ပဲ့ထောင်ပေါ်တွင်လိုက်ပါလာသောကျွန်တော့၏ စိတ်ကအိမ်ကိုရောက်နေတယ်….ဒီနေ့ နွေးနွေးမီးထွက်မဲ့နေ့ …..ကျွန်တော့သားလေးလူလောကထဲသို့ ရောက်ရှိတာ ၇ရက်ပြည့် မည့် နေ့ဖြစ်သည်…။

အဖေါ်အဖြစ်လိုက်လာသောသူငယ်ချင်းကျော်အောင်က ချဲ နောက်တစ်ပါတ်အတွက်အသုံးပြုမည့် လယ်ဂျာစာအုပ်…ဘောက်ချာစာအုပ်နှင့် မှင်ခံပါသောလွယ်အိတ်ကိုလွယ်ရင်း……ငိုက်မြည်းနေသောမျက်လုံး

များနှင့်ကျွန်တော့ဘေးမှာ…….ဒီနေ့ကချဲဖွင့်မှာမို့ မနေ့ကထဲကချဲဒိုင်ရှိရာ ရွာကို ချဲလယ်ဂျာနဲ့ ငွေကိုသွားရောက်အပ်ရသည်……ကျော်အောင်ကမိုးချုပ်ကာနီးမှ ဘောက်ချာတချို့ လိုက်ပို့ရင်းရွာပြန်ရန်အချိန်မရှိတော့၍

မနက်မှကျွန်တော်နဲ့အတူပြန်တော့မည်တဲ့……….ယ္ခုလိုဆက်သွယ်ရေးစနစ်ကမကောင်းသောကြောင့်ချဲ ဒိုင်အိမ်မှာတညလုံးစာရင်းတွေလုပ်  ကြ…ပိုလျံတဲ့အကွက်တွေကို ရန်ကုန်ကိုပို့ ဖို့ မနက်စောစောပဲ့ထောင်ဖြင့်

ဆားမလောက်ရွာကိုသွားရသည်…ဒါမှညောင်တုန်းကထွက်တဲ့ဂေါင် ကားကိုမှီ မှာ….ကားလမ်းတွေကခုလိုမကောင်း .. ၃ နာရီခွဲ ၄နာရီလောက်ကားစီးမှရန်ကုန်ကိုရောက်တာ….

ကျွန်တော်တို့လည်းဆားမလောက်မှ တဆင့်ရန်ကုန်ကညောင်တုန်းကိုထွက် လာတဲ့ကားကိုစောင့်စီး ရင်းညောင်တုန်းမှာဈေးဝယ်ပြီးမော်တော်ဖြင့် ရွာပြန်ရန်ဖြစ်သည်….။ဆားမလောက်နဲ့ ညောင်တုန်းက

ဘာမှသိပ်မဝေး ပေမဲ့..၁နာရီနီးပါး ကားစီးရတယ်…ဒိုင်နာအမိုး ကသံတန်းကိုလက်ဖြင့်ကျစ် ကျစ်ဆုပ်ရင်း  ယိမ်းထိုးနေသောကားထဲမှာ တညလုံးမှေးစက်ခွင့်မရသောမျက်လုံးအစုံအားခေတ္တ အနားပေးရင်း

ကျွန်တော်နဲ့ ကျော်အောင်ညောင်တုန်းကိုလာခဲ့ ကြတယ်…ကဲညီလေး….မင်းတို့အိတ်တွေ ရှာချင်လို့ကွာ….တဲ့  …..ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ညောင်တုန်းမြို့ ဝင်ဂိတ်မှာ…ရဲ က ၃ ယောက်

ကျွန်တော်တို့ ရှေ့ ကားပေါ်ကလူတယောက်ကိုချဲစာရွက်တွေနဲ့ မိထားလို့ ရဲတယောက်ကစခန်းကိုပိုဖို့ စာ ရွက်စာတန်းတွေဖြည့်နေတယ်………..ကျွန်တော့မှာဘာမှမရှိ…..ကျော်အောင်ဆီမှာ…ဟုတ်တယ်

ကျော်အောင်ဆီမှာ လယ်ဂျာတွေ ဘောက်ချာတွေ….ကျော်အောင်ကခပ်နုံနုံ…….ကျွန်တော်စိတ်ပူသွားသည်….ကျော်အောင်ကို ရဲတယောက်ကရှာနေပြီ….ကျွန်တော်ထင်ထားသည့် အတိုင်းကျော်အောင်ကို

ဂုတ်ဆွဲခေါ်သွားတယ်..ကျော်အောင်ကဘာပြောလိုက်လည်းမသိ…နားရင်းကို ရဲတယောက်ကတချက်ရိုက်လိုက်သည်…..နောက်တော့

လမ်ဘေးကတဲထဲမှာ….ထိုင်ခိုင်းထားတယ်……ကျွန်တော်လည်းမသိမသာကားပေါ်ကဆင်းလိုက်သွားတယ်…..လမ်းဘေးကကွမ်းရာဆိုင်မှာ မွန်ထရီစီးကရက် ၁ဗူးဝယ်ရင်း

ဆေးလိပ်သောက်ရင်းအကဲခတ်နေမိတယ်……..ဘယ်အစကိုအရင်ဖြည်ရမလည်းလို့……. ကျွန်တော်စဉ်းစားရတာ ခေါင်းကိုမီး မြိုက်ထားလို…တခါမှလည်းမကြုံဘူး…..ကိုယ့်ဇာတိမြို့ လည်းမဟုတ်

အသိအကျွမ်းလည်းမရှိ…..အိမ်ထောင်ကျမှဒီဒေသကို ရောက်ဖူးတာ…..ဖြစ်ချင်တာဖြစ်ကွာ….၃ ယောက်ထဲက နဲနဲအရာရောက်မဲ့တယောက်စီကိုရုပ်တည်နဲ့ ၀င်ပြီး……..သူငယ်ချင်း  စီးကရက်သောက်ကွာ

မွန်ထရီတစ်လိပ် ကမ်းလိုက်ရင်းမီးချစ်နဲ့မီးညှိပေးလိုက်တယ်…အဲဒါ တို့လူကွ…..သူငယ်ချင်းရာ…ထိုရဲကကျွန်တော့ကို အကဲခတ်ရင်း မင်းကစောစောကမှမပြောတာတဲ့…….

ကျွန်တော်ဆင်ထားတဲ့ဂွင်ထဲ ကိုတန်း တန်းမတ်မတ်ဝင်လာလို့ ကျွန်တော်အရမ်းဝမ်းသာသွားသည်…..လာကွာတဲ့….သူက..လူရှင်းတဲ့ ဖက်ကိုခေါ်သွားတယ်…….သူကပဲစပြီးတော့..သူငယ်ချင်း

ကောင်လေးတွေစားဖို့ သောက်ဖို့လုပ်ပေးကွာတဲ့….အားလုံးအဆင်ပြေသွားပြီဟုကျွန်တော် တထစ်ချယုံကြည်မိလိုက်သည်…….ဘယ်လောက်ပေးရမယ်ဆိုတာသူနဲ့ညှိဖို့ပဲ ရှိတော့တယ်……ရဲတယေက်က

ကျော်အောင်လွယ်လာသောလွယ်အိတ်ထဲကလယ်ဂျာစာအုပ်..ဘောက်ချာစာအုပ်တွေကိုပြန်ထည့်နေသည်…..။တယောက်ကပထမကားမှာမိထားသူကိုဆိုက်က္ကားနဲ့ စခန်းကိုသွားပို့နေတုန်း………ကျွန်တော်

ကပိုက်ဆံ၅၀ကို သူ့လက်ထဲထည့်ဖို့ ကြိုးစားလိုက်သည်……..သူကတချက်ငုံ့ကြည့် လိုက်ပြီး….ဒါနဲ့ဘယ်ရမလဲတဲ့……ဘယ်လောက်ပေးရမလည်းလို့အရဲစွန့်မေးလိုက်တယ်…၂၀၀ပေးပါ

ဒါမှဒို့ ခွဲယူဖို့ အဆင်ပြေမှာ ပေါ့…….ကျွန်တော့မှာပါတာမှ ၁၀၀ ကျော်ကျော်ထဲ…..မီးထွက်မဲ့နွေးနွေး အတွက် အားဆေးနဲ့  စားစရာလေးတွေဝယ်ရမယ်…မီးနေစောင့်တဲ့ ဘိုးခလေးကြီးနဲ့ ကိုလှကြည်တို့ကိုလည်း

ကန်တော့ရအုံးမယ်………မီးထွန်းဖို့ရေနံဆီ  မီးဖိုချောင်သုံးပစ္စည်း ဆီ ဆား ငရုပ်သီး ကြက်သွန်…….အို …၀ယ်ချင်တာအများကြီး…..ရှိတဲ့ပိုက်ဆံ နဲ့တောင်မလောက်ချင်……..ကျွန်တော့မှာ အဲဒီလောက်မပါဘူး

ဒါပဲယူပါလို့တောင်းတောင်းပန်ပန်ပြောပေမဲ့……ဆရာသမားကလက်မခံတော့ပါဘူး…..စားပွဲခုံရှေ့ က ခွေးချေ နှစ်လုံးပေါ်မှာထိုင်ခိုင်းပြီး ကျော်အောင်နာမည်ကိုစမေးပါတော့တယ်..ကျွန်တ်ာကကြားက၀င်ပြီး

အမည် နေရပ်လိပ်စာတို့ကိုလွှဲပြီး ပြောပေးနေတယ်….မှတ်ပုံတင်နံပါတ်မမှတ်မိလို့ ပြောလိုက်တယ်……တဆက်တည်းကျွန်တော့ကိုမေးပြန်တယ်…အမည်….မှတ်ပုံတင်..နေရပ်.စိတ်ထဲရှိရာတွေကိုသဘာဝကျကျ

ပြောပစ်လိုက်တယ်……..စိတ်ထဲမှာတော့ကျွန်တော်ပြန်လာမှာကိုမျှော်နေမဲ့ နွေးနွေးမျက်နှာ..သားလေးမျက်နှာ…နဲ့….အချုပ်ခန်းနံရံတွေ ကို တခုစီ ပြေးမြင်နေမိတယ်…….

သွေးနုနုသားနုနု နဲ့ …ကျွန်တော်အဖမ်းခံရတာကိုသိပြီး…..နွေးနွေးများတစုံတခုများဖြစ်သွားရင်ဆိုပြီး တွေးပူရတာလည်း ရင်ထဲမှာနေဆယ်စင်းမကတော့……….

 

 

 

 

 

 

 

 

 

 

 

About ဦး ကြိမ်

ဦး ကြိမ် has written 8 post in this Website..

ရို သား ဖျောင့်မတ် ခြင်းကို နိုင်သရွေ့ ထမ်းပိုးရင်း လောကလမ်းကို လျှောက်နေသူပါ..........။