ထမင်းကျွေးတဲ့လက်

DEPARKO DEPARKOJuly 17, 20131min1105

ညိုမှောင်ပြာရီ အနောက်တောင်ဆီက
တိမ်ရီုင်းတစ်အုပ် တက်သုတ်ရိုက်နှင်
ထက်ကောင်းကင်ဝယ် သလ္လာတိမ်မင်း
သူစစ်ခင်းသည် လျှပ်ကွင်းမိုးကြိုး
သံစဉ်ပျိုးပြီး မျှားမိုးရေစက်
ဖြန်းပက်ကဗလ္လာ စိမ်းရောင်စိုစို
မြရည်ခိုတွဲ လယ်ကွင်းထဲဝယ်
အမိုးမပါ ကြောဗလာနှင့်
အမောင်လူသား ဘာဆေးစားပြီး
ချမ်းသည်မမှု သည်ပန်းပုကို
ပြခန်းထက်ဝယ် တင်ခဲ့ချင်သည်
ဲမြန်မာပြည်သား မြန်ပြည်ဘွား။

5 comments

  • Mr. MarGa

    July 17, 2013 at 9:13 pm

    ပန်းပုတော့ မသိ
    ကဗျာကလေးများကို
    ပြခန်းထက်ဝယ် တင်ခဲ့ချင်ရင်တော့
    ကဗျာပြခန်းက ကြိုနေပါတယ်ဗျို့

    • DEPARKO DEPARKO

      July 18, 2013 at 4:51 pm

      ကြိုက်တဲ့ကဗျာကိုယူသုံးပါ ကျွန်တော်က ကဗျာလေးတွေရေးနေရရင်ဘဲ ဒီမှာတစ်နေရာရေးခွင့်ရ ပြောခွင့်ရတာနဲ့တင်ဘဲကျေနပ်လှပါပြီ

  • အလင်း ဆက်

    July 18, 2013 at 7:49 am

    ပြခန်း က ကြိုဆိုပါတယ်

    အဟိ
    ဆိုင်ဆိုင် မဆိုင်ဆိုင်

  • Ma Ma

    July 18, 2013 at 8:08 am

    ဒီကဗျာလေး ကြိုက်တယ်။
    အဓိပ္ပါယ်လည်း ကောင်းတယ်။
    ဆိုလိုရင်းကိုလည်း ပေါ်လွင်တယ်။
    ကာရန်လည်း ညီတယ်။

    တစ်ခုလေးတော့…..
    ကဗလ္လာ ဆိုတာ ကမ္ဗလာ ကို ပြောတာများလား။

    • DEPARKO DEPARKO

      July 18, 2013 at 4:49 pm

      မမရေမှန်တယ် ဒီမှာရိုက်မရလို့ ရတဲ့ဟာရိုက်ထည့်လိုက်ရတာ ကျေးဇူးပါ

Leave a Reply