ကျွန်တော် အိမ်မပြန်ချင်ဘူး

အာဂJuly 17, 20131min812

အဖေ x
အမေ x
ကျွန်တော် x
ညီမလေး x
အစ်မ x

ကိုယ့်အတ္တနဲ့ ကို်ယ် ကြက်ခြေခတ်
မိသားစု တေးသွားက အသံကြောင်တယ်
ဂီတာ တစ်လက်က မိသားစု ဆိုရင်
ဘယ်တော့မှ ကြိုးမညီတဲ့ အိမ်
တစ်ယောက်တစ်သံနဲ့
ဘဝ ၅ ကြိုးလုံး လက်ခတ်လိုက်တိုင်း
သံစဉ် တစ်ခု ဖြစ်မလာဘူး…။

ကျွန်တော်လိုချင်တာက
ဘယ်နှကြိုးတီးတီး သာယာသံတစ်ခုပဲ ထွက်ရမယ်။
ဒါ….
မိသားစုပဲ။

2 comments

  • alinsett

    December 21, 2013 at 8:43 pm

    ဂီတာ တစ်လက်က မိသားစု ဆိုရင်
    ဘယ်တော့မှ ကြိုးမညီတဲ့ အိမ်
    တစ်ယောက်တစ်သံနဲ့

    အဟုတ်ပဲ…ကိုအာဂရေ….

  • KZ

    December 22, 2013 at 9:30 am

    ဒါပေမဲ့ အဲ့ဒီ ကြိုးတွေက ဖြတ်မရပါဘူးကွယ်။

Leave a Reply