Safety ဆိုတာဘာလဲ

မြသဲ ( 17082011 )July 18, 20131min27338

္စ္စတနေ့ ကျွန်မအမျိုးသားနဲ့ အပြင်လိုက်သွားပါတယ်။ ဆိုင်တခုမှာ သူဝင်တော့ ကျွန်မလဲ ဝင်ပြောဖို့ မဆိုင်တာနဲ့ ဆိုင်ရှေ့မှာ ခုံလေးချပြီးထိုင်နေပါတယ်။ ထိုင်နေတာကြာတော့ ပျင်းလာတာနဲ့ ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ အဲဒီမှာ အဲဒီဆိုင်နဲ့မျက်နှာချင်းဆိုင်မှာ အဆောက်အဦးတခုဆောက်နေတယ်။ သူ ဆောက်နေတာကတော့ Steel Structure လို့ခေါ်နေကြတဲ့ သံပေါင်တွေနဲ့ဆောက်နေတယ်။ ကျွန် မလဲစိတ်ဝင်စားသွားတယ်။ အဲလိုဆောက်တာတခါမှသေချာမမြင်ဖူးဘူး။ အဲဒီသံဘောင်တွေဘယ် လိုတင်လဲစိတ်ဝင်စား သွားတာနဲ့ သေချာထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။
ပထမတော့ ဘာမှမရှိဘူး။ ဆောက်လက်စသံဘောင်တွေပဲတွေ့ရတော့ ရုံးပိတ်ရက်မို့များလားပေါ့။ ခဏနေတော့ သံဘောင်ကြီးတခုအလုပ်သမားလေးယောက်တင်ပြီး တက်လာ တယ်။ ဝန်ချီစက်တခု ကနေမတင်လာတာ။ အဲဒီသံဘောင်ကိုကြည့်လိုက်တော့ သံဘောင်မတဲ့ ကရိန်းမဟုတ်ပဲ ရိုးရိုးဝန် ချီစက်ဖြစ်နေတယ်။ အဲတော့သူတို့က သံဘောင်မလို့ ရအောင် သံဘောင် အလည်နားလောက် မှာခွပြီး ကြိုးနှစ်ကြိုးကို လက်နဲ့ချည်ထားတာတွေ့ရပါတယ်။ တွဲလောင်းတွဲလောင်းနဲ့ပေါ့။ ကြိုးချည် ကြိုးထိုးပညာရပ်ကိုသုံးထား မှန်းခန့်မှန်းမိပေမဲ့ ခိုင်မြဲမှု့ကို အာမခံနိုင်ပါ့မလားလို့ ရင်တမမကြည့် နေရတယ်။ အဲဒီသံဘောင်ကနဲတဲ့အလေးကြီးမှမဟုတ်တာ။ လူလေးယောက်ကလဲပါသေး။ အဲဒါနဲ့ ဝန်ချီစက်မောင်းသမားရဲ့ကျွမ်းကျင်မှု့နဲ့ သံဘောင်ကြီးက တဖြည်းဖြည်းတပ်မဲ့နေရာကို ရောက် လာတယ်။ အဲဒီအလုပ်သမား ( ဘာဝတ်စုံမှဝတ်မထားပဲ အသက်ကလဲ ၃ဝ အောက်လောက်မို့ အလုပ်သမားလို့ထင်ပါတယ်။ ) လေးယောက်ထဲကခေါင်းဆောင်လို့ထင်ရတဲ့တယောက်က ထားရ မဲ့ အနေအထားကို အော်ဟစ်ပြီး လက်အမူအရာ နဲ့တကွညွှန်ပြနေပါတယ်။ တဖြည်းဖြည်းနဲ့ ချိန်ပြီး တိုင်နှစ်တိုင်ကြားထဲဝင်အောင် ထည့်လိုက်တော့ အဲဒီသံတန်းကြီးက ထောင်နေတဲ့ တိုင်နှစ်တိုင် ကြားထဲဝင်သွားပါတယ်။ အဲတော့မှ တဘက်အစွန်းမှရှိတဲ့ အလုပ်သမားနှစ်ယောက်က သံတိုင်က အပေါက်နဲ့ သံတန်းကအပေါက် တည့်အောင်ညွှန်ကြားပြီး မူလီစုတ်ပါတယ်။ အကြမ်းစုတ် တာပေါ့။ နောက်ဒီဘက်အစွန်းက ခေါင်းဆောင်နဲ့နောက်တယောက်ကလဲ အပေါက်တွေတည့်အောင် ညွှန် ကြားပါတယ်။ ပါးစပ်နဲ့လက်နဲ့။ တဘက်ကတော့ချောချောမောမော ဝင်ပေမဲ့ ခေါင်းဆောင်ရှိတဲ့ဘက် က ခက်ခက်ခဲခဲချိန်ရပါတယ်။ ခေါင်းဆောင်ကညွှန်ကြားနေချိန်မှာ ကျန်အလုပ်သမားတယောက် က သူ့ကိုလုံးကို အလိုက်သင့်ချိန်ပေးနေ ရပါတယ်။ ပက်လက်လှန်လိုက် ဘေးကိုလိမ်လိုက် နောက်တိုးလိုက် ခွထိုင်လိုက်နဲ့။ သံဘောင်အံဝင်ခွင်ကျဖြစ်အောင်ခေါင်းဆောင်နဲ့အတူသူလဲ လိုက် လှုပ်ရှားနေတာ အံ့ဩစရာတွေ့ခဲ့ရပါတယ်။ ဝက်အူစုတ်ထားတဲ့အစွန်းကနှစ်ယောက် ကတော့ အဲဒီအစွန်းကိုဖိထိုင်ထားရပါတယ်။ ခေါင်းဆောက်ကောင်လေးက အပေါ်တိုး အောက်ချ ဘေးလာ အမူအရာနဲ့တကွအော်ပြီး ညွှန်ကြားပြီးချိန်မှာအပေါက်တည့်သွားပါတယ်။ အဲဒီမှာ အစွန်းကိုဘက် စလုံးမူလီစကျပ်ပါတယ်။ နဲနဲကျပ်ပြီးတော့ ချည်ထားတဲ့ကြိုးကို လက်ကလေးနဲ့ပဲ ဖြေလွှတ် လိုက်ပါ တယ်။ ဝန်ချီစက်လဲ နောက်ဆုတ်သွားပါတယ်။ ပြီးလဲပြီးရော တန်းကိုခွတဲ့သူကခွ တိုင်ကိုခွတဲ့သူ ကခွနဲ့ လက်နဲ့ ခက်ခက်ခဲခဲမူလီ စုတ်ကြပါတယ်။ အမြင့်ကမရှိဘူးဆို နှစ်ထပ်တိုက်မကလောက် ဘူးထင်တယ်။ သူတို့ကာထားတဲ့ သံပြားခြံစည်းရိုးတောင် တော်တော်ကျော်နေတယ်ဆိုတော့။ ဒါပေမဲ့သူတို့မှာ ဘာအကာအကွယ်မှ မပါပါဘူး။ Boiler Suit, Safety Belt, Helmet, Safety Shoes, Glove တခုမှမပါပဲ ရိုးရိုးတီရှပ်၊ ဘောင်းဘီတိုနဲ့ပဲဝတ်ထားသလို မူလီစုတ်တာကလဲ သူ့ ဆိုက်ဂွတချောင်းစီပဲပါပါတယ်။ စက်လုံးဝမ ပါပါဘူး။ အင်ဂျင်နီယာလဲမတွေ့မိပါဘူး။ အောက်မှာ တော့ရှိမလားမပြောတတ်ပေမဲ့ ဒီလောက် သံ ဘောင်ကိုလူလေးယောက်လက်နဲ့တပ်သွားတာ ဘယ်လောက်အန ္တရာယ်များလိုက်သလဲ။ နောက်မှအဲဒီမူလီတွေကိုစက်နဲ့ လိုက်ကြပ်လားမကြပ် လားတော့ကျွန်မလဲ မသိတော့ပေမဲ့ အဲဒီအလုပ်သမားတွေ မတော်တဆများပြုတ်ကျသွားရင် မသေ တောင်ကျိုးပဲ့သွားနိုင်ပါတယ်။ အဲဒီသံဘောင်ကိုလဲ ကြိုးမှားချည်မိလို့ပြုတ်များကျ ရင်မတွေး ဝံ့စရာပဲလို့ ကျွန်မထိုင်ကြည့်နေစဉ်လျှောက်ရင်တမမ ဖြစ်ခဲ့ရပါတယ်။ သူတို့ပုံစံကတော့ ဘာမှမဖြစ်ပါဘူး။ ကျွမ်းကျင်တယ်ဆိုတာ ယုံမှားသံသယရှိစရာမိုအောင်ကို ကွက်တိလုပ်သွားပါတယ်။ အေးဆေးပါဆိုတဲ့ပုံစံပေါက်နေပေမဲ့ မတော်တဆမှု့ဆိုတာ ဒီလိုဂရုမစိုက်ရာကနေဖြစ်တာပဲလို့ကျွန်မထင်ပါတယ်။ တကယ်ဆိုဒီလုပ်ငန်းခွင်ကြီးမှာ Safety အတွက်ကြီးကြပ်ရေးမှုးရှိ သင့်တာပေါ့။ လုံလောက်တဲ့ လိုအပ်တဲ့ အကာအကွယ်ပစ ္စည်း တွေထုပ်ထားပေးပြီး ပညာပေးသင့်တယ်လို့ကျွန်မထင်ပါတယ်။ Safety Fast ဆိုတာကို သူတို့က အပိုတွေလို့ထင်လို့မလိုလားအပ်တဲ့အသက်ဆုံးရှုံးမှု့တွေ လုပ်ငန်းခွင်နစ်နာမှု့တွေဖြစ်နေတာလက်မခံကြသေးတာ အံ့ဩစရာပါ။ အခုတော့ လုပ်ငန်းကြီးတွေ သိန်းသောင်းချီရင်းနှီးပြီး ဒီသိန်း ဘယ်လောက် မှမရှိတဲ့ကာကွယ်ရေးတွေကို ပေခေါက်နေတော့ ဒီကျွမ်း ကျင်အလုပ်သမားတ ခုခု ဖြစ်သွားရင်သူ တို့ကနောက်တယောက်ငှားလို့ရနိုင်ပေမဲ့ ဒီလုပ်သားကိုမှီခို နေရတဲ့မိသားစု အတွက် ရွှေတောင်ကြီးပြိုလဲသလိုဖြစ်သွားနိုင်တယ်လို့မတွေးမိကြဘူးလားလို့စဉ်းစားမိပါတယ်။

38 comments

  • ဦးကျောက်ခဲ

    July 18, 2013 at 9:11 am

    ဖတ်ရတာနဲ့တောင် ကျက်သီးထတယ်…
    ဒီမှာတော့ SAFETY HARNESS မပါရင် အမြင့်တက်ဖို့ မစဉ်းစားလေနဲ့…
    နောက်ပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး သင်တန်းတက်ပြီးမှ ဆိုဒ်ထဲဝင်လို့ရတာခင်ဗျ…
    လုပ်သားအားလုံးကလည်း ကျွမ်းကျင်ရာလက်မှတ်ရှိရသေးတယ်လေ…
    မသဲ ပြောသလို နောက်ကမှီခိုသူတွေရှိသေးတာမို့ မြန်မာပြည်မှာ အထူးကြပ်မတ်ဖို့လိုပြီ…
    ကျောက်စ်ရဲ့ လုပ်ငန်းခွင်ဆောင်ပုဒ်…
    ” SAFETY FIRST ALWAYS BE SURE “

    • TNA

      July 18, 2013 at 8:27 pm

      ဒီမှာကတော့ ဘာမှမပါပဲ ခုနှစ်ထပ်တိုက်လဲဆေးသုတ်နေတာပါပဲ ဦးကျောက်ရေ။ အခုဟာကလဲ သေချာ ထိုင် ကြည့်ရင်းနဲ့ အသဲယားလာလို့ရေးလိုက်တာပါ။ နေရာအနှံ Safety အသိပညာလုံးဝမရှိတာလား ကံကို ယုံလွန်းတာလားတော့မသိပါဘူး အုအုကျောက်ရေ။

  • Garfield

    July 18, 2013 at 9:36 am

    အယ်။
    ကျနော် ဆေ့ဖတီး အကြောင်းရေးချင်လို့စု ထားတဲ့ ဆောင်ပုဒ်တွေ ရှိတယ်။ ခု ရေးပေးလိုက်မယ်နော်။
    နိုင်ငံတကာအဆင့်ကို မှီအောင် တခြားမဟုတ်တဲ့ နေရာကနေလိုက်မဲ့ အစား ဒီလို နေရာမျိုးတွေက စ သင့်တယ်ထင်တယ်။
    လူ အသက်နဲ့ ဆိုင်လို့ပါ။

    1) 3 causes of accidents
    a) I did not think
    b) I did not see
    c) I did not know

    2) safety is a state of mind
    Accidents are absence of mind

    3) A safety rule breaker is an accident maker

    • TNA

      July 18, 2013 at 8:29 pm

      လူ့အသက်နဲ့ဆိုင်တယ်မဆိုင်ဘူးထက် မဖြစ်တော့လဲငါကျွမ်းကျင်ပါတယ်ပေါ့။ ဖြစ်တော့လဲ သူ့ကံဒီလောက်ပဲ ဆိုတဲ့အတွေးတွေယခုထိရှိနေဆဲမို့ Safety ကိုအပိုတွေလို့ထင်နေတာတော်တော်စိတ်မကောင်းစရာပဲအေရဲ့။

  • Ko chogyi

    July 18, 2013 at 11:33 am

    မလုပ်ပါနဲ့
    သနားပါတယ်
    အဲဒီသင်တန်းမတက်နိုင်လို့
    လက်မှတ်မရှိလို့ဆိုပြီး
    အလုပ်လက်မဲ့ဖြစ်သွားပါဦးမယ်။
    တစ်လောက စမ်းချောင်းဘက်မှာ
    တိုက်ဖျက်ရင်းပြိုကျလို့ သေတာတောင်
    ဘာသံမှ မကြားရပါဘူး
    အေးဆေးပါ။

    • TNA

      July 18, 2013 at 8:31 pm

      အဲလိုတွေနဲ့ခက်တာပေါ့ကိုချိုကြီးရေ။ ကံတရားပဲဆိုပီးပုံချလိုက်တာခက်တယ်။ ကိုယ်ပေါ့လျှော့လို့ အလုပ်ရှင် ခိုလို့ဆိုတာတွေလုံးဝကိုမသိကြတာ။ သင်တန်းတွေဆိုရင်လဲ အပိုတွေလို့ထင်နေတာ ဘယ်လိုမှချွတ်မရတဲ့ အစွဲတွေပေါ့ရှင်။

    • padonmar

      July 18, 2013 at 9:20 pm

      အဲဒီတိုက်ဖျက်လက်စ တန်းလန်းကြီးပဲ။
      အင်း မဖျက်ခင်က ဖျက်ရင် လူသေမယ်လို့ ဟိုလိုလို ဒီလိုလိုက ပူးပြီးပြောသွားသေးဆိုပဲ။..အနိစ္စ
      ….
      သည်းနုအေးရေ
      ဒို့တိုင်းပြည်မှာ လူ့အသက်ကို တန်ဖိုးမထားကြတာတော့
      ဒီတစ်နေရာထဲတင် မကတော့ပါဘူး။
      သူများအသက်ကိုလည်းတန်ဖိုးမထားကြဘူး။
      ကိုယ့်ကိုကိုယ်လည်း တန်ဖိုးထားစောင့်ရှောက်ရမှန်းမသိကြတော့ပါဘူး။

      • TNA

        July 18, 2013 at 9:52 pm

        ဟုတ်တယ် အန်တီဒုံရေ။ အဲလို ဟိုလိုလိုဒီလိုလိုအစွဲတွေကလဲရှိသေးတယ်။ ဒီခေတ်ထဲမှာလဲ အဲလို အယူသည်းနေတာတွေ ဘာမှားသွားလို့ ညာမှားသွားလို့တွေကလဲရှိနေသေးတယ်။

  • Inz@ghi

    July 18, 2013 at 11:46 am

    ဆေးဖတီးဖာ့စ် ဆိုလို့ နယ်မြို့တမြို့မယ် ဆောက်လုပ်ရေးလုပ်ငန်း ဝါးလုံးငြမ်း ပြုတ်ကျလို့ လုပ်သား၄ယောက်သေတယ်။
    မယ်ဂီ့ ဘော်ဘော် (ဆောက်လုပ်ရေး ပစ္စည်းရောင်းသူ က) သံပိုက်လုံး ငြမ်း ကို ပုတ်ပြတ်လည်း ရောင်းတယ်
    အငှားလည်း လိုက်တယ်။ ကုသိုလ်လည်းရ ဝမ်းလည်း ဝပေါ့လေ..
    မကြာပါဘူး စိတ်ညစ်ရတော့တာပါပဲ။
    ပုတ်ပြတ်ဝယ်တဲ့လုပ်ငန်းရှင်က သိပ်မကြာပြီး နောက်ပိုင်း မူလလက်ဟောင်း ဝါးလုံးကို ဂုန်နီကြိုးချည်တဲ့ စနစ် ပြန်ရောက်သွားတယ်။
    (ဝန်ထမ်းတွေ သံပိုက်လုံးခိုးရောင်းတဲ့ ဒဏ် မခံနိုင်လို့)
    အငှားလိုက်တဲ့ ငြမ်းကလည်း မူလီဖြုတ်ခိုး ဆို့ဖြုတ်ခိုးနဲ့ ချိုကျိုးနားရွက်ပဲ ဖြစ်လာလို့ အငှားရပ်လိုက်ရတယ်..။
    အော်.. ခြံစီးရိုးထင်းခွေချက်များ အသက်နဲ့တောင်လဲပြီး ..။

    သူများတိုင်းပြည်က ဆောင်ပုဒ်ကတော့ 安全に終点がない တဲ့။
    ရထားကန်ပနီတွေ ရေးလေ့ရှိတာ ..ဘာတဲ့ safety ဆိုတာ ဂိတ်ဆုံး မရှိ ..ဆိုပဲ..

    အနိစ္စ။

    • TNA

      July 18, 2013 at 8:33 pm

      အင်းစနစ်ကြောင့်မဟုတ် စနစ်ကြောင့်မဟုတ် ခွဒစ်တူ သဂျီး ပေါ့အေ။

  • အလင်း ဆက်

    July 18, 2013 at 2:53 pm

    အင်းးးးဒီနိုင်ငံမှာ
    အလုပ်သမား ရဲ ့ လုံခြုံမှုပျောက်ဆုံးနေတဲ့
    အလုပ်တွေ အများကြီးပါပဲလေ

    • TNA

      July 18, 2013 at 8:37 pm

      နေရာတိုင်းပေါ့အေ။ မျက်စိရှေ့မှာကိုနေ့တိုင်းမြင်နေရတာ။

  • ခင် ခ

    July 18, 2013 at 3:22 pm

    “Safety Fast ´´ ဆိုပြီးရေးထားရင် ခေါင်းငုံသွားရမယ့်နေရာလို့ဘဲ ထင်ကြလေသလားမှ မသိတာ မသဲနုအေးရေ။ အဲလိုစာလုံးရေးထားတာတွေ့ရင် အဲဒီစာလုံးကိုဖတ်ပြီး ခေါင်းလေးငုံကာလုပ်ငန်းခွင်ထဲ ဝင်သွားကြတာဘဲလေ။

    • TNA

      July 18, 2013 at 8:39 pm

      ဟုတ်ပါ့ကိုခင်ခရေ။ ဒါတွေဝတ် ဒီလိုလုပ်ဆို မလုပ်ချင်ဘူး။ ယုတ်ဆွအဆုံးလက်အိပ်ကလေးတော့ဝတ်လိုက် ပါဆိုတာကို လက်အိပ်ပါရင်မလုပ်တတ်ဘူးတဲ့။ ဟဲလမက်ဆောင်းဆိုတော့ ခေါင်းပူတယ် ဆံပင်ကျွတ်တယ် တဲ့။ အိုက်ဒေါ့ဘယ်လိုမှလုပ်မရဘူးပဲ။

  • e tone

    July 18, 2013 at 3:40 pm

    http://myanmargazette.net/51911
    2011,Jun5 တုန်းက …. ဓါတ်ပုံနှစ်ပုံနဲ့ စာတိုလေးရေးပြီး တင်ခဲ့ဖူးပါတယ် ။

    သူတို့ကတော့ လုပ်နေကြမို့ပဲလား … ဘာလားတော့မသိဘူး .. အလုပ်ရှင်နဲ့ အလုပ်သမားကျေနပ်လျှင် ပွဲဖြစ်တယ်ဆိုပြီး ..လုပ်နေကြတာပဲ .. မြင်ရတဲ့ လူကတော့ .. မဆီမဆိုင်တောင် အသည်းတွေယား… ကြားက မုဒိတ္တာပွားနေတယ် ။
    တလမ်းထွက်လျှင်လျှောက်ကြည့် လျှောက်ခံစား ၊ လျှောက်သနားတတ်တဲ့ မျက်စိမဖွင့်ပဲ ထားလိုက်ချင်စိတ်တောင်ပေါက်တယ် အစ်မရေ … ။ 🙄

    • TNA

      July 18, 2013 at 9:58 pm

      အခုက ပညာပေးရမဲ့နေရာတွေတော်တော်ကိုများနေတာတုန်ကလေးရေ။ အင်းပြောရင်လဲနိုင်ငံရေးတွေ ပါကုန်တော့မယ်ထင်ပါ့။ ကိုယ်ပဲမျက်စိမှိတ်နေရတော့မှာပဲလေ။ လုပ်ပိုင်ခွင့်ရှိသူတွေတောင် မမြင်ချင်ယောင်ဆောင်နေသေးသကိုး။ မိမိကိုယ်သာကိုးကွယ်ရာဆိုတာလေး လက်ကိုင်ထား၊ အသက်ညဏ်စောင့်ဆိုတာလေး သိတဲ့သူတွေတော့ Safety Fast ကိုလိုက်နာနိုင်ကြမယ်ထင်ပါ့။ လူနည်းစုပေါ့ညီမလေးရယ်။

  • Shwe Ei

    July 18, 2013 at 4:41 pm

    လွန်ခဲ့တဲ့ လေးလလောက်က လည်းတန်းစင်တာ ဆောက်တဲ့ နေရာကအလုပ်သမားတေကို…
    ထရပ်ကား အကြီးစားနဲ့တင်လာတာမြင်လိုက်တယ်…
    လူတေအားလုံးမတ်တပ်ရပ်နေတာတောင် တော်တော်လေးကျပ်ကျပ်ညပ်ညပ်ဖြစ်နေတာ..
    ခနနေ ကားလဲရပ်ရော…မူးလဲတယ်လို့ အော်သံကြားလိုက်တယ်…
    တယောက်မကဝူး..သုံးယောက်လောက်ရှိမယ်..
    အိုက်မူးတဲ့ အမျိုးသမီးတေကို လိုက်ထရပ်လေးပေါ်တင်ထားပြီး ယပ်ခပ်ပေး ပရုတ်ဆီလိမ်းပေး လုပ်နေတာမြင်ရတယ်…ဆေးခန်းတော့ ချက်ချင်း မပို့ဝူးခည
    ကျနော် မြင်သလောက် ပွိုင့်မိနေလို့ ကားရပ်ထားရတဲ့အချိန်အတွင်း ဘဒူမှဘာမှလာလုပ်ပေးတာမမြင်…
    သတိမေ့တဲ့လူလဲ မေ့တဲ့အတိုင်းဘဲပေါ့ဗျာ…အံ့ကျော်ဘဲ

    • TNA

      July 18, 2013 at 10:11 pm

      အဲဒါနဲ့ကပ်ရက်က ဆေးခန်းကြီးပါတော်။ တကယ်ပါပဲ လူကိုလူလိုမဆက်ဆံကြဘူးလားအေ။ နံရံလေးပဲခြားပါ့ဆေးခန်းက။ အဲလိုအလုပ်သမားတွေစုပြုံတင်လာတာတော့မကြာခဏမြင်ဖူးတယ်။ သနားစရာပါ။ အဲဒီနားကပ်ရက်ဆေးခန်းမှာတခါထိုင်နေတော့ အလုပ်သမားတွေဆေးခဏခဏလာဝယ် တာ တော့မြင်ဖူးတယ်။ များသောအားဖြင့် အနာကပ်ပလာစတာတွေ။ ပိုးမသတ်ဘာမသတ်ပြဲတဲ့နေရာ ကပ်ထည့်လိုက်တာပဲ။ ဘိလပ်တွေဖုန်တွေနဲ့။ ဘာမှလဲမဖြစ်ကြဘူး။ ဘဝတွေသနားစရာကောင်း ပါတယ်။ နိုင်ငံရဲ့ဆင်းရဲမှု့ပြယုတ်တွေပေါ့အေ။

  • Ma Ma

    July 18, 2013 at 10:33 pm

    တခါတလေကျတော့လည်း အလွယ်တကူ ရနိုင်တဲ့ အကာအကွယ်ကို မယူပဲ စွန့်စားတာတွေ အံ့ဩစရာကောင်းတယ်။
    များသောအားဖြင့် ဆိုက်ကားတွေ ရောင်ပြန်ပြားမတပ်တာ။
    မနက်စောစော အလုပ်သွားတဲ့အခါ အလင်းရောင် မလုံလောက်သေးတဲ့အချိန်မှာ ရောင်ပြန်ပြားမရှိပဲ ကားတွေကြားထဲမှာ အတင့်ရဲပြီး သွားနေတဲ့ ဆိုက်ကားတွေကြောင့် အတော်သတိထားရတယ်။
    ဆိုက်ကားတွေ ဘာ့ကြောင့် ရောင်ပြန်ပြား မတပ်တာလဲဆိုတာ စဉ်းစားလို့ မရဘူး။
    ပြောမယ့်သာ ပြောတာ ကိုယ်ကိုယ်တိုင်လည်း ကားမောင်းရင် ခါးပတ်ပတ်ဖို့ မေ့မေ့နေတတ်တယ်။ 😛

    • TNA

      July 18, 2013 at 10:51 pm

      ဆိုက်ကားတွေရောင်ပြန်ပြားမတတ်တာထက် လမ်းလည်တုံးတွေရောင်ပြန်ပြားမတတ်တာလဲအံ့ဩလို့ မဆုံးပါဘူးမမရေ။ အိမ်နားကလမ်းလည်တုံးတွေဆိုညတိုင်းတိုက်တာမွမွကြဲလို့။ အခုမှ တုံးအသစ်ချပြီး အချက်ပြမီးတတ်တော့တယ်။ ကားမောင်းရင်ခါးပါတ်ပါတ်ဖို့ကတော့ ကိုယ်လဲမတတ်ဖြစ်တော့ Safety ဆိုတာလဲသိပ်တော့မအော်ရဲဘူး။ ဟီးးးးးးးးးးးးးးးးးးးးးးးးးးး

  • uncle gyi

    July 18, 2013 at 11:11 pm

    မူလီစုတ်တာဘာစက်မှမလိုပါမမရယ်
    ဒီလိုပဲဂွနဲ့ပြီးသွားတာပါ
    ကိုယ်ကသာစိုးရိမ်နေတာသူတို့ကခေါင်တွေဘာတွေတင်ပြီးရင်
    အဲဒီအပေါ်မှာပြေးတောင်သွားသေး
    ဘာပြောပြောအသက်ကယ်ကြိုးကလေးတော့တပ်ထားသင့်တာပေါ့နော်
    ကြိုးပါလည်းသူတို့အဖို့ကရှုပ်တယ်တောင်ဖြစ်နေမှာ

    • TNA

      July 19, 2013 at 3:41 pm

      ကြောက်စရာဂျီး။ မတော်မူလီပြုတ်ထွက်တွားရင်ဒွတ်ခ။ စီးတီးမတ်တောင်သွားရမှာခပ်လန့်လန့်။

  • ဦးကြောင်ကြီး

    July 19, 2013 at 7:57 am

    အယင်တုံးက ကန်ထရိုက်တိုက်ဆောက်ရင် တိုက်ပတ်လည် လုံခြုံရေးပိုက်တွေ ကာရမယ်ဆိုတော့ ကာဂျပါ၏… ပိုက်အစုတ်အပြဲတွေကို တစစီ ပြန်ကပ်ပြီး ဝိနည်းလွတ် လုပ်တယ်… တပိုင်တနိုင် ကန်ထရိုက်လေးတွေ အလုပ်များတယ်.. အခုတော့ ရှိသေးလား မသိ… ။ စည်းကမ်းတင်းကြပ်ပြန်လည်း စည်ပင်သာယာ ဂွင်ဖန်ဖို့ ဖြစ်အုံးမယ်။

    • Ma Ma

      July 19, 2013 at 12:47 pm

      စည်းကမ်းတကျဖြစ်ဖို့ နည်းလမ်းတကျ ကြိုးစားပုံလေး ဖေ့စ်ဘုတ်မှာ တွေ့မိတာ မျှဝေပေးလိုက်ပါတယ်။

      တရားချင်းပြိုင်မလား ဓါးချင်းဆိုင်မလား..
      ရုံးပိတ်ရက် နေ့တစ်နေ့ပေါ့။ မနက် ၈နာရီကျော်အချိန် အထက်ပန်းဆိုးတန်းလမ်းကနေ မြို့တွင်းကို မှန်မှန်မောင်းလာခိုက်မှာ အနောက်က ကားတစ်စီးက မီးထိုးပြ ဟွန်းတီးပြီး လမ်းဖယ်ခိုင်းသလို မောင်းလာပါတယ်။ လမ်းဖယ်စရာမလိုတဲ့ ယာဉ်ကြော ၂လမ်းမို့ ကိုယ့်လမ်းကြောအတိုင်းမောင်းရာမှာ ကိုယ့် ညာဘက်ကနေ ကျော်တက်ပြီး ကိုယ့်ယာဉ်ကြောထဲကို သူ့ကားဖင်နဲ့ တိုက်မိအောင် တိုးဝင်မောင်းလာပါတယ်။ အရှိန်သတ် ရှောင်လိုက်ချိန် ပန်းဆိုးတန်း ကုန်းတံတားအဆင်းမှာတော့ အဲဒီကားဟာ အရှိန်လျှော့ပြီး စောင့်မောင်းနေပြန်ပါတယ်။ “လိုက်လာခဲ့ … ကျော်တက်ရင် ဖင်နဲ့ရိုက်ဦးမယ်” ဆိုတဲ့ သူ့အတွေးကို သိလို့ သတိထား မောင်းပါတယ်။ ရမ်းကားစွာ မောင်းပြီးတဲ့အပြင် အလွန် မိုက်ရိုင်းတဲ့ စိန်ခေါ်မှုပါပဲ.။ ဒီလိုနဲ့ ပန်းဆိုးတန်း-မဟာဗန္ဓုလလမ်း မီးပွိုင့်မှ မီးနီနေတာမို့ ကိုယ်က ဘယ်အစွန်ဆုံး- သူက အလယ်ယာဉ်ကြောမှာ ရပ်မိကြတယ်။ ညာဘက်အစွန်ဆုံးယာဉ်ကြောမှာလဲ မီးနီမိလို့ ရပ်နေတဲ့ယာဉ်တွေ လမ်းဘေးလက်ဖက်ရည်ဆိုင်က ချထားတဲ့ ထိုင်ခုံတွေနဲ့ သိပ်တော့မရှင်းလှဘူးပေါ့။
      ဒီလို ရမ်းကားမှုနဲ့ မိုက်ရိုင်းမှုကို ကားမောင်းနေစဉ် မကြာခဏ ကြုံဖူးကြမှာပါ။
      ကိုင်း.. တရားချင်းပြိုင်မလား ဓါးချင်းဆိုင်မလား..
      = = = = =
      ဒီလိုအဖြစ်မျိုး မကြာမကြာ ကြုံတဲ့အခါ ဒေါသသင့်ရတာမို့ ယာဉ်ထိန်းဌာနက မိတ်ဆွေများကို ပြောပြမိပါတယ်။ ကိုယ့်ထက်အသက်ငယ်တဲ့ တပ်ကြပ်အဆင့် မိတ်ဆွေပြောသွားတာက အတော်လေး ပညာရပါတယ်။
      “ဒီလိုရမ်းကားတဲ့အခါ ကားဖင်နဲ့ရိုက်သူက အမှားပါ။ ဆရာက ရှောင်လိုက်တော့ မတိုက်မိဘူး။ ဒါပေမယ့် စိတ်မထိန်းနိုင်လို့ ပြန်ကျော်တက်ပြီး သူ့ကားကို ဖင်နဲ့ ပြန်ရိုက်တာ လုပ်ချင်နေတယ်မဟုတ်လား။ အဲဒီအခါ သူက မရှောင်လို့ ယာဉ်တိုက်မှု ဖြစ်ရင် ဆရာ့အမှားဖြစ်တာမို့ အမှုဖြစ်ရင် ဆရာရှုံးမယ်. လျှော်ရမယ်။ ရုံးရောက်တဲ့အခါ သိက္ခာကို ချပြီး တောင်းပန်ရဦးမယ်။ သွားမလုပ်နဲ့ဆရာ။ သူက ရွံ့ပေနေတဲ့လူ ဆရာက ဝတ်ကောင်းစားလှ ဝတ်ထားသူ။ အမိုက်ခံပြီး ဖက်မလုံးသင့်ဘူး။ သူက အလုပ်တစ်ရက်ပျက်ရင် အလွန်ဆုံး ဝင်ငွေထိခိုက်လှ တစ်သောင်းပေါ့။ ဆရာတစ်ရက်အလုပ်ပျက်ရင် ဝင်ငွေ ဘယ်လောက်ထိခိုက်တယ်ဆိုတာ ဆရာအသိဆုံးပါ။
      သိပ်ပြီး စိတ်ဆိုးရင်တော့ ကားနံပါတ်မှတ်ပြီး တိုင်စာဌာနကို စာရေးတိုင်လိုက်ပါ။ အရေးယူပေးပါတယ်..”…တဲ့။
      မှတ်သားလောက်တဲ့ လက်တွေ့ကျတဲ့ ကျေးဇူးတင်စရာ တန်ဖိုးရှိတဲ့ စကားပါ။
      = = = = =
      ဒါကြောင့်မို့ မြို့တွင်းမှာ မောင်းတဲ့အခါ တတ်နိုင်သမျှ မိမိယာဉ်ကြောအတွင်းမှာ သတိထားမောင်းပါတယ်။ ထိခိုက်မိလို့ ပေကြိုးတိုင်းတဲ့အခါ ကိုယ်က လမ်းမှန်ထဲမှာ ရှိနေဖို့ လိုတယ်မဟုတ်ပါလား။
      = = = = =
      ပထမအကြိမ်
      အနော်ရထာလမ်းအတိုင်း အလယ်ယာဉ်ကြောက မောင်းလာစဉ် ကုန်ဈေးတန်းအရောက် ကိုယ့်ညာဘက်အနောက်က အငှားယာဉ်တစ်စီးက ကျော်တက်ပါတယ်။ သူ့ယာဉ်ကြောမှာဘတ်စကားပိတ်နေတာမို့ အတင်းဖြတ်ဝင်ပြီး ကိုယ့်ဘယ်ဘက်ယာဉ်ကြောကို ကန့်လန့်ဖြတ် ဝင်ပါတယ်။ ရှောင်ပေးလိုက်လို့ မတိုက်မိပေမယ့် မဆင်မခြင် ရမ်းကားမှုအတွက် မကျေနပ်ပါ။ မီးပွိုင့်မိနေစဉ် လှမ်းပြောတဲ့အခါ မိုက်ရိုင်းတဲ့စကားကို ဆိုပါတယ်။
      နေ့စွဲ. အချိန်. နေရာ ယာဉ်အမှတ် ယာဉ်အမျိုးအစားနဲ့ မြေပုံဆွဲပြီး ကိုယ့်အမည် မှတ်ပုံတင် နေရပ်လိပ်စာ အပြည့်အစုံနဲ့ တိုင်စာပို့ပါတယ်။ တစ်ရက်တော့ ယာဉ်ထိန်းဌာနက ဖုန်းဆက်လာပါတယ်။ တိုင်ထားတဲ့ကားကို ဆင့်ခေါ်ထားလို့ ရောက်နေကြောင်းနဲ့ တတ်နိုင်ရင် လာတွေ့ဖို့ပါ။
      “ကျွန်တော်တိုင်ကြားတဲ့အတိုင်း ယာဉ်အမျိုးအစားနဲ့ အရောင်ကအစ ကားမှာ ကပ်ထားတဲ့ sticker ဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့။ ဆရာဝန်တစ်ယောက်အနေနဲ့ မဟုတ်မမှန် လီဆယ်တိုင်ကြားဖို့ အကြောင်းမရှိကြောင်း ။ လာရောက် ဖြေရှင်းဖို့ မိမိဘက်က အကြောင်းမရှိကြောင်း ” ပြန်ပြောရပါတယ်။ ဒီအခါ အရာရှိက လက်ခံပြီး လာရောက်ဖို့ မလိုကြောင်းနဲ့ အရေးယူပေးပါ့မယ်လို့ ဆိုပါတယ်။
      တစ်ရက်တော့ အိမ်ကို ဌာနက စာတစ်စောင်ရောက်လာပါတယ်။
      လူကြီးမင်းတိုင်ကြားစာအရ. ယာဉ်မောင်းအမည်. အဘ မှတ်ပုံတင်အမှတ် လိုင်စင်အမှတ်ကို ဖမ်းဆီးပြီး တရားရုံးကို ပြစ်မှုအမှတ် (– + — + — )နဲ့ ချိုးဖောက်ခဲ့တဲ့ ပုဒ်မ၃မှုနဲ့ စွဲဆိုကြောင်း။ တရားသူကြီးက အမှုတစ်မှုချင်းအတွက် ဘယ်လို ပြစ်ဒါဏ်ချမှတ်ကြောင်း။ တရားခံက ဘယ်လို ပြစ်ဒါဏ်ကျခံခဲ့ကြောင်း အကြောင်းပြန်တဲ့စာပါ။ မဆင်မခြင်ရမ်းကားစွာ မောင်းနှင်မှု၊ taxi ဆိုင်းဘုတ် မတတ်ထားမှု (ကိုယ်က ဖြစ်စဉ်အသေးစိတ် ဖော်ပြခဲ့တာမို့) နဲ့ မခြေမငံ ဆက်ဆံမှု လို့ပဲ အကြမ်းဖျင်း မှတ်မိပါတော့တယ်။
      တရားချင်းဆိုင်ခဲ့တဲ့ အဖြစ်ပေါ့။
      ဒုတိယအကြိမ်
      အနော်ရထာလမ်းအတိုင်း အလယ်ဆုံးယာဉ်ကြောက မောင်းလာစဉ်မှာပဲ ဗိုလ်မြတ်ထွန်းအလွန်မှာ ညာဘက်ကအတင်း ကျော်တက် ကိုယ့်ယာဉ်ကြောထဲ ဖင်နဲ့ရိုက်ဝင်လာ. ရှောင်ပေးလို့ မထိတော့ “လာခဲ့ ဖင်နဲ့ထပ်ရိုက်ဦးမယ်” ဆိုတဲ့သဘောနဲ့ စောင့်မောင်းနေတဲ့ ယာဉ်တစ်စီး ထပ်ကြုံပါတယ်.။ အနော်ရထာ သိမ်ဖြူမီးပွိုင့်မှာ မီးနီတော့ ရှေ့နောက်ရပ်လိုက်ပါတယ်။ ကားတံခါးဖွင့်ဆင်းပြီး အဲဒီယာဉ်မောင်းကို သူ့တံခါးချက်လှမ်းပိတ်ပြီး ပြူတင်းပေါက်ကနေ လည်ပင်းအင်္ကျီစဆွဲကိုင်ထားလိုက်တဲ့အခါ.အဲဒီယာဉ်မောင်းဟာ မျက်နှာအပျက်ပျက်နဲ့ အတော်လေး လန့်နေပါပြီ။ ကားချင်းတိုက်ရအောင် ရမ်းကားချင်တဲ့သူဟာ တကယ်လက်တွေ့ ဆင်းပြီး ရင်ဆိုင်တော့ အလကားသတ္တိမရှိတဲ့လူကြောက်တစ်ယောက်။ အကျယ်အကျယ် မဖြစ်ချင်လို့ ပက်ပက်စက်စက် အားရအောင် ပြောလိုက်ပါတယ်။
      ဓါးချင်းပြိုင်ခဲ့တဲ့ အဖြစ်ပေါ့။
      တတိယအကြိမ်
      ကိုယ်ပိုင်ကားနဲ့ သက်တောင့်သက်သာ သွားလာချိန်မှာ ခရီးသည်တွေနဲ့ ဘတ်စကားတွေ လမ်းသွယ်ဝင်မယ့် လမ်းသွယ်က ထွက်ရခက်နေတဲ့ကားတွေကို တတ်နိုင်သလောက်ဦးစားပေးပါတယ်။ ကိုယ့်အတွက် အချိန်အနည်းငယ်ကုန်ပေမယ့် အိမ်ပြန်မယ့် ခရီးသည်အများကို စာနာလို့ပါပဲ။ မှတ်တိုင်ပေါင်းများစွာ ခဏခဏ ရပ်ပြီး အိပ်ပြန်ရောက်ချိန် နောက်ကျမှာကို ကိုယ်ချင်းစာလို့ပါ။ ဒါပေမယ့် တစ်ခါမှာတော့
      မဟာဗန္ဓုလလမ်းအတိုင်း အလယ်ယာဉ်ကြောက မောင်းလာချိန်မှာ ဗိုလ်အောင်ကျော်လမ်းအလွန် ညာဘက်က ဘတ်စ်ကားတစ်စီး ဘယ်ဘက်ကို အတင်းဝင်လို့ ဘယ်အစွန်ဆုံးကို ဖြတ်ထွက်ပါတယ်။ ကိုယ့်ဘယ်ဘက်က ကားတစ်စီးကိုပါ တွန်းထည့်သွားတယ် ဆိုပါတော့.။ အလွန့်ကို ရမ်းကားစွာ မောင်းတာပါပဲ။ လက်ကလေး တစ်ချက် ထောင်ပြလိုက်ရင်တောင် စိတ်မဆိုးပါဘူး။ ဒီလိုနဲ့ သိမ်ဖြူလမ်းပေါ် ချိုးတက်သွားလိုက်တာ သိမ်ဖြူ ဗိုလ်ချုပ်မီးပွိုင့်ကို ဝင်ပါတော့မယ်။ အရှိန်လျှော့တဲ့အခါ ကိုယ့်ကားကို အဲဒီကားရှေ့ ကန့်လန့်ထိုးပြီး မီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းရဲဘော်ကို လှမ်းခေါ်ရပါတယ်။ ရမ်းကားစွာ မောင်းတဲ့အကြောင်း ပြောပြပြီး ဖမ်းခိုင်းလိုက်ပါတယ်။ ရဲဘော်လေးက ဘတ်စကားကို သိမ်ဖြူ ကျန်းမာရေးရုံးရှေ့ ရပ်ခိုင်းပြီး အရေးယူပါတယ်။ ကိုယ့်မျက်ကွယ် လွှတ်မပေးနိုင်အောင် “တကယ်ဖမ်းမဖမ်း ရဲမှူးကို စုံစမ်းမယ်” လို့ ပြောခဲ့ပါတယ်။ တကယ်လည်း အရေးယူခံရပါတယ်။
      တရားချင်းဆိုင်တဲ့ နောက်ထပ်အဖြစ်တစ်ခုပေါ့။
      ဒီလိုပါပဲ. ကားကို ဖင်နဲ့ရိုက်သွားတဲ့ အငှားကားတစ်စီးကို ပိတ်မိတဲ့အခါ “မင်းကို တိုင်ကြားပြီး အရေးယူနိုင်တယ်” လို့ ပြောတော့ “နံမည်လေးပါ မှတ်သွားဦး” ဆိုပြီး သရော်ပါတယ်။ ယာဉ်ထိန်းဌာနကို အကြောင်းကြားတဲ့အခါ “ဆရာ့ကို ဒီလိုပြောသလား သေသေချာချာ ဖမ်းပေးပါမယ်” ဆိုပြီး အရေးယူပေးပါတယ်။ အဲဒီယာဉ်မောင်းဟာ လမ်းပေါ်က ကားအချင်းချင်း တိုင်ကြားလို့ မရနိုင်ဘူး ထင်နေပါတယ်။ ဒီလို တိုင်ကြားလာရင် အရေးယူခံရနိုင်တယ်ဆိုတဲ့ အသိတရားတောင် မရှိရှာဘူး။ ဒီလိုလူတွေ များပါတယ်။
      ကိုင်း မူရင်းဇာတ်လမ်း ပြန်ဆက်ရအောင်..
      မီးပွိုင့်မှာ မိနေတဲ့အခါ ကားတံခါး ဖွင့်ပြီး ဆင်းပါတယ်။ တံခါးဖွင့်ဆင်းလာတာမြင်တာနဲ့ ညာအစွန် ယာဉ်ကြောကို ထိုးဝင်ပြီး မောင်းပြေးဖို့ ကြိုးစားပါတယ်။ ပိတ်ဆို့နေလို့ မထွက်နိုင်ချိန်မှာ လည်ပင်းအကျင်္ီစ ဆွဲထားတဲ့အခါ ကြောက်နေပါပြီ။ စိတ်ကြိုက် ပြောဆိုကြိမ်းမောင်းပြီးတဲ့အခါ ကားနောက်ပိုင်းကို လက်နဲ့ ထုပစ်လိုက်ပါတယ်။ ဆက်ပြီးလုပ်နေရင် နောက်ထပ် အရေးအခင်းတစ်ခုနဲ့ မီးရှို့တာတွေ ဖြစ်မလားပါပဲ။ အကျယ်အကျယ် မဖြစ်ချင်လို့ ရပ်တန်းက ရပ်လိုက်ပါတယ်။
      ဒီလို မဆင်မခြင် ရမ်းကားစွာ မောင်းတာတွေကို အချက်အလက် အပြည့်အစုံနဲ့ တိုင်ကြားပေးခြင်းအားဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ကူပြီး ထိန်းပေးရာ ရောက်လေမလားလို့ တွေးမိတယ်။
      မိတ်ဆွေတွေအနေနဲ့ ဒီလို အဖြစ်မျိုးနဲ့ ကြုံရင် “တရားချင်းဆိုင်မလား ဓါးချင်းပြိုင်မလား” သိချင်မိတယ်။
      “မိမိယာဉ်ကြောမျဉ်းအတွင်းမှာ သတိထားမောင်းရင်းနဲ့ ရမ်းကားလာရင် တရားချင်းဆိုင်တာ အကောင်းဆုံးပါပဲ” လို့ ဆိုပါရစေ။
      (ခရက်ဒစ်တူ Maung Maung Myint)

      • TNA

        July 19, 2013 at 3:48 pm

        အခုမှသိတော့တယ်။ နောက်ဆိုရင်တိုင်ကြည့်လိုက်အုံးမယ်။ ရမ်းကားတာတွေကတရားလွန်တယ် တခါတခါ။ ဆင်းရိုက်ချင်လောက်အောင်ကိုရမ်းကားတယ်။ မှတ်သားထားလိုက်အုံးမယ် မမရေ။

    • TNA

      July 19, 2013 at 3:42 pm

      အခုတော့တော်တော်တင်းကျပ်နေတာ။ ရေရှည်လား ခဏလားတော့မသိတော့ပါဘူး။

  • တိမ်မည်း

    July 19, 2013 at 4:19 pm

    ဘယ်သူပဲ ဘာအကြောင်း ပြောပြော နောက်ဆုံးတော့ အစိုးရရဲ့ အားနည်းချက်ပဲ ရောက်ရောက်သွားတယ်…. ဒါလည်း အစိုးရ… တနည်းအားဖြင့် စည်ပင် ဆောက်လုပ်ရေး စသဖြင့်…. ဆောက်လုပ်ရေးဝန်းကျင် အန္တာရယ် ကင်းရှင်းရေးကို လိုက်ကြည့်ရင် ကြပ်မက်ပေးနိုင်ရင် ဒါမျိုးမြင်ရဖို ့ မရှိပါဖူး…………….

    မပြောချင်တော့ဖူးကွယ်……….. ပိုက်ဆံရှိတဲ့သူတွေက လုပ်ချင်သလို လုပ်နေကြတဲ့ လောကကြီးမှာ ဘာထပ်ပြောရအုံးမှာလဲ………….

    ဘောစိက နင်ကို ဒီပိုက်ဆံပေးမယ်…. ဒီလောက်ပဲ ပေးမယ်…… ဒီ ကိရိယာပဲပေးမယ်…… ဒီအချိန်လုပ်ရမယ်….. မလုပ်ရင် နောက်တယောက်….. လူတွေက ငတ်နေတာ……. ဘာပြောနိုင်မှာလဲ….. အစိုးရကသာ ဝင်မပြောရင် သူတို ့ဘဝက ရေနည်းငါး…..

    ခင်လျက်
    တိမ်မည်း

    • TNA

      July 19, 2013 at 8:07 pm

      အိုက်ဒါခက်တာပေါ့။ လုပ်ငန်းလုပ်တော့သိန်းသိန်းပေါင်းသောင်းချီ။ ကိုယ့်အလုပ်သမားတွေအတွက် နဲနဲလေးပေးသုံးဖို့တွက်ကပ်နေတယ်။ သာမာန်ဆောက်လုပ်ရေးဆိုရင်တော့ မပြောလိုပါဘူး။ အခုဟာက ကဘာ့အဆင့်မှီဆုံပီးဆောက်နေတဲ့ဟာမို့ပြောနေရတာပါ။ လူပေါင်းသောင်းခြောက်ထောင်လာမယ့်စင် တာကြီး။

  • မောင် ပေ

    July 19, 2013 at 6:54 pm

    အမဲသရေ
    ဆေးဖတီးမဖြစ်လို ့မလုပ်ဘူးဆိုပြန်ရင်လဲ
    တစ်နေ ့လုပ်မှ တစ်နေ ့စားရတဲ့ ဘဝတွေခဗျာ
    ရွေးခြယ်စရာမရှိ
    ဆင်းရဲမွေတေမှုပပျောက်ရေး ဆိုလားဘာလား

    • TNA

      July 19, 2013 at 8:09 pm

      အဲဒါပြောတာလေ။ အလုပ်သမားဆိုတာ သူလုပ်မယ်ပိုက်ဆံရမယ် ဒါပဲသိတာ။ တာဝန်ရှိသူတွေက စည်ပင်ပေါ့အေ။ ဒါပါမှခွင့်ပြုမယ်။ ဒါလိုတယ်ဆိုရင် အလုပ်ရှင်ကကုန်ကျခံရမှာပဲ။ အခုဟာက စည်ပင်ကလဲ မသိချင်ယောင်ဆောင် အလုပ်ရှင်ကလဲခိုရသရွေ့ခို။ နစ်နာတော့ သေတော့ ထိခိုက်ဒဏ်ရာရတော့ မဖြစ်စလောက်ပေး။ အရေးယူမှု့မရှိ။ အဲတော့ ဒီအလုပ်သမားတွေနဲ့ သူ့နောက်ကမှီခိုသူတွေ ဘဝအာမခံချက်ဘယ်မလဲ။ အဲဒါလေးပြောချင်တာပါ။

  • kai

    July 20, 2013 at 5:20 pm

    အာမခံစနစ်ဖွံ့ဖြိုးအောင်လုပ်ရမယ်ထင်မိတယ်…
    လူတွေက.. အာမခံတော့ဝယ်ရမယ်ပေါ့…

    အလုပ်သမားတွေအတွက်ကတော့.. အာမခံဝယ်ပေး.. ထားပေးတဲ့.. ယူနီယံတွေလိုမယ်…
    ယူနီယံတွေအပေါ်မှာ နို်င်ငံရေးပါတီရှိရမယ်…

    အဲဒီလိုနဲ့.. လည်ပါတ်သွားမှပါ…

    • Ma Ma

      July 20, 2013 at 6:06 pm

      ပုဂ္ဂလိကအာမခံလုပ်ငန်းတွေတော့ ပေါ်လာပြီ။
      လောလောဆယ်တော့…
      အသက်၅ဝကျော်ရင် အသက်အာမခံတောင် ထားလို့မရ 🙁

    • TNA

      July 21, 2013 at 3:06 pm

      အာမခံကျတော့လဲ လုပ်ချင်ကြဘူးသဂျီးရေ။ ကျွန်မတို့လဲပါပါတယ်။ ကိုယ့်ပိုက်ဆံနှစ်တိုင်းပေးရမှာနှမျောကြ တာလေ။

  • ကိုရင်စည်သူ

    July 21, 2013 at 12:12 pm

    ဘယ်လိုအချိန်မှာဖြစ်ဖြစ် Safety first ပါ။
    အဲ့ဒီပစ္စည်းတွေနဲ့ နေ့တိုင်း တွဲပီး အလုပ်လုပ်နေရတော့ အဲ့ပစ္စည်းတွေရဲ့
    အသက်အန္တရယ်တကယ်ကြုံလာရင် တန်ဖိုးဘယ်လောက်ရှိလဲဆိုတာ
    အသိဆုံးပါ။ Safety shoes ကယ်ခဲ့လို့ သံချေးကို ဂလိုင်ဒါနဲ့ ခြစ်ခဲ့တုန်းက
    လက်ကလွှတ်ပြီး ခြေဖျားတွေ မပြတ်ခဲ့တာ ကိုယ်တွေ့ပါ။
    ပညာရေးနောက်ကျပြီး အခြေခံသင်တန်းတွေမပေးဘဲ
    ဖြစ်သလို လုပ်တတ်လာတဲ့ အကြောင်းအရင်းခံတွေလို့မြင်ပါတယ်… အန်တီနုခင်ည..။

    • TNA

      July 21, 2013 at 3:03 pm

      သတိထားပါကရင်စီရေ။ သင်္ဘောပေါ်မှာ တခုခုများဖြစ်ရင် ကမ်းရောက်သည်ထိဘာမှလုပ်မရတတ်တာမို့ Safety first ကိုအာဂုံဆောင်ပါလေ့။ ကျွန်မအသိတယောက်ဆို သံဖြတ်တာ မျက်မှန်တပ်ထားတဲ့ကြားက သံစမျက်လုံးထဲဝင်သွားတာ သင်္ဘောကလဲရေထဲမှာ သုံးပါတ်လောက်နေမှနောက်ဆိပ်ကမ်းရောက်မှာ ဆိုတော့ကာ ဆေးမကုရပဲဆိပ်ကမ်းရောက်မှဆိုတော့ မျက်စိပျက်စီးလုနီးပါဖြစ်သွားရှာပါတယ်။

  • အရီးခင်လတ်

    July 21, 2013 at 12:59 pm

    သဲနုရေ
    အလုပ်ခွင် Safety တွေကတော့ အများဆွေးနွေး တာ စုံနေပါပြီ။
    ခေါင်းထဲ မှာ သတိရသွား မိတာလေး။
    မြန်မာပြည် မှာ အခုနောက်ပိုင်း ကားသစ် တွေမှာ ရှေ့က မောင်းသူ နဲ့ ထိုင်သူ ခါးပါတ် မပါတ်ဘဲ မောင်းနေရင် ပိပိ ဆို သတိပေးအသံ ထွက်တယ်။
    ဒီတော့ ခါးပါတ်ခေါင်းထည့်ရမဲ့ နေရာ ကို တရုတ်လုပ် ခါးပါတ်ခေါင်း တွေ ထည့်ပြီး အသံပိတ်ထားပါသတဲ့။
    ဉာဏ်ရှိတဲ့ လူတွေ ရဲ့ Safety ကို လှည့်ဖျားမှု အောက်မှာ Safety စနစ် နဲ့ ကား ခမျာ အညာ ခံရရော။
    🙄

    • TNA

      July 21, 2013 at 2:53 pm

      အဲဒီအကြောင်းမနေ့ကပဲပြောဖြစ်သေးတယ် အရီးလတ်ရေ။ မနေ့က သူများကားသစ်နဲ့ ကပ်လိုက်သွားတာ။ ကားပိုင်ရှင်က သူ့ကားဖန်ရှင်ဘယ်လောက်စုံကြောင်းရှင်းပြတာ နဲ့လိုက်ကြည့်နေတုန်းသူက ခလုတ်တခုနှိပ် ပြီး ခါးပါတ်မပါတ်ရင်အော်နေလို့ ဒီမှာ ခါးပါတ်ခေါင်းဝယ်ထည့်ထားရတယ်လို့ပြောမှ ကြည့်လိုက်တော့ အရုပ်လှလှလေးနဲ့ခါးပါတ်ခေါင်းနှစ်ခု ကအခန့်သား။ အဲဒါနဲ့ကျွန်မလဲ ကားသစ်တွေရပ်ထားတာကို သတိထားကြည့်မိတော့မှ အားလုံးအရုပ်လှလှခါးပါတ်ခေါင်းကိုယ်စီနဲ့။ ဒီခါးပါတ်ပါတ်လိုက်တော့ ဘာဖြစ်သွား မှာမို့လဲလို့မေး လိုက်တော့ ဘာမှမဖြေပါဘူး။ ကျွန်မတခါတလေငှားစီးဖြစ်တဲ့ အသိ တက်ဆီဆိုကျွန်မတက် လာ တာနဲ့သူခါးပါတ်ပါတ်ရတယ်။ မဟုတ်ရင်အော်နေတာနားမခံသာ လို့ကျွန်မလဲပါတ်သူ့လဲပါတ် ခိုင်း တော့ နောက်သူလဲခေါင်းဝယ်ထည့်ထားတာတွေ့တယ်။ ကျွန်မကတော့ သားကိုရှေ့ခန်းထိုင်မယ်ဆို ခါးပါတ်ပါတ်ခိုင်းတာပဲ။ ဘာများခဲယဉ်းနေကြတာလဲလို့စဉ်းစားမိတယ်။ စဉ်းစားလို့ကိုမရဘူး။ ခါးပါတ်ပါတ်ရင်ကြောင်တယ်ထင်မှာစိုးလို့ဆိုတော့ ထင်ထင်ပေါ့ ဘာဂရုစိုက်စရာရှိလဲဆိုတော့ အင်းတလောကလုံးနဲ့ကျွန်မဖြစ်နေမှာဆိုးလို့ဆက်မငြင်းခဲ့တော့ပါဘူး။

  • Foreign Resident

    July 22, 2013 at 6:18 am

    ကိုရင်စည်သူ says:
    ” Safety shoes ကယ်ခဲ့လို့ သံချေးကို ဂလိုင်ဒါနဲ့ ခြစ်ခဲ့တုန်းက
    လက်ကလွှတ်ပြီး ခြေဖျားတွေ မပြတ်ခဲ့တာ ကိုယ်တွေ့ပါ ”

    ကျနော်လည်း သင်္ဘောသား Seafarer တစ်ဦး ဖြစ်တဲ့အတွက် ၊
    အခု ကိုရင် စည်သူ ပြောခဲ့သလို ကြုံခဲ့သလို ပဲ ၊
    တစ်ကိုယ်ရည် လုံခြုံရေး ပစ္စည်း ( Personal Protective Equipment ) တွေကို ၊
    မှန်မှန် ကန်ကန် သုံးခဲ့လို့ ဘေးအန္တရာယ် ကင်းခဲ့ရတဲ့ အဖြစ်အပျက်တွေ ၊
    ကျနော့် ဘဝမှာ အများကြီး ရှိခဲ့ပါတယ် ။

    Detail အများကြီး ထပ်ပြောနိုင်တာလေးတွေ ရှိသော်ငြားလည်း ၊
    ဟဲ ဟဲ ၊ မ TNA ရဲ့ ဘဲဘဲ က ကျနော့်ရဲ့ Senior ဆရာကြီးဆိုတော့ ၊
    ဟဲ ဟဲ ၊ မ TNA ရဲ့ Post မှာတော့ မ ပြောဝံ့ / ဆရာ မလုပ်ဝံ့ ကြောင်းရယ်ပါ ။

    နောက်ဆုံး ၊ မပြောမဖြစ် ပြောရမယ် ဆိုရင်ဖြင့် ၊
    ” Safety First ” ပါ ၊ စာလုံးပေါင်း မှားနေပါတယ် ။

Leave a Reply