Myanmar Left–right political scale

kaiJuly 18, 20133min67427

Myanma-Left–right-politics1
=

ဒီပရောဂျက်ကလေးစဖြစ်လာစေတဲ့.. မူရင်းပို့စ်.. https://myanmargazette.net/180649

Hard-Liner နဲ့ Soft-Liner

ကစာတချို့ကူးတင်တာဖြစ်ပါကြောင်း…

=

 

kai says:

အလုပ်ထဲမှာမို့..သေသေချာချာမဖတ်ရသေးဘူး..
ဒါပေမယ့်နိုင်ငံရေးသမားတွေ.. အဖြေရှာတာမှာအသုံးတည့်တဲ့.. ဇယားကွက်ကလေးတွေတင်ပေးထားပါတယ်..
ဒါကို မြန်မာပြည်နိုင်ငံရေးထဲဆွဲညှိနိုင်ရင်.. ပြဿနာတော်တော်များများပြေလည်မယ်ထင်ပါကြောင်း…


kai says:

ဒေါ်အောင်ဆန်းစုကြည်ကို .. ဘယ်ဖက်အလယ်(centre-left)ထားလိုက်…
ဦးသိန်းစိန်ကို.. ညာဖက်အလယ်(centre-right)ထားပြီး..တွေးရင်.. အဖြေတခုရမယ်ထင်မိတယ်..။

ဒီချုပ်ကို ဘယ်ဖက်ယိမ်းပါတီ…။
ပြည်ခိုင်ဖြိုးကို.. ညာဖက်ယိမ်းပါတီပေါ့…။
အကြမ်းအားဖြင့်… လစ်ဘရယ်တွေကို.. ဘယ်ဖက်..
ကွန်ဆာဗေးတစ်တွေကို.. ညာဖက်…။
ဘုန်းကြီးတွေကို.. ကွန်ဆာဗေးတစ်သတ်မှတ်ရပါတယ်..
ခေတ်ပညာတတ်တွေ.. အလုပ်သမားလူတန်းစာ.. သမဂ္ဂတွေကို.. လစ်ဘရယ်(ဘယ်)သတ်မှတ်ရပါတယ်..။

ဆိုတော့…
ဦးသိန်းစိန်ရဲ့.. ညာဖက်ပိုရောက်သူကို.. ဟဒ်လိုင်နာ(ရှေးစွန်းစွဲသူ) ပြုပြင်ပြောင်းလဲလိုစိတ်မရှိသူပေါ့…။
ဦးသိန်းစိန်ရဲ့.. ဘယ်ဖက်ပိုရောက်သူကို.. အလယ်နဲ့နီးသူများ(ဆော့ဖ်လိုင်နာ)ပေါ့….

ဒီအတိုင်းပဲ..
ဒေါ်စုရဲ့..ဘယ်ဖက်ရောက်နေသူများကို.. ကွန်မြူနစ်-ဆိုရှယ်လစ်စိတ်ရှိသူများ…
ဒေါ်စုရဲ့.. ညာဖက်ရှိနေသူများကို.. အလယ်နဲ့နီးသူများ(ဆော့ဖ်လိုင်နာ)ပေါ့….

တိုင်းပြည်ဟာ.. အလယ်ဖက်ကိုရအောင်ချိန်ဆရွေ့ယူရင်း.. ဘယ်ညာပါတီ၂ခုအားပြိုင်နေရင်… တိုးတက်ပါကြောင်း…။

=

Inz@ghi says:

ရော့ စ် shortlist

Aung San Suu Kyi
Thein Sein
Shwe Mann
Htay Oo
Min Aung Hlaing
Wai Lwin
Khin Nyunt
Min Ko Naing
Ko Ko Gyi
Zar Ga Nar
Kyaw Thu
Win Tin
Moe Thee Zun
Wira Thu
Shwe Nya War
Thitagu
Sandar Min
Than Htut Aung
Te Za
Zaw Zaw
Khin Shwe
Htay Myint

+1
Zaw Thant 64

7-18-13

Zaw Thant says:

ဂီ့ရဲ့ short list ကိုတော့ ကြိုက်သွားပြီ.. ဖြည့်ချင်ရင် စာရေးဆရာတွေ ဖြစ်တဲ့

(ဆရာ)
လူထုစိန်ဝင်း
နေဝင်းမောင်
ကျော်ဝင်း
မောင်ဝံသ

စတာတွေလည်းထည့်လို့ရသေးတယ်..

(short list အတွက်ဝင် အာချောင်တာ သက်သက်ဖြစ်ပါတယ်.. ဇယားမှာ ဖြည့်ဖို့အထိတို့ ဉာဏ်မပိုင်တော့ဝူးး)

27 comments

  • kai

    July 18, 2013 at 4:09 pm

    လောလောဆယ်.. ကောက်လုပ်ထားတာ…
    ဆက်ဖြည့်ကြစေလိုကြောင်း…

  • Inz@ghi

    July 18, 2013 at 4:21 pm

    ဒဂယ်ရီးလုပ်တယ်ဟ.
    ပြန်လာခဲ့ပါ့မယ်ဗျာ.

  • Wow

    July 18, 2013 at 4:23 pm

    ကန္နားစီးတို့ မြွေဖမ်းဘီ… :mrgreen:

  • Zaw Thant

    July 18, 2013 at 4:34 pm

    .. အိမ်စာယူသွားပါတယ် သူကြီး.. 🙂

  • Inz@ghi

    July 18, 2013 at 4:46 pm

    ညာဘက်အပေါ်ဒေါင့်မယ် ကျောနံပါတ် ၉၆၉ ဂိုးသမားကိုကိုဝီ ကိုသတင်း သုံးခိုင်းပါ့မယ်.

    • Inz@ghi

      July 18, 2013 at 4:48 pm

      ကန့်လန့်ကာနောက်ဝင်သွားတဲ့ စာသမားနဲ့ အရက်သမားကို ဘုန်းဘုန်းတို့ခြေရင်းမှာ နေရာချပါ့မယ်
      ကျန်းးး. ဆရာဒကာ ပဏာရလိုက်ပုံ.

  • Inz@ghi

    July 18, 2013 at 4:53 pm

    ညာဘက်အပေါ်ကွက်မှာပဲ. သူရို့နဲ့ ဘပြောင်ကြားမှာ.ကာလုံ ကိုထားပါ့မယ်.
    ကာလုံရဲ့အောက်ဘက်တည့်တည့် x-axis နဲ့မထိတထိလောက်မှာ. မူးဇော်နဲ့ ရှင်ရဲဖွတ်တို့ လင်မယားကိုထားပါ့မယ်.

  • Inz@ghi

    July 18, 2013 at 4:56 pm

    ဘပြောင်ရဲ့ အောက်ဘက် မှာတော့. အပျော့ဂိုဏ်းဆြာ အဘဂျုံးဂျုံးဂျက်ဂျက် ကိုထားပါ့မယ် ညာဘက်အပေါ်ကွက်ထဲကမထွက်သေးပါ.

    • Inz@ghi

      July 18, 2013 at 4:58 pm

      ဘပြောင်ခေါင်းပေါ်မှာတော့ အဘငဂျီးခြောက် ကိုထားပါ့မယ်.

      • Inz@ghi

        July 18, 2013 at 5:00 pm

        ဘပြောင်ရဲ့ အနောက်တောင်ဘက်မှာ အူးထေးအူး ကိုထားပါ့မယ် သူလည်း ထိုအကွက်ထဲက မထွက်သေးပါ.

  • အရီးခင်လတ်

    July 18, 2013 at 7:52 pm

    ၂၁ရက် …… ပြီးမှ ပုံတွေ ကို ထပ် ဖြည့်တင်ကြပါ ဆြာတို့။
    ကျောက်လို့ဝုတ်ပါဝူး။

    ကိုယ်ဘယ်နေရာမှာ နေချင်တယ် ဆိုတာကို တူရို့တွေ ရွာကွန်ဖရန့်စ် မှာ လာပြီး ပြောလို့ရအောင်ပါ။
    အဲဒီရက်ကျော်ရင်တော့ အများ ထည့်တဲ့နေရာမှာ ဘဲ ပါရမယ်။
    ဂျီးမထူရတော့။

    ကြိုပြောထားတယ်နော်။
    နောက်မှ ၁၀ဝးအစွဲ နဲ့။
    ကျပ်တနာ အရှာနဲ့။
    😆

  • padonmar

    July 19, 2013 at 12:08 am

    မင်းကိုနိုင်တို့ ကိုကိုကြီးတို့ကို ဘယ်ဖက်အောက်မှာထည့်၊
    သွဲ့၊နေမျိုးဇင်တို့ကို ဘယ်အပေါ်ထည့်မယ်။
    ကိုကျော်သူ၊မရွှေဇီးကွက်ကို ဂန္ဓီကြီးနေရာ ဘယ်ဖက်အောက်ဒေါင့်ပေးမယ်။

  • padonmar

    July 19, 2013 at 12:18 am

    မောင်ဂီ့ ရှော့လစ်မှာ ဘဝတပါးသို့ မကြာခင်ကပြောင်းသွားသူနဲ့သား မပါသေးဘူး။

    • Inz@ghi

      July 19, 2013 at 7:02 am

      သူနဲ့ ဆြာကျောင်းက low profile နဲ့ပဲနေလေ့ရှိတာဗျ
      လူရှေ့ထွက်တာမဟုတ်ဘူးရယ်.. အင်းလေ ..သူတို့ရပ်တည်မှုအရလည်း
      လူရှေ့မထွက်တာ အကောင်းဆုံးပါ..။
      ဆိုတော့ ကွယ်လွန်ပြီးသူတွေနဲ့ လူရှေ့မထွက်သူတွေ ကို စာရင်းထည့်မတွက်လိုကြောင်းပါ…
      စာရင်းထဲတော့ လစ်လစ် တစ်တစ်(ဘောင်းဘောင်းချွတ်) အနီဂိုင်း အစိမ်းဂိုဏ်း နဲ့ ခရို မရဲတရဲတွေ ပါပါကြောင်း
      ပညာရှင် ကဏ္ဍ ကလူတွေဖြည့်စေချင်ပါဂျောင်းရယ်ဗျာ။

      • padonmar

        July 19, 2013 at 9:57 pm

        အေးပါအေ၊
        ဂျီးဂျီးက နိုင်ငံရေးအကြောင်းပြောရင် စကားဝင်မပြောကြဘူးဆိုပြီး ဂျီလွန်းလို့ ပွိုင့်လေးညာယူရင်း အတန်းဒန့်စ်ထိုးလိုက်တာပါ။

  • kai

    July 19, 2013 at 12:37 am

    ဆိုင်ရာပါမယ့်သူတွေရဲ့ ကာတွန်းပုံလေးများရှိရင်.. လင်ခ့်ပေးကြပါခင်ဗျ…
    မူပိုင်လွတ်အောင်.. အီလက်စရိပ်တာထဲထည့်ပြင်ပါ့မယ်..

    နေရာချတာမှာ.. အလွဲများဖြစ်ရင်.. ဗုတ်တင်ပါ့မယ်..။
    ဖြစ်နိုင်ရင်တော့..ကာယကံရှင်ကိုယ်တိုင်.. ဘယ်မှာထားပေးပါပြောရင်…ကောင်းတာပေါ့လေ.. :mrgreen:

  • ဦးကြောင်ကြီး

    July 19, 2013 at 7:43 am

    မိုးဟေကို၊ ဝိုင်းစုခိုင်သိန်း၊ မျက်လုံးလေး ကလယ်လယ်ထဲက မင်းသမီးတို့ကို ဘယ်ဖက်စွန်းမှာထည့်… နမ်းခန်းပါလို့ ငြင်းတဲ့ သက်မွန်မြင့်ကို ညာဖက်စွန်းထည့်၊ ရေကူးဝတ်စုံနဲ့ မယ်ပြိုင်ပြီး တည်တည်တန့်တန့် မော်ဒယ်ဂဲလုပ်နေတဲ့ နန်းဇေယျာခင်ကို အလယ်မှာထား…. ကျုပ်တို့သာဂျီးကတော့ အားလုံးရဲ့ အပြင်ဖက်မှာ ရှိတယ်။ မိုးပြာယောင်ယောင် မွတ်စ်ယောင်ယောင် တရုတ်ကူမြူနစ်ယောင်ယောင် အမေရိကန် စီအိုင်အေ ယောင်ယောင် နဲ့မိုလို့… မျက်စေ့ကို နောက်ရောဗဲ….. မှတ်ပီလားကွ.. ထောင်ထောင် ထောင်ထောင် လုပ်ချင်အုံး… 😈

    • မင်းမင်း

      July 19, 2013 at 9:39 am

      LIKE :mrgreen:

      နေတိုးကို မိုးဟေကိုတို့ အုပ်စုနဲ့ပေါင်းထည့်။

      ရဲတိုက်ကို တည်တည်တံ့ တံ့ နန်ခင်ဇေယျာနဲ့ တွဲထား။

      ဆိုတေးကို နမ်းခန်း ငြင်းတဲ့ သက်မွန်မြင့်နားပို့ပေး။

      ဦးကြောင်ကို အပြင်ဘက်ပို့။ နံရံပါကာထား။ ချောင်းကြည့်ပေါက်တပေါက်

      တော့ပေးလိုက်။ဒါပေမဲ့ ချောင်းကြည့်ပေါက် နားမှာ ပင်းအပ်တချောင်းစိုက်ပေးထား။

      နာတို့ တဂျီးကိုမထိနဲ့။ စိပွင့် တွားမယ် ေိေိေိ :mrgreen:

  • မင်းမင်း

    July 19, 2013 at 10:00 am

    ကျနော့်အမြင်ကိုပြောရရင်တမျိုးကြီးဖြစ်နေမလားပဲ။

    မြန်မာ့နိုင်ငံရေးပြောင်းလဲမှု့ဖြစ်စဉ်တွေမှာ ပြည်သူတွေရဲ့

    အားကို လျော့တွက်လို့မရဘူး။

    ဒီတော့ဒီဇယားကွက်မှာ (ထိပ်ဆုံးက)

    ဘယ်အကွက်မှာပြည်သူ့ အားဘယ်လောက်ရှိတယ်

    ဆိုတာအရေးကြီးအစိတ်အပိုင်းလို့ထင်တယ်။

    ပြည်သူ့အားဆိုတာ အရေတွက်သာမက

    အရဲစွန့် အားပါလိုသဗျာ။

    ပြည်သူ့အားကို အသုံးမချနိုင်ရင်

    ဒီဇယားကွက်က အပျင်းပြေ ပဲဖြစ်မယ်ထင်တယ်။

    ကျနော့်အမြင်ပြောကြည့်တာပါ။

    • Inz@ghi

      July 19, 2013 at 10:24 am

      ကိုမင်းမင်းရေ ..
      ဒါကြီးလုပ်တာ အပျင်းပြေတော့ မဖြစ်ဘူးဗျ… ဘယ်သူဘယ်နေရာမှာ ရှိတယ် ဆိုတာ ပုံဖော်ကြည့်နိုင်တာကိုက အတော်လေး ဟုတ်နေပြီ။
      မဲရတာ မရတာ နိုင်တာရှုံးတာက တပိုင်း ဘယ်သူဘယ်ဝါဒ နဲ့ ဘယ်လို ခေါင်းဆောင်မှု ပေးနိုင်မယ် ဆိုတာ ချက်ခြင်း တန်းကနဲ
      သိနိုင်တာက တပိုင်းပါဗျာ..။

      ပြည်သူတွေရဲ့ အား ဆိုတာကတော့ ..
      http://en.wikipedia.org/wiki/File:Diffusion_of_ideas.svg

      အဲ့ပုံမှာ ကျုပ်တို့ကနည်းနည်းတော့ ညာဘက် တိမ်းမယ်ဗျ။

      • မင်းမင်း

        July 19, 2013 at 1:44 pm

        အေးဗျာ။ကိုယ်ပိုင်အမြင် တွေပြောရတာဆိုတော့ :mrgreen:

        ကျနော်က ပြည်သူ့အား ကိုပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့

        အုပ်စု (သို့) တဦး တယောက်မှ မ မြင်မိသေးလားလို့ပါ။

        အချိန်နဲ့အမျှ ပြောင်းလဲနေ တာတွေ့နေရတော့ ……………………။

        • အရီးခင်လတ်

          July 19, 2013 at 1:49 pm

          ဒေါ်အောင်ဆန်းစုကြည် ကို ယုံပြီး သူ့စကားမှာ လူထု အင်အားကို အသုံးချခံလိုက် ကြပါလေ။
          မမှားစေရပါဘူး။
          အာမခံပါတယ်။ 😛

  • kai

    July 19, 2013 at 4:44 pm

    ပုံတွေထပ်ထည့်လိုက်ပါတယ်ဗျို့…
    နေရာမသင့်တော်ဘူးထင်ရင် ပြောကြပါ…

    သီတဂူနဲ့..ဝီရသူဆရာတော်
    ဦးရွှေမန်းနဲ့ကာချုပ်ပုံတွေလိုချင်ပါတယ်ခင်ဗျ..

    နေရာလေးပါချပေးပါလို့..။

  • Zaw Thant

    July 19, 2013 at 5:41 pm

    .. မကောင်းတကောင်း ကွန်နက်ရှင်နဲ့ အိမ်ကနေသုံးနေတာမို့.. အများကြီးဝင် မပြောနိုင်သေးဘူးဗျာ.. ဒါပေမယ့် ထင်တာဝင်ပြောရရင်.. အနားယူသွားတဲ့ အာဏာရှင်ဟောင်းကြီးက social scale အရ လက်ယာစွန်း (ဒီပုံမှာဆို အပေါ်စွန်း) ပေမယ့် economic scale အရ လက်ယာစွန်းတယ်လို့ ပြောရခက်မယ်.. (တိုင်းပြည်စီးပွားရေး ထက် သားတူညီများကောင်းစားရေး သာလုပ်တော့) စီးပွားရေး ပေါ်လစီမှာ လက်ယာလက်ဝဲ ပြောရခက်တယ်.. ထည့်ခြင်းထည့် လက်ဝဲဖက် မှာထည့်ချင်တယ်.. စီးပွားရေးခွင် အတော်များများကို အစိုးရအနေနဲ့ ချုပ်ကိုင်စွက်ဖက်တာများတယ်လို့ထင်လို့ပါ..

    • Zaw Thant

      July 19, 2013 at 6:03 pm

      .. အမျိုးသားရေးစိတ်လွန်တဲ့ ဆရာတော်တွေ ဆိုရင်တော့ ဆိုရှယ် အပေါ်ခြမ်းထဲမှာ ထည့်ချင်တယ်.. အီကို အရ လက်ဝဲဖက်သမ်းမယ်ထင်တယ်..

      ..လေးလေးမန်းကတော့ ဘစိန်နဲ့ အိမ်နီးချင်းလောက်ပဲ ဖြစ်မယ်မှတ်တယ်.. ကာချုပ်ကတော့ ကာချုပ်ပီပီ ဘစိန်တို့ အပေါ်နားလောက်ဆိုသင့်မယ်ထင်တယ်..

      .. အခြေခံပြည်သူအများစုုကတော့ မေစု ရဲ့ ဘယ်ဖက် အောက်ခြမ်းလောက်မှာ အနေများမလားပဲ (ဒါကြောင့် တခါတခါ မေစု ကို အားမရဘူး၊ သူများဖက်လိုက်ပါတယ် ဖြစ်ကြတာ).. တခြားဒီမို အင်အားစုတွေလည်း မေစုနားတဝဲလည်လည်ပဲဖြစ်မယ်.. ဒါပေမယ် NDF ကတော့ social လက်ယာသိမ်းရိပ်ပြနေတော့ horizontal line ရဲ့ အပေါ်ဖက် အလယ်နားလောက် ပို့ချင်တယ်..

      အမှန်အတိုင်းပြောရရင် နဂို မျဉ်းတစ်ကြောင်းထဲ့နဲ့ လက်ဝဲလစ်ဘရယ် လက်ယာကွန်ဆာဗေတစ် ခွဲတဲ့ ပုံ နဲ့ အခု social economic ဆိုပြီး 2 dimensions ခွဲတဲ့ ပုံကို ရောပြီးတိုင်ပတ်နေတယ်.. သူကြီးကိုယ်တိုင်ပဲ သက်ဆိုင်ရာ characteristics တွေ ဝင်ရေး ပေးရင် အဆင်ပြေမလားပဲ.. အခုတော့ ကျွန်တော် လည်းကိုယ်ထင်ရာဝင် ကြိတ်လိုက်ပြီ.. 🙂

  • kai

    January 27, 2019 at 4:26 pm

    ဒေါ်စုတို့ပုံတွေထည့်ထားတာ ပျောက်နေလို့..
    ပြန်ရှာရရင်တင်ပေးဦးမယ်ဖြစ်ကြောင်း..။

Leave a Reply