အိမ်မဲမဂ္ဂဇင်း…….လွမ်းချင်း

မန်းဂေဇက်ကို….အလွမ်းနေခက်လို့….လှမ်းလေခဲ့ပြန်ပေါ့။ဝါသနာတူစာပေဝါသနာရှင်.အများစုနေသမို့

ရင်တွင်းအပူကိုမျှဝေပေးလိုက်ချင်ငဲ့……အများရင်မှာခံစားရသည်က….ခလေးငယ်ရှူးရှူးပေါက်တာကို

ပင်လယ်ပြင်ကြီးမှောက်ချသလိုမတင်စားချင်တာပ……..အချဉ်များရင်အချိုနဲ့အုပ်သော်ပြေကောင်းပြေ

နိုင်ပေမယ့်….ယင်မနားရင်အရသာမစစ်သမို့…..အိမ်မဲမဂ္ဂဇင်းပင်ထွက်လာချေပြီ…မဂ္ဂဇင်းပင်ထွက်လာ

သော်ငြား…မြို့တည်သမိုင်းဝင်ဘုရားရှင်ပင်ချမ်းသာသမိုင်းကိုရေးသားပူဇော်သူကပူဇော်…..မိစ္ဆာအယူ

ရယ်ကတီထွင်စီစဉ်တာက.ဘုရားပုံတော်မပါ…မွမ်းမံသူသာသနာပြုတကောဆရာတော်ဘုရားပုံတော်ကိုလ

…ပုံငယ်ငယ်ဖြင့်ထည့်သွင်းကာပူဇော်….ထိုအချင်းကြောင့်ကုန်သည်၊သူဌေး၊သူကြွယ်များကမကြည်ဖြူ

ဇော်ဂျီလို…သူယောင်မယ်ကိုတမ်းတတ်သူတဏှာရူးရယ်က…..ဘာမထူးတဲ့..စာရူးများကိုတင်ခေါ်……

ချိုချို..ချဉ်ချဉ်ဟိုယခင်အတိတ်ဟောင်းမှာလ….လယ်ပေါ်စုရွာလုံးကျွတ်အိမ်မက်..မက်လေပြီ။မက်သည့်

အတိုင်းရှာဖွေကာ….ချုံနွယ်မှာရှုပ်ထွေးနေပါလို့…..ပူဇော်ထူးကိုခံထိုက်သောဘုရားရှင်ပင်…….တရားအရှင်

ပေးသောအိမ်မက်ကိုအစွဲပြုပါလို့….ကျေးရွာလူထုခေါ်လိုက်ပါတဲ့အိမ်မက်မြို့တော်….ရာဇဝင်လာ…ဇရာထွင်

ကာပြောင်းပေပေါ့….ခေတ်ကာလအခေါ်.အိ်မ်မဲမြို့တော်။ထိုထိုအစဉ်လာ…မြင်ပါသော်ဂရုမစိုက်တယ်…ထုရိုက်

ပါသော်လည်း…သူစရိုက်ရယ်က…မင်းဆိုးရာဇာကိုမြှောက်ပင့်စားသူ…..ထို့အတူ….တူသောအကျိုးကိုပေး

လိမ့်မပေါ့…တို့ဘုရားက….အခြားနှင့်မတူ……ဆုမတောင်းပါ….အခုခေါင်းရှောင်တာကကုန်ကျစရိတ်

(၄၅)သိန်းရယ်ကြောင့်…စုစောင်းကာ…ရသူဝမ်းစိုစေဖို့….တစ်ချက်စောင်းကြည့်ပါက…..ရွှေစကား…

ဟာဘာလဲလူတိုင်းသိသမို့…..အမငှီး……သွားပါပေါ့..နှစ်(၃၀)ကြာတဲ့အိမ်မဲမဂ္ဂဇင်း.ရယ်…..။

 

8 comments

  • အလင်း ဆက်

    July 18, 2013 at 7:59 am

    ဂဇက်ကို လွမ်းသူ
    ဂဇက်က လည်း လွမ်းသူ
    ဆုံတွေ ့ရာ နေရာ လေး

    • အောင်ကျော်ဇော ကျော်ဇော

      July 18, 2013 at 10:37 pm

      အပျင်းမဖက်တဲ့…….ကိုကိုအလင်းဆက်ရေ…
      တကယ်လွမ်းသူမို့…..ရွှေပေလွှာစာချွန်ပါးမိသူက
      အကျွန်တော်မျိုးပါ..ခင်ဗျ။

  • Ma Ma

    July 18, 2013 at 8:14 am

    မြို့နယ်မဂ္ဂဇင်းထုတ်နိုင်တယ်ဆိုတာ ဂုဏ်ယူစရာပါ။
    ရပ်တည်နိုင်ဖို့ဆိုတာလည်း ခဲယဉ်းလှပါတယ်။ :eee:

    • အောင်ကျော်ဇော ကျော်ဇော

      July 18, 2013 at 10:47 pm

      အမတော်…မမ
      ဂုဏ်ယူမိသော်ငြား…….မြို့သမိုင်းတော်နှင့်ဆက်နွယ်ဖွေရှာ
      ဘုရားရှင်ပင်ချမ်းသာအတွက်….ရတက်ပွေမိသဗျ။
      နှစ်ပေါင်း(၃၀)ကြာမှတစ်ခါထွက်တဲ့….ရှားပါးစာအုပ်ကို
      ခဲယဉ်းသည်ဆိုက….မပိုတာအမှန်ပါ…ဗျ။
      ရပ်တည်ရန်..လွန်စွာဝေးတာပ….သမိုင်းဝင်နိုင်တာလည်းအမှန်ပါ။

  • naywoon ni

    July 18, 2013 at 6:26 pm

    ကိုယ်တိုင် ကိုယ်ကျ လက်ကမ်းစာစောင်တစ်ခုလောက် ဂျာနယ်တစ်စောင်လောက် လုပ်ကြည့်ပြီးမှပြောရင်ကောင်းမယ် သူငယ်ချင်း …………..။ ကိုယ်တိုင်တော့ဘာမှမဖြစ် သူများပဲစောက်ပြစ်ပြောနေတာ နှစ်ပေါင်းငါးဆယ်ကျော်လာပြီ….။

  • အောင်ကျော်ဇော ကျော်ဇော

    July 18, 2013 at 10:35 pm

    အသေဗျင်းပြီးမကြည်…နေဝန်းလေးရယ်နီနေတဲ့..သူငယ်ချင်းရယ်။ကြားဖူးနားဝ
    အနှစ်(၅၀)အကြောင်းကိုပြောနေစရာမလိုကာပ…ပိုပိုသာသာပြနေတဲ့..ITခေတ်ကြီးမှာ
    နွားနို့သောက်ချင်သမို့…နွားဝယ်မွေးစရာမလို…လိုချင်တာ…အပိုခင်ကာပြသင့်
    တာက….ငွေ…ပါ။..စာရေး…ကဗျာတွေရေးနေသော်ငြား…
    အဘေးတွေခေါ်ပြချင်သဗျ…သုံးလိုက်တာက….ေ…ာက်
    နည်းနည်းလေးတော့ယဉ်ကျေးစေချင်သပေါ့……အမြင်အတွေးငယ်ငယ်သူမို့
    ယဉ်ကျေးတယ်ဆိုတာမြန်မာ့ယဉ်ကျေးမှုပါခင်ဗျ…….ဗုဒ္ဓဘာသာဆိုလျှင်…
    အဟုတ်မှတ်ကာထားရမှာက….ယုံကြည်ကိုးကွယ်မှုအတွက်ဂုဏ်တော်….
    ဂုဏ်တော်ကိုအမြဲအစဉ်မပြတ်စေဖို့……ပုံတော်ကိုကိုးကွယ်ချင်တာပ..
    မလွန်သပ…ကျွန်တော့်အမြင်ပါ…

  • nigimi77

    July 22, 2013 at 10:54 am

    ရွာထဲမှာ စာပေသမားပဲ ရှိတယ် မှတ်တာ နတ်သံနှော တဲ့

    ဇာတ်သမားတွေလည်း ရှိတာပဲ …. အဟက်ဟက်

  • manawphyulay

    August 19, 2014 at 12:52 pm

    အိမ်မဲက လွမ်းသူတွေ ပေါသနော
    လွမ်းချင်းတွေ တေးထပ်
    ဆွေးသူတွေ မျက်ရည်ဝိုင်းမှာဖြင့်
    တွေးပူကာ ကြည့်ရုံနှင့်
    သိရဘိလေး…..

Leave a Reply