အလွမ်းသင့် မျက်ရည်စက်များ

ကာရံJuly 17, 20131min793

အတွေးလေးရယ်မှနိုးမထခင်

ငါ့အလွမ်းတွေက ထက်ကောင်းကင်နံရံဒေါင့်မှာ

လင်းတစ်ခါ မှိန်တလှည့် ရစ်ဝဲနေဆဲပေါ့

ချစ်လျှက်နဲ့ဝေးနေရသူအဖို့မှာတော့

အတောင်ညောင်းတဲ့ဌက်ပမာ လမင်းလည်းမသာတာတော့ အသေအချာပါဘဲလေ

မုန်တိုင်းမထန်သေးခင် ငါ့အလွမ်းတွေ အဝေးသို့ပြေးသွားရင်ကောင်းမယ်နော်

အခုတော့ သိပ်ချစ်မိလို့ စိတ်ညစ်နေရတာလား

မကြင်နာခဲ့လို့ ရင်နာနေရတာလား

မေတ္တာ အတိမ်အနက်သဘောမှာ ငါ့ရဲ့သောကတွေကို ချနင်းမိခဲ့ချင်ပါရဲ့

ချစ်သူရယ် လာချင်ရင် အနီးလေးဆိုတဲ့စကားက ငါ့အတွက်တော့

စိတ်ပျက်စေမယ့် ကာရံအလား မတွေးမိခဲ့ပါဘူးလေ

တစ်ခုတော့ပြောလှည့်ချင်ပါတယ် ရေခြား မြေခြား တစ်နေရာစီဝေးကွာနေရပေမယ့်

ငါ့အချစ် ငါ့ရင်ခွင်တစ်နေရာက မင်းလေးအတွက်တော့

ထာဝရ အမိုးအကာလေးတွေဆိုတာ………….

                                         ပိတောက်မိုး

3 comments

  • အလင်း ဆက်

    July 17, 2013 at 9:01 pm

    အချစ်ဆိုတာ….အမိုးအကာလေးလို …ပေါ့နော် ။

    ဒီတစ်ခါ မိုးတွင်းရောက်ရင်…
    ထီးအသစ် မဝယ်ဘူး ။
    ချစ်သူအသစ်ရှာမယ် ။

    😆

  • Mr. MarGa

    July 17, 2013 at 9:15 pm

    ထာဝရ အမိုးအကာလေး
    ကွယ်ပျောက်သွားချိန်မှာ
    ဘာများ ဖြစ်နိုင်မှာပါလိမ့်……….

  • padauk moe

    July 18, 2013 at 5:10 pm

    အကာအကွယ် ပျောက်ခဲ့ရင်တော့ အမုန်းလက်ဆောင်လေးက အသင့်လေ ဟုတ်တယ်မလား

Leave a Reply