ပြောတတ်သလိုဒဲ့ပြောမည်(မယောင်ရာဆီလူး)

နာကျင်ယောင်ကိုင်းနေသောနေရာကို သက်သာပျောက်ကင်းစေရန်

ဆေးဆီလူးပေးရမည့်အစား မနာကျင်မယောင်ရမ်းသောနေရာကို

တလွဲ ဆေးဆီလူးပေးခြင်းဖြင့် အနာတခြားဆေးတခြား ဖြစ်ရပ်မျိုး

လုပ်ဆောင်နေခြင်းကို မြန်မာစကားပုံတွင်”မယောင်ရာဆီလူး”

ဟူ၍ တင်စားထားသည်။ ယောင်ကိုင်းနေသောအနာအတွက်လည်း

အကျိုးမရှိ လူးရသည့်ဆီလည်းပြုန်းတီးရသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က အဖြစ်အပျက်လေးတခုကိုပြောပြလို

ပါသည်။ ကျွန်တော်နေထိုင်သောရပ်ကွက် သည် ရန်ကုန်-မန္တလေး

အမြန်ကားလမ်းမကြီး၏အနောက်ဘက်ပိုင်းတွင်တည်ရှိပါသည်။

ရပ်ကွက်၏မြောက်ဘက်တွင် မန္တလေးမြို့ အတွင်းပိုင်းရပ်ကွက်ကြီး

များအစီအရီရှိသည်။ကျွန်တော်တို့ရပ်ကွက်သည် အဆိုပါမြို့တွင်းပိုင်း

ရပ်ကွက်များထက်မြေမျက်နှာနှိမ့်သည်။ ထို့ကြောင့်မန္တလေးတွင်မိုး

အနည်းငယ်များများရွာတိုင်း မြေနှိမ့်ရာကျနော်တို့ရပ်ကွက်အတွင်း

လှိမ့်၍ဝင်လာလေ့ရှိသည်။ ရေသည် တရက်နှစ်ရက်နှင့်မကျတတ်။

တခါတရံ တပတ်ခန့် (မိုးဆက်မရွာပါက)နေမှရေကျသည်။

ထိုသို့ဖြစ်ရခြင်းမှာ ကျနော်တို့ရပ်ကွက်မှရေများစွန့်ထုတ်ရာလမ်း

ကြောင်းမှာ ကားလမ်းမ၏အရှေ့ဘက် ကိုလံဘို မြောင်းမကြီးဆီ

စီးဝင်ရာ လမ်းကူးမြောင်းသည် လိုအပ်သည်ထက် သေးငယ်နေသော

ကြောင့်ဖြစ်သည်။ မြောင်းမှာသေးငယ်ရသည့်အထဲ အမှိုက်များတစ်

ဆို့နေတတ်ခြင်းကြောင့်လည်းဖြစ်သည်။ ထိုအခါကျနော်တို့ အမျိုးသား

များ ဦးရာလူများကသွား၍မြောင်းကိုရှင်းရှင်းပေးရသည်။သို့မှရေမြန်မြန်

ထွက်၍ ရေဝပ်ခြင်းဒုက္ခမှမြန်မြန်ကျွတ်မည်ဖြစ်သည်။

ရပ်ကွက်တွင်းသို့ လူကြီးတယောက်(ဆင်မဟုတ်သော်လည်းကျွဲလောက်တော့

ရှိမည်ထင်သည်။) ပြောင်းလာသည်။ထိုနှစ်၏နောက်ဆုံးလက်ကျန်

မိုးက အစွမ်းတော်တော်ပြရွာသဖြင့်ရေအတော်ဝပ်သွားသည်။ထိုလူ

ကြီးလည်းအများနည်းတူရေဝပ်ခြင်ဒုက္ခကိုခံစားလိုက်ရသည်။သူကဤ

ကဲ့သို့ဖြစ်ရခြင်းမှာ ရပ်ကွက်အုပ်ချုပ်မူ့ စီမံခန့်ခွဲမူ့ ကြိုတင်ပြင်ဆင်မူ့

အားနည်းမှု့ဟုယူဆပုံရသည်။မိုးကုန်သည်နှင့်သူ၏အကြံကိုမစသေး

အများလက်ခံနိုင်အောင် သဘောမျိုးဆောင်အောင် ဘုရားပွဲများ

အလူအတန်း သာရေးနာရေးများတွင် ပါဝင်သည်။တချို့ကိစ္စများတွင်

ငွေအား လူအားထည့်သည်။သူလည်တော်သည်။ကောင်းသည်။လူအများ

ကလေးစားလာသည်။ရပ်ကွက်မှ (သူကြီးပင်လျှင်) သူစကားနား

ထောင်၍သူ၏အကြံဥဏ်များရယူဆောင်ရွက်ရသည်။(နောက်ပိုင်းသိ

ရသည်မှာ သူ၏ ကျွဲပါဝါကြောင့်ဟုဆိုသည်။) ဤသို့ဖြင့်ဆောင်းကုန်

၍ နွေရာသီရောက်လာသည်။မြန်မာနှစ်ကူးမတိုင်မှီသူ၏အကြံကိုအကောင်

အထည်ဖော်ပါလေတော့သည်။မိုးကျလျှင်ရေမဝပ်ရန် ကြိုတင်စီမံရန်

ရပ်ကွက်အတွင်း ရပ်ကွက်လူကြီးအားခေါ်၍အိမ်ပေါက်စေ့ ရေမြောင်း

များတူးခိုင်းလေသည်။ အမှန်တွင်တော့ရပ်ကွက်အတွင်းရေရှားပါး၍

အိမ်များ၏ ၉ဝ % မှာ အပိုရေဆိုးပင်ထွက်စရာမရှိရှာ။ ကျနော်တို့

အိမ်အပါ အဝင် လေမူတ်စက်သုံးရေတွင်းရှိသူများပင်လျှင် ရေပို

ရေဆိုးများများအိမ်အပြင်သို့ မထွက်နိုင် ။မိုးတွင်းမြေစိုသည့် အခါ၌သာ

အနည်းအကျင်းအပြင်သို့ထွက်သည်။ဤရေကလည်းသူများအိမ်ရှေ့မရောက်

စေရန်မြောင်းဖြစ်ရုံ ဖော်ထားသည်နှင့် မြောင်း ဆယ်ပေခန့်တွင်ရေများ

မြေထဲဝင်ပျောက်သွားတတ်သည်။ သို့ဖြစ်၍ကျနော်တို့ရပ်ကွက်တွင်အထူး

တလည်မြောင်းမလို။ဤသည်ကိုပြောပြသော်လည်းလက်မခံ။အိမ်တိုင်း

မြောင်းမတူးမနေရ အမိန့်ထုတ်သည်။ရပ်ကွက်လူကြီးလည်းမလွန်ဆန်နိုင်။

မြောင်းမတူလျှင်မိမိတာဝန်မိမိယူရမည် ဆိုလေသည်။ရပ်ကွက်အတွင်း

၌လည်းဘာမှန်းညာမှန်းမသိကြောက်၍ တူးကြရလေသည်။

အဆိုပါ ကျွဲကြီးလည်း (ကျွဲဟုပဲအလွယ်ရေးပါရစေ) အိမ်လွတ်သော

နေရာများ၌ ဘယ်ကရလာသည်မသိသော ဘက်ဖိုး ကြီးတစီးနှင့်မြောင်း

ကိုကျကျနနတူးနေပါလေသည်။ ဤသို့နှင့်မြောင်းတူးခြင်းအမူ့ပြီးစီသွား

သည်။မိုးတွင်းရောက်တော့မည်။

မိုးဦးလေဦးကျပါပြီ။ လေရောမိုးရောကျသည်။ရေမတင်။ကျွဲကြီးထလက်ခ

မောင်းထခတ်သည်။ရေဘယ်ဝပ်မလဲ။မြေကြီးပတ်ကြားအက်ကဒီမိုးလောက်

တော့အသလေးစုပ်ယူနိုင်တာကိုး။ တလလောက်မိုးကနားသည်။

နောက်ပြန်ရွာသည်။တရက်နှစ်ရက် ဆက်ရွာသည်။အထက်ပိုင်းရပ်ကွက်

များကရေတွေလိမ့်ဝင်လာသည်။မြေကြီးလည်းပထမတခေါက်ကတည်း

ကရေဝနေပြီ။မစုပ်နိုင်တော့။လာသမျှရေတွေ သူ့ဗိုက်ပေါ်တင်ထားရတော့

သည်။ ကိုလံဘိုမြောင်းကလည်း သူ့ထဲရေဝင်ဖို့မပြောနဲ့။သူမြောင်းထဲက

ရေတွေတောင်အပြင်လျံထုတ်နေရသည်။ကျနော်တို့ရပ်ကွက်ထဲကရေ

ထုတ်မြောင်းဟုဆိုနိုင်သော ကားလမ်းကူးမြောင်းသည် ကျဉ်းကကျဉ်း

သေးကသေးနဲ့ရေကိုအမြန်နဲ့များများမထုတ်နိုင်။ဒီကြားတည်းစီးဝင်ရမည့်

လက်ခံမြောင်းမကြီးကလည်းရေလျံ။ခါတိုင်းနှင့်မတူ ရေဝပ်ခြင်းကပို

လာသည်။ရပ်ကွက်အတွင်း လမ်းတွေရေမြုပ်ကုန်သည်။ လမ်းပေါ်သွား

လာရသည်မှာရေကြောင့်စမ်းတဝါးဝါး။ကားရှောင်ရင်းယခင်က မြောင်း

မရှိသော်လည်းကျွဲကြီးမြောင်းကို အမှတ်မရ ။မေ့၍မြောင်းထဲကျသူ

ကကျသည်။ဆဲသူကဆဲသည်။ ကျွဲကြီးအိမ်ထဲကအိမ်ပြင်မထွက်ဝံ့။

သူ၏အိမ်ဝန်းအတွင်း၌ပင်ရေက တပေကျော်ရောက်နေသည်မဟုတ်ပါ

လား။ သည်တော့မှရပ်ကွက်လူကြီးများပြောသာ်ကိုသတိရပုံပေါ်သည်။

သူတပည့်တပန်းများခေါ်၍ ကားလမ်းဖြတ်မြောင်းကိုသွားကြည့်သည်။

ဟုတ်သည်လေ။စီးထွက်ရမည့်ရေပမာဏ နှင့် စီးထွက်ရမည့်အပေါက်

မမျှဖြစ်နေသည်ကိုး။ ရေမြောင်းချဲ့မှရမည်။ရေမြောင်းချဲ့ရန်ကားလမ်းကို

ပိတ်၍ချဲ့မှရမည်။ရန်ကုန်-မန္တလေး လိုကားလမ်းပိတ်မြောင်းချဲ့ဖို့ဆိုတာက။

ပြသနာအရင်းအမြစ်ကိုအဖြေမရှာပဲ။လုပ်ရိုးလုပ်နည်းများအတိုင်းစဉ်းစား

လုပ်နေသောကျွဲကြီးသဘောပေါက်ပုံရသည်။ နောက်ပိုင်းသူ့ကိုရပ်ကွပ်

အတွင်းသိပ်မတွေ့ရတော့။ သိပ်လည်းသတိမထားမိတော့။ခုတော့မရှိတော့

ပြီ။ သူ၏မြောင်းများကတော့အခု မရှိတော့။မရှိတော့ပါဘူးဗျာ။

ဒါလေးပြန်စဉ်းးမိတော့ ဒီနေ့နေရာအတော်များများမှာ ဒီလိုဖြစ်

ရပ်မျိုးတွေတွေ့တွေ့နေရသလားလို့ထင်မိတယ်။အစိုးရပိုင်းကအရေး

တယူရှင်းရမဲ့ဟာလိုမျိုးမှာ ဟိုဝါးဝါးဒီဝါးဝါးလုပ်နေတာမျိုးတွေ။

စာနယ်ဇင်းတွေ ပြည်သူတွေကို နည်းမှန်လမ်းမှန်အသိပေး

ထိန်းကြောင်းရမဲ့အစားယောင်ဝါးဝါးလုပ်နေတာတွေ။စတဲ့ မယောင်

ရာဆီလူး လုပ်နေကြတဲ့သူတွေအထဲ ဒို့ ကဇက်မပါမိစေဖို့

ပြောတတ်သလို ဒဲ့ပြောလိုက်မိပါတယ်ဗျာ။

20 comments

  • Inz@ghi

    July 18, 2013 at 11:15 am

    စနစ်ကြောင့် မှုတ်ဖူး စနစ်ကြောင့်မှုတ်ဖူး

  • Wow

    July 18, 2013 at 1:58 pm

    မရောင်ရာဆီလူး
    ခတောင်းကျိုက်တခြား ဟိုသင်းတလွဲ
    တလွဲဆံပင်ကောင်း
    :mrgreen: :mrgreen: :mrgreen:

  • Garfield

    July 18, 2013 at 2:11 pm

    ဟုတ်တော့လည်း ဟုတ်ပါတယ်။
    အာဇာနည်နေ့ လုပ်လာတာ နှစ်ပေါင်း ၆ဝ ကျော်တာတောင် အာဇာနည် ၆ ယောက် ထပ်ပေါ်လာလို့လား။ တကယ်ဆို ဂဠုန်ဦးစောနေ့ ပဲ လုပ်သင့်တာ။ စဉ်းစားကြည့် ဦးစော၊ စိန်ကြီး၊ ရန်ကြီးအောင်၊ ဘညွန့် ၊ သုခ လို လူမျိုးတွေ ဘယ်ခေတ်မှာမှမျိုးတုန်းမသွားဘူး။ အာဏာဆီနေ့ တို့ မမေ့ ပေါ့။
    (Soe Min)
    ~~~~~~~~~~~~~~

    ဒါဆိုရင်ရော ရောင်ရာ ဆီလူးမိလားဟမ်??? :mrgreen:

  • Shwe Ei

    July 18, 2013 at 2:14 pm

    ဆီလူးတဲ့ကိတ်စ ကျကျနနသိချင်ရင်တော့
    အဘဖော နဲ့ ကိုမတ် ကို ဆက်သွယ်ဘာ …ေိေိ

    • Wow

      July 18, 2013 at 2:18 pm

      ရွေအိလေး သူရို့က မာဆတ်မာ ဆီလူးပီး နှိပ်ပေးတဲ့ အလုပ်လုပ်ကြတာလား… :mrgreen:

      • Shwe Ei

        July 18, 2013 at 3:08 pm

        အီနေရာတွင် ဖူဖူကျော်သိန့် အိ လုံးဝမသက်ဆိုင်တော့ပါ သချင်းကို ကျကျနန ဆိုပျသီဟု မြင်ယောင်ကျိပါလေ….

        ဘာဘာ..ဘာမှ မသိသူ
        ချွေအိ :mrgreen:

    • Garfield

      July 18, 2013 at 2:19 pm

      ကျန်းးးးးး
      ဂလိုမှန်းသိ… :mrgreen:

      • Wow

        July 18, 2013 at 2:31 pm

        မြင်ယောင်ကျိ… 2 pieces လေးနဲ့ ဆီပုလင်းလေးကိုင်ပီး… ဟို ပဲမြစ်မော်ဒယ်ကောင်လေးတောင် အရှုံးပေးသွားမယ် :mrgreen:

    • e tone

      July 18, 2013 at 2:40 pm

      ညည်းအေ … အညွှန်းကောင်းလို့ ရောက်ရရှာတဲ့ …. ကမတ်ကို ဆွဲထည့်ဇယာလား …. ။
      ဟွင်င်င်င်း … 👿

  • e tone

    July 18, 2013 at 2:57 pm

    မြောင်းပိတ်တဲ့ ကိစ္စကို မြောင်းပိတ်တဲ့ ကိစ္စလို့ပဲ ရိုးရိုး တွေးပြီး … ပွားပါမည် ။ ဒန်တန်တန် … 😉

    မြေနိမ့်ပိုင်းလည်းဖြစ် ၊ မြောင်းကလည်းသေး ၊ ဒီကြားထဲ အမှိုက်သရိုက်တွေကြောင့် ရွာသမျှ မိုးရေတင်ကျန်ပြီး ရေကြီးနေတဲ့ ရပ်ကွက်မှာ (အသစ်ပြောင်းလာတဲ့) ကျွဲပါဝါရှိသူက မြောင်းတွေချဲ ့ပြီး ထပ်ဖောက်တာ …. ဘေးထိုင် ဘုပြောလျှင်တော့ မလိုအပ်ပဲလုပ်တယ်ပေါ့လေ ။
    ဘေးထိုင် ဘုပြောတဲ့ လူကိုလည်း အပြစ်မဆိုသာဘူး …ကိုယ့်အိမ်ရှေ့ကိုယ်မြောင်းဖော်ဟေ့ ဘာညာဆို … ကိုယ်က ဝင်မလုပ်ပဲထိုင်နေရင် ရုပ်ပျက်တာပေါ့နော် …ကိုယ့်အိမ်အတွက် ကိုုယ်မြောင်းဖော်တာ …လုပ်ခရမယ်ဆိုလျှင်တော့ စိတ်ဝင်စားစရာပေ့ါ :mrgreen: ။ရေဝပ်တဲ့နေရာမှာ နေသားတကျရှိခဲ့ပြီမိုလို့ပဲလို့ ဖြည့်တွေးကြည့်တယ် ။

    ဟို ကျွဲလူကြီး … သူလည်း သူ့စကားအောင်ဖို့ စည်းရုံးရေးဆင်းဖို့ သာရေးနာရေးတွေလုပ်ပြီး စည်းရုံးခဲ့တယ် … ။ အကျိုးလိုလို့ ညောင်ရေလောင်းတာပဲ ပြောပြော … ဘာသိဘာသာ မနေပဲ … ဗိုလန်တီယာထလုပ်တာကိုတော့ သဘောကျတယ် ။ ချိန်ဆတတ်တဲ့ ဉာဏ် မရင့်သန်လို့ ၊ မြောင်းကျယ်ကြီးတူးပြီး ရေဆက်ပိတ်နေတာကတော့ ၊ တပိုင်းပါ ။
    သူ့ဉာဏ်မှီသလောက်လေး မြောင်းထပ်ချဲ့ဖို့ စဉ်းစားတာကိုတော့ သဘောကျတယ် ။ စေတနာပါလို့လား ၊ အကျိုးမြတ်ခံစားခွင့်ရှိလို့လားဆိုတာတော့ အဲ့ကျွဲလူကြီးပဲ သိပါမယ် ။

  • kai

    July 18, 2013 at 3:13 pm

    ဆိုတော့…
    ရန်ကုန်မှာ…နောင်၁ဝနှစ်.. အနှစ်၂၀..၃၀.. ရေတွေကြီးပြီး.. ရေနစ်မယ်ဖြစ်ပါကြောင်း…
    နောင်အနှစ်၄ဝလောက်ဆိုရင်တော့..ရန်ကုန် ရေအောက်ရောက်နေမယ့်သဘောရှိပါတယ်…

    ကမ္ဘာကြီးပူနွေးလာတာမို့.. အာတိတ်စက်ဝိုင်းကရေတွေပျော်နေတာ.. နောက်နောင်ဆို.. အာရှ-ဥရောပ-အမေရိကရေကြောင်းလမ်းသစ်တောင်ပေါ်လာမယ်ဆိုတာပဲ..
    သဘောင်္ဆီဖိုးအင်မတန်သက်သာမှာတဲ့…

    Warmer climate to open new Arctic shipping routes by 2050: study …
    http://www.reuters.com/article/…/us-climate-arctic-shipping-idUSBRE9271842…‎
    Mar 8, 2013 – WASHINGTON (Reuters) – The quickest way to get goods from Asia to the U.S. East Coast in 2050 might well be straight across the Arctic, …

    ပြဿနာက.. တက်လာတဲ့ပင်လယ်ရေမျက်နှာပြင်ကြောင့်… ကမ္ဘာကျော်ဖလော်ရီဒါကမ်းခြေတွေအကုန်ရေမြုတ်မှာပါ…။

    Florida Keys prepare for sea level rise – Yahoo! News
    news.yahoo.com/florida-keys-prepare-sea-level-rise-083635582.html‎
    Jul 2, 2013 – From Yahoo! News: KEY WEST, Fla. (AP) — Hurricane storm surge can inundate the narrow, low-lying Florida Keys, but that is far from the only …

    ကယ်လီဖိုးနီးယားရဲ့.. ကမ္ဘာကျော်ကမ်းခြေတွေလည်းရေနစ်မှာမို့.. အဲဒီမှာနေတဲ့..ဘီလီယံနာတွေကတော့.. ကျောက်သဲတွေ.. မီလီယံချီတန်ဖိုးဝယ်ပြီးဖို့နေကြလေရဲ့…

    Malibu’s vanishing Broad Beach a sign of rising sea levels, experts say
    http://www.latimes.com/…/la-me-beach31-2008dec31,0,7928541.stor…‎
    by Kenneth Weiss – in 45 Google+ circles
    Dec 31, 2008 – Broad Beach has long been a scenic backdrop to Malibu’s public access wars. The tranquil rhythm of surf has been routinely shattered by …

    ဘာလုပ်ထားကြသလည်း.. ဘာပြင်ဆင်ထားကြသလည်း.. သူငယ်ချင်း..
    ဒန်တန်တန်….

    • Wow

      July 18, 2013 at 3:32 pm

      အို ဘာပြင်ရမလဲ ဒဂျီးကလဲ ဒီလိုပဲ ဟိုလိုဒီလိုနဲ့ ပီးသွားမှာပေါ့ :mrgreen:

      • ခင် ခ

        July 18, 2013 at 3:48 pm

        Wow အဖြေအတိုင်း ဘာမှပြင်မယ်မထင်၊ အဲဒီတော့ သဂျီးပြောတဲ့ ဘာလုပ်ထားသင့်သလဲ မပူနဲ့ဗျ၊ အဲဒီနှစ်တွေ အဲဒီအခါရောက်ရင် နိုင်ငံခြားက အခုလိုကားတင်သွင်းမှု့တွေ မလုပ်တော့ဘူး၊ လမ်းပေါ်မောင်းပြီးသွားလို့ရအောင် မော်တော်ဘုတ် လှလှလေးတွေ အစိုးရက တင်သွင်းခွင့်ပေး မှာပေါ့ဗျာ။

    • မင်းမင်း

      July 18, 2013 at 4:47 pm

      သူကြီးရေ

      သူကြီးပြောမှ us ကလူတချို့ ကမ္ဘာ ပျက်တော့မယ်။

      ဒီတော့ပြင်ဆင်စရာရှိတာပြင်ဆင်နေတယ်ဆိုပြီးဟို

      တလလောက်က ရုပ်သံတခုမှာတငိဆက်တာသတိရ

      မိတယ်။ကျနော်ကတော့ကြည့်ရင်းအဲဒီလူမျိုးတွေကို

      သနားမိတယ်ဗျာ။အပြစ်တော့မတင်မိပါဘူး။သူ့ယုံကြည်ချက်

      နဲ့သူကိုး။ နောက် လူဦးရေအဆမတန်ပေါက်ကွဲနေလို့

      ကမ္ဘာ့စားနပ်ရိက္ခာမဖူလုံ နိုင်ဘူး။ကမ္ဘာကကျွေမထားနိုင်

      တော့ဘူးဆိုပြီးပညာရှင်တွေကပြောပါလေရော။

      ဒါနဲ့အဖွဲ့တဖွဲ့ကရှာဖွေစုဆောင်းပြီး အချက်အလက်နဲ့

      ထောက်ပြတယ်။အမေရီကန်ရဲ့ တရက်တာ အစားအသောက်

      ပြုန်းတီးမူ့က အာဖရိက ဒေသကို တလကျွေးထားနိုင်

      ဆိုပါရောလား။ဘာမှပြန်ပြောသံမကြားရတော့ဘူး။

      ဒီကမ္ဘာမှာတွေးကြောက်နေရင် နေစရာမရှိပါဘူး။

      သင့်ရုံတွေး ပြီးသင့်ရုံ နေထိုင်ကြရင် အကောင်းဆုံး

      ထင်ပါတယ်။ရေခဲအရည်ပျော်ပြီး ကျွန်းတချို့မြုပ်မယ်

      ဆိုပေမဲ့ (ပါပူဝါကျွန်းဟုထင်ပါသည်။) တကယ်တမ်း

      ကြတော့လဲဒီအတိုင်းပါပဲ။စိတ်ချပါ။ ရန်ကုန်ရေအောက်

      (ပင်လယ်)ကို နှစ် ၁၀ဝ တိုင်အောင်ရေမမြုပ်နိုင်ဘူးလို့

      အာမခံပါတယ်။ ဘာကိုယုံပြီးပြောနိုင်တာကိုတော့မသိ :mrgreen:

  • မင်းမင်း

    July 18, 2013 at 4:25 pm

    အမှန်က မြောင်းသွယ်မလိုဘူး

    မြောင်းမ(ထွက်ပေါက်ကို) ချဲ့ဖို့ ကြိုးစားရမှာ။

    ဒီအတွက် စည်ပင်တို့ ဘာတို့ ကိုစာတင် ခွင့်ပြုမိန့်တောင်း။

    စသည်ဖြင့်လုပ်ရမှာကို အကြံပြုပါရဲ့နဲ့ ရုံးကနားသွားဖို့

    တို့ ဘာတို့ ကြတော့မျက်နှာအပျက်မခံချင်ဘူးထင်ပါရဲ့။

    ဒါကသူ့အပိုင်းပါ။ထားလိုက်ပါ။

    တကယ်လုပ်ရမဲ့ဟာမလုပ်ပဲ

    မလုပ်ရမဲ့ဟာလုပ်လို့ ဒုက္ခ အပိုတောင်များလာတယ်။

    မြောင်းထဲကျတယ်။ နောက်ရေကျချိန်မှာ မြောင်းထဲမှာ ရေကျန်တယ်။

    အဲဒီမြောင်း မရှိရင် ခြောက်သွေ့ရမှာ ။နဂိုကထက်ရေဝပ်တဲ့ရက်ပိုလာရတယ်။

    နောက် သူရဲ့ စေတနာ စည်းရုံးရေးက “ငါစွဲ မကင်း”ဘူး။ အကျိုးလိုလို့ညောင်ရေလောင်တာ။

    အကျိုးမရှိလာ(မကျန်တော့) ပျောက်သွားရော။

    ရပ်ကွက်ထဲကဘေးထိုင်ဘုပြောမရှိဘူး။တတ်နိုင်သလောက် လုပ်နေကြသူတွေပဲ။

    သူမရှိခင်တည်းက ဒီမြောင်းမကြီးထွက်ပေါက်ကို မခိုင်းရပဲ ရေဝင်တိုင်း သွားသွား

    ပြီးအမှိုက်ရှင်းရှင်းနေကြတာ။ အထက်ထိမပေါက်ရောက် (အမှန်က မပတ်သတ်ချင်တာ)

    ကြတာပဲရှိပါတယ်။

    ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသလိုပေါ့ဗျာ။

  • အလင်း ဆက်

    July 18, 2013 at 4:54 pm

    မယောင် ရာ ဆီ လူးတဲ ့အထဲဂဇက် ပါ မပါတော့
    သေချာ မသိ

    ကျွန်တော်တော့
    တခါတခါ
    မ ယောင်ရာ ဆီ လူး မိတဲ့ အဖြစ်တွေ ရှိတယ်ဗျာ

    ကြိုးစားရဦးမယ်

    • TNA

      July 21, 2013 at 3:18 pm

      အေးလေဟယ်ငါတို့လဲ ဝင်ဝင်လူးမိနေတော့ ဆင်ခြင်စရာပေါ့အေ။

  • ဦးကြောင်ကြီး

    July 19, 2013 at 8:03 am

    လူဂဒေါ့လူဂေါင်းဗျ.. စနစ်မှားနေတာဗဲရှိဒါ… ကျုပ်တို့ သဂျီးလိုပေါ့ဗျာ… အတိတ်ကံပါလို့ လူဂေါင်းတော့ ဖြစ်ပါရဲ့ သိတဲ့နည်းမှားနေတော့ ခက်အိ…. 😆

  • TNA

    July 20, 2013 at 6:17 pm

    ဘာမှမလုပ်ပဲဘေးထိုင်ဘုပြော ဟိုလူလုပ်နိုးနိုးဒီလူလုပ်နိုးနိုးထက်စာရင်တော့ သူတနိုင်တပိုက်အကြံနဲ့ကြိုး စားကြည့်တာပါ။ ရေဝပ်တယ်ဆိုတာရေနှုတ်မြောင်းပိတ်လို့ဆိုတာ လူတိုင်းလက်ခံတဲ့ ယေဘုယျသဘောပါ။ အခုဒီရပ်ကွက်ပိတ်တာကတော့ စည်ပင်လုပ်မှရမှာမို့ သူ့အကြံမအောင်တာပါ။ တကယ်ရေနှုတ်မြောင်းလို အပ်တာဆိုရင်အဆင်ပြေသွားမှာပါ။ မယောင်ရာဆီလူးထက် ဘေးထိုင်ဘုပြောကပိုဆိုးတတ်ပါတယ်။

  • uncle gyi

    July 21, 2013 at 4:57 pm

    ဘာပြောပြောမန်းလေးမှာရေမြောင်းတွေမရှိတာလိုနေတာအမှန ်
    လိုနေတဲ ့မြောင်းလုပ်တဲ့နေရာမှာလည်းစနစ်မက ျတာအမှန်
    ဆိုတော ့ဆက်လက်ပြီးရေကြီးမှုဖြစ်ပါအုန်းမယ်

Leave a Reply