မန်းဂဇက်ကဗျာချစ်သူများရဲ ့ကဗျာပြခန်းအမှတ်( ၆ )

alinsettAugust 5, 201313min29460

မန်းဂဇက် ကဗျာချစ်သူများ ရဲ ့ ကဗျာပြခန်း  အမှတ် ( ၆ )

 

ကဗျာချစ်သူများရဲ့ ကဗျာ ပြခန်း   တွေကို တစ်ခန်းထက်တစ်ခန်း

ပိုပြီး ခမ်းနား ထည်ဝါအောင် ဖွင့်ပြနိုင်ဖို ့ကျွန်တော်တို့ ့ကြိုးစားနေကြပါတယ် ။

အခု ပြခန်း အမှတ် (၆) ကိုလည်း……

ထူးထူးခြားခြား ဖျော်ဖြေရေး အစီအစဉ်တွေ နဲ့ ့ပျော်ပျော်ပါးပါး ဖြစ်အောင် စီစဉ်ထားပါတယ် ။

ဟုတ်ပါတယ် ။

ကဗျာပြခန်း အမှတ် (၆) ဖွင့်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ဖွင့်နေပါပြီ ခင်ဗျားးး။

=========================================

ပြခန်းး အမှတ်(၆)ဖွင့်ပွဲကို ……  ရွာသူရွာသားတွေ စုံစုံညီညီ နဲ့ ့ရောက်ရှိနေကြပါပြီ ။

ပြခန်းထဲ မဝင်ခင် အပြင်မှာ ရုံးစုရုံးစုနဲ ့ပေါ့ဗျာ ။

ပြခန်းရှေ့က ဖျော်ဖြေရေးနဲ့ ဧည့်ခံကျွေးမွေးရေး နေရာတွေမှာ  ရွာသူရွာသားများ ကြိတ်ကြိတ်တိုးနေပါတယ် ။

ကျွေးမွေးဧည့်ခံရေးတာဝန်ကိုတော့

ကိုကမ်းဝေးကြီးနဲ ့မရွှေအိတို ့….

ဦးဆောင်ပြီး အချက်အပြုတ် ဝါသနာပါသူ ရွာသူရွာသားများ က စီစဉ်ကျွေးမွေးနေကြပါတယ် ။

ဖွယ်ဖွယ်ရာရာ …စားသောက်ဖွယ်ရာတွေ ကျွေးနေတယ်လို ့သိရပါတယ် ။

ကဗျာပြခန်းအမှတ် ( ၆ ) ဖွင့်ပွဲ အကျွေးအမွေး.....
ကဗျာပြခန်းအမှတ် ( ၆ ) ဖွင့်ပွဲ
အကျွေးအမွေး…..

 

************************************

ဖျော်ဖြေရေး ဘက်မှာတော့ ………………………….

မိုးမင်းသား က ထူးထူးခြားခြား တင်ဆက်ပြမယ်ဆိုပြီး……..

မျက်နှာကို မိတ်စကပ်တွေ လိမ်း /နှုတ်ခမ်းနီ ပါးနီတွေ….. ဘာညာကွိကွတွေ လိမ်းပြီး အွန် ( On ) ထားပါတယ် ။

အဝတ်အစားကိုလည်း ….    စတော်ကင်တွေ ဘာတွေနဲ ့ရှုပ်ပွနေအောင် ထပ် အွန်ပါတယ် ။

သူကတော့ သူ ့ကိုယ်သူ…..

ခင်စန်းဝင်း နဲ ့တူစေရမဟေ့ လို ့…

ကြုံးဝါးပြီး အွန်ပေမယ့် …..

လူရွှင်တော် ဦးမန်းဝင်းကြီး ဖြူပြာမူယာသွက်သွက်ခါ …..အဖြစ် မိန်းမလို ဝတ်ထားတာနဲ ့ သွား တူ ပါတယ် ။

————————————————————————–

ဒါပေမယ့် ……………..

မိုးမင်းသားကြီးက ပြင်လိုက် ဆင်လိုက်တော့လည်း…….

နဂိုက နှစ်ပြား မတန်တဲ့ ရုပ်က…….

၁၄ ပြား ၁၅ ပြားလောက်တန်သလို ဖြစ်သွားပါတယ် ။

ဂဇက်ရွာ ကာလသားကြီးများ ဖြစ်တဲ့

ကိုအမတ် ~

ကိုရင်စည်သူ ~

ကိုရဲစည် ~

ကိုအောင်မိုးသူ ~

ကိုမိုဘိုင်း ~

ကိုမင်းမင်း ~

အံစာတုံး

ကိုသုဝေ

ကိုကော်ဘရာ ….. 

ကိုရင်မောင်

ကိုရာမည…..  တို့ တပြုံကြီးက ဝိုင်း ငမ်းကြပါတယ် ။

—————————————————————-

ဦးကြောင်ကြီး ကလည်း မာမီမိုး @မိုးမင်းသား ကို ခုန်အုပ်မယ် တကဲကဲ လုပ်နေလို ့…..

ဦးပါလေရာ နဲ့

ဦးကြီးမိုက်တို ့က ဝိုင်းဆွဲထားရပါတယ် ။

—————————————————————–

ဂန္ဓာရီဆြာအုပ်

လေးပေါက်

ကို Mလုလင် နဲ ့

ကိုရွာစားကျော်  ၊

ကိုမှော်ဆရာ …. တို ့ကလည်း မာမီမိုးရဲ့ အလှ မှာ နစ်မြောပြီး

ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေကြပါတယ် ။

 

ကျွန်တော့်ကိုတောင် နွဲ ့တင်ဖြစ်နေတဲ့……… မာမီမိုး@မိုးမင်းသားကြီးပုံ တစ်ပုံ လာပြပါသေးတယ် ။

မလျှာ့လောကဥသျှောင် ဖင်ကြီးပြောင် မာမီမိုး
မလျှာ့လောကဥသျှောင် ဖင်ကြီးပြောင် မာမီမိုး

 

 

**********************************

ကျွန်တော် ………….

မာမီမိုးပုံကို…. ကြည့်ပြီး….. ပျို့ ့တက်သွားပါတယ်။

မာမီမိုး@မိုးမင်းသား က ဘယ်လိုတွေများဖျော်ဖြေပြမှာလဲ လို ့ သွားမေးဖို့ပြင်တော့….

တော်တော်နဲ့ ့မေးခွင့်မရပါဘူး ။

ကိုအာဂ က မိုက်တစ်ချောင်းကိုင်ပြီး မာမီမိုး@မိုးမင်းသားကို အင်တာဗျူးနေလို့ပါ ။

ကိုအာဂနဲ့  မနွယ်ပင်  က               …

အခု  ကဗျာချစ်သူFM  မှာ…..   အစီအစဉ်တင်ဆက်သူတွေ ဖြစ်နေပြီးး……..

ကဗျာချစ်သူFM   ကနေ  ….

တိုက်ရိုက် အသံလွှင့်ဖို့အတွက် နှိ ုက်နှိ ုက်ချွတ်ချွတ် /ချွတ်ချွတ်နှိ ုက်နှိ ုက်တွေ ….လိုက်မေးနေတာပါ ။

——————————————————————-

ကိုအာဂ က ခင်စန်းဝင်းကို ဗူး အပြီး . . .

အဲ. . . ဗျူးအပြီးမှာ……. မကြီးအောင်ပု . . .

(အဲ. . . မှားပြန်ပြီ)

ဘကြီးအောင်ပု ကို ဗူးမလို့ကြံတုန်းးးးး…….

အခုလို ……   မထင်မှတ်ပဲ ပွင့် သွားတဲ့ မိုးမင်းသား@ မာမီမိုးကို ဗူးနေတာဖြစ်ပါတယ် ။

——————————————————————–

မာမီမိုး ရဲ့ဘေးမှာကတော့ …………….

ကနားစီး ဂီ နဲ့    ဖရဲမ  တို ့ တစ်အုစုပ် အဲ . . . . .

( ယောင်ပြန်ပြီ  )…..     တစ်အုပ်စု မျက်ထောင့်နီကြီးတွေနဲ့ ့စောင့်ကြည့် အကဲခတ်နေပါတယ် ။

ဂွင် ကျော် လာတဲ့ မာမီမိုးကို အခွင့်သာတာနဲ့ ့ဝုန်းးပစ်ချင်နေတဲ့ ပုံပါ ။

———————————————————————

ဒါပေမယ့်………………………….

ကိုအာဂ ဗူးလို ့မဝခင်မှာပဲ…………

မာမီမိုးက ……

ဖင်လေး ပစ် ကောက်ပြီး……

စင်ပေါ် ပြေးးတက်သွားရ ပါတယ် ။

စင်ပေါ်မှာ အေးချမ်းမေ ရဲ့ တစ်စစီကျိုးပဲ့နေတယ် သီချင်း နဲ့

ခေတ်ပေါ်အက ကို အပီအပြင် ကပြ   ဖျော်ဖြေပါတော့တယ် ။

နေရောင်ခြည်တွေ...ကန့်လန့်ကာဖွင့်..ရောင်စုံကမ္ဘာမြေကြီးက.နိုးလာ...ကိုယ့်မှာ...ညက ခုချိန်တိုင်.......
နေရောင်ခြည်တွေ…ကန့်လန့်ကာဖွင့်..ရောင်စုံကမ္ဘာမြေကြီးက.နိုးလာ…ကိုယ့်မှာ…ညက ခုချိန်တိုင်…….

အဲဒီ သီချင်းအပြီးမှာ………………

နှူးဘာဂိုဏ်းသားများ ရဲ ့ ထပ်မံတောင်းဆိုမှုအရ . . .

ကော်နီရဲ ့ ကိုကိုချစ်  သီချင်းကို ……

အမူအယာ ပိုပိုနဲ့ (အမှန်တော့ ဆတ်စလူး သရဲပူးသလို…) ဆိုပြန်ပါတယ် ။

မာမီမိုး@မိုးမင်းသားက သီချင်းစာသားဖြစ်တဲ ့ ကိုကိုချစ်ရေ. . . လ်ို့ ့အော်လိုက်တိုင်းးးး

ဟေ့….    ဟေ ့ လို ့ အော်ဟစ် ကြပါတယ် ။

သိတဲ့အတိုင်းးးး…..

ကရဲစည်တို ့ ~…….

ကိုအမတ် ~ ကိုအောင်မိုးသူ~ ကိုလူစိုး ~ ကိုရင်စည်သူ~ ကိုမင်းမင်း ~ ကိုမိုဘိုင်းး  ကိုရင်မောင်  ~ ကိုရာမည   ….

စတဲ. ့ ….. ရွာ ကာလသား ကြီးတွေ ပါ ။

ကိုကို ချစ် ရေ. . . . . . ဟေ ။

ကိုကိုချစ်ရေ . . . ဟေ ……။

———————————————————————–

ဒီ အရပ်နဲ ့ ဒီဇာတ် အပေးအယူ တည့်နေပါပြီ ။

————————————————————————

နှူးဘာဂိုဏ်းသားတွေ လည်း….    အုန်းအုန်းကို ထ နေတာပါပဲ ။

လျှမ်းလျှမ်း ထ နေတဲ ့…..   မာမီမိုးကို

ရွာသူားကြည့်ရှုကြသူအပေါင်းကလည်း…..   ဝက်ဝက်ကွဲအောင် အားပေးကြပါတယ် ။

ကနားစီး ဂီ တို ့တစ်သိုက်ကတော့ ……..မျက်စောင်းတခဲခဲ ဟိုဒင်း တဖြဲဖြဲ ပေါ့ ။

( ဟိုဒင်းတဖြဲဖြဲဆိုတာက သွားဖြဲပြတာကို ပြောတာပါ )

:mrgreen: :mrgreen:

=======================================

မာမီမိုး@မိုးမင်းသား …..

ပလစ်ထ အပြီးမှာ . . .

အဲ. . . . ကပြဖျော်ဖြေအပြီးမှာ ………………

မြန်မာသံစဉ် တေးသရုပ်ဖော် ပြကွက်ကို

ကိုကြောင်ဝတုတ် နဲ့……

မသူကလေး ……  က သရုပ်ဆောင်ပြပါတယ် ။

သူတို ့သရုပ်ဖော်ပေးတဲ ့တေးသီချင်းကတော့…….

မောင်ရွှေရိုးနဲ ့ချစ်စပယ် ပါ ။

ထူးခြားတာကတော့ ……

———————————————————————————–

လူပျက်ကလေး မောင်ရွှေရိုးအဖြစ် သရုပ်ဆောင်တာက

မသူကလေး ပါ။

အငြိမ့်မင်သမီးလေး ချစ်စပယ် အဖြစ် ထိုင်မသိမ်းလေးနဲ ့….

မခို့ ့တရို ့လေး သရုပ်ဆောင်ပြနေတာကတော့

ကိုကြောင်ဝတုတ် ပါ ။

=====================================

ကိုကြောင်ဝတုတ်နဲ ့မသူကလေးတို ့ မောင်ရွှေရိုးနဲ ့ချစ်စပယ် ကို သရုပ်ဖော် တင်ဆက်အပြီးမှာ တော့……

တစ်ခန်းရပ် ဟာသ ပြဇာတ်တို  တစ်တပုဒ် နဲ ့ဖျော်ဖြေပါ့မယ်လို ့ ………….

အစီအစဉ်ကြေငြာသူတွေ ဖြစ်တဲ့………

ရွှေမိုးလွင် . . . . . . . . အဲ……

ရွှေတိုက်စိုးနဲ့ ့သူ့ချစ်ဇနီး တို ့က ကြေငြာလိုက်ပါတယ် ။

အဲဒီ ကြေငြာသံ အဆုံးမှာတော့ စင်မြင့်ပေါ်ကို…..

( ၁ ) ဦးကြောင်ကြီး

( ၂ )အန်တီ ပဒုမ္မာ

( ၃ ) အန်တီမမ  တို ့ တက်လာပါတယ် ။

သူတို ့က……

မောင်မောင်ဇာ နဲ ့လေးမွန်ထွေးမွန် အမွှာညီအစ်မတို ့ရဲ ့

ဟာသ ဇာတ်လမ်းတို   ကို သရုပ်ဆောင်ပြမှာ တဲ ့။

ဦးကြောင်ကြီးက…….

မောင်မောင်ဇာ နေရာကနေ……

ဂေါ် လုံးဝ (လုံးဝ) မစွံ ……လူပြို အသိုးးးးး  ကြီးးး အဖြစ်……

အပီ အပြင် သရုပ်ဆောင်မှာပါ ။

ဇာတ်လမ်းထဲမှာ မောင်မောင်ကြောင် လို့ ့အမည်ပေးထားပါတယ်။

———————————————————————————–

လေးမွန် ထွေးမွန် အမွှာညီအစ်မ နေရာမှာတော့……………………

အန်တီ ပဒုမ္မာနဲ့

အန်တီမမတို့ ဂဇက်ရွာ အမွှာညီအစ်မ က သရုပ်ဆောင်မှာပါ တဲ့ ။

ဧည့်သည်တော် သရုပ်ဆောင်အဖြစ်…………….

သီချင်းတွေ ဝက်ဝက်ကွဲ အောင်…..  အော်ဟစ်သီဆိုသွားတဲ့…….

မာမီမိုး@မိုးမင်းသား ကလည်း ပါဝင်ကူညီပေးပါသေးတယ် ။

—————————————————————————————–

အန်တီပဒုမ္မာနဲ့ အန်တီမမ (လေးမွန်နဲ့ထွေးမွန်)တို့က………

သူတို ့ဦးလေး ဖြစ်တဲ့ မောင်မောင်ကြောင်ကို…………. အရောက်ပို့ကြပါတယ် ။

ဘယ်အထိ ရောက်သွားလဲ ဆိုတော့………………………….

မောင်မောင်ကြောင် ခေါ် ဦးကြောင်ကြီးနဲ့  မာမီမိုး@မိုးမင်းသားတို့ ့ညားးးကြလေသတည်းးးးး

ဆိုပြီးး ဇာတ်သိမ်း တဲ့ အထိ  ပီပီပြင်ပြင် သရုပ်ဆောင်(အရောက် ပို ့)ကြပါတယ်။

ဒါကို ကနားစီး ဂီနဲ့ အပေါင်းအပါတစ်သိုက်ကတော့   …..

လက်ခုပ်လက်ဝါးတွေ ကျယ်ကျယ်လောင်လောင် တီးပြီးးးး

ဝမ်းမြောက်ဝမ်းသာ အားပေးကြပါတယ်။

မာမီမိုးးဆိုတဲ့…….. နောက်မှ ပွင့်လာတဲ့ တောခြောက် တောင်ခြောက်မ က

အဲဒီ… နှာခေါင်းနီနီပွပွ ဦးကြောင်ကြီးနဲ့သာ အဖြစ်သင့်ဆုံးးးး ဆိုပြီးး

……………………………………………………………………………………….

ကျေနပ် တယ် ။ ဖြော်ဒကစ်ပေ့ စေ / ဖြော်ဒကစ်ပေ့စေ …လို ့ပြောပြောပြီး…  အားရ နေလေရဲ့ ။

===================================

:kwi:  :kwi:

တစ်ခန်းရပ် ဟာသ ပြဇာတ်အပြီးမှာ . . . .

နှစ်ပါးခွင် ကပြဖျော်ဖြေဖို့ ့ …………..

မင်းသားဝတ်စုံအပြည့်နဲ ့ ထွက်လာတာက   အံစာတုံး ပါ ။

အာပြဲခြောက်ဖုတ်ကို ပဝါစ ပတ်ထားတာနဲ့ ့တူပါတယ်။

သူ့ ့ကိုယ်သူတော့ …..   ဖိုးချစ်နဲ့ ့တူတယ်ထင်နေပါတယ် ။

ညှာညှာတာတာ ပြောရရင်… ဖိုးချစ်…သရဲသကြားလုံးစားပြီး..ဝမ်းလျှော  သေထားသလို ..ရုပ်မျိုးပါ ။

( အဟိ ။ )

အံစာတုံးနဲ ့တွဲ က ဖို ့. . . .

မင်းသမီးတွေ အဖြစ်……………….

(  ခေါင်းဆောင်မင်းသမီး အဖြစ်   …..ဘယ် အပျိုချောလေးက….   ဦးဆောင်တယ်.ဆိုတာ.. မှန်းကြည့်ပေးပါ )

လုံမလေးမွန်မွန်

လူကလေး ~

သျှားသက်မာန် ~

မိဗုံ ~

ငြိမ်းငြိမ်း ~

မခိုင်ဇာ ~

မနေခြည်~

မရွှေကြည်~ တို့နဲ ့ အခြား အပြောချို အပျိုချောတွေ တပြုံကြီး နဲ ့  မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကပြ ဖျော်ဖြေပါတယ်။

———————————————————————————————–

လူရွှင်တော်ကြီးတွေ ဖြစ်တဲ့………………….

ဦးကျောက်ခဲ ~

ဦးဘလက်ချော ~

ဦးဆာမိ ~

ဦးခင်ခ ~

အဘဖော နဲ ့

ဦးပေ

ဦးစွယ်တော်ရွက် …တို ့ကလည်း

လက်ခုပ်တွေတဖြောင်းဖြောင်းတီးပြီး အားပေးပါတယ်။

သူတို့ ့အားပေးနေတာက မင်းသမီးချောလေးတွေကိုပါ ။

====================================

နှစ်ပါးခွင်ကို အံစာတုံးကြီးက. . . . အိုးနင်းခွက်နင်းးး ကပြအပြီးမှာ . . . . .

နောက်ထပ် အစီအစဉ်ကောင်းတစ်ခု ….စ ပါတော့တယ်။

အဲဒီ အစီအစဉ်ကောင်းလေးကတော့…………………

အောင်ရဲလင်းနဲ ့ တော်တော့်ကို တူတဲ့ …… 

လူပျိုချောချောလေး  အလင်းဆက် က……

မန်းတောင်ရိပ်ခို သီချင်းကို ခန့်ခန့်ညားညား သီဆိုဖျော်ဖြေပါတယ်ခင်ဗျားးးး။

အဆိုတော် ရင်ဂို ထက်တောင်..အသံက ပိုကောင်းပါသေးတယ်…။

(အလင်းဆက် အသံ ….   ရင်ဂ်ို ထက် ကောင်းတာကို.. …ကဗျာရွတ်ပြတဲ့နေ့က နားထောင်လိုက်ရသူတွေ..သိကြပါတယ်. ။ )

အောင်ရဲလင်းနဲ့ နင်လားငါလားတူတဲ့ အလင်းဆက် / မန်းတောင်ရိပ်ခိုသီချင်းဆိုနေပုံ / မြနန္ဒာ..နေညို ညို..ရစ်ခါသန်းတော့....ရွှေမန်းတောင်..ရိပ်..တူတူ ခိုမယ်..ချစ်သုဝေရယ်...
အောင်ရဲလင်းနဲ့ နင်လားငါလားတူတဲ့ အလင်းဆက် / မန်းတောင်ရိပ်ခိုသီချင်းဆိုနေပုံ / မြနန္ဒာ..နေညို ညို..ရစ်ခါသန်းတော့….ရွှေမန်းတောင်..ရိပ်..တူတူ ခိုမယ်..ချစ်သုဝေရယ်…

 

အလင်းဆက်ရဲ ့အဆိုအပြင် ……

ချစ်စဖွယ်အက အလှတွေနဲ ့ အားဖြည့်ပေးကြတာကတော့ ……………………..

ဂဇက် ရွာ မင်းသမီးချောကြီးများဖြစ်တဲ့  

အရီးခင်လတ်~

အန်တီသဲနုအေး~

အန်တီဝေ~

အန်တီအိ ~

အန်တီဝင့်ပြုံးမြင့်  တို ့ပါ ။

သူတို ့က    ….

ကွေးးးနေအောင် က ကြပါတယ် ။

အဲဒီ အက အလှကို

အဘနေဝန်းနီ~

လေးလေးသစ်မင်း~

ဦးကျောက်ခဲ ~

ဦးနွေဦး ~

ဦးထွန်းဝင်းလတ် ~

ဦးကထူးဆန်း ~

ဦးဒီပါကို ~

ဦးထက်ဝေး~

ဦးမျိုးသန် ့တို့ ့များးးး

မျက်တောင် ခတ်ဖို့တောင် ….. မေ့နေတဲ့အထိ ရှုစားအားပေးကြပါတယ် ။

——————————————————————————————–

အန်တီဆူး ~

အန်တီ မှီ ~

မမနိုဗွီ ~

မမမိုချို ~

မမနန်းတော်ရာသူ ~

အန်တီလီလီင်္ကြည်  တို့ နဲ့ ့

တခြားရွာသူရွာသားများ ……  ကလည်း……

ပြခန်းထဲ ဝင်ရမယ့်အချိန်ကို စောင့်ရင်းးး

မင်းသားချောလေး အလင်းဆက်တို ့ရဲ ့အချောအလှတွေကို ကြည့်ရှု အားပေးနေကြပါတယ် ။

===========================================

ရွာသူားတွေကြားမှာ……. ပြာကလပ်စိန်ကို ဓါတ်လိုက် သလို…

:mrgreen:   )

လွှားးးးခနဲ လွှားးးးးခနဲ လိုက် ဗျူးနေတဲ့…………………

ကိုအာဂ က…..

သူကြီးကို မှီရာ …လှမ်းဆွဲလိုက်ပါတယ် ။

လက်ကိုပါ ။

ပြီးတော့………………… မေးခွန်းနှစ်ခု……   သူကြီးကို မေးလိုက်ပါတယ် ။

———————————————————————————

ကိုအာဂ ။   ။ သူကြီးခညာ. . . . မာမီမိုး@မိုးမင်းသားကို ဘယ်လို မြင်ပါသလဲ ?

သူကြီး    ။   ။ အေးဗျာာာ . . . မိုးမင်းသားကြီးး အခုလို ပွင့် သွားတာကတော့ စနစ်ကြောင့် မဟုတ် လောက်ဘူး ။

ကိုအာဂ ။ ။ ကဗျာပြခန်းနဲ ့ကဗျာ ချစ်သူတွေကိုရော ဘယ်လို မြင်ပါသလဲ ?

သူကြီး ။ ။ ကဗျာ / အနုပညာကို ချစ်တဲ့ လူတွေဆိုတာက နှစ်တစ်ထောင်ကျိန်စာ မိနေသူတွေ လိုပါပဲ ။

=============================================

ပြဇာတ်မှာ သရုပ်ဆောင်လိုက်ရလို ့ . . . .

မောတော့ မောထှာာာပေါ့ ….. ဒါဘေမယ့် မမောာာဘူးးးး   ဆိုပြီးး

သီချင်းလေးတွေ ညည်းနေတဲ ့အမွှာညီအစ်မ ကလည်းး……..

မနွယ်ပင် မေးသမျှကို  (ရုပ်ရှင်မင်းသမီးလေးတွေလို … လေသံလေးနဲ့)  ဖြေပါတယ်။

အန်တီမမ ။    ။ ကဗျာပြခန်းအမှတ်(၆)ထဲပေါ့နော် . .
ဝင်ကြည့်ဦးမယ် ပေါ့နော် . . .
သတ်ပုံတွေလည်း ပေါ့နော် . . .
စစ်ပေးပါမယ် ပေါ့နော် .
အကြိုက်ဆုံးကဗျာ ၃ ပုဒ်ကိုလည်းပေါ့နော်……ဗုတ်သွားမယ် ပေါ့နော် . .
ပေါ့နော် ပေါ့နော် . . . .

———————————————————————————–

အန်တီပဒုမ္မာ ။    ။ ကဗျာပြခန်း စီစဉ်ကြတဲ့ကလေးတွေက ပေါ့နော် . . .
ကဗျာတွေကို…. တကယ်ချစ်မြတ်နိုးပြီးပေါ့နော် . . .
အခုလို ပေါ့နော်. . . . တက်ညီလက်ညီပေါ့နော် . . . .
စီစဉ်နေတော့ပေါ့နော် . . . .
ဘယ်လို ပြောမလဲ…. ပေါ့နော် . . .
အဟံပထမံ ..ပေါ့နော်. . . .
လုပ်ရဲကြပါတယ်…. ပေါ့နော် . . . .

=========================================

အဲဒီ အချိန်မှာပဲ…..

ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခု  ……   ထ ဖြစ် သွားပါတယ် ။

ပြခန်းရှေ့က ရွာသူားတွေကြားထဲ …….

တဝုန်းဝုန်းနဲ ့ ပြေးဝင်လာတဲ့……………..

သကြားမင်း@ဦးမာဃ နောက်ကို…….

ကြိမ်လုံးကြီးကိုင်ထားတဲ့……..

ဦးကြိမ် က ပြေးလိုက်လာလို့ပါ ။

———————————————————-

အော်. . . . . ဘာများလဲ လို ့ ။

အလန့်သကြား ။

ကျောင်းပြေးပြီးးး ပြခန်းဖွင့်ပွဲ ကို လာတဲ့ ….

ဦးမာဃလေးကို ……   သူ ့ဆရာ ဦးကြိမ် က လိုက်ဆုံးမတာကိုးးး ။

ဦးမာဃလေးလည်း………

ကြိမ်ဒဏ်ကြောက်ပြီးး ပတ်ပြေးနေရာကနေ . . . .

ကဗျာတွေ ချိတ်ဆွဲထားတဲ့………   ပြခန်းအမှတ် (၆)တံခါးကို အတင်းဖွင့်ပြီးး

ဝင် ပြေးလိုက်တာ . . ……….

………………………………

**********************************************************************

အဲဒီအခါ …………………………….

ဦးမာဃ အနောက်ကနေ ပြခန်းထဲဝင်ဖို ့ ဘယ်အချိန်ကတည်းက ဆန္ဒစောနေကြတယ်မသိ /ရွာသူရွာသားတွေ အကုန် လုံးက

ပြခန်းအမှတ် (၆)တံခါး …. ဖွင့်ပြီ ဟေ့

…….ဆိုပြီးးးအားလုံး…  ပြေးလွှားးဝင်ရောက် ကုန်ပါတယ်။

***********************************************************************

သိပ် မတိုးကြပါနဲ ့။   ဖြည်းဖြည်းးဝင်ကြည့်ကြပါဗျို ့။

ဝင်ရင်းနဲ့လည်းးး ပြခန်း တံခါးဝနားမှာ ကပ်ထားတဲ့ စာရွက် ၃ ရွက်ကို ဖတ်ပေးသွားကြပါဦးဗျားးးး . . . . . . လို ့…….

အစီအစဉ်ကြေငြာသူ ရွာ့ဆယ်အိမ်ခေါင်းကြီး ရွှေတိုက်စိုး က အသံတွေ ပြာမတတ် အော်နေတုန်းးးးး

. . . . . . . . .

************************************************************************

စာရွက် ( ၁ )

ကဗျာပြခန်းအမှတ် ( ၅ ) တွင်..ပြသခဲ့သောကဗျာများ ၊ ကဗျာဆရာများ နှင့် …ကဗျာ ဆု ရလဒ်

ပြောလိုက်ပါဘိ ဟောပါဘိ (ဇော်ဂျီ)

ရွှေကြည်                       =    

မနေခြည်                      = 

နေဝန်းနီ                       =

ခင်ခ                               =

သဲနုအေး                      =

ရန်ငြိမ်းသူ                    =

ကိုပေါက် (မန္တလေး)   =  

ရွှေတိုက်စိုး                   = 

သျှားသက်မာန်            =  

အလင်းဆက်                =  

မိုးမင်းသား                   =  

ပိတောက်မိုး                 =  

အာဂ                              =    ပြတ်ပြတ်သားသားပြောရရင်

ကမ်းဝေး                       = 

……………….

ဒီ ရလဒ်ကို ကြည့်ခြင်းအားဖြင့်…..

ပြခန်း အမှတ် ( ၅ )အတွက်..

ကဗျာချစ်သူများရဲ ့ကဗျာဆုကို……

အလင်းဆက် ရေးတဲ ့…….ကဗျာ…..

သခင်အောင်ဆန်းကိုပဲ ပြန်လိုချင်တယ်….က    

16 . 37 %  ( 55 votes ) ….နဲ ့..

ရရှိသွားပါကြောင်းးးး

သခင်အောင်းဆန်းကို..ပြန်လိုချင်သူတွေ…များနေပါကြောင်းးးး

အန်တီပဒုမ္မာပြောသလိုပြောရရင်ဖြင့်..

အချစ်ဆုံးတွေထဲက..အချစ်ဆုံးကဗျာလေး..အကြိုက်တူသူများသွားလို ့….ကဗျာချစ်သူဆု ရတာသာဖြစ်ပါကြောင်း…

 

##############################################

စာရွက် ( ၂ )

အခုတင်ပြလိုက်တဲ ့…. ပြခန်း အမှတ် ( ၆ )မှာ..ပါဝင်ပြသထားတဲ ့ကဗျာဆရာများကတော့…

မင်းသုဝဏ် = သပြေသီးကောက်

ဦးကြိမ်

ရွှေတိုက်စိုး

ခင်ခ

ထက်ဝေး

ဝင့်ပြုံးမြင့်

Sai Hla Win

လင်းစက်ရာ

လုံမလေးမွန်မွန်

ရန်ငြိမ်းသူ

လူကလေး

သူကလေး

အတာလွင်

မိုးမင်းသား

 

ကဗျာများပေးပို ့ကူညီကြသော…ကဗျာဆရာများအား.. ကဗျာပြခန်းအဖွဲ ့မှ…အထူးကျေးဇူးတင်ရှိပါကြောင်း…..

 

=============================================

 

ဒီပုံလေးကို ဒေါက်ခနဲ တစ်ချက်ခေါက်ပြီး.ကဗျာပြခန်းထဲ ဝင်လိုက်ပါ ။
ဒီပုံလေးကို ဒေါက်ခနဲ …တစ်ချက်ခေါက်ပြီး.ကဗျာပြခန်းထဲ ဝင်လိုက်ပါနော် ။

 

==================================

ပြခန်းထဲက..ကဗျာလေးများကို…

ဖတ်ရှု ခံစားပြီးပြီ ဆိုရင်တော့….

မိမိ အကြိုက်ဆုံး..ကဗျာ ( ၃ )ပုဒ်ကို.. ဗုတ်ပေးသွားကြပါဦးနော်…..။

ကဗျာ ( ၃ ) ပုဒ်ကို… တစ်ကြိမ်တစ်ခါတည်းမှာ..

သုံးပုဒ်လုံး … ဗုတ်သွား ရ မှာဖြစ်ပါ တယ် ..။

==================================

[polldaddy poll=”7290812″]

 

————————————————————-

ဂဇက်ကဗျာချစ်သူများ၏ ကဗျာပြခန်းသို ့…..

ကဗျာများပေးပို ့ရန်……..

alinsett.art@gmail.com

—————————————–

 

လေးစားစွာဖြင့်….

အလင်းဆက်

 

 

ပြခန်းအမှတ်တစ်

ပြခန်းအမှတ် နှစ်

ပြခန်းအမှတ် သုံး

ပြခန်းအမှတ် လေး

ပြခန်းအမှတ် ငါး

ဒီမှာ ဒီမှာ

 

 

 

 

 

 

 

 

 

 

60 comments

  • အလင်းဆက်

    August 5, 2013 at 7:49 am

    အကျွေးအမွေးပုံကို
    ဦးစွယ်တော်ရွက်ရဲ့ ပို့စ်ထဲက ယူသုံးထားပါတယ် ။

    မိုးမင်းသား မိန်းမလို ဝတ်ဆင်ထားတဲ့ပုံကိုတော့ ၂၀၁၂ ဇန်နဝါရီလ ၂၃ / ၂၆ရက်နေ ့က
    ချောင်းသား ခရီးစဉ် ဂိမ်းကစားပွဲတွေမှာ
    မိုးမင်းသား မိန်းမလို ဆင်ယင် ထားတုန်းက ရိုက်ထားတဲ့ပုံများ ဖြစ်ပါတယ်။
    မိုးမင်းသားရဲ့ ခွင့် ပြုချက် နဲ့ ယူသုံးထားတာပါ ။

    သရော်စာ မဟုတ်တဲ့
    အပျော်စာ လေး မို ့

    ချစ်သော ရွာသူားတွေရဲ့ အမည်တွေ ထည့်ရေးပြီး
    ဟာသ လေး တင်ပြထားတာကို
    ခွင့်လွတ်ကြပါနော်

    လေးစားစွာဖြင့်

    အလင်းဆက်

  • ဦး ကြိမ်

    August 5, 2013 at 9:54 am

    မဲ့ ယို ကွမ်း ရှိ အလင်းဆက်ရေ။

  • အလင်းဆက်

    August 5, 2013 at 10:01 am

    ကိစ္စ မရှိပါဘူးးး ဆိုတဲ့
    ဦးဦးကြိမ်

    ပြခန်း ကို အစောဆုံး ဝင်ရောက်လာတယ်
    ကျေးကျေးပါ ဦးမာဃကို
    ကြိမ်လုံးကြီးနဲ ့လိုက် ပါဦးနော်

    🙂

  • KZ

    August 5, 2013 at 10:12 am

    နောက်ခါ
    တမီးကို စတိတ်ရှိုးမှာ စိုင်းစိုင်းနဲ့ သီချင်းတွဲဆိုတာ မျိုးလေး ရေးပေးပါ။
    ခွိခွိ။ 😀

    • အလင်းဆက်

      August 5, 2013 at 10:23 am

      ရေးပေးမယ် ဂျီဒေါ်ရေ

      ဆိုင်းဆိုင်းခန်းလှိုင်နဲ့တော့ မဟုတ်
      မြန်မာပြည်သိန်းတန်နဲ့ တွဲ ပေးမယ်

      အဟိ

      🙂
      ကဲ ကဲ
      ဗုတ် သွားကြပါဦးနော်

      • TNA

        August 6, 2013 at 1:51 pm

        ဟင့် လားရှိုးသိန်းအောင်လောက်နဲ့တော့လုပ်ပေးလိုက်ပါအေ။

        • အလင်းဆက်

          August 6, 2013 at 5:17 pm

          မြန်မာပြည်သိန်းတန်ကြိးနဲ ့က.. ပိုလိုက်မလား..လို ့…။

          အဟိ ။
          🙂

  • Nay Chi

    August 5, 2013 at 11:01 am

    ၅ပုဒ် ဗုတ်ချင်တာ..။ ၃ပုဒ်ပဲ ခွင့်ပြုလို့ ကျန်တဲ့၂ပုဒ်ကို ရင်နာနာနဲ့ချန်ခဲ့ရတယ်..။ 🙂

    • အလင်းဆက်

      August 5, 2013 at 12:08 pm

      မမနေခြည်
      အပြေးလေး လာဗုတ်တဲ့အတွက်
      ရှဲရှဲ ဘာ

      တစ်ယောက် သုံးပုဒ်နဲ ့
      ကိုယ်စီကိုယ်စီ ဗုတ်ကြရင်း
      အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံးတစ်ပုဒ်ကို
      ရွေးထုတ်နိုင်ကြမှာပါ
      🙂

  • မဟာရာဇာ အံစာတုံး

    August 5, 2013 at 11:05 am

    ဘာရယ် .. ဘာရယ် …
    အာပြဲခြောက်ဖုတ်ကို ပဝါစ ပတ်ထားတာနဲ့ ့တူပါတယ်။
    ဟုတ်ဒလားကွ ….
    ရေလည် တင်းသွားဘီ …
    တော်ဘီကွာ … ပြခန်းထဲ မဝင်ဒေါ့ဘူး .. ခွီးးးး

  • ခင် ခ

    August 5, 2013 at 1:04 pm

    အောင်ရဲလင်း နဲ့ အတော်တူတယ်လို့ ညွှန်းပေမယ့် ကျွန်တော်က အောင်ရဲလင်း ကို မတွေ့ဘူးတော့ ဘယ်လိုမှန်းစရမှန်းကို မသိဘူးဗျ။ ဘာဘဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ်လုပ် ပြခန်းထဲ ဝင်တာဘဲကောင်းတယ်။
    အဲ ပြခန်းထဲ ကလစ်လုပ်ပေမယ့် ဝင်မရဘူးဗျ၊ ကျွန်တော်ဆီက ဖြစ်တာလား ဘာလားတော့ မသိဘူးဗျ နောက်မှဘဲ ပြန်လှည့်လာတော့မယ်။

    • အလင်းဆက်

      August 5, 2013 at 1:10 pm

      လေးခ ရေ

      ကျွန်တော် ပြန်ဝင်ကျိတာတော့ ရတယ်
      အင်တာနက် လိုင်းများ ကျ တစ်ချက်
      တက်တစ်ချက် ဖြစ်နေလို့လားမသိ ။

      • ခင် ခ

        August 5, 2013 at 1:55 pm

        အခုတော့ရနေလို့ ဝင်ကာဖတ်နေပါ၏
        လိုင်းကြောင့်နေမှာ……..။

  • နာ..အဲ့ အာပြဲခြောက်ဖုတ်ကို ပဝါစ ပတ်ထားတာ နဲ့ မတွဲချင်ဝူး… မင်းသားလဲပေးပါ… မလဲပေးရင် သတ်သေပလိုက်မယ်…

    နီ့ပြခန်းကိုဖတ်တာ.. နာဖြင့် ဘယ်လိုမှ မျက်နှာပိုးသတ်လို့မရဝူး.. ဟိ..ကိုမိုးမင်းသားပုံက မိုက်ဒလယ်… ကဗျာတွေက ဖွင့်ထားတုန်းဟ… ပီးမှ အကုန်ဖတ်ပြီး ဗုတ်မယ်နော်…

    • အလင်းဆက်

      August 5, 2013 at 1:14 pm

      တခြားမင်းသား ငှားမရဘူးဟ
      ဒီမင်းသားတောင် ဇာတ်ဖင်ကွဲလာတဲ့မင်းသား
      (ဇာတ်ခေါင်းကွဲတာမဟုတ် ) မို့လို ့
      ရရာ နဲ့ လုုပ်ထားရတဲ့ပွဲ ဟ
      🙂

      ==================

      မိုးမင်းသား ပုံကို တော့…
      ချော့ လိုက်ခြောက်လိုက်နဲ ့
      မနည်း တောင်း ထားရတာလေ

      🙂

  • Mr. MarGa

    August 5, 2013 at 1:10 pm

    အဟမ်း….အဟမ်း….
    ကျုပ်ဟာကျုပ် အေးအေးဆေးဆေး နေတာကို
    နောက်ကနေလဲ လိုက် ရိုက်ခိုင်းသေးတယ်
    ပြခန်း တံခါးကိုလဲ ပြေး ဖွင့်ခိုင်းသေးတယ်
    ဒီ အိမ်သာကျင်းနဲ့တူသော ယောက်ျားတစ်ယောက် ကိုတော့ တစ်ခုခု လုပ်ဦးမှ ပါပဲလေ။
    စကားမစပ်….
    ကဗျာပြခန်းအတွက် ကဗျာများ နည်းပါးနေပြီ ဖြစ်တာမို့
    ကဗျာများကို ပေးပို့ကြဖို့လဲ အနူးအညွတ် တောင်းဆိုပါတယ်ဗျိုး…..
    အခု လောလောဆယ်တော့
    ကဗျာချစ်သူတွေ ကဗျာရှာဖွေရေး၊ ကဗျာပြခန်း ပြင်ဆင်ရေး၊ ကဗျာဆောင်းပါး ရှာဖွေရေးများနဲ့ အလုပ်ရှုပ်နေပါကြောင်း
    ဟီဟိ

    • အလင်းဆက်

      August 5, 2013 at 1:23 pm

      သားသားကို အိမ်သာကျင်းနဲ့တူတဲ့ လူ လို့ပြောတဲ့
      သကြားကို
      နာနာလေး လိုက်ရိုက်ပေးပါ
      ချစ်သော ဦးကြိမ်

      🙂
      ============

      ကဗျာ ပေးပို ့လာတာ နည်းနေပြီ ဖြစ်တဲ့အတွက်
      ကဗျာပြခန်း ရေရှည် တည်တံ့နိုင်ရေး

      သကြား ပြောသလိုပါပဲ

      🙂

  • ဗုံဗုံ

    August 5, 2013 at 4:01 pm

    မင်းတမီး ရှစ်လက်နဲ့
    တစ်ခါတည်း တွဲ ကခိုင်းလိုက်လေ…
    ညက်စိထဲ မြင်ယောင်သေး.. :mrgreen:

    • အလင်းဆက်

      August 5, 2013 at 5:22 pm

      မင်းသားက အိုးနင်းခွက်နင်း ဖြစ်နေပေမယ့်
      တာဝန်ကျေအောင် က ရှာပါတယ် မိဗုံရယ်
      သူ ့ခမျာ
      နောက်ထပ် ဇာတ်ဖင်ကွဲ မခိုင်နိုင်ဘူး နေမှာ
      အဟိ
      အံစာလည်း
      အတော် ချိတ်တိုနေလောက်ပြီ ။
      🙂

      ချိတ်မချိုးပါနဲ ့အံအံ

      မိဗုံ
      ညည်း ဗုတ်ပြီးပြီလားအေ့

  • အာဂ

    August 5, 2013 at 4:03 pm

    အော်………………….တစ်ရွာလုံးက လူတွေစုံသွားတာပါပဲ…။

    • အလင်းဆက်

      August 5, 2013 at 5:27 pm

      ကိုအာဂ ရေ

      လူစုံအောင်တော့ ထည့်ရေးထားတယ်
      ကျန်ခဲ့သူတွေလည်း ရှိသေးတော့
      နာမည် မတပ်ထားသူများက အခြားရွာသူားများဆိုတဲ့ နေရာတွေမှာ ပါ ပါတယ်
      🙂

      ဒါနဲ ့

      လာမယ့်ပြခန်းတွေမှာ
      ကိုအာဂ ကဗျာတွေ ပါဦးမယ်နော်။
      ဒီတစ်ခေါက်ပြခန်းမှာ ထည့်ပြထားတဲ့ ကဗျာ လေး
      အနားကပ်မှ ချန်လိုက်ရတာ စိတ်မကောင်းပါဘူးနော်
      ========

      • အာဂ

        August 5, 2013 at 6:06 pm

        ရပါတယ် ပြသနာမရှိပါဘူး။ အဆင်ပြေသလိုသာလုပ်ပါ။

  • မိုး မင်းသား

    August 5, 2013 at 7:44 pm

    ရှက်တယ်ရှက်တယ်…..

    သိပ်ရှက်တာပဲ…ဒညင်းဝက်ရ…..

    တစ်သက်လုံး..ဖုံးသမျှကုန်းကာမှပေါ်..ဆိုတာမျိူးပေါ ့လေ…

    ဒါပေမဲ ့..ကိုယ် ့ပုံကိုယ်ကြည် ့တော ့…အဟိ..ဂျစ်ဂျယာလေးနော်…….“ဟိ”

    တစ်ခါတည်းပြောလိုက်မယ်…ဒညင်းဝက်ရေ…

    ကိုကြောင်ကြီးနဲ ့ပေးစားလို ့ကတော ့…မာမီမို းကိူယ်တိုင်မာမီမိုး…သက်သေပစ်လိုက်မယ်

    ဒီမှာ..ဦးကြောင်..မိုးရဲ ့ခန္ဒာကိုယ်ပဲရမယ်…..မို းရဲ ့အချစ်ကိုတစ်သက်လုံးမရစေရဘူးဆိုတာ

    မြဲမြဲမှတ်ထားလိုက်ပါ….(မို ့မို ့မြင် ့အောင်လေသံဖြင် ့)….ဟင် ့ဟင် ့

    • အလင်းဆက်

      August 5, 2013 at 7:54 pm

      ဦးကြောင်က… မာမီမိုး ရဲ ့… ခန်နာကိုယ် ကို ရရင်ပဲ…ကျေနပ်ပါပြီ..တဲ ့။
      အဟိ ။

      အချစ်..မလိုပါဘူး..တဲ ့။
      တကယ်ဆိုရင်… ဟိုဒင်းပဲ..လိုတယ်…တဲ ့။
      ဟိုဒင်းဆိုတာ…
      သံယောဇဉ်ကိုပြောတာပါ..။

  • Ma Ma

    August 6, 2013 at 7:19 am

    အခုလိုပေ့ါနော်
    အလက်ဆင်းရဲ့ပေါ့နော်
    ကဗျာပြခန်းဖွင့်ပွဲမှာပေ့ါနော်
    ပါဝင်ဖျော်ဖြေခွင့်ရလို့ပေ့ါနော်
    ဝမ်းသာပါတယ်ပေ့ါနော်
    ဒါပေမယ့်ပေ့ါနော်
    အလက်ဆင်းရဲ့ ပိုစ့်မှာပေ့ါနော်
    သတ်ပုံနဲ့ ပတ်သက်ပြီးတော့ပေ့ါနော်
    ပြောရမယ်ဆိုရင်ပေါ့နော်
    အမှားမတွေ့ဘူးပေ့ါနော် 🙂

    ဒီလောက်လေ့ကျင့်ထားရင် မိုက်ကြီး တလွှားလွှားနဲ့ အာဂလူသားလည်း ကြောက်စရာမလိုလောက်တော့ဘူး… ပေါ့နော်။ :loll:

    • Ma Ma

      August 6, 2013 at 10:01 am

      ဗုတ်ပြီးပါကြောင်းးးးးးးးးးးးးး

    • အလင်းဆက်

      August 6, 2013 at 5:25 pm

      အန်တီမမကပေါ့နော်…
      သတ်ပုံတွေ.. စစ်တာပေါ့နော်..
      အမှားမတွေ ့ဘူး..ဆိုတော့…ပေါ့နော်…
      ကဗျာ ချစ်သူအဖွဲ ့လေးကပေါ့နော်…
      ဝမ်းသာတယ်ပေါ့နော်…
      ကျေးဇူးလည်း.ပေါ့နော်..
      တင် တယ်..ပေါ့နော်…

      တစ်ခန်းရပ် ပြဇာတ်လေးနဲ ့…ပေါ့နော်..
      ဖျော်ဖြေပေးသွားတဲ ့..ပေါ့နော်..
      အန်တီမမကိုလည်း..ပေါ့နော်..
      ကျေးဇူး…ပေါ့နော်..
      တင်တယ်ပေါ့နော်…

      🙂

  • surmi

    August 6, 2013 at 8:54 am

    ဖုန်​း နဲ့ဝင်​ဖတ်​လို့မလွယ်​ 🙁
    အင်​တာနက်​ဆိုင်​မှာသွားဖတ်​ပီးမှ ဗုတ်​​တော့မယ်​
    အင်​းးးး ​တော်​​တော်​စည်​တဲ့ပွဲ​ပါလားး
    ပြန်​လာပါဦးမယ်​

    • အလင်းဆက်

      August 6, 2013 at 5:21 pm

      ဦးဆာရေ..
      နက်လိုင်းတွေက…
      ပက်ကျိ မြန်နှုန်းနဲ ့.. ဖြစ်နေတဲ ့ အချိန်ဆိုတော့……
      ကဗျာပြခန်း အခုလောက် စည်တာပဲ..ကျေးဇူးတင်နေရတယ် ။
      🙂
      အားပေးမှု အတွက်….
      ကျေးကျေးပါဦးဆာရေ…။

  • ဦးကြောင်ကြီး

    August 6, 2013 at 10:06 am

    မလွမ်းဂျင်ဗူး
    အဆန်းထွင်ရူး
    ဂဏန်းရှင်ကူး
    ခရမ်းချဉ်စူး..

    • အလင်းဆက်

      August 6, 2013 at 5:19 pm

      ဦးကြောင်တို ့များ….
      မာမီမိုးကို.. မလွမ်းချင်ဘူး..ဆိုဘဲ…

      🙂

  • TNA

    August 6, 2013 at 2:06 pm

    ညီးကျေးဇူးနဲ့ ကလိုက်ရတာဖတ်ဖတ်မောလို့ပါ အလက်ဆင်းရေ။ ကဗျာတွေဖတ်လိုက်အုံးမယ်။ ပီးမှဗုတ်တော့မယ်။ ကလေးနေမကောင်းတဲ့ကြားကလာရတာအေ့။ မအိပ်ရတာနှစ်ညချိဘီတော့။ ဂုဏ်ပြုလက်ချောင်လေးဘာလေးပေးအုံးအေ။

    • အလင်းဆက်

      August 6, 2013 at 5:16 pm

      အက အလှနဲ ့.. ကူညီသွားတဲ ့..အန်တီ သဲ…
      ကျေးကျေးဘာ..။

      မအားတဲ ့ကြားက..
      ပြခန်းဖွင့်ပွဲကို.. အပြေးလာ အားပေးတဲ ့..အတွက်လည်း..ကျေးကျေး ပါ ။
      အကြိုက်ဆုံး ကဗျာ သုံးပုဒ်ကို…
      ရွေးပြီး..ဗုတ်ပေးဦးမယ့် အတွက်လည်း..ကျေးကျေးပါ ။

      🙂

  • Ma Ei

    August 6, 2013 at 2:30 pm

    အကြိုက်ဆုံး တစ်ပုဒ် ဗုတ်ခဲ့တယ်နော်…

  • လူကလေး

    August 7, 2013 at 10:43 am

    တောက် .. ခေါင်းဆောင်မင်းသမီးလည်း ဖြစ်ချင်ပါဘူး .. ကျုပ်က အိုက်မန်းသားမှ မကြိုက်တာ ..
    မင်းသားချိန်းပေးရင်တော့ ရှေ့က ခေါင်းဆောင်မန်းတမီးကိုဝမ်းနှုတ်ဆေးတိုက်ပြီ တများ ခေါင်းဆောင်မန်းတမီး လုပ်မှာ.. ဒါပဲ..

    ဒီမန်းတားနဲ့ တုကို ခေါင်းဆောင်မန်းတမီး ပေးလုပ်တာ.. ဟွန့်..

    • အလင်းဆက်

      August 7, 2013 at 6:03 pm

      နောက်တစ်ခါ
      ဗေလုဝ နဲ့ တွဲပေးရမလား
      လူကလေး

      အဟိ

      ======

      🙂

  • သူကလေး

    August 7, 2013 at 4:33 pm

    ဘာာာာာာာာကွ … ဦးရွှေရိုးတောင်ဖစ်လိုက်သေးးးး

    အာ့ကြောင့် ညည အိပ်မက်တွေမကောင်းထှာ .. ဝမ်းနည်းထှာ ရွှတ်ဖတ်

    ဒီတစ်ခေါက် ပြခန်းထဲက ကဗျာတွေကတော့ ကိုယ့်အကြိုက်စတိုင်လ်တွေချည်း

    အားလုံးကို ဗုတ်လို့ရဘူးလား ငင် … မနက်ဖန်မှ လာဗုတ်မယ်နော့် 😀

    • အလင်းဆက်

      August 7, 2013 at 6:01 pm

      အတုန်လုံးတော့ ဗုတ်နဲ့လေကွယ်

      အချစ်ဆုံးတွေထဲက အချစ်ဆုံး သုံးပုဒ်ပေါ့
      🙂

  • ရဲစည်

    August 9, 2013 at 3:51 pm

    ဗုတ်ခဲ့ပါပီဗျာ ….
    လက်ရာကောင်းတွေမို့ သူနေရာနဲ့သူ ကောင်းသူတွေကြီးပါဘဲ ..
    ဇဂါးမစပ် …. ဗျာ
    ခင်ညားက အောင်ယဲဋ္ဌင်းနဲ့ တူတယ်ပြောပြောနေတော့ … ကျနော်တို့ ရပ်ကွက်ထိပ်က အောင်ယဲဋ္ဌင်းဆို အသေအကြေ ဝုန်းချင်နေတဲ့ အခြောက်တအုပ်ကို ခင်ဗျားဆီ လွှတ်ပေးလိုက်ရမလား ဟင်င်င် …….

    🙂

  • ရွှေမိုးတိမ်

    August 10, 2013 at 8:15 pm

    ကဗျာတွေဖတ်သွားတယ်ရှင့်။ ရွာသူ ရွာသားတွေက စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကြီး 🙂

    • မင်္ဂလာပါ ..ရွှေမိုးတိမ်ရေ..
      ကိုယ့်ထက် ငယ်လား ကြီးလား.. မသိသေးလို ့.. ရွှေမိုးတိမ်လိ်ု ့ပဲ.ခေါ်လိုက်ပါဦးမယ်နော် ။

      အခုဆိုရင်.. ရွှေမိုးတိမ်လည်း.. ရွာသူားထဲမှာ..တစ်ယောက် အပါအဝင် ဖြစ်နေပါပြီနော် ။

      ကဗျာတွေ အများကြီးရေးပါနော်.။

      ခင်မင်လေးစားစွာ..ဖြင့်..

  • โทรศัพท์มือถือ

    August 12, 2013 at 6:30 pm

    မသိတာလေး မရှင်းတာလေး တစ်ခုရှိလို့ မေးပါအုံးမယ်ခည…
    ပြခန်းထဲမှာပါတဲ့ “တာဝန်” ဆိုတဲ့ တစ်ပုဒ် ဗုတ်တဲ့နေရာမှာ ဘာ့လို့မပါတာလဲဗျ….
    ကျနော် အဲ့တစ်ပုဒ်ကို ဗုတ်ချင်တာ ဗုတ်မရလို့ အခြား ၂ ပုဒ်ကိုပဲ ဗုတ်ထားခဲ့ပါတယ်……

  • DEPARKO DEPARKO

    August 12, 2013 at 9:28 pm

    ရင်ထဲကစကား ပန်းရထားအဖြစ်သီ
    ချိုသီနွဲ့နွဲ့ သံစဉ်လေးထည့်လိုက်တော့
    လူသားတွေရဲ့နှလုံးသား ဆွဲငင်အားအပြည့်နဲ့
    လောကကိုအလှဆင် ပြုပြင်စေမည့်အပြုံးများ
    မုဒိတာပွါးလို့ ဗုတ်လိုက်ကြစို့ရွာသားများ

    • အလင်းဆက်

      August 12, 2013 at 9:35 pm

      ဝိုးးးး
      သိပ်လှတဲ ့..စကားလုံးတွေ…ပါလား ။

      ဦးဒီပါရေ…
      စာသားလှလှ … ပါနေတတ်တဲ ့..
      ဦး ရဲ ့ ကဗျာလှလှတွေကိုလည်း..
      ပြခန်း ကမျှော်နေပါတယ်နော်…။

      လေးစားစွာဖြင့်…

      • DEPARKO DEPARKO

        August 13, 2013 at 6:11 pm

        ပို့လိုက်ပြီကွာ ရရင်ပြောဦး

        • အလင်းဆက်

          August 13, 2013 at 8:28 pm

          ဦးဒီပါရေ…
          ပေးပို ့လိုက်တဲ့ ကဗျာလေး..
          ရရှိပါပြီ ။

          အခုလို..ကဗျာလေး ပေးပို ့ကူညီတဲ့အတွက် ကျေးကျေး ပါဗျာ..။

          ခင်မင်လေးစားစွာ….

  • အရီးခင်

    August 13, 2013 at 2:41 pm

    ဝုတ်ပြီးပါကြောင်း။
    နောက်ကျနေတာ ကြောင်လွှတ်ပါ။

    အလက်ဆင်းထံသို့ ကဘာ လေးလဲ ပို့ပြီး ကြောင်း သတင်းပို့ ပါတယ်။ (အဟိ) 😉

    နာ့ ကဘာ ကို မကောင်းဘူး ဝေဖန် ရင် နာပြီ မှတ်။ 👿

    နောက်တာပါ။ မကောင်း တာ ကို မကောင်းဘူး လို့ လွတ်လွတ်လပ်လပ် တွေးကြပါ။ ပြောကြပါ။
    ဒါကြောင့် မကောင်းတာလေးလဲ ဖတ်ဘူးကြအောင် ပို့ ပါတယ်။
    ဒါလဲ နောက်တာပါ။
    တကယ်က အင်မတန်ကောင်း တဲ့ ကဘာ လေးပါ။
    ဖတ်ရပါလိမ့်မယ်။ အားပေးကြပါ။

    နဲနဲ ဆက်ပြီး စကားကြောရှည်ရရင်ဖြင့်
    ဒီလို ကဘာ တွေ ကို တစ်ခါမှ မစပ်ဘူးပါ။
    ဝါသနာ လဲ မပါတာတစ်ကြောင်း၊ သူများ ကဘာ တွေ ကို ဝင်ဝင်နှောက်ဘူး တာကြောင့် ဝဋ်လည်မှာ ကြောက်လို့ တစ်ကြောင်း ဖြစ်ပါသည်။

    ဒီတော့ အခု ဘာလို့ ဒီ အရွယ်ကြီးကျမှ ထပြီး စပ်ရသလဲ ဆိုတော့ အကြောင်းကြီး ၃ ရပ် ပေါ် အခြေခံပါသည်။
    (၁) ရွာ့ လူငယ် လေး တွေ စည်းစည်းလုံးလုံး ချစ်ခင်ခင် နဲ့ (တစ်ချို့ ဆို ခွဲမရအောင် ကို ပူးသွားပြီ) ရွာအကျိုး ကို အချိန်ပေး ပြီး လုပ် နေတာ ကို အားပေးချင်တာက တစ်ကြောင်း
    (၂) အသက်ကြီးပေမဲ့ လက် မပျက်စီး သေးကြောင်း ပြနေတဲ့ ရွာသားကြီး များ ကို မနာလို လို့ (မွှားလို့) အားကျ လို့ အတုခိုး မိရုံ မက ရွာထဲ မှာ သောင်းကျန်း တတ်တဲ့ ကဗျာမစပ်တတ်သူ စိန်ကြက်ဆင် ကို စိန်ခေါ်တဲ့ ကဘာဆြာမဂျီး မြစာကလေး အမည် ရလိုသည် ကတစ်ကြောင်း
    (၃) ဘယ် ညာ အော်ပေးနေတဲ့ ဆြာဇော်သန့် ရဲ့ ယိမ်း မှာ ညာစွန်း က နေ ကမိ နေ လို့ ဘယ် ကို များ ယိမ်း နိုင်မလား ဆိုပြီး ကိုယ့်ကိုယ်ကို ဘယ်ဘက်မှာလဲ အဖြစ်ရှိ/မရှိ စမ်း ချင်တာက တစ်ကြောင်း

    ထိုထို အကြောင်းကြောင်း တို့ ကြောင့်
    အင်မတန် ကောင်း လှ တဲ့ ကဘာကြီး ကို မွေးထုတ် လိုက်ပါသည်။
    ဖတ်လို့ နားမလည် ပါက စာအဖြစ်လဲ ဆက်လက် ရှင်းပြ ပေးမည် ဖြစ်ပါကြောင်း ကိုလဲ သတင်းကောင်း ပါးအပ်ပါသည် ……..
    ချစ်သော
    မဟာ ဂဇက်တော် ရွာသူ/ရွာသား အပေါင်း တို့။
    😛

    • garfield

      August 13, 2013 at 2:44 pm

      ကျေးဇူး ကဘာကြီးပါ အရီးလတ် ရေ။
      🙂

    • အလင်းဆက်

      August 13, 2013 at 3:11 pm

      အရီး ထံမှ ကဘာ ရရှိပြီ ဖြစ်လို ့
      ထ ခုန် မိ တဲ့ အထိ ဝမ်းသာ မိပါကြောင်းးးး

      ထ ခုန် ရလောက်အောင် ဝမ်းသာမိတဲ့ အကြောင်းမှာ သုံးချက်ရှိပါသည် ။
      ၁ ။ ။အရီးတို ့လို ရွာ့ လူကြီးသူမ နာမည်ကြီးများဆီက ကဗျာ များကို အရူးအမူး မျှော်လင့်နေခြင်းက တစ်ကြောင်းးး

      ၂ ။ ။ အရီး ရဲ ့ကဗျာက တကယ် ကောင်းမွန် လှပတဲ့ စာအလှ ပေအလှ ဖြစ်နေတာက တစ်ကြောင်းးး

      ၃ ။ ။ ကဗျာပြခန်း အတွက် ကဗျာ ပေးပို ့လာသူ နည်းနေချိန်မို ့ကဗျာ လိုအပ်နေချိန် အချိန်မှီ ရောက်လာ လို ့က တစ်ကြောင်းးးး

      အရီးရေ ကျေးဇူးပါဗျ

      ချစ်ခင်လေးစားစွာ

      အလင်းဆက်

    • Mr. MarGa

      August 13, 2013 at 8:46 pm

      ဟီး…..
      ဘယ်လိုပျော်လို့ ပျော်မှန်းမသိ
      အရီးဆီက ကဗျာရပြီ
      ကဗျာတွေ ဘယ်လောက်ရတယ် ဆိုတာကိုတော့ အလင်းဆက်မှ သိမယ်
      လောလောဆယ်တော့ အရီးဆီကရယ် ဦးဒီပါ ဆီကရယ် ရလို့
      ပျော်တယ်ဝေ့ ပျော်တယ်ဝေ့
      😆

        • Mr. MarGa

          August 14, 2013 at 12:57 pm

          က ပြစရာလား
          နီ့ဟာနီ က
          နာ ပျော်ရင် ကျန်တဲ့သူတွေ မျက်ခုံးသာ လှုပ်ပေတော့
          အကုန်လုံး ပတ် ချောက်ချမှာ သတိသာထား :mrgreen:

        • အလင်းဆက်

          August 14, 2013 at 5:55 pm

          အို ရှုပ်ပါတယ်ကွာ
          အံစာ့ကိုပဲ က ပြ စေတော့မယ်

          အံစာမိုးဝင်း

          အားပြဲခြောက်ဖုတ်ကိုပဝါစ ပတ်ထားတာနဲ့
          အင်းးးးးးးးး
          မတူတဲ့ မင်းသား အင်းးးးးးးးး ချောလေးး

          ကပြပါ

          အဟိ
          အဟ်ိ

          🙂

  • အလင်းဆက်

    August 17, 2013 at 9:42 am

    ကဗျာ ချစ်သူ များ ခင်ဗျားးး

    ကဗျာ ဗုတ်ကို
    ၁၈ ရက်နေ ့ ည မှာ ပိတ်မှာ မို ့
    မဗုတ်ရသူများ ဗုတ်ပေးကြပါဦး လို ့
    နှိုးဆော်အပ်ပါတယ် ခင်ဗျ

    🙂

Leave a Reply