အတွေးလေးရယ်မှနိုးမထခင်

ငါ့အလွမ်းတွေက ထက်ကောင်းကင်နံရံဒေါင့်မှာ

လင်းတစ်ခါ မှိန်တလှည့် ရစ်ဝဲနေဆဲပေါ့

ချစ်လျှက်နဲ့ဝေးနေရသူအဖို့မှာတော့

အတောင်ညောင်းတဲ့ဌက်ပမာ လမင်းလည်းမသာတာတော့ အသေအချာပါဘဲလေ

မုန်တိုင်းမထန်သေးခင် ငါ့အလွမ်းတွေ အဝေးသို့ပြေးသွားရင်ကောင်းမယ်နော်

အခုတော့ သိပ်ချစ်မိလို့ စိတ်ညစ်နေရတာလား

မကြင်နာခဲ့လို့ ရင်နာနေရတာလား

မေတ္တာ အတိမ်အနက်သဘောမှာ ငါ့ရဲ့သောကတွေကို ချနင်းမိခဲ့ချင်ပါရဲ့

ချစ်သူရယ် လာချင်ရင် အနီးလေးဆိုတဲ့စကားက ငါ့အတွက်တော့

စိတ်ပျက်စေမယ့် ကာရံအလား မတွေးမိခဲ့ပါဘူးလေ

တစ်ခုတော့ပြောလှည့်ချင်ပါတယ် ရေခြား မြေခြား တစ်နေရာစီဝေးကွာနေရပေမယ့်

ငါ့အချစ် ငါ့ရင်ခွင်တစ်နေရာက မင်းလေးအတွက်တော့

ထာဝရ အမိုးအကာလေးတွေဆိုတာ………….

                                         ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..