ဘယ်မှမရောက်တဲ့ ခရီးစဉ်

ဂဇက်ပွဲကို မလာဖြစ်လို့တောင်းပန်ပါတယ်ဗျို့.. မန်းလေးကိုသွားမှာ မို့လို့ပါ.. အမှန်ကတော့ ခုချိန်ဆိုရောက်သွားပါပြီး.. အဖြစ်အပျက်လေးကတော့-

ရွှေမန္တလာ လက်မှတ်

မန်းလေးသွားမယ်ဆိုပြီး ရွှေမန္တလာကားနဲ့ ည ၉ နာရီဝယ်ထားတယ်.. ရုံးကပြန်တာ ကားတွေပိတ်နေတာနဲ့ အိမ်ရောက် တော့ ၆း၃၀.. ရေမိုးချိူးပြီး

ရး၃ဝ မိနစ်

 မားသားက အတင်းသွားခိုင်းနေတာနဲ့ ထွက်ဖြစ်တယ်.. တာမွေကဆိုတော့ အချိန် ၁နာခွဲတောင်ပေးထားတာအေးဆေးပေါ့ ..လမ်းမှာ အဆင့်ဆင့်ပိတ်ပြီးသကာလ.. ၆ ကွေ့ကိုရောက်တယ် ကားကဆက်မရွေ့တော့ဘူး .. ကားသမားတွေတောင် ကြုံဖူးပေါင် လို့ပြောသွားတယ်.

၈းဝဝ မိနစ်
နောက် ၆ ကွေ့ကျော်သွားပြီး နောက်မီးပွိင့်ရောက်ပြီး ပိတ်လိုက်တာ ကားက ဆက်ကိုမသွားနိုင်တော့ဘူး .. အိမ်ကိုတော့ စိတ်ပူနေမှာဆိုးတာနဲ့ ရောက်တော့မယ် ကားထွက်မှ ထက်ဆက်လိုက် မယ်ဆိုပြီး ဖုံးဆက်လိုက်တယ်

၈း၄၅ မိနစ်
ဘယ်လိုမှ စောင့်လို့မရတော့တာနဲ့ taxi ကဆင်း.. ပြီး ဆိုင်ကယ် ကယ်ရီကိုရှာ.. တွေ့တော့ ဝင်းအထိ ၁၀၀ဝ ပေးရတယ်.. ဆိုင်ကယ်တောင် သွားရတာမလွယ်

၉းဝဝ မိနစ်
ဆိုင်ကယ်က ဝင်းထဲကိုဝင်လို့မရဘူးဆိုလို့ ဂိတ် ၄ မှာ ဆင်းတယ်.. ဂိတ်ကို ဖုံးဆက်တော့ ဘုရားလေး ကစောင့်ပါဆိုလို့ ဆက်လမ်းလျှောက်..

ပိတ်နေတဲ့ကားလမ်း

 

၉း၃၅ မိနစ်
ဇေကမ္ဘာဘုရားလေးလေးနားမှာစောင့်နေတုန်း ဘေးက စောင့်နေတဲ့ ကောင်လေး ၂ ယောက် စီးမယ့် ကား ရောက်လာတယ်.. ဘယ်အချိန်က စောင့်နေကြ သလဲဘေးတော့ ၅း၃ဝ ကတည်းကတဲ့

၁ဝးဝဝ မိနစ်
ရွှေမန္တလာကားတွေ တွေ့လို့ ဝမ်းသာအားရ မေးလိုက်တော့ ၈း၃ဝ ကားတွေတဲ့..

၁၁းဝဝ မိနစ်
၈း၃ဝ ထွက်လာတဲ့ ကားတွေ တောင်မရွှေ့သေး မေးကြည့်တော့ ကားကြီးတစ်စီးဘီးကျွတ်ပြီး ပိတ်နေလို့တဲ့.. နောက် ၁၅ မိနစ်လောက် ကြာတော့ မိုးက ဝုန်းကနဲ ရွာ ထီးလွယ်လွယ်မတွေ့.. အိတ်က ၂လုံး.. ကင်မလာ ကျောပိုးအိတ်နဲ့ခရီးဆောင်အိတ်.. ကင်မလာ အိတ်ကို အဓိကထားတော့ လူလဲရွှဲ.. ခရီးဆောင်အိတ်လဲရွှဲ.. ဖုံးလဲ ကျွတ်ကျွတ်အိတ်နဲ့ ထုတ်ပြီး အိတ်ထဲထည့် နေတုန်း မိန်းမက ဖုံးဆက်.. တိုင်ကိုပတ်နေတာပဲ
အမိုးအကာကလဲမရှိ.. လမ်းပေါ်မှာ ကိုယ့်လိုပဲ ရွှဲရွှဲစိုနေရင်း မန်းတလေးအသာထား ဘယ်အချိန်ရောက် မယ်မှန်းမသိတဲ့ ကားကို စောင့်နေရတဲ့ ဒုက္ခ..

၁၁း၁၅ မိနစ်..
မားသားက ပြန်လာခဲ့ ဆိုပြီး ဖုံးခေါ်တာတောင် ပြန်မဖြေနိုင်တဲ့ ဘဝ .. ဖုံခဏထုတ်တော့မှ မားသားက မတ်ဆေ့ပို့ပြီး ပြန်လာဆိုတာနဲ့ ပြန်ဖို့ဆုံးဖြတ်လိုက်တယ်.. လူရေစိုတာ အဝတ်ရေစိုတာ ပြသနာ မဟုတ်ပေမဲ့.. ကင်မလာ ကို စိတ်ပူတာနဲ့ လက်မှတ်ပဲ အဆုံးခံလိုက်မယ် ဆုံးဖြတ်လိုက်တယ်.. ဒါနဲ့ taxi နဲ့ ပြန်လာတယ်ပေါ့ဗျာ.. အိမ်ရောက်တော့ ၁၂ နာရီ

မန္တလားမင်းလက်မှတ်

မနက်လက်မှတ်ထက်သွားဖို့လက်မှတ်ဖုံးဆက်ပြီး ဝယ်တာ နောက်ဆုံးမှ mandalaymin ကရတယ်.. ၅ နာရီလက်မှတ်ဝယ်လိုက်တယ်. လက်မှတ်ရောင်းတဲ့ အမကြီးက  မောင်လေး ၄ နာရီရောက်အောင်လာပေးပါနော်.တဲ့.. ဪ.. ဟုတ်ကဲ့ ကျနော် ခုမနက်ကတည်းကလာပြီး ထိုင်စောင့်နေပါမယ်ခင်ဗျာ

အော်.. အောင်မင်္ဂလာ.. အောင်မင်္ဂလာ

13 comments

  • အလင်း ဆက်

    July 19, 2013 at 11:33 am

    မော လိုက်တာ ဗျာ
    😆

    ဂဇက် ပွဲ မ ရောက်လာနိုင်တော့ ဘူးပေါ့ ။

    ဒီတစ်ပွဲ လွတ် သွားတော့လည်း
    နောက်တစ်ပွဲမှာ ဆုံတွေ ့ကြပါစို ့

  • မောင် ပေ

    July 19, 2013 at 12:01 pm

    အာဇာနည်နေ ့အတွက် မန်းတလေးမှာ ဓါတ်ပုံလာရိုက်တာပေါ့နော
    ကောင်းပါပေ့ဗျာ
    မန်းတလေးမြို ့မှ ကြိုဆိုပါ၏

  • Ma Ma

    July 19, 2013 at 1:06 pm

    ကားကြပ်တာ ကားလမ်းပိတ်တာတွေက ဆိုးသထက် ဆိုးလာပြီ။

    အချိန်ကုန် ငွေကုန် လူပမ်း ဆုံးရှုံးမှုတွေ များလှပါတယ်။

    ကားများတာ လမ်းပျက်တာတွေက အပြင် ………..
    ကားတွေ စည်းကမ်းမဲ့တာလည်း အဓိကအချက်အနေနဲ့ ပါဝင်တယ်။

    ကားကြပ်တာကို အကြောင်းပြပြီး လမ်းပြောင်းပြန်မောင်းတာ၊
    ဘတ်စကားတွေ လမ်းပိတ်ရပ်တာပြီး လူအတင်အချ လုပ်တာတွေကို စည်းကမ်းရှိအောင် ထိန်းသိမ်းဖို့ကို အလျှင်စလို လုပ်သင့်ပါပြီ။

  • အရီးခင်လတ်

    July 19, 2013 at 1:23 pm

    တွေးမိနေတာ။

    (၁) ရုံးတွေ နေပြည်တော် ကို ရွေ့လိုက် တာတောင် ကားတွေကြပ်တာ အင်မတန်ဆိုးတာ မဟုတ်ရင် ဘယ်လို နေမယ် မသိ။

    (၂) အဲဒီ လို ရွေ့လိုက်လို့ ဘဲ လူ တွေ အဲဒီ သွားဖို့ လုပ်ရင်း ကားတွေ ပိုကြပ် ကုန်တာလား။

    အမောတွေ အများကြီးဘဲ။
    ဒါတွေ ဖြေရှင်းဖို့ …
    ပြိုင်တူတွန်း ရင် ရွေ့နိုင်ပါသည်။
    သို့ပေမဲ့
    လားတာ တူဖို့တော့ လိုမယ်။

  • padonmar

    July 19, 2013 at 10:22 pm

    စည်းကမ်းရှိရှိမောင်းကြရင် ကျပ်စေအုံးတော့ တရွေ့ရွေ့ရွှေ့သွားပါမယ်။
    ခုတော့ ခေါင်းချင်းဆိုင်မောင်းမရတာက ပိုကြန့်ကြာစေနေပါတယ်။
    အခုဆို တော်ရုံခရီးကို လမ်းလျှောက်/စက်ဘီးစီး လုပ်နေကြရပြီ။
    ရန်ကုန်မှာမော်တော်ဆိုင်ကယ်တွေကို ယာဉ်ကြောသတ်မှတ်ပြီး စည်းကမ်းတကျ ပေးစီးရင် တစ်ယောက်ချင်းသွားချင်သူတွေအတွက် ပိုမြန်စေမှာပါ။

  • we R one

    July 20, 2013 at 10:21 am

    ပုံမှန်တောင် ဝင်းထဲကနေ အပြင်ကို ရောက်ဖို့ ၄၅ မိနစ်လောက်ကြာတာ..။ ကားကြီးတစ်စီး ဘီးကျွတ်ပီး ပိတ်လို့ ကတော့… ဆိုဖွယ်ရာမရှိတော့ပြီ..။ အာ့ဂျောင့်ပြောပါတယ်… Air Bagan စီးသွားပါလို့… 😛

  • may july

    July 20, 2013 at 11:14 am

    နောက်ဆိုရင် မိုးပျံ ဂီယာ ပါတဲ့ကားပဲ ရွေးစီးတော့ဗျို့ …. 😆

  • uncle gyi

    July 21, 2013 at 4:35 pm

    မြိ ု ့ထဲကားပိတ်တာသဘာဝက ျတယ ်
    အေင်မင်ဂလာပိတိတာက
    မကွ ျတ်သေးလို ့
    ကိုအုပ်ကအမှ ျမဝေလို ့
    ဖမ်းစားတာနေမှာ

  • Mr. MarGa

    July 22, 2013 at 4:42 pm

    ဖြစ်တောင့် ဖြစ်ခဲ
    ကြုံသွားတယ် ထင်ပ
    ဆြာအုပ်ကို တစ်ရက် ပို ဆွဲထားချင်တာ နေမှာဗျ :mrgreen:

  • manawphyulay

    July 23, 2013 at 8:26 am

    ဪ ကားလမ်းက အင်းစိန်၊ ရွှေဂုံတိုင်ပဲ အတော်ပိတ်တယ်မှတ်လို့ ခုတော့ နေရာတိုင်းမှာ ပိတ်နေပါလား။ ဘယ်မှသွားလို့တောင်မကောင်းတော့ဘူးနော်။ အခြေအနေအတော်ဆိုးလာတာပဲ။

  • kyeemite

    July 23, 2013 at 1:54 pm

    ရန်ကုန်တမြို့လုံး ကားမပိတ်တဲ့နေရာမကျန်..
    အဓိကကတော့ လမ်းပြောင်းပြန် ကျော်ကျော်မောင်းတဲ့ စည်းကမ်းမဲ့ ကားတွေကြောင့်ပဲ..တောက်စ် 👿

    • ဂန္ဓာရီ ဆြာအုပ်

      July 25, 2013 at 2:29 am

      အင်း.. ဘာပဲပြောပြော
      ဒါတို့တိုင်းတို့ပြေ… တို့မြန်မာပြေ
      မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ… ဒါး ဒါး ဒါး ဒါဒါဒါ

Leave a Reply