်တစ်ခုနဲ့ ကျွန်မကိုချစ်ပေးခဲ့တယ်။ ကျွန်မဟာ ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်မဟုတ်ခဲ့တာတောင် သူချစ်ခဲ့တာ။

တန်ဖိုးကြီးကြီးမိန်းမတစ်ယောက်မဟုတ်ခဲ့လည်း တန်ဖိုးထားပေးခဲ့တာပင်။ ကိုဟာ ကျွန်မအတွက်တော့ ဘယ်သူနဲ့မှလဲမပစ်နိုင်တဲ့ တစ်ဦးတည်းသောချစ်သူ။

ကျွန်မ မျက်နှာတစ်ချက်အညိုမခံပဲ ကျွန်မအလိုကိုလိုက်ပေးခဲ့တာ။ ဘယ်တော့မှ ကျွန်မကို စိတ်မဆိုးခဲ့ဖူးတာ။ အလုပ်ထဲမှာ အလုပ်တွေအရမ်းများ

စိတ်ဖိစီးမှုတွေများနေတဲ့ကို့ကို ဒေါသတကြီးဖုန်းတွေဆက်ပြီး ရန်ရှာခဲ့ဖူးတာ။ အလုပ်မအားတာသိရက်နဲ့ ဂရုမစိုက်ရကောင်းလားဆိုပြီး ၅မိနစ် တစ်ကြိမ်

missed call တွေပေးပြီး နှောင့်ယှက်ခဲ့ဖူးတာ။ ကျွန်မသိပ်ကလေးဆန်ခဲ့မိတယ်ထင်တယ်။ meeting ရှိလို့ ကျွန်မဆီကိုမလာနိုင်ပါဘူးလို့ပြောတာကို အရွဲ့တိုက်ပြီး

ဘာမီတွန် အလုံး ၅ဝလောက်သောက်ပီး ရန်လုပ်ခဲ့မိတယ်။ “ချစ်ရာ” ဆိုတဲ့ ရေရွတ်သံတစ်ချက်နဲ့ ကိုမျက်ရည်ကျလာတာကိုလွဲပြီး ဘာစကားမှ ကိုမပြောခဲ့ဘူးနော်။

လိုချင်တာမရတဲ့အခါတိုင်း ကိုယ့်လက်ကို ကိုယ်ပြန်ကိုက်၊ နံရံကိုလက်သီးနဲ့ထိုး၊ ကိုယ့်နဖူးကိုယ် နံရံနဲ့ဆောင့်တတ်တဲ့ ကျွန်မလေ။ အဲဒီလိုအချိန်တွေတိုင်း

“ညည်းတော့သေတော့မှာပဲ” လို့ ငြီးငြူရင်း ဒဏ်ရာတွေကို ဆေးလိမ်းပေးခဲ့တာပဲ။ ကျွန်မ မပေးခဲ့တဲ့ နားလည်မှုတွေအတွက်

အပြစ်တင်စကားတစ်ခွန်းတစ်လေမှတောင် ကိုမဆိုခဲ့ဖူးတာပါ။ ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ။ ကျွန်မအပေါ် အဲဒီလို နားလည်ပေးခဲ့၊ ခွင့်လွှတ်ပေးခဲ့၊

သဘောထားကြီးပေးခဲ့တဲ့ ကို့အတွက် သူပေးမယ့် လက်ဆောင်ဟာ ဘယ်လောက်တန်ဖိုးကြီးမှ ဖြစ်မယ်ထင်သလဲ။ ကို ကျွန်မကိုသိပ်ချစ်သလို ကျွန်မလည်းကို့ကို

သိပ်ချစ်တယ်ဆိုတာကတော့ အသေအချာပါပဲကို။ ကိုမှမရှိရင် ကျွန်မသေလိမ့်မယ်ဆိုတာလည်း အတိအကျ။

ဒါပေမယ့် အဲဒါတွေကို ကို့ကိုတစ်ခါမှထုတ်မပြောပြခဲ့ဖူး။ ကို့ဆီကအချစ်တွေ၊ ဂရုစိုက်မှုတွေကိုသာခံယူချင်နေပြီး ကျွန်မကတော့ ကို့ကိုလျစ်လျူရှုထားခဲ့မိတယ်။

“အတ္တ” ကိုဖက်တွယ်ရင်း ကျွန်မရထားတဲ့ကို့အချစ်တွေကို တသသနဲ့ အလှကြည့်ချင်နေခဲ့တာ။ ကို စိတ်ချမ်းသာပါစေတော့ရယ်လို့ ပျော်ရွှင်မှုတစ်ခုမှမပေးခဲ့မိဘူး။

ကျွန်မကို ခွင့်လွှတ်ပါတော့။ “ငါ့အတွက်” ရယ်လို့ပဲ သိတတ်တဲ့ကျွန်မရဲ့စိတ်ကို အခုကျွန်မပြင်ပါတော့မယ်။

ချစ်သူချင်း နားလည်မှုတွေနဲ့ အတ္တမပါတဲ့ချစ်ခြင်းတစ်မျိုးဟာ သိပ်ကိုချိုမြိန်နိုင်မှာပဲဆိုတာ ကျွန်မအခု ရေးရေးလေးသဘောပေါက်လာခဲ့ပြီ ကို။

ကျွန်မရဲ့ အတ္တကို ချေဖျက်ပြီး ကျွန်မပေးမယ့် နားလည်မှုဟာ ကျွန်မကို့ကိုပေးမယ့် ပထမဆုံးနဲ့ နောက်ဆုံးလက်ဆောင်ပဲ ဖြစ်လာတော့မယ်။

ကျွန်မပေးမယ့်လက်ဆောင်ဟာ အရာဝတ္ထုတစ်ခုလို လက်ဆုပ်လက်ကိုင်ပြလို့မရဘူး။ ဒါပေမယ့် ထုထည်အားဖြင့်တော့ တိုင်းတာမရအောင်ကြီးမားလိမ့်မယ်။

ကိုကျွန်မကိုပေတဲ့ နားလည်မှုထက်မသာရင်တောင် မလျော့တဲ့အတိုင်းအတာနဲ့ ကို့အချစ်တွေအတွက် ကျွန်မပြန်ပြီးပေးဆပ်တော့မယ်။

ဒါဟာ ပစ္စည်းတစ်ခုမဟုတ်လို့ နှလုံးသားနဲ့ လက်ခံယူရမယ့်လက်ဆောင်တစ်ခုပဲကို။

လက်ဆောင်ပစ္စည်းရယ်လို့ လက်ထဲကိုထည့်မပေးနိုင်လို့ ကိုဟာ ကျွန်မဆီက ဘာမွေးနေ့လက်ဆောင်မှမရဘူးရယ်လို့ တဒင်္ဂတော့ထင်နိုင်ပါတယ်။

ဒါပေမယ့်လည်း အချိန်တွေကြာလာတဲ့အခါ ဒီလက်ဆောင်ဟာ ဘယ်တော့မှမပျောက်ပျက်သွားနိုင်သလို

ယခုမွေးနေ့မှစ နောက်နှစ်ပေါင်းများစွာတိုင် ကျွန်မအသက်ရှူသံမရပ်သရွေ့ ကိုပိုင်ဆိုင်သွားနိုင်မယ့် ကျွန်မရဲ့မွေးနေ့လက်ဆောင်ပဲ ဆိုတာ ကိုနားလည်လာမှာပါ။

 

သူကလေး (၂၆.၀၇.၁၃)

မနက် ၁၂ နာရီ ၅၉ မိနစ်

13 comments

  • Mr. MarGa

    July 28, 2013 at 4:41 pm

    ခေါင်းစဉ်က မွေးနေ့လက်ဆောင် (သို့) အတ္တကိုချေဖျက်ခြင်း ဆိုတော့
    ဘယ်ခေါင်းစဉ်အောက် ထည့်ရမှန်းမသိတော့လို့
    ဒီအတိုင်းပဲ ဖတ်သွားသဗျို့

    • သူကလေး

      July 30, 2013 at 10:26 am

      ဒီအတိုင်းဖတ်သွားတယ်ဆိုတာဘိုပါလိမ့်
      နားမလည်တော့ စိတ်မကောင်းထှာာာာာ

  • သူကလေးရေ ဟိုက သဘောမပေါက်ရင်တော့ နော်
    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • သူကလေး

      July 30, 2013 at 10:30 am

      တချိန်ချိန်တော့ သဘောပေါက်မယ်လို့မျှော်လင့်မိတာပါပဲ လေးပေါက်ရယ် …

  • ဒီစာလေးကို သူငယ်ချင်းတစ်ယောက်ကို ပေးဖတ်ချင်ထှာ.. သူလည်း အဲ့ထဲကအတိုင်း တစ်ပုံစံတည်းပဲ… 🙂

    • သူကလေး

      July 30, 2013 at 10:52 am

      ဘူလေးလဲ အာ့ဘူလေးလဲ သိချင်ထှာာာ

  • kyeemite

    July 29, 2013 at 11:59 am

    တို့လည်းဘာမွေးနေလက်ဆောင်မှမရပါဘူး
    🙂

    • သူကလေး

      July 30, 2013 at 11:10 am

      ဘယ်တုန်းကမွေးနေ့လုပ်လိုက်လို့လဲ အူးမိုက်ရ
      စောစောသိရင် ပေးပါတယ်ဂျာ

  • ခင် ခ

    July 29, 2013 at 1:17 pm

    အဲဒီလက်ဆောင်ပေးခံရတဲ့သူနဲ့ တွေ့ချင်စမ်းပါဘိ သူကလေး ရေ။

  • သူကလေး

    July 30, 2013 at 11:20 am

    နောက်ကြုံတော့တွေ့ရမပေါ့ဂျာ

  • Swal Taw Ywet

    July 30, 2013 at 11:31 am

    ဒါလေးများ လွယ်လွယ်လေးရယ်၊
    ဟော သူကလေးရဲ့ ကို အတွက် ဒီရွာထဲမှာ member ဝင်ပြီး အဲဒီ Account ကို ပေးပြီး သုံးခိုင်းလိုက်လေ။
    ဂဇက်လို ရွာ ကြီး တစ်ရွာ ထဲမှာ ရွာ သားဖြစ်ရတာ ဂုဏ်ယူစရာပါ၊
    ဟော နောက် ၆ လ တွေ့ဆုံပွဲကျတော့ လက်ချင်းချိတ်ပြီးလာတက်လိုက်ပါလေ။
    With respect,
    Swal Taw Ywet.

  • Yan Nyein Thu

    July 30, 2013 at 3:50 pm

    တူတူပဲဗျို့…..
    ကျွန်တော်လည်း မွေးနေ့တိုင်းဘာလက်ဆောင်မှကိုမရဖူးတာ…
    Postcard လေးတစ်ခုတောင် သုုံးခါလောက်တောင်းမှ
    ဟိုကြား ဒီကြားလိုက်ရှာပြီး ရေးပေးတာ… ဟိဟိ
    { (စတာနော်..စိတ်ဆိုးနဲ့) သက်ဆိုင်သူသို့ }
    ဒီလိုမွေးနေ့လက်ဆောင်လေးများရရင်လား ဟင်းဟင်းးးး
    🙂

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 9:36 pm

    အဟွတ် .. အဟမ်းးး
    ဇာတ်လမ်းက မသန်း ဖြစ်သွားဘီ ဆိုဒေါ့ဂါ …
    ဘာမှ မီပေါဒေါ့ဘာဝူးနော် … ဟီးးဟီးးး
    :mrgreen:

Leave a Reply