ဂဇက်ပွဲကို မလာဖြစ်လို့တောင်းပန်ပါတယ်ဗျို့.. မန်းလေးကိုသွားမှာ မို့လို့ပါ.. အမှန်ကတော့ ခုချိန်ဆိုရောက်သွားပါပြီး.. အဖြစ်အပျက်လေးကတော့-

ရွှေမန္တလာ လက်မှတ်

မန်းလေးသွားမယ်ဆိုပြီး ရွှေမန္တလာကားနဲ့ ည ၉ နာရီဝယ်ထားတယ်.. ရုံးကပြန်တာ ကားတွေပိတ်နေတာနဲ့ အိမ်ရောက် တော့ ၆း၃၀.. ရေမိုးချိုးပြီး

၇း၃၀ မိနစ်

 မားသားက အတင်းသွားခိုင်းနေတာနဲ့ ထွက်ဖြစ်တယ်.. တာမွေကဆိုတော့ အချိန် ၁နာခွဲတောင်ပေးထားတာအေးဆေးပေါ့ ..လမ်းမှာ အဆင့်ဆင့်ပိတ်ပြီးသကာလ.. ၆ ကွေ့ကိုရောက်တယ် ကားကဆက်မရွေ့တော့ဘူး .. ကားသမားတွေတောင် ကြုံဖူးပေါင် လို့ပြောသွားတယ်.

၈း၀၀ မိနစ်
နောက် ၆ ကွေ့ကျော်သွားပြီး နောက်မီးပွိင့်ရောက်ပြီး ပိတ်လိုက်တာ ကားက ဆက်ကိုမသွားနိုင်တော့ဘူး .. အိမ်ကိုတော့ စိတ်ပူနေမှာဆိုးတာနဲ့ ရောက်တော့မယ် ကားထွက်မှ ထက်ဆက်လိုက် မယ်ဆိုပြီး ဖုံးဆက်လိုက်တယ်

၈း၄၅ မိနစ်
ဘယ်လိုမှ စောင့်လို့မရတော့တာနဲ့ taxi ကဆင်း.. ပြီး ဆိုင်ကယ် ကယ်ရီကိုရှာ.. တွေ့တော့ ၀င်းအထိ ၁၀၀၀ ပေးရတယ်.. ဆိုင်ကယ်တောင် သွားရတာမလွယ်

၉း၀၀ မိနစ်
ဆိုင်ကယ်က ၀င်းထဲကိုဝင်လို့မရဘူးဆိုလို့ ဂိတ် ၄ မှာ ဆင်းတယ်.. ဂိတ်ကို ဖုံးဆက်တော့ ဘုရားလေး ကစောင့်ပါဆိုလို့ ဆက်လမ်းလျှောက်..

ပိတ်နေတဲ့ကားလမ်း

 

၉း၃၅ မိနစ်
ဇေကမ္ဘာဘုရားလေးလေးနားမှာစောင့်နေတုန်း ဘေးက စောင့်နေတဲ့ ကောင်လေး ၂ ယောက် စီးမယ့် ကား ရောက်လာတယ်.. ဘယ်အချိန်က စောင့်နေကြ သလဲဘေးတော့ ၅း၃၀ ကတည်းကတဲ့

၁၀း၀၀ မိနစ်
ရွှေမန္တလာကားတွေ တွေ့လို့ ၀မ်းသာအားရ မေးလိုက်တော့ ၈း၃၀ ကားတွေတဲ့..

၁၁း၀၀ မိနစ်
၈း၃၀ ထွက်လာတဲ့ ကားတွေ တောင်မရွှေ့သေး မေးကြည့်တော့ ကားကြီးတစ်စီးဘီးကျွတ်ပြီး ပိတ်နေလို့တဲ့.. နောက် ၁၅ မိနစ်လောက် ကြာတော့ မိုးက ၀ုန်းကနဲ ရွာ ထီးလွယ်လွယ်မတွေ့.. အိတ်က ၂လုံး.. ကင်မလာ ကျောပိုးအိတ်နဲ့ခရီးဆောင်အိတ်.. ကင်မလာ အိတ်ကို အဓိကထားတော့ လူလဲရွှဲ.. ခရီးဆောင်အိတ်လဲရွှဲ.. ဖုံးလဲ ကျွတ်ကျွတ်အိတ်နဲ့ ထုတ်ပြီး အိတ်ထဲထည့် နေတုန်း မိန်းမက ဖုံးဆက်.. တိုင်ကိုပတ်နေတာပဲ
အမိုးအကာကလဲမရှိ.. လမ်းပေါ်မှာ ကိုယ့်လိုပဲ ရွှဲရွှဲစိုနေရင်း မန်းတလေးအသာထား ဘယ်အချိန်ရောက် မယ်မှန်းမသိတဲ့ ကားကို စောင့်နေရတဲ့ ဒုက္ခ..

၁၁း၁၅ မိနစ်..
မားသားက ပြန်လာခဲ့ ဆိုပြီး ဖုံးခေါ်တာတောင် ပြန်မဖြေနိုင်တဲ့ ဘ၀ .. ဖုံခဏထုတ်တော့မှ မားသားက မတ်ဆေ့ပို့ပြီး ပြန်လာဆိုတာနဲ့ ပြန်ဖို့ဆုံးဖြတ်လိုက်တယ်.. လူရေစိုတာ အ၀တ်ရေစိုတာ ပြသနာ မဟုတ်ပေမဲ့.. ကင်မလာ ကို စိတ်ပူတာနဲ့ လက်မှတ်ပဲ အဆုံးခံလိုက်မယ် ဆုံးဖြတ်လိုက်တယ်.. ဒါနဲ့ taxi နဲ့ ပြန်လာတယ်ပေါ့ဗျာ.. အိမ်ရောက်တော့ ၁၂ နာရီ

မန္တလားမင်းလက်မှတ်

မနက်လက်မှတ်ထက်သွားဖို့လက်မှတ်ဖုံးဆက်ပြီး ၀ယ်တာ နောက်ဆုံးမှ mandalaymin ကရတယ်.. ၅ နာရီလက်မှတ်ဝယ်လိုက်တယ်. လက်မှတ်ရောင်းတဲ့ အမကြီးက  မောင်လေး ၄ နာရီရောက်အောင်လာပေးပါနော်.တဲ့.. သြော်.. ဟုတ်ကဲ့ ကျနော် ခုမနက်ကတည်းကလာပြီး ထိုင်စောင့်နေပါမယ်ခင်ဗျာ

အော်.. အောင်မင်္ဂလာ.. အောင်မင်္ဂလာ

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)