အတုများသာသုံးစွဲပါ။

အာဂJuly 17, 20131min1193

ရှင်သန်နေရတာကို က
သေနေတာပဲ…..

လောက
အမှားတွေက မှန်နေတယ်။
အတုတွေက စစ်နေသရောင် နောက်ခံတေးဂီတနဲ့
ငါ့တို့
ဇာတ်လမ်းအမှားတွေ ရိုက်ခဲ့သူတွေပဲ..။

ခေတ်ရဲ့ ခွဲစိတ်တွေထဲ
လက်တွေ့ဘဝ ပန်းချီမှာ
အပြုံးတု
စေတနာတု
ဂရုဏာတု
အချစ်တု တွေနဲ့
ငါ့တို့ ………
ရေးဆွဲလို့ကောင်းနေကြဆဲ…။
၂၁ ရာစု….
ဘဝ….။

3 comments

  • အလင်း ဆက်

    July 17, 2013 at 6:53 pm

    ကိုအာဂ ကဗျာတွေ ကိုတော့
    မကြိုက်မိတာ မရှိ လို ့ပြောရမှာပဲ

  • Mr. MarGa

    July 17, 2013 at 7:42 pm

    အသားတု
    လူတု
    အတွေးတု တွေလဲ ပါသေးတယ်နော့

  • မောင် ပေ

    July 18, 2013 at 7:12 pm

    ယပလက်က ပြန်လာတဲ့ ဖြတ်ဖောက်ချုပ် တွေကိုရော
    အတုလို ့သတ်မှတ်မလား ဗျ
    ဟီ ဟိ

Leave a Reply