မြတ်နိုးသူသို့

ကာရံJuly 17, 20131min573

သို့

                          ချစ်သူရေ အခုဆို တို့တစ်တွေဝေးကွာနေခဲ့တာ ရက်တွေတောင်အတော်လေးကြာရှည်ပြီနော် အလွမ်းဆိုတဲ့ အက္ခရာကို ကိုယ်ကောင်းကောင်းအသုံးချတက်နေပြီထင်ပါရဲ့  ပြန်ဆုံမယ့်ရက်လေးကို တွေးမိတိုင်း ငါရင်ခုန်သံတွေ စည်းချက်မမှန်တာတော့ သေချာပါတယ်ချစ်သူ

ငါမရှိတဲ့ အချိန်တိုင်းမှာ မင်းလေးတစ်ယောက် တမ်းတနေမလား လွမ်းမဝလို့ ကျမျက်ရည်တွေ တသွင်သွင် စီးမျှောနေပြီလား တစ်ယောက်နဲ့တစ်ယောက် အလှမ်းကွာဝေးနေပေမယ့် အကြင်နာတွေကတော့ ရင်မှာကိုယ်စီကိန်းအောင်းနေဆဲဘဲလေ မင်းသိရဲ့လားချစ်သူ ညအိပ်ရာဝင်တိုင်း မက်မိတဲ့ အိပ်မက်လေးကထဲမှာ အနမ်းမိုးတွေ ရွှာဖြိုးနေတုန်းပေါ့ ငါနိုးမထချင်ပါဘူး ဒါပေမယ့် လင်းအာရုံ နံနက်ခင်းတိုင်းမှာတော့ ငါရင်မောမိပါတယ် ပုံရိပ်လေးတွေ ငါ့အနားက စွန့်ခွာသားပြီလေး  သိပ်ချစ်လ်ို့ ဆွေးနေမိတဲ့ ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေက………..

                                                                                              မင်းလေးအနား တစ်ဖဝါးမှမခွါ့ပေမယ့်

ကံတရားက ဝေးကွာဖို့ဖန်ဆင်းလိုက်ပြီလေ

အချစ်ဆိုတာကို သိလိုက်မိချိန်မှာတော့ ငါအဝေးတစ်နေရာမှာပေါ့

လွမ်းလို့ကျလာမယ့် မျက်ရည်စက်တွေကို ငါထွေးပိုက်ဖို့အတွက်

ခွန်အားများလည်း ကုန်ခန်းလုပြီကွယ်

မကြင်လို့ပြစ်တယ်လို့မထင်ပါနဲ့ချစ်သူ

အခြေအနေအပေးသေးတဲ့ ဂုဏ်ဒြပ်တွေကြားမှာ

ငါတို့ရပ်တည်ဖို့ ခွန်အားမရှိသေးဘူးလေ

ကြိုးစားနေဆဲကာလမို့ လာသမျှ အမုန်းတရားများကို

ခါးဆီးခံ ရင်ဆိုင်ရင်း ပြည့်စုံလာတဲ့တစ်နေ့

မင်းလေးရဲ့ နံဘေးမှာ ငါလေရပ်တည်ခွင့်လေး

ရချင်ပါသေးတယ် ချစ်သူ……….

ငါ့အချစ်တွေနဲ့ ပွင့်လန်းလာမယ့်

ပန်းခင်းလမ်းလေးထဲမှာ မင်းလေးရဲ့လက်ဖဝါးလေးကို ထွေးပိုက်ရင်

တူလျှောက်လှမ်းနိုင်မယ့်တစ်နေ့ ကြိုတွေးရင် ရင်ခုန်စေဖို့

မြတ်နိုးသူလေး   သိပါစေ………….

                                                                                                                                                             ပိတောက်မိုး

3 comments

  • အလင်း ဆက်

    July 17, 2013 at 8:59 pm

    ပိတောက်မိုးရေ…
    မင့်ချစ်ချစ်နဲ ့… ငါတို ့…သူငယ်ချင်း တစ်ဖွဲ ့ ဒီနေ ့တွေ ့ပြီး… ရှမ်းခေါက်ဆွဲသွားစားပစ်လိုက်တယ်ဟေ ့။
    မင် း ကို လွမ်းလို ့…။

  • ဦး ကြိမ်

    July 17, 2013 at 9:03 pm

    မျှော်လင့်ချက်တွေပေးပြီး ဝေးနေရမဲ့ အဖြစ်……..
    ဒို့လည်းမလိုချင်ဘူး……..
    သူများတွေကိုလည်း မပေးချင်ဘူး ပိတောက်မိုးရယ်………။

  • padauk moe

    July 18, 2013 at 5:09 pm

    အေးပါကွာ ပြန်လာတော့ တူတူစားကြတာပေါ့

Leave a Reply