ဒီလိုလေးတိုက်ပင်းရိုက်လိုက်တာပဲ

မောင် ပေJuly 18, 20131min25317

ဒီလိုဗျ
ဒီကနေ ့… ၁၈ ရက် ဂျူလိုင် ၂၀၁၃ ထုတ် စံတော်ချိန် သတင်းစာထဲမှာ ကာတွန်းတစ်ကွက် ဖတ်ဖြစ်ခဲ့တယ်ဗျ ။
ဘာတဲ့တုန်း ဆိုတော့က
နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို ကျေးဇူးကြီးလှပါတယ် တဲ့
ဒါပေသည့်
ဒုစရိုက်မှုတွေကြောင့် ပြစ်ဒဏ်ကျနေတဲ့ ဒုစရိုက်ကောင်တွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါဘူး တဲ့
စာဖတ်သူတွေတော့ ၊ အဲဒီ ဒုစရိုက်သမား တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့် ၊ မပေးသင့် ဘယ်လို ဆုံးဖြတ်ကြမလဲ ဆိုတာကို မသိပေမယ့် ၊ ကျုပ်ကတော့ ဒုစရိုက်သမားတွေကို လွတ်ငြိမ်းချမ်းသာခွင့် မပေးစေချင်ဘူးဗျ ။
တစ်ကယ်ပြောတာပါ
ပထမဆုံး ဦးသိန်းစိန်ကြီး သမ္မတ ဖြစ်ပြီး မကြာခင် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။
အဲ့ထဲမှာ ခိုးဆိုးလုယက်လူသတ်မုဒိန်းသမားတွေလဲ ပါလာတာပေါ့…
အဲ့တုန်းက မှတ်မိသလောက် ၊ သူခိုးတွေ တော်တော် သောင်းကျန်းကုန်တာကလား ။
အခု ဒီနေ ့အချိန်မှာလဲ ၊ ပေါ်တင်လုယက်မှု တွေ နေ ့စဉ်လိုလို ကြားကြရမှာပါ ။
ဘယ်လောက်ထိ အတင့်ရဲလာသလဲ ဆိုရင် ၊ လဘက်ရည်ဆိုင်ထဲ ဟန်းဆက်အကောင်းလေးနဲ ့ (ဈေးကြီးပေးရတဲ့ဟာမျိုးနဲ ့ပေါ့) အင်တာနက်ထိုင်သုံးနေတုန်း ၊ ဖုန်းပြောနေတုန်းမျိုးမှာကို ၊ လက်ထဲကနေ လုပြီးပြေးတဲ့အထိ ကို အတင့်ရဲကုန်ကြပြီ ။
အဓိက အဖြေကတော့
ဒေါ်စု ပြောခဲ့သလို
တရားဥပဒေစိုးမိုးရေးပေါ့နော…
တရားဥပဒေစိုးမိုးရေးဆိုလို ့၊ ကျုပ်သိထားသမျှလေး နဲနဲဝင်ငံရရင် (ငံကြည့်တာပေါ့နော)
ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေမှာ ၊ ရဲ က အာဏာအရှိဆုံး ဆိုပဲဗျ ။
တရားရုံးသွားရမှာ ၊ တရားဆိုင်ရမှာကိုလဲ တော်တော်လေးကြောက်ကြတယ်တဲ့ ။ ရဲ ကိုလဲ အပြည့်အဝ ယုံကြည်အားကိုးမှု ရှိကြသတဲ့ ။
မြန်မာနိုင်ငံက ရဲတွေကရောဗျာ ။
တစ်ရက်က လဲ ၊ ကူညီပါရစေ လို ့ တစ်နိုင်ငံလုံး သိနေကြတဲ့ ၁၉၉ ဖုန်းနံပါတ် ကို အကူအညီလိုလို ့ ၊ ဘေးပတ်ဝန်းကျင်မှာ မှုခင်းဖြစ်တာကြုံလို ့ ၊ ဖုန်းလှမ်းဆက်တော့ မကိုင်ဘူးဆိုပဲတဲ့ဗျာ ။
စကားမစပ် ၊ ကျုပ် ဖုန်းထဲမှာလေ ၊ ကျုပ်တို ့မြို ့က ၊ သက်ဆိုင်ရာ ရဲစခန်းဖုန်းနံပါတ်လေးတွေ ထည့်ထားတယ်ဗျ ။
တစ်ရက်က ညပိုင်း ဘီယာထိုင်သောက်တော့ ၊ ဘီယာဆိုင်မှာ ငမူးသုံးကောင် ထဆူပူသောင်းကျန်းကြပါလေရော ။ ဝိတ်တာလေးတွေ နဲ ့ ဆိုင်မန်နေဂျာ က တောင်းပန်တာလဲ မရ ။
တောင်းပန်မှ ပိုဆိုးလာတယ် မှတ်တာပဲ ။
အဲ့ သုံးကောင် ဘာကောင်တွေလဲ လို ့ ၊ ဆိုင်က ဝိတ်တာလေးတွေကို မေးကြည့်တော့ ၊ ရှေ ့နေတွေ တဲ့ဗျာ ။
တဖြည်းဖြည်းနဲ ့ပွဲပိုဆူလာရာမှာ ၊ ဘေးမှာ ထိုင်စားသောက်နေတဲ့ ဝိုင်းတွေကိုပါ စိတ်ရှုပ် ဒေါသဖြစ်စရာ ဖြစ်လာတာနဲ ့ ၊ ဆိုင်ရာမြို ့နယ် ရဲစခန်း ကို ဖုန်းလှမ်းဆက် အကြောင်းကြားတော့ ၊ ချက်ချင်းလွှတ်လိုက်ပါမယ်တဲ့ ။
ဒါနဲ ့၊ ရဲဘယ်နှစ်ယောက် ရောက်လာပြီး ဘယ်လိုရှင်းမလဲ ဆိုတာကို ထိုင်စောင့်ကြည့်နေလိုက်တော့ ၊ တစ်ကောင်မှ ရောက်မလာဘူး ။ (မဆိုင်သောရဲများအတွက် ၊ ပမာဏ ကို ကောင်အဖြစ် သုံးမိသွားတာကို နားမလည်ချင်စွာနဲ ့နားလည်ပေးကြပါ ၊ မဟုတ်လဲနေဗျာ)
နောက်မှ သိရတာက ၊ မအေပေး မူးဆူသောင်းကျန်းတဲ့ ရှေ ့နေသုံးကောင်က အဲ့မြို ့နယ် က ရဲစခန်းက ဒုရဲအုပ်တွေ ဘာတွေ နဲ ့ဘော်ဒါတွေတဲ့ ၊ ဒါကြောင့် ရဲက လာမဖမ်း အရေးမယူတာတဲ့ ။
ဒါပေသည့် ၊ အဲ့လို အဲ့သုံးကောင် သောင်းကျန်းတာ တစ်နာရီလောက်ကြာတဲ့အချိန်လောက်ကြတော့ ၊ ဆိုင်ပိုင်ရှင် ရောက်လာတယ်ဗျ ။
ဆိုင်ပိုင်ရှင် က လဲ ဇ သေးသူမဟုတ် ။ သူ ့ဆိုင် လာပြီး သောင်းကျန်းတဲ့ ကောင်တိုင်းကို ဗျင်းလွှတ် တဲ့ ဖြစ်ရပ်များလဲ ရှိခဲ့တော့ ၊ ကျုပ် လဲ ပွဲကောင်းတွေ ့ရပြီပေါ့ ။
နောက်ပြီး ၊ ဆိုင်ပိုင်ရှင် က လဲ အဲ့ဒီ့ ရှေ ့နေများ ရဲ ့ဘော်ဒါရဲများ ရှိတယ်ဆိုတဲ့ တစ်စခန်းလုံးကို ပိုင်သူ တစ်ယောက်ဆိုတော့ ၊ ပါဝါချင်းယှဉ်ပြီပေါ့ဗျာ… (အချိုရည် ပါဝါ ပြောတာ မဟုတ်ဘူးနော)
…..
ဆိုင်ရှင်က ဦးစွာတော့ တောင်းပန်ရှာတာပေါ့ ။
ငါ့ညီတို ့ ၊ အကို က ဒီဆိုင်ပိုင်ရှင်ပါ ၊ မင်းတို ့မကျေနပ်တာ စိတ်တိုင်းမကျတာ ရှိခဲ့မယ် ဆိုရင် ၊ အကို တောင်းပန်ပါတယ် ၊ ငါ့ညီတို ့ပြန်ကြပါတော့ … ဆိုပြီး အေးအေးလူလူပြောရှာပါတယ်
အဲ့ချိန်မှာ ၊ ရဲ ၃ ယောက် လောက် ရောက်လာပြီဗျ ။ ဖမ်းခြင်းပြုခြင်း ဘာမှမလုပ်ပဲ ဘေးနားကနေပဲ ရပ်ကြည့်နေကြတယ် (ချိုလားမွှေးလားအေးလား = အိုင်စခရင် ကို ပြောပါတယ်)
ရှေ ့နေ သုံးကောင်ထဲက တစ်ကောင်က
“ ဆိုင်ရှင်ဖြစ်လဲ xီး လုပ်ရမှာလား ” ဆိုပြီး ပြေလည်ကြောင်း ပြောနေတဲ့ ဆိုင်ရှင်ကို စဆဲပါလေရော
ဆိုင်ရှင်ကလဲ နဂိုကတဲက လက်ယဉ်နေတဲ့လူဆိုတော့ ၊ စထိုးပါလေရော ။
အဲ…အဲ ။ ဆိုင်ရှင်လဲ စထိုးရော ၊ ဘေးနားရပ်ကြည့်နေတဲ့ ရဲတွေက ၊ ဆိုင်ရှင်ထိုးတဲ့ကောင် ကို အနောက်ကနေ ဝင်ချုပ်ပေးကြတယ်ဗျ ။
တော်တော်တော့ ကြည့်လို ့ကောင်းသား ။ ဟဲဟဲ
ဒီလိုနဲ ့၊ ဆိုင်ရှင့် လက်သီး ၃ချက်လောက် ထိသွားတဲ့အခါမှာတော့ ၊ မူးဆူရှေ ့နေ သုံးကောင် လဲ ၊ အခြေအနေမှန် ကို ရိပ်စားမိသွားပြီး ၊ သူရို ့ဘာသာ ပြန်သွားကြပါတော့တယ် ။

ဆရာဝန်တွေ လူသတ်မှုကျူးလွန်ရင် ပြစ်ဒဏ်ပိုကြီးသတဲ့ ။
အဲဒါဆိုရင်
ဥပဒေကို နားလည်တတ်ကျွမ်းတဲ့ ရှေ ့နေတွေ ၊ ဥပဒေမဲ့ သောင်းကြမ်းကုန်ကြရင်ကော
ဘယ်လို ပြောကြမလဲ ဆိုတာ သိချင်စမ်းပါဘိဗျာ
တစ်ကယ်ပါ
အဲဒါ … အဲဒါ

******* ဒီ အန် ့ *******

17 comments

  • ဦး ကြိမ်

    July 18, 2013 at 7:42 pm

    သောက်တလွဲ နိူင်ငံမှာ သောက်တလွဲ အဖြစ်အပျက်တွေက နေ့စဉ်နဲ့ အမျှပါပဲ……။

  • uncle gyi

    July 18, 2013 at 10:29 pm

    မြန်မာပြည်ကရဲအကြောင်းမပြောချင်ပါဖူးဗျာ
    အကျဉ်းသားလွှတ်ပေးတာကတော့
    တကယ်အမြင်မှန်ရသူတွေအတွက်မဟာအခွင့်အရေးပါ
    နောင်တမရသေးသူတွေအတွက်တော့နောက်သူ့ကံသူဖန်တီးပါလိမ့်မယ်ကိုပေရေ
    ဥပဒေနားလည်လို့ပိုဆိုးတယ်ဆိုလည်း
    နားမလည်သူတွေနဲ့ပြစ်မှုတူမယ်ထင်ပါတယ်
    မီးဆိုတာဘယ်သူကိုင်ကိုင်ပူပါတယ်
    အရက်လည်းဘယ်သူသောက်သောက်မူပါတယ်
    ပြစ်မှုချင်းတုူလို့ကပြစ်ဒါဏ်ပြောင်းလို့ရမယ်မထင်

  • DEPARKO DEPARKO

    July 18, 2013 at 10:33 pm

    ရှေ့နေကျင့်ဝတ်ဆိုတာရှိပါတယ် အဲဒီလိုသိက္ခာမဲ့စွာပြုမူရင်ရာသက်ပန်လိုင်စင်ပြုတ်ပါတယ် ဥပဒေအရပြောတာပါ ရုံမင်းတစ်ထိုင်အပြစ်ပေးခံရရင်တောင် လိုင်စင်ပြုတ်ပါတယ်
    ပုဒ်မ ၅၀၃ ၅၀၄ ၅၀၅ အရဆိုရင် ထောင်ဒါဏ် ၂ နှစ်အထိချလို့ရပါတယ် တရားစွဲမည့်သူတော့လိုတာပေါ့နော်

  • uncle gyi

    July 18, 2013 at 11:03 pm

    ခက်တာကတရားစွဲမယ့်သူ
    ကြောင်ကိုဘယ်သူချူဆွဲပေးမလဲ
    ကိုကိုစွဲလိုက်လေ

  • kai

    July 19, 2013 at 3:56 am

    ဥပဒေကို ဥပဒေလိုမထား..
    တရားရေးကို.. တရားရေးလိုမဆက်ဆံသမျှ..
    ဥပဒေအထက်မှာလူတွေ. လူတန်းစားတွေရှိနေသမျှ.. ဒီလိုအကျိုးဆက်တွေ..ဆင့်ဆင့်လာပါတယ်…။

    ဆိုတေ့ာ..
    ကယ်လီဖိုးနီးယားကတော့.. အကျဉ်းသားတွေလွတ်ငြိမ်းချမ်းသာခွင့်.. ပေးချင်ချင်… မပေးချင်ချင်.. ပေးနေရပါတယ်..။ ထောင်မှမဆန့်ပဲကိုး..။ ထောင်ချဲ့ဆောက်ရအောင်လည်း..
    ကုန်ကျစရိတ်.. .ထောင်စရိတ်ဘယ်သူပေးမလည်းပေါ့…

    ဒီလို..။ :mrgreen:


    Judges stand firm on California prison crowding relief plan – Yahoo …

    news.yahoo.com/judges-stand-firm-california-prison-crowding-relief-pla…‎
    Jul 3, 2013 – (Reuters) – A federal court on Wednesday refused to back down from an order requiring California to reduce prison overcrowding by the end of ..
    =
    .
    California to challenge order to release 10,000 inmates by year’s …
    http://www.cnn.com/2013/06/20/justice/california-prison-overcrowding
    Jun 20, 2013 – California Gov. Jerry Brown will seek an immediate stay of an “unprecedented” federal court order to release almost 10000 inmates to relieve …

  • ဦးကြောင်ကြီး

    July 19, 2013 at 7:50 am

    ရှေ့နေလည်း လူဗဲကွ…. ကျုပ်တို့ ဦးပါလေရာဂျီး ပိုသိတယ်.. ဘာတဲ့ တခါက ပြောတာ… အလုပ်မှာ ကြီးကြီးမာစတာ ဖြစ်ဖို့ဆို ဥပဒေ တတ်ကျွမ်းနားလည်ဖို့ လိုသတဲ့… အမွန်ဆို သူ့စကား နားထောင်ပီး ဘီးဇိနက်လောတောင် ပြီးသွားပြီ….
    နင်က ဥပဒေကို လေးစားဖို့ နေနေသာသာ ရှေ့နေ မကောင်းဂျောင်း လျောက်ဖွနေမှတော့ ခက်သေးဒယ် ကပေရေ…… 🙄

  • အလင်း ဆက်

    July 19, 2013 at 7:55 am

    သားရေကွင်းဥပဒေ ဆိုလားးးး
    စကားလုံးလေး ကြားဖူးတယ် ။

  • ဦးကျောက်ခဲ

    July 19, 2013 at 9:24 am

    ဟီ ဟိ ဥပဒေကြောင်းအရ မလျော်ကန်မှန်းတော့ သိပေမည့်…
    ဆိုင်ရှင် ထန်းသီး ကျွေးလိုက်တာ အားရတယ်ဗျာ…
    အဲ… ရဲလား… ချဉ်လွန်းလို့ မပက်သက်ပါရစေနဲ့… :mrgreen:

  • မင်းမင်း

    July 19, 2013 at 11:38 am

    ဒီအကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်မှာ

    ခေါင်းစဉ်နဲ့ အညီလွတ်ပေးတာကို ထောက်ခံတယ်ဗျာ။

    ဥပမာ- နိုင်ငံရေးအကျဉ်းသား ဆိုရင် နိုင်ငံရေးအကျဉ်းသား

    သန့် သန့် ပဲ ပါပစေ။ တခြားအမူ့တွေမပါစေနဲ့။

    ရောမကြိတ်နဲ့။

    – ပြစ်မူ့ကျုးလွန်သူများ အား သဘောမျိုးဆို အဲဒါနဲ့

    ဆိုင်တာပဲလွတ်။ရောမကြိတ်နဲ့။

    ခုနရှေ့နေ အမူးသမားတွေ နဲ့ ဆိုရင် တရားရုံးပို့ နိုင်အောင်

    လုပ်နိုင်ရင်အကောင်းဆုံးပဲ။ မီဒီယာခေတ်ပဲကို။ ကိုယ့်ဘက်က

    တရားဝင် ရောင်းခွင့် တို့ ဘာတို့တော့လုပ်ထားဖို့လိုတယ်။

    လိုက်မယ်ဆိုရေဆုံ ရေဖျားထိလိုက်။

    ကျုပ်သာပိုင်ရှင်ဆိုရင် ဒီကိစ္စကိုမရှင်းဘူး။ တိတ်တိ်တ်လေးဗီဒီယို

    ရိုက်လို့ရရင်ရိုက်ထားမယ်။သောင်းကျန်းပေ့စေ။လွတ်ထားလိုက်

    မှာ။ ဘေးဝိုင်းကထတွယ်လဲ တွယ်ပေ့စေ ။ရဲလဲရောက်နေပြီကိုး။

    နောက်မှ ဗီဒီယိုကို လိုသလိုအသုံးချမယ်။

  • TNA

    July 20, 2013 at 6:21 pm

    ဟိုတလောကက လက်ကျန်သခိုးလူဆိုးတွေလွှတ်လိုက်ပြီးကတဲက ရန်ကုန်မှာခိုးမှု့တွေ ဖောက်ထွင်းမှု့တွေ များလာတာသတိထားမိတယ်။ ငါလဲလွှတ်စေချင်ပါဘူးတကယ်ပါ။ သူတို့က သူတို့အပစ်ရှိလို့ပစ်ဒဏ်ခံရတာမို့ ဘာမှအချိန်စောမလွှတ်သင့်ဘူးထင်ပါတယ်။

  • တရုပ်စကားပုံလေးကြားဘူးတာ တောင်တစ်လုံးထက် တစ်လုံးက ပိုမြင့်သွားတယ်တဲ့
    အဲလို့ ဘဲ သူ့ထက်သူ ပိုပိုင်တဲ့လူက သာသွားတာပေါ့ဗျာ

    • kai

      July 21, 2013 at 2:13 pm

      အဲဒါမျိုးဖတ်မိတိုင်.. အမြဲဖြန့်တွေးနေမိတယ်..
      တကယ်တော့.. ရှေးကလူတွေ.. ကမ္ဘာ့အမြင့်ဆုံးတောင်.. တခုထဲသာရှိကြောင်း.. မသိကြလို့ပြောကြတာပါ…
      သနားမိကြောင်း… :mrgreen:

      Highest Mountains – The Highest Mountains on Each Continent
      geography.about.com › … › Geography › Statistics, Lists, & Trivia‎
      Highest Mountain in the World (and Asia) Everest, Nepal-China: 29,035 feet / 8850 meters. Highest Mountain in Africa Kilimanjaro, Tanzania: 19,340 feet / 5895 …

      • ဦးကြောင်ကြီး

        July 22, 2013 at 9:44 am

        သဂျီးက ကိုယ်တောင်တာ မကြည့်…. အခြားတောင် သွားကြည့်သဂိုး….. အဲသာပြောဒါပေါ့… ရုပ်ဝါဒီများ ကိုယ့်မျက်ချေး မမြင် သူများမျက်ချေးပဲ လိုက်ကြည့်ဒယ်….. ခက်သေးအိ…

  • အရီးခင်လတ်

    July 21, 2013 at 1:19 pm

    ဥပဒေ ဆိုလို့ ဥပဒေ အထက်ဘာမှ မရှိရလို့တော့ ကြောကြတာဘဲ။
    ကိုယ်ပျောက်ဝိဇ္ဇာ တွေ ကိုထည့်ပြီး Count လုပ်လို့ ရမရ တော့ မသိ။ 🙄

  • marga thagyar

    July 22, 2013 at 4:55 pm

    ဒီခေတ် ရဲတော်တော် များများဟာ ဥပဒေများ၊ပြစ်မုှဆိုင်ရာကျင့်ထုံး နဲ့ ့ ရဲလက်စွဲ စတာတွေကို သာမန်လောက်တောင်လေ့လာတတ်ကျွမ်းမှုမရှိဘူး၊အဲဒီတော့ ဥပဒေအရမလုပ်တတ်ကြဘူး၊လုပ်ပြန်ရင်လဲ သောက်တလွဲတွေများတယ်၊အဲဒီတော့. မလုပ် မရှုပ်မပြုတ်ပေါ့ဗျာ

  • မိုး မင်းသား

    July 22, 2013 at 6:51 pm

    ဥပဒေကို နားလည်တတ်ကျွမ်းတဲ့ ရှေ ့နေတွေ ၊ ဥပဒေမဲ့ သောင်းကြမ်းကုန်ကြရင်ကော
    ဘယ်လို ပြောကြမလဲ ဆိုတာ သိချင်စမ်းပါဘိဗျာ…..

    ကျွန်တော်လည်း…သိချင်စမ်းပါတယ်…ကိုပေ

    ထင်တိုင်းကျဲချင်တဲ ့ကောင်တွေ…ခုတော ့ဘာတတ်နိုုင်သေးသတုံး….

    ရေများရေနိုင်ဆိုတဲ ့စကားတယ်မှန်ပါလား……

  • cobra

    July 22, 2013 at 10:36 pm

    ကျွန်တော်တို့နိုင်ငံမှာ ရဲဆိုရင်မပက်သတ်
    ချင်လောက်အောင်မုန်းနေတာ လူတိုင်းလိုလိုပါပဲ
    လူငယ်ချင်းရန်ဖြစ်ရင်တောင်မိဘတွေက ရဲမတိုင်တော့ဘူး
    ကြားxxစားလို့တဲ့
    မကျေနပ်လို့ လမ်းကြုံရင်ပြန်ချ
    ဒီလိုပဲလုပ်နေကြတယ်
    သူများက ကိုယ့်သားရါုက်လို့ကွဲသွားရင်တောင်
    ပြန်ကောင်းအောင်ကုပေးတယ်
    ပြန်လည်းကောင်းရော ပြန်ရိုက်ခိုင်းပါလေရော…..
    အဲ့လောက် ဥပဒေကိုယုံကြည်ကြတာ

Leave a Reply