မဟာရန်ကုန်မြို့တွင်းကို ပုလင်းဖင်နှစ်ချပ် မျက်စေ့မှာကပ်လို့ ပလက်ဖေါင်းအပေါက်အပြဲတွေကြား ငါသတိထားလျှောက်နေတုန်း
နိုင်ငံခြားသားတွေနောက် တကောက်ကောက်လိုက်နေတဲ့ ကုလားဒိန်နှစ်ယောက် အချဉ်ဖေါက်ဘို့ရာကြိုးစား ဒေါ်လာလဲမလားတဲ့
ဆူးလေဘုရားနဘေး ကွပ်လပ်ကလေးမှာ ကလေးငယ်ကိုမိုးရေထဲချထား အကိုကြီးတို့ သနားကြမလားလို့ ပြစားနေတဲ့မိန်းမတစ်ယောက်
ရွှေဘုံသာလမ်းအ၀င် လက်ကိုအရင်ဆွဲ အမဲဖျက်မဲ့သကောင့်သား အကိုရောင်းမလားတဲ့ လသာကနေအတက် အသက်ရှူကြပ်လာလို့
သိန်ကြီးဈေး စီရုံအောက် ခရီးတစ်ထောက်နား အသွေးအသား ဈေးကစားနေတဲ့ ကလေးမက ဘဘ ကိုရီးယားစတိုင်ကြိုက်လားတဲ့
လဟာပြင်ကိုဖြတ် ဗိုလ်ချုပ်ဈေးအပေါ်ထပ်က ဈေးမြင့်မြင့်ရောင်းကုန်တချို့ မခို့တရို့ကြည့်လို့ ဒါနဲ့ဘဲ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ဘို့မစဉ်းစား
အချင်းများရာကိစ္စမို့ လိုင်းကားပေါ်ခပ်ရို့ရို့စီး စပါယ်ယာရဲ့ အော်ညီးသံ သည်းခံစိတ်မှန်မှန်ထား မေတ္တာဘာဝနာပွါးလို့ မြို့ပြင်က ကျွန်တော့် နွားခြေရာခွက်ထံ
အပြေးသာပြန်ခဲ့ပါတော့သည်။။။။။။

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..