ကျုပ်တို့ အဘိုး အထွန်းဘွား

ムラカミJuly 19, 20131min1719

 

 

ဂုဏ်ပြုကဗျာတော့ မရေးတတ်ဘူး သွားလေသူ အဘိုး ဗိုလ်ချုပ်ရေ ..။

သားက ဖရုဿဝါစာ ပါမစ် ရထားတဲ့ လှည့်ပတ် ဆဲတတ်သူ တော့ မဟုတ်ဘူးခည။

လိုမယ်ထင်ရင်တော့ ပယ်ပယ်နယ်နယ် ဆဲ သဗျ..။ မယုံရင် ဟိုနွားကင်စားသူဂျီးမေးကြည့်။

 

ဘုန်းတော်ဘွဲ့ ရေးမှ လူရာဝင်တယ်ထင်တဲ့ သားတို့ လူမျိုးကို သား သိပ်ချဉ်တယ် အဘိုး ဗိုလ်ချုပ်ရေ..။

မင်းလောင်း အစ ကယ်တင်ရှင်အလည် တန်ခိုးရှင်အဆုံး မျှော်တတ် တဲ့ ခပ်ချာချာ ငတုံးတွေကိုလည်း သောက်မြင့်ကပ်တယ်..။

အူးစော အစ ပါပါကြီး အလည် စာဖတ်သူကြီး အဆုံး လှည့်ပတ် ဆဲနေသူတွေကို သား မေးခွန်းထုတ်ချင်တယ် အဘိုး..။

 

အဲ့လူတွေကို ဆဲရတာ အားရရင် အနန္တောအနန္တ ၅ပါး ကို တလှည့် ဆဲဂျပါလား လို့ သူရို့ကို ပြောပေးပါ အဘိုးရယ်..။

ဟုတ်တယ်လေ… သဗ္ဗညုတ ဉာဏ်ရပါတယ်ဆိုတဲ့ ဂေါတမဘုရား ကို ဒီမိုခွေစီ တရားမဟောကြားခဲ့ရကောင်းလား ဆိုပီး သူရို့ ဘာလို့ မဆဲကြတာလဲ ဟင် အဘိုး..။

တရား ဓမ္မတွေမှာရော ဘာလို့ လူ့အခွင့်ရေး ကိစ္စ မပါရတာလဲ အဘိုးရယ်.. သားရင်ထဲမကောင်းဘူး..။

ပြီးတော့ ဟို ..ဟိုလေ..သံဃာတွေကရော သားရို့ကို သိပ်ချစ်လှပါတယ်ဆိုရင် လူဝတ်လဲပီး ကတုံးဆံထောက်ကေနဲ့ အဘိုးလို သားရို့ကို မချစ်ပြခဲ့ကြတာလဲဟင်င်င်။

တကယ်ဆိုလေ သိလား ..အဆဲဆြာတွေကို သားပြောချင်တာက ..

 

သူရို့ဆဲလို့ အဘိုးလည်း ပြန်မရှင်သလို အူးစောလည်း မကြားနိုင်တော့ပါဘူး ။ ပါပါကြီးလည်း ဆုံးပီ ဖြစ်သလို စာဖတ်သူကြီးလည်း

သူ့စားရိတ်နဲ့သူ လိမ့်တော့မှာပါ…။ ဆဲချင်သေးသပဆို.. သူရို့ကိုလေ ..ကိုယ့်ဘိုးဘွားကိုယ် ပြန်ဆဲ ပါလို့ အကြံပေးချင်ရို့ပါ အဘိုးရယ်..။

ဟုတ်ရယ်လေ.. အဘိုးသမီး လို ကမာ္ဘ့အလည်မှာ ဂုဏ်တင့်မယ့် မိဘမျိုး ကို ဘာလို့ မမွေးပေးခဲ့သလဲဆိုပြီး ၂ဖက်ဘိုးဘွားတွေကို ဆဲကြပေါ့ဗျာ..။

နောက်ပီးလေ သိလား ..ဘိုးဘွားဆဲလို့ အားရရင် ကိုယ့်မိဘ ကိုယ်ပြန်ဆဲဂျ ဗျာ ..

အဘိုးကို ချစ်ပါတယ်အော်နေတဲ့ ကျုပ်အပါအဝင် အားလုံးသော အဘိုး ပိတ်သတ် တွေကို လိုက်မေးကြည့်

ဖန်ဆင်းရှင်ရှိတယ် ဆိုပါစို့ ..အဘိုး ဘဝဇာတ်ကြောင်းဖြစ်စဉ်အတိုင်း ဖြစ်ပယဇီမယ် အာမခံရင်တောင် ဖြစ်ရဲတဲ့ သတ္တိနဲ့သွေး

ကျုပ် အပါအဝင် ၉၉% ကျော်သော ထွန့်ထွန့်လူး ဖျတ်ဖျတ်ခါ မျိုးချစ်တွေမှာ လုံးဝ(လုံးဝ) မရှိဘူး ဆိုတာပဲ။ အဲ့လို လူဒွေ မွေးထားတဲ့ မိဘဒွေကို သူရို့

ဘာလို့မဆဲတာလဲဟင်အဘိုး..

 

 

နောက်ပြီးလေ ..အဘိုးရေ ..အဘိုးကို သင်ကြားပဲ့ပြင်ခဲ့ကြတဲ့ ဆြာတွေ စာရင်းမယ် ကမာ္ဘတန်းဝင်သူ ကမာ္ဘ့သမိုင်းဝင်သူ မပါဘူး မှတ်ပါတယ်။

သားတို့ ဆြာ ဆြာမတွေ ကလည်း အာရှတန်းတောင် မဝင်ပါဘူးဗျာ..အဆဲဆြာတွေ ဝါသနာပါမယ်ဆို သူရို့ကိုလည်း ဆဲသင့်သပေါ့..။

အဘိုးကို နှစ်-၆ဝကျော် လောက် ထိုင်လွမ်းရတာ သဘာဝမကျပါဘူးဗျာ.. နှစ်-၆ဝကျော်လောက် အဘိုးလိုလူ နောက်တယောက် မထွက်တာ

သူရို့တာဝန် တယ်မကင်းဘူး ဗျ … ဆဲဂျဗျာ.. ။ တော်တော် တာဝန်မကျေကြတာ… အားနေ ဒရမ်မာထိုင်ချိုး အဘိုးနာမည် ဈေးဖြစ်လိုဖြစ် လမ်းဖြစ်လိုဖြစ်

ကျပန်းစကားဖစ်လိုဖစ်

နောက်ဆုံး စာစီစာကုံးဖြစ်လိုဖြစ် နဲ့ ..ဗျာ ဘယ့်နှယ့် …အဘိုးလို ဖြစ်ဖို့တော့ သင်မပေးဂျဘူး …။

 

အဲ ..နောက်ဆုံး ..။

ကိုယ့်အခွက်ကိုယ် မှန်ကြည့်ပြီး ပြန်ဆဲဂျပါ အဆဲဆြာ အပေါင်းတို့..။ သွေးမရှိ အားငယ်တတ် အဆဲသန် အတိတ်မျှော် ဖင်ခေါင်းပွ ပြီး ဆန်မရှိ အစားကြီး တဲ့အပြင်

ဆန္ဒကတိ နဲ့ ဘယာကတိ ကို ကြောက်တတ်လွန်းတဲ့ အုံးနှောက်ဆေးခံထိထားတဲ့ သွပ်ချာချာ အတ္တဘောတွေအဖြစ်နဲ့ သာမက

နောက်ပြီး ကျုပ်တို့ အဘိုးလို လူမျိုး မျိုးဆက်သစ်မျိုး ဘယ်သမှ မမွေးထုတ်နိုင်သေးတဲ့အတွက် .. မှန်ကြည့်ပြီးသာ တဝ အမုန်း ထမင်းလွတ် ဇွန်း၂ချောင်းတပ်

ပီး အလှူလို ဆဲကြပါတော့ဗျိုးးး။

 

ထွီ ..။ချဉ်ထှာ ..(ကိုယ့်ကိုကိုယ်)

 

<အချုပ်>

တာအိုရစ်ဇင်မ် ထူထောင်သွားတဲ့ သာမန် လယ်သမား မိသားစုက ပေါက်ဖွားလာတဲ့ ကွန်ဖြူးရှပ်စ် ကို mutant ထွန်းခြင်းတဲ့ ..။

အဘိုးရေ ..ပြတိုက်ထဲမှာ အဘိုးလည်း အထွန်းဘွား အနေနဲ့သာ နေခဲ့ပါတော့ အဘိုးရယ်…။

သားတော့ ရေတက် ငါးဇင်ရိုင်းတွေကိုလေ မန်ကျီးရွက်လေးအုပ်လို့ မဆလာနိုင်းချင်းနဲ့သာ ချက်စားချင်တော့တာပဲ အဘိုးရေ ..။

 

P.S ဆဲရင် ပြန်ဆဲမည်။ ဖ-ဘ က ဘုန်းတော်ဘွဲ့ ကူးရေးလျင် ခြစ်ချမည်။

 

 

9 comments

  • ဦးကျောက်ခဲ

    July 19, 2013 at 8:49 am

    ဟေ့လူ… တိုးတိုးလုပ်ပါဗျ
    ဗမာလူမျိုးကြီးဝါဒနဲ့ သင်းတို့အဘိုးကို ပုထိုးတင်တယ် ပြောနေဦးမယ်…
    ဘေးထိုင် ဘိုင်ကျ ဘုပြော ကန့်လန့်တိုက် ဖဲ့ရ ရွဲ့ရ ဘုန်းတော်ဘွဲ့ရေးမှ…
    လူရာဝင် လူသိများတယ်လို့ ခံယူထားတဲ့ ခပ်တိမ်တိမ်လူတန်းစားကို…
    စာရင်းထဲထား ခေါင်းလေးခံဖို့ လိုသေးလို့လား…

  • ဦးကြောင်ကြီး

    July 19, 2013 at 10:16 am

    အထွန်းဖွား
    သွန်းရထား
    ကွမ်းဝါး
    မွန်းစတား…

  • အလင်း ဆက်

    July 19, 2013 at 11:22 am

    ကျွန်တော်ကတော့
    လောလောဆယ်
    ကိုယ့် ကိုယ်ကို ပြန်ဆဲ လိုက်ဦးမယ်

  • အရီးခင်လတ်

    July 19, 2013 at 12:54 pm

    တစ်ခါတစ်ခါ စိတ်တိုင်းမကျရင် ထဆဲ တတ်တဲ့ အထွန်းဖွား အဘိုး ဆီက မှီရာ အတု ယူခဲ့ကြလေသလား။

    ဘာဘဲဖြစ်ဖြစ် သူ့စကားတွေ ကိုတော့ ဘယ်နည်း ဘယ်ပုံ နဲ့ မှ ဖျောက်ဖို့ မကြိုးစားပါလေ နဲ့ အဘ တို့ရေ။
    ကျုပ်တို့ တစ်သက်တော့ ဒီစကား တွေ အမြဲ ပြန့်နေစေရမယ်။

    (အဘ ခေါ်တာ ဆဲတာ ဝုတ်ဖူး နော်)
    (ငါးဇင်ရိုင်း စားရင်လဲ ကြည့်စား၊ အရိုးက အဆိပ်ပါသတဲ့)
    (ဒါနဲ့ မြန်မာပြည်မှာ ဒီနေ့ ပိတ်ရက် သတ်မှတ်ထားဆဲလား)

    • Inz@ghi

      July 19, 2013 at 1:19 pm

      အိုက်ဒါပျောဒါပေါ့ …။
      ဂလိုနေ့ကို လူတွေ ချစ်အောင် မမေ့အောင်ဆိုပီး ပိတ်ရက်လုပ်ထားဂျဒယ်။
      နှစ်-၆ဝ ကျော်တဲ့ အခါမယ် သူများတိုင်းပြည်ထက် ၂လလောက် အလုပ်မလုပ်တဲ့ရက်တွေ စုမိသွားရော..။
      အဘိုးသိရင် ဆဲလိုက်မယ့် ဖြစ်ချင်း။ ငဂို ဂုဏ်ပြုချင်ရင် အဲ့ဒီနေ့ အိုတီ ၄နာရီစီဆင်းပြီး ပိုကြိုးစားဂျဟဲ့
      ပြောမှာ မြင်ယောင်မိသေး။ (ရုံးသမားတွေ ဆဲဇေသဒီး)

      ဖွဘုတ်ကြီးလည်း အလောင်းပုံတွေ အလံတိုင်တဝက်တွေ ပန်းခွေတွေနဲ့ အမှိုက်ပုံဖြစ်နေပြီ။
      ပန်းခွေချကောင်းတုန်း ဟွန်းတီးကောင်းတုန်း ဥဩကိစ္စ ငြင်းကောင်းတုန်း။

      အများအကျိုးအတွက် အသက်စွန့်သွားတဲ့ လူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆိုပီး
      ဒီနေ့မှာ အများအကျိုးရှိမယ့် ကိစ္စ တခုခု ။စာကြည့်တိုက် စုပေါင်းစာအုပ်လှူပွဲတို့ ..
      သစ်ပင်စိုက်ပွဲ စုပေါင်း အမှိုက်ကောက်ပွဲ အနည်းဆုံး ရပ်ကွက်ထဲက မြောင်းတွေ ဖော်လိုက်ဦး
      အဘိုး သိရင်သိပ်ကျေနပ်မှာ ..
      ခုတော့ ကျပန်းစကားပြောကောင်းတုန်း စာစီစာကုံးရေးကောင်းတုန်း ..။ဧယဉ်ကျူးကောင်းတုန်း။
      သားတို့တိုင်းပြည်မယ် drama queen တွေ သိပ်ပေါတယ် အဘိုးရယ်..
      မေမေ ..သမ္မတဖြစ်ရင်လေ ..အဘိုး ဗိုလ်ချုပ်အတွက် အာဇာနည်နေ့ 2.0 ဆိုပီး Redefine ပေးပါမေမေ..။

      ဒချိ ဒချိ..။

      ပုံ..
      အဘိုးရဲ့ မြေး
      အသည်းမမာတဲ့ အိပ်ရေးပျက်နေသော
      စည်းနဲ့ကမ်း နဲ့ လစ်ဘရယ်ဒီမိုကရက်
      ကန္နားစီး
      မိဂီ

      • အရီးခင်လတ်

        July 19, 2013 at 1:32 pm

        မှန်ပါ့။
        သူ့စကားတွေ ကို စကားတွေ အဖြစ် ပြတိုက်ထဲ မှာ မထားဘဲ လက်တွေ့ ထုတ်သုံး ကျင့်ကြံ ကြဖို့ လိုတာပါ။
        ကိုယ်ကိုယ်တိုင် ရော ဘယ်လောက် လိုက်နာ နေနိုင်လဲ ပြန်စဉ်းစားနေမိတာ အကြိမ်ကြိမ်။ 🙄

  • padonmar

    July 19, 2013 at 10:32 pm

    ဒီနေ့တောင် သင်တန်းထဲ ဆရာမစာသင်နေတုံး ဟွန်းသံတွေထွက်လာတော့ သင်တန်းသား မိတ်ဆွေတစ်ယောက်က ဆရာမ ဥဩဆွဲချိန်လေတဲ့။
    ဆရာမကတော့ စာပဲဆက်သင်ပါတယ်။
    သတိရတာကောင်းပါတယ်။
    သတိရကြောင်းပြတာလည်းကောင်းပါတယ်။
    အဲဒါထက် လက်တွေ့ အလုပ်လုပ်ပြနေတာက ပိုကောင်းပါတယ်။
    အလုပ်လုပ်တာကို ရပ်ပြီး သတိရကြောင်းပြတာကိုတော့ အဘိုးလည်း ကြိုက်မယ်မထင်ပါဘူး။
    (စကားအတင်းစပ်..မကြာခဏရေးဘူးတဲ့ ခုကာလ ဘုရားပွဲများကို မြတ်စွာဘုရားသာ သက်ရှိထင်ရှားရှိလျှင် နှစ်သက်တော်မူမည်မထင် လို့ မဟာဂန္ဓာရုံဆရာတော်ကြီးရေးတာလေး သတိရမိပါဂျောင်း)

  • ကထူးဆန်း

    July 20, 2013 at 11:37 am

    ဟေ့ ဟေ့ နိုင်ငံခြား ကနေ အော် မနေကြ နဲ့နော ်… ဒီလာ ကြည့် ..
    ဟော .. သောကြာ နေ့က အာဇာနည်နေ့ . စနေ တနင်္ဂနွေ .. ပြီး ဝါဆိုလပြည့် နေရယ်ဆိုတော့ ရွှာပြန်ကြတာ အောင်မင်္ဂလာ အဝေးပြေး လမ်းတွေ တောင် ပိတ် လို့ …

    အာဇာနည်နေ့ .. ဗိုလ်ချုပ် ပြောစကားတွေ FM ကနေ လွှင့်နေလိုက်တာ…. ဆေးရိုး လမ်းမပေါ် တက်လှမ်ကောင်းရလား ဆိုတာ နားထောင်နေတုန်း ဘွားဆို လားလား …. ကျောက်မြောင်း ထိပ်မှာ အဘိုးရဲ့ သမီးလူများ လမ်းမပေါ် ခုံတွေချ ။အခန့်သားထိုင် ဘာလုပ်နေတယ် တော့ မသိ ။ ဖြတ်သွားတဲ့ ကား စာရွက်လိုလို ပြူတင်းပေါက်ဖွင့်ထား တဲ့ သူတွေ ကို လှမ်းထည့်ပေးသူ ကပေးလို့ ..

    အဲ့ဒီကနေ လာလိုက်တာ အင်းယားလမ်း မီးပွိုင့်အရောက် ကလေးတွေ ကျောင်းဝတ်စုံ နဲ့ ကားနှစ်စီးပေါ်မှာ ပျော်ပျော်ပါးပါး … ခွပ်ဒေါင်း အလံ တလူ လူ နဲ့ … ဦးဆောင်ပြုသူ အလံတဝက် ချချည်ဖို့ တောင် သတိရဟန် မတူ တော့ …. တွေးကြည့် ပေတော့

    ကား ဟွန်းတောင် တီးဖော် မရတဲ့ ကောင် ကျွန်တော်က ဂလိုပြောတော့ …ထွီ .. ချဉ်တာ .. 😈 :

  • Ma Ma

    July 20, 2013 at 5:02 pm

    မနေ့က ဟွန်းသံတွေဆူညံတာ စိတ်အနှောင့်အယှက်ဖြစ်မိတယ်။
    ဟွန်းသံတွေ ဆူညံအောင် တီးနေမယ့်အစား ပြောခဲ့တဲ့စကားတွေကို လိုက်နာရင် အတော်အကျိုးများမယ်။ 🙁

Leave a Reply