သေချင်းစိမ်း နှင့် ချကျွေးခြင်း။

ムラカミJuly 18, 20131min22013

 

တခါသားပေါ့ဗျာ ..။ ကျုပ် ဆက်ကော့လက်ကော့ ဆယ်ကျော်သက် ဘဝပေါ့…။ အနေအထိုင်မတတ်တော့

တလောလေးက တိမ်းပါးသွားတဲ့ အာဆင်နယ် ပိတ်သတ် အသီးကွဲဆြာကြီးနဲ့ အင်မတန်ရင်းနှီးတဲ့ စာရေးဆြာတယောက်နဲ့

ခင်ခဲ့ပါသတဲ့ ..။ အဲ့လူကြီးက အဲ့သည့်ကာလတုန်းက ကတ်ကိုဘိန်းအကြောင်းဘာသာပြန်နေတာ ..။

(ထွက်ဖြစ်မထွက်ဖြစ်တော့ မသိ)

ကိုဘိန်း ရဲ့ medical problems တွေမယ် ဆေးပညာစာလုံးတွေ ပါလာတော့ သူက ကျော့်ကို လာလာမေးလေ့ရှိတာရယ် ..

အထင်ကြီးလို့ ..(ကိုယ့်မှာ ပြူးပြဲပီး ဒစ်ရှင်နရီလှန်ရတာ သူမသိဘူး) ထားပါတော့လေ..။ အဲ့လိုနဲ့ လက်ဖက်ရည်လေး တိုင်ကီထောင်

သောက်လိုက် ပဂေးကြီးတွေအကြောင်း မစားရဝခမန်းပြောလိုက်နဲ့ ဖြတ်သန်းခဲ့ဖူးသပေါ့..။ ဂလိုနဲ့ တနေ့..။

ကောင်လေး မင်းလိုက်မလား တဲ့ …

ကိုယ် — ကို အင်တာဗျူးသွားမလို့တဲ့..။

ဟာ.. လိုက်မှာပေါ့ဗျ.. ပေါ့..

ကိုယ်ကလည်း အားယားနေမင့်ဟာ။

နံပါတ်-၁ မဟုတ်ပေမယ့် ထိပ်တန်း အမျိုးသား အဆိုရှင်တယောက် ဆိုတော့ ယက်ကန်ယက်ကန်နဲ့ လိုက်သွားတယ်ပေါ့ဗျာ။

ဒီလူကိုက သိပ်နှစ်သက်လှတာတော့မဟုတ်။ မနှစ်သက် ဆို ဂလိုဗျ အစကတည်းက ယဉ်သလို ဆိုသလို တခါသား ရိုက်ကူးရေးပါတဲ့

(ဗီစီဒီကာရာအိုကေ လိုက်ဗ်ရှိုးပေါ့ဗျာ) စတိတ်ရှိုးတခုမယ် .. နာမည်ကျော် ကွယ်လွန်သူအဆိုတော်ကြီး တယောက်ရဲ့ သီချင်းပြန်ဆို

သပေါ့..။ သူ့အလှည့် မဆိုခင် ဘာထပြောသလဲဆိုတော့ ..သူတို့က ပေါ့လေ.. ရှိုးပွဲရာသီမို့ ဟိုပွဲသည်ပွဲ ကူးဆိုနေရတာမို့

သီချင်းစာသားလေးများ အကျအပေါက်ပါရင် ခွင့်လွှတ်ပါ ဘာညာပေါ့ဗျာ။

မသိရင် ယဉ်ကျေးသလိုပဲ .. ဒါပေမယ့် ကျုပ်အတိအကျသိတာက အဲ့ဒါ ဆဲတာထက်ဆိုးသဗျ..။ စဉ်းစားကြည့်ဗျာ .. ၄မိနစ်ပျော့ပျော့

လောက်ရှိတဲ့ သီချင်းတပုဒ် intro, solo, ending ဖြုတ်လိုက် ၂မိနစ်စာလောက် စာသား ကိုဆိုရတာ .. cho: bridge လို၂ခါ ၃ခါ ထပ်တဲ့

စာသားတွေက ပါနေသေး။ လက်တဝါးစာလောက် ရှိတာလေး မှ မကျက်နိုင်ရင်လည်း ဂလောက်ပိုက်ဆံ ယူမနေနဲ့တော့ပေါ့ဗျာ။

ဂလောက် ပိုက်ဆံဆိုတာ သည်လို။၂၀၀၄ ဝန်းကျင်မယ် လိုက်ဖ်ရှိုး မှာ ၁ပုဒ် (၄မိနစ်စာ)ကို မြန်မာပြည် နံပါတ်-၁ ဈေးကွက်ဝေစုရသူက

၁ဝပုံး ပေါက်ဈေးရှိသဗျ။ ကျုပ်ညွှန်းတဲ့ဆြာ အဆင့်ဆိုလည်း ၅-၆-ရ ပြေးမလွတ်တဲ့အဆင့် ..။ ဆိုတော့ဗျာ ..လက်တဖဝါးစာ မကျက်

နိုင်ရင်တော့လည်း … ။ ထားပါတော့ ဒီဆြာကမှ တောင်းပန်သေး တချို့များ ယဲဇားနဲ့ကွိုင်လာ ဘောပွဲ ဂွမ်းလာလို့

ခပ်တည်တည်နဲ့ စာသား သောက်တလွဲတွေ ဆိုတာ ရှိသေးတယ်။

 

ဒါမျိုးလုပ်တယ်ဆိုတာ က သိတဲ့အတိုင်း ရိုက်ကူးရေးပါတဲ့ ရှိုးဆိုတာကတကယ်အခွေထုတ်ရင် အဲ့သည့်က အသံတွေကိုမယူဘဲ

အကျအန သွင်းထားတဲ့ စတူရီယိုဗားရှင်းကို ထည့်တာကိုး။ တညိုးရီးနော.. တကယ် LIVE လာကြည့်သူကိုလည်း အပြည့်အဝ

မပေးဆပ် … အခွေဝယ်ကြည့်သူကိုလည်း လိမ်ရောင်း..။ ဟုတ်နေတာပဲ..

 

ထားပါတော့ဗျာ လိုရင်း သွားကြတာပေါ့..။ အနှီ ဘီးကျဲ ကိုဗျူးမယ် ဆိုတော့ ရန်ကုန်မြို့လယ်က ကာဖီဆိုင်တဆိုင် ကို ချိန်းပါတယ်။

ဂလို နဲ့ ဗျူးကြတယ်။

ဗျူးဆြာ ကတော့ ဗျူးဆြာတို့ ထုံးစံအတိုင်း အစ်ကို ဘာတွေလုပ်နေလဲ ခုတလော ဘယ်သီချင်းတွေနားထောင်ဖြစ်လဲ

လက်ရှိ ဂီတလောကကို ဘယ်လိုမြင်လဲ စသည်ဖြင့်ပေါ့ဗျာ ..မေးလာလိုက်တာ ..နောက်တခွေ ဘယ်တော့ထွက်မလဲ

ဆိုတဲ့နေရာမှာ ကျနော် ဆံပင်တွေ ထောင်လာပါတော့တယ်..။ နောက်တခွေ ဘယ်တော့တုန်း မေးတော့ ဘာဖြေတယ်

အောက်မေ့တုန်း။

 

အေးဗျာ ကျနော်လည်းရှေ့အခွေမှာ အုန်းတွေ ချကျွေးတာ များသွားလို့ နောက်အခွေအတွက် သီချင်း ပြန်စုရတာ

အတော်လေးကြာနေတယ် .. ရှေ့နှစ်ထဲတော့ ….။

 

 

ဆိုလိုသည်မှာ ရှေ့အခွေမှာ own tunes တွေချည်း အိတ်သွန်ဖာမှောက် တင်ဆက်လိုက်လို့ နောက်အခွေအတွက်

သီချင်းမကျန်ဘူး ဆိုတာမျိုး … ဒါကို သုံးသွားတဲ့ စကားလုံးက ချကျွေးတာ .. တဲ့..။

 

အဲ့သည့်မှာ ဒီဘဲက ဆက်ဆွဲသေးတယ်.. (စကားချပ်။ သူ့ အသံက ချိုသဗျ.. ဝါသနာပါတာက Rock ပါတဲ့

သို့သော် ပရိတ်သတ် ပွဲတောင်းတဲ့ Pop တွေပဲ အဆိုများခဲ့သူ) ..

ဒီတခွေမှာတော့ ကိုယ်တိုင်နှစ်သက်တဲ့ ပြင်းပြင်းရှရှ Rock တွေပါ ချကျွေးဖို့ ရှိတယ် တဲ့ဗျာ..။

မိုက်ရိုင်းတာ မိုက်ရိုင်းတာ ..။ ချကျွေးတယ် ဆိုတော့ဗျာ ..တွေးသာကြည့်ပါတော့..။ သူကဘာ ပိတ်သတ်က ဘာ

ဖြစ်သွားမလဲဆိုတာ..။

ဒါပေမယ့်ဗျာ ဒီစကားလုံးက စာမျက်နှာ ထက် ရောက်မလာခဲ့ပါဘူး… စပျစ်သီးတို့ရဲ့ အင်တာဗျူးထုံးစံအတိုင်း

စာချောထွက်တဲ့အခါ ဟိုဟာလေးပြင်ပေးပါ ဒီဟာလေးဖြုတ်ပေးပါ အဆင်ပြေသလိုလေး ပြင်ပေးပါ စသည်စသည်နဲ့

ကတ်ကြေးစာမိ တခြားစာသား ဖြည့် ဟန်တူပါရဲ့ဗျာ..။

သေချင်းဇိမ်းကတော့ အနှီ စာစုကို ဖတ်အပြီး မျက်လုံးလေး ကလည်ကလည်နဲ့ ပေါ့..။

 

ဂလိုနဲ့ နောက် ၁နှစ်တောင် မကြာပါဘူး အခြားဗျူးသူတယောက် လက်ဆော့တတ်တဲ့ ဟိုရပ္ပါလေးကို ဗျူးတဲ့စာ

ပါလာပါလေရောဗျာ။ဗျူးဆြာကပဲ ပညာပြတာလား ရပ္ပါလေးကပဲ ပြန်စစ်ဖို့ မေ့လို့လားတော့မသိ ..ချကျွေးတယ် ဆိုတဲ့ စာသားကြီးက

အပြူးလိုက်ကြီး ပါလာပါလို့ ဆဲသံဆိုသံလေးတွေ သောသောညံဖူးပါသဗျို့.။ကျုပ်လည်း အဲ့သည့်တော့မှ ..ဟို ရော့ကာကြီး

သက်သက် မိုက်ရိုင်းတာမဟုတ် ဒါဟာ သူရို့ရဲ့ Industrial ရဲ့ term တခု ပါလား ဆိုတာ သဘောပေါက်မိတော့တယ်ဗျို့။

အမှတ်မမှားရင်တော့ ဒီစကားကို သွားလေသူဟို စူပါမင်းသားလည်း သုံးဖူးသဗျ..။ ကိုယ့်ဆြာဒွေက ကိုယ်တွေအပေါ် စေတနာထားတာများပြောပါတယ်ဗျာ။

 

ဒါမျိုး စကား ကို ဂျင်မီ ဟင်းနရစ် တို့ ဘော့ဘ်ဒိုင်လန်တို့ မပြောခဲ့သလို ရေအေးအေးထဲ မနက်မနက် ပြေးပြေးဆင်း

လေ့ကျင့်နေတဲ့ ဟုချ် ဂျက်မန်း ရောပြင်သစ်ကားရိုက်စရာရှိရင် ၆လလောက်ပြင်သစ်လိုပဲ ပြောနေတတ်တဲ့

ဟိုမင်းသားလေးလည်း မပြောဖူးပါဘူးဗျာ..။ အံ့ကျော်ပဲ ..။ ဂျက်နီကိုဆန် ကြီးစကား ငှားပြောလိုက်မယ်..။

မီးထဲမှာ သံမဟုတ်သူတွေနဲ့ အလုပ်တွဲမလုပ်ချင်ဘူးမေမေ..။

 

13 comments

  • ဦးကျောက်ခဲ

    July 18, 2013 at 11:33 am

    ကိုယ်ပိုင်မဟုတ်ပဲ သူများဟာ ချကျွေးတဲ့ဆြာတွေကို ကျောက်စ် မုန်းတယ်… မာမီ
    ပြောမည့်သာပြောရ နိုင်ဂျံကားသီချင်း ၂ပုဒ်ကို ဖာထေးဖြတ်ဆက် လုပ်သွားတဲ့…
    ဟို… ကိုလက်သရမ်းလဲ ပေါက်တာပဲ… စားကြစေသတည်း… အားဟိ :mrgreen:

  • Garfield

    July 18, 2013 at 11:47 am

    ခါတလေက
    အားပေးသူရှိလို့ နာမည်ကြီးလာပြီး
    အားပေးသူတွေကို သူတို့ လောက် မမြင့်လို့ ထင်တဲ့ အချိန် ချကျွေးကြတော့တာထင်ပါရဲ့။ :mrgreen:

    နာလည်း ချကျွေးအူးမှပါ။
    ထပ်ခိုးပေါ်တင်ထားတဲ့ ပုစွန်ခြောက်တွေကို အိမ်က ကြောင်လေးတွေကျွေးရမှာ။ :mrgreen:

    • Wow

      July 18, 2013 at 1:21 pm

      ဂါဖီးဆိုဒါ ဘူလဲ ပြောလိုက်စမ်းဘာာာာာ…
      နာမယ် ခီနခီနပြောင်းသူဒွေဂို သာမီး သိပ်မုန်းတာပဲ ဒယ်ဒီ… :mrgreen:

      • Garfield

        July 18, 2013 at 1:27 pm

        သာမီး ဂလောက် ပြေးနေ ပြောင်းနေတာကို
        သာမီးမှန်း သိသိသွားကြတဲ့ သူတွေကို သာမီး သိပ်မုန်းတာပဲ ဖေဖေ။ :mrgreen:

  • မင်းမင်း

    July 18, 2013 at 12:04 pm

    ချကျွေးတော့လဲ စားပြီး နားမလဲအပြောမခံရအောင်

    ဟောင် ပေးမှ ဝုတ် ဝုတ် :mrgreen:

  • Mr. MarGa

    July 18, 2013 at 1:17 pm

    ချကျွေးမကျွေးတော့ မသိ
    ကျုုပ်တို့ကတော့ ချပဲ ပြတတ်တာ :mrgreen:

    • Inz@ghi

      July 18, 2013 at 1:24 pm

      ဘတ်စကားတိုးစီးပီး တလမှ တကားလောက် ရုံမယ် ရိုးရိုးတန်း က လာကြည့်ရတဲ့ ပရိတ်သတ်ကို
      သူရို့ပေးတဲ့ ပိုက်ဆံနဲ့ ဝယ်တဲ့ လေအေးပေးစက်တပ်ထားတဲ့ လင်ခရူဇာပေါ်က မင်းသားက
      ရော့ ဟေ့ စားကြ ဆိုပီး အထက်စီးနဲ့ ချကျွေးတယ် ပြောတာမျိုးတော့ အသည်းနာတာအမှန်ပဲ။

      တခေတ်က အနုပညာချမ်းသာတဲ့ ပညာသည်တွေကျ ငွေကြေးချို့တဲ့ပီး သည်ဘက်ခေတ်
      အနုပညာဆင်းရဲရှာတဲ့ ပညာသည်တွေကျ ငွေကြေးချမ်းသာ မောက်မာတာ .. သားသိပ် မုန်းဒါဗျဲ မေမေ။

  • Inz@ghi

    July 18, 2013 at 1:32 pm

    There are three major groups of audio file formats:

    Uncompressed audio formats, such as WAV, AIFF, AU or raw header-less PCM;
    Formats with lossless compression, such as FLAC, Monkey’s Audio (filename extension APE), WavPack (filename extension WV), TTA, ATRAC Advanced Lossless, Apple Lossless (filename extension m4a), MPEG-4 SLS, MPEG-4 ALS, MPEG-4 DST, Windows Media Audio Lossless (WMA Lossless), and Shorten (SHN).
    Formats with lossy compression, such as MP3, Vorbis, Musepack, AAC, ATRAC and Windows Media Audio Lossy (WMA lossy)).

    နားကောင်းဒေါ့ ကြားဘာဒယ်ဗျာ ..ခညားအခွေထွက်တိုင်း ဟားဘာဒယ်…
    ငိငိ

  • အရီးခင်လတ်

    July 18, 2013 at 1:47 pm

    ကြားဖူးတာဘဲ။
    It’s better if you don’t have too many irons in the fire ဆိုလားဘဲ။ 😆

  • Shwe Ei

    July 18, 2013 at 2:08 pm

    X Man အသစ်ထွက်တော့မာဟေ့…ဒချိ ဒချိ

    When he is most vulnerable, he is the most dangerous !!!!!

  • kyeemite

    July 18, 2013 at 4:25 pm

    ချကျွေးတယ်ဆိုတဲ့စကားက အခုဆို
    နေရာတော်တော်များများမှာသုံးနေကြပီဗျ…
    ဘာတတ်နိုင်မလဲ..သူတို့ချကျွေးမှစားရမဲ့ဘွဂိုး…. ဝေါင်..ဝုဝု

    • Inz@ghi

      July 18, 2013 at 5:08 pm

      အော် ဆယ်နှစ်မရှိတရှိမှာ အတော်လေးတိုးတက်ပြောင်းလဲ လာကြတဲ့ သဘော ပေါ့နော်.
      ကိန် ကိန်.

Leave a Reply