ဟောဒီကလက်သုတ်စုံ

DEPARKO DEPARKOJuly 17, 20131min1619

မဟာရန်ကုန်မြို့တွင်းကို ပုလင်းဖင်နှစ်ချပ် မျက်စေ့မှာကပ်လို့ ပလက်ဖေါင်းအပေါက်အပြဲတွေကြား ငါသတိထားလျှောက်နေတုန်း
နိုင်ငံခြားသားတွေနောက် တကောက်ကောက်လိုက်နေတဲ့ ကုလားဒိန်နှစ်ယောက် အချဉ်ဖေါက်ဘို့ရာကြိုးစား ဒေါ်လာလဲမလားတဲ့
ဆူးလေဘုရားနဘေး ကွပ်လပ်ကလေးမှာ ကလေးငယ်ကိုမိုးရေထဲချထား အကိုကြီးတို့ သနားကြမလားလို့ ပြစားနေတဲ့မိန်းမတစ်ယောက်
ရွှေဘုံသာလမ်းအဝင် လက်ကိုအရင်ဆွဲ အမဲဖျက်မဲ့သကောင့်သား အကိုရောင်းမလားတဲ့ လသာကနေအတက် အသက်ရှူကြပ်လာလို့
သိန်ကြီးဈေး စီရုံအောက် ခရီးတစ်ထောက်နား အသွေးအသား ဈေးကစားနေတဲ့ ကလေးမက ဘဘ ကိုရီးယားစတိုင်ကြိုက်လားတဲ့
လဟာပြင်ကိုဖြတ် ဗိုလ်ချုပ်ဈေးအပေါ်ထပ်က ဈေးမြင့်မြင့်ရောင်းကုန်တချို့ မခို့တရို့ကြည့်လို့ ဒါနဲ့ဘဲ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ဘို့မစဉ်းစား
အချင်းများရာကိစ္စမို့ လိုင်းကားပေါ်ခပ်ရို့ရို့စီး စပါယ်ယာရဲ့ အော်ညီးသံ သည်းခံစိတ်မှန်မှန်ထား မေတ္တာဘာဝနာပွါးလို့ မြို့ပြင်က ကျွန်တော့် နွားခြေရာခွက်ထံ
အပြေးသာပြန်ခဲ့ပါတော့သည်။။။။။။

9 comments

  • Ma Ma

    July 18, 2013 at 7:56 am

    MRTV-4 ကလာတဲ့ ရန်ကုန်မြင်ကွင်းကျယ်ထက်တောင်ကောင်းသေးးးးးးးး 😀

  • Ma Ei

    July 18, 2013 at 12:23 pm

    ဆူးလေဘုရားနဘေး ကွပ်လပ်ကလေးမှာ ကလေးငယ်ကိုမိုးရေထဲချထား
    အကိုကြီးတို့ သနားကြမလားလို့ ပြစားနေတဲ့မိန်းမတစ်ယောက်….
    …. …
    Traders ဘေးနားမလဲ တစ်ယောက်ရှိတယ်…
    လက်ညှိးညစ်ညစ်ကို ကလေးပါးစပ်ထဲတပ်ပေးထား
    ကလေးက လက်ညစ်ညစ်ကို တစ်ပြွတ်ပြွတ်စုတ်လို့ မြင်ရတာ…
    ကလေးသနားသလောက်…အဲ့ဒီ မိန်းမကို မုန်းလိုက်တာ…

  • ခင် ခ

    July 18, 2013 at 3:57 pm

    လက်သုတ်စုံ နောက်တစ်ပွဲလောက် လုပ်ပါအုံးဗျ။

    • Wow

      July 18, 2013 at 4:13 pm

      အစုံသုတ်ဆြာခ က လက်သုတ်စုံမှာနေပီဗျို့ :mrgreen:

  • Shwe Ei

    July 18, 2013 at 4:20 pm

    မီးပွိုင့်မိတိုင်း လာ..လာ ရောင်းကျတဲ့ ဈေးသည်တေ လက်ထဲက
    အခွေ တေ စာအုပ်တေ အကြောင်းရောပါဝူးလားဗျ…

    • DEPARKO DEPARKO

      July 18, 2013 at 4:44 pm

      မကြာမှီလာမည်မျှော်ပေါ့နော်

  • uncle gyi

    July 18, 2013 at 11:25 pm

    ရန်ကုန်အသုပ်စုံချဉ်စပ်ပေါ့လေ
    ယာဉ်ကျောပိတ်
    ကားပေါ်အိမ်မက်အကြောင်းကောမပါဖူးလား
    ကိုဒီရေ

    • DEPARKO DEPARKO

      July 19, 2013 at 10:40 am

      ဒီပါကိုခရီးသွားနေသည်ကျရင်ရေးပါ့မယ်

Leave a Reply