ဝါဆိုလပြည့်နေ ့ဆိုပေမယ့် . . . . . .

alinsettJuly 21, 20132min41418

ဝါဆိုလပြည့်နေ ့။

000

ဗုဒ္ဓဘာသာတွေအတွက်တော့

နေ့ထူးနေ ့မြတ်တစ်ရက်ပါပဲ ။

မြတ်စာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဓမ္မစကြာတရားဦးဟောတော်မူတဲ့နေ ့ပေါ့ ။

——————————–

ဝါဆိုလပြည့်ဆိုတာ  မြန်မာတွေအတွက် အရေးပါလှတဲ့ နေ ့လေးတစ်နေ ့ပါ။
။ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သေ  ဓမ္မစင်္ကြာ အခါတော်နေ့ဟာ …..
သစ္စာလေးပါးနဲ ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ပါ။

(၁) ပဋိသန္ဓေတည်သည့်နေ ့-မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ ့)

 (၂ ) တောထွက်သည့်နေ ့- မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ ့)
 (၃) ဓမ္မစင်္ကြာတရားဦးဟောနေ ့- မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ ့ )
 (၄) သောတာပန်လူသားစပေါ်သည့်နေ ့-မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ ့)
 (၅) သံဃာရတနာစပေါ်သည့်နေ ့- မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ ့)

——————————————————————

 

အားလုံးသိကြလို ့ဒါတွေ ပြန်မပြောတော့ပါဘူး ။

ပြောချင်တာက . . . . .

****************************

ဒီလို နေ ့ထူးနေ့မြတ်မျိုးမှာ ကျွန်တော်တို ့ဗုဒ္ဓဘာသာဝင်တွေ ဘာလုပ်ကြမလဲ ။

ဘာတွေ လုပ်နေကြသလဲ လို ့ တွေးမိပါတယ် ။

တချို ့က ဥပုသ်သီလ စောင့်စည်းပြီး ငြိမ်းချမ်းမှုကို ရှာတယ် ။

တချို့ ့ကတော့ ရုံးပိတ်ရက်မို ့ အလည်အပတ် ထွက်ဖို့ပြင်တယ် ။

တချို့ကတော့

ဝါဆိုသင်္ကန်း ကပ် တာတို ့အလှူအတန်းလေးတွေ လုပ်တာတို ့နဲ့ပေါ့ ။

တချို ့ကတော့ အင်းးးးးးတချို့ကတော့ . . . . . . .

ဝါဆိုလပြည့်နေ့မှာလည်းးးး အရင်နေ ့တွေ လိုပါပဲ ။

အရက်သမား တွေ ကိုပြောတာပါ ။

အရက်ဆိုင်တွေ လည်း ဖွင့်ထားဆဲပဲ ။

သောက်တဲ့လူတွေလည်း သောက်ဆဲပဲ ။

အရက် သောက်ခြင်းကို ငါးပါးသီလ ထဲမှာ ထည့်ထား တာ မထည့်ထားတာကိုတော့ အထွေအထူးမပြောချင်ပါဘူး ။

သောက်သင့် / မသောက်သင့် ဆိုတဲ့အမြင်နဲ့ပဲ ကြည့်ရင်ကို မသောက်သင့်ဘူးးးလို ့မြင်ပါတယ်။

ကျွန်တော်တို့ ့တိုင်းပြည်မှာ အရက်ကို အဆင့်တန်းရှိရှိ လည်းမသောက်နိုင် /

အန္တရယ်ကင်းကင်းလည်း မသောက်ရပါပဲ ခုံခုံမင်မင် သောက်နေရတဲ ့ အရက်သမား သူဆင်းရဲတွေ အများကြီးပါပဲ ။

တကယ်တော့ အရက် ကောင်းကောင်းကို အမြည်းကောင်းကောင်းနဲ ့ သောက်ရတဲ ့အရသာ ကို ကျွန်တော်ကိူယ်တိုင် နှစ်သက်မိတာပါပဲ ။

ဒါပေမယ့် နေ့တိုင်း သောက်နေဖို့ ့မသင့်တာတော့ အမှန်ပဲမို ့….

နေ ့တိုင်းသောက်နေမိတဲ့ သူတွေကိုမြင်ရင်စိတ်မချမ်းသာပါဘူး ။

အရက်သောက်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်တယ် ဆိုတာ ထက် လူမှုရေးမှာ ဆိုးဝါးတဲ့ အခြေအနေတွေက်ို ဖန်တီးမိတတ်တာက ပို အပြစ်မြင်စရာပါ ။

အရက်သောက်လိုက်တဲ ့အခါ မူးပြီဆိုပြီး

လုပ်ချင်ရာ လုပ် ပြောချင်ရာ လျှောက်ပြောတော့

မလုပ်သင့်တာတွေ လုပ် မပြောသင့်တာတွေ ပြော ။

ဒီတော့

အရက်သောက်ထားလို ့မူးနေတဲ့ လူနဲ ့ထိတွေ ့ဆက်ဆံနေရတဲ့ မိသားစုဝင် တွေ အဖို ့ ဂြိုလ်ဆိုးဝင်တာပါပဲ ။

အရက်သောက်ပြီးတဲ့ အခါ မူးတာကို အခွင့်ကောင်းယူပြီး ရစ်ချင်တာကများနေတာပါ ။

ကိုယ်တိုင်လည်း သောက်ဖူး  / မူးဖူးတော့ မူးပြီး ပြော မိ လုပ်မိတာတွေကို

နောက်နေ ့မှာ မသ်ိတော့ပါဘူးဆိုတာကိုလည်း လက်မခံချင်ပြန်ဘူး ။

မူး ရူးတယ်ဆိုတဲ ့စကားအတိုင်း

မူးလို့ ့ရူးချင်ယောင်ဆောင်နေတာပဲ မ ုတ်လား ။

**************************

အခုလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ့နေ့ထူးနေ ့မြတ်တစ်ရက်မှာ အရက်ဆိုင်တွေလည်း မဖွင့်စေချင်ဘူး ။

အရက်သမားတွေလည်း တစ်ရက်ပဲဖြစ်ဖြစ် ငါးပါးသီလ လောက် တော့ လုံစေချင်တယ် ။

ဒါပေမယ့် အရက်ဆိုင်တချို့ ့ဖွင့်မြဲပါပဲ ။

အရက်သမားတချို့ ့သောက်မြဲ ပါပဲ ။

**************************

ဆရာတော် ဥူးသုမင်္ဂလတို ့ လိုက်အော်နေခဲ့တဲ ့…….

ဝါဆိုလပြည့်နေ ့ဟာ တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာဝင်တွေ သီလ စောင့်တဲ့နေ ့ ဖြစ်ချင်လိုက်တာ ။

တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ့သီလ အားကို ပြချင်လိုက်တာ ။

ဒါပေမယ့် . . . . . . .

ဗုဒ္ဓဘာသာဟာ လမ်းညွှန်ချက်တွေ စည်းတွေဘောင်တွေကတော့……  မျှတ ကောင်းမွန်ပါလိမ့်မယ် ။

လိုက်နာ သူ တွေ ဘက်ကတော့ အားရလောက်အောင် လုပ်ပြနိုင်စွမ်း နည်းနေသေးတယ်လို ့မြင်ပါတယ် ။

ဘာသာရေး နဲ ့ပက်သက်ပြီး ခံယူချက် ယုံကြည်ချက်တွေ ပြင်းပြဖို ့လိုသေးတယ် ထင်ပါတယ် ။

တခြားဘာသာရေးသမားတွေ တခြားဘာသာဝင်တွေ အတွက် ဘာမှ မခက်ခဲလောက်တဲ ့

ဘာသာဝင်တိုင်း သီလ ယူမယ့်နေ ့

တစ်နေ ့လောက် ဖြစ်ဖို ့ကိုတောင်

အတော့်ကို ဖြစ်နိုင်ချေ နည်းတဲ့ ့အခြေအနေ ဖြစ်နေပါပြီ ။

************************

ဝါဆိုလပြည့်နေ ့ပါ ။

လ ဘယ်လောက်ပြည့်ပြည့်

ကျွန်တော့်ရင်ထဲမှာ ပြည့်ပြည့်ဝဝ မကျေနပ်နိုင်သေးတာတော့ . . . .

ဘယ်တတ်နိုင်မလဲ …..  ကံပေါ့လေ လို့ပဲ  ( ဗမာပီပီ  ) ကံကို ပုံချလိုက်ရမလားးးး ။

 

****************************

လေးစားစွာဖြင့်

အလင်းဆက်

 

 

====================================================

 

ဒီအောက်က  ဖတ်စရာတွေကတော့..

ဒီလင့်ခ် http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:233830

မှာ.. ဖတ်ခဲ ့ရတာလေး.. ဖတ်စေချင်လို ့….. share  ခဲ့တာပါ ။  တင်ပြထားသူကလည်း.. share ခွင့်ပြုထားလို ့..

ဖတ်စရာ / မှတ်စရာ အဖြစ်…ယူခဲ့ပါတယ်နော် ။

====================================================

 

 

ဝါဆိုလပြည့်နေ ့ရောက်တိုင်း အမှတ်ရစရာ ၊အမှတ်တရ ဖြစ်စေဖို ့ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ဓမ္မစကြာကို နားလည်သလို ရေးပြချင်စိတ်ပေါက်တာနဲ ့ ရေးလက်စ-တရား တရား -ဆောင်ပါး မရေးခင် ဒါလေးကို ရေးလိုက်တာပါ။
ဒီတရားကို ဒီဘာသာဝင် လူတိုင်းလည်း ရင်းနီးနေကြပါပြီ။ ရင်းနီးတာက ပါဠိတွေကိုအလွတ်ရတဲ့ အထိကို နေရာအနှံ ့ပြားသိနေကြတယ်။ ဒါပေမယ့် တကယ့် အနှစ်သာရကို သိပြီးကျင့်နေကြတာတော့ မဟုတ် ဘူး။ တရားဦးရယ်လို ့သိနေတာ။ ဒါလေးရွတ်လိုက် ရရင်ကို ကိုယ့်ကိုယ်လည်း ပီတိဖြစ်နေတယ်။ဒါကြောင့်လည်း အသင်းဖွဲ ့တွေ အများကြီးရှိလာတာပေါ့။

တစ်ခါတစ်ခါ တစ်ချို ့နေရာတွေမှာ အသံနဲ ့ပြိုင်ပွဲတောင် ကျင်းပ ကြပါသတဲ့။ တကယ့် မြတ်စွာဘုရားရဲ ့ သဘောကို ဆန် ့ကျင်ရာမရောက်ပေဘူးလား။ (စဉ်းစားကြပေါ့လေ)ကဲ ဒီသုတ်ဟာ ပွဲဦးထွက်တရားတော်နော်.ပွဲဦးထွက်တရားတော်ကို ဟောဖို ့၊ မဟောဖို ့ မြတ်စွာဘုရား ခဏခဏ စဉ်းစားတယ်။ ကိုယ်ရရှိထားတဲ့ တရား လူတွေကို ဟောရင် အလကားဖြစ်ပြီး တန်ဖိုးမသိမှာစိုးတယ်။လူတိုင်းက ကိုယ်ပေးတဲ့အရာကို မြတ်နိုးမှ မဟုတ် လား။ ခုဟာက သာမန်ပစ္စည်း၊သာမန်လက်ဆောင်မဟုတ်တော့ စဉ်းစား ရပြီပေါ့။ အင်း..လူတွေကို တရား ဟောမယ်ဆိုလည်း ငါသိရှိထားတဲ့ တရားက သာမန်လူတွေအတွေးမျိုးနဲ ့ တောင်ကြံမြောက်ကြံ ကြံလို ့ရတဲ့ တရားမဟုတ်။ နက်ရှိုင်းတယ်။မြင်ဖို ့မလွယ်ဘူး။သိနိုင်ဖို ့ဒုန်းဝေးတယ်။ြ ငြိမ်းချမ်းတယ်။မွန်မြတ်တယ်။နားလည်နိုင်စွမ်းရှိသူမှ နားလည်နိုင်မယ်။ သိမ်မွေ ့တယ်။ငါဟောတဲ့ တရားကို အပျော်အပါး ကို ပျော်ပျော်ကြိးပျော်နေတဲ့ လူတွေ ငါတရားကို နားလည်နိုင်ပါ့မလား။ကိုယ်ကြိုက်တာ ကိုယ်လုပ်နေကြတဲ့ ထင်တိုင်းကြဲလောကကြီးကို ငါဘယ်လိုလုပ်ပြီး တရားဟောရမလဲ။ သဲထဲရေသွန် ငါ့ရဲ ့ တရားတော့ အဖြစ်မခံနိုင်ဘူး။မဟောတာပဲကောင်းတယ်။ ဟောလည်း ပင်ပန်းမှာပဲ အဖတ်တင်မယ်။ ဒါ ဘုရားဖြစ်ခါစ တွေးတဲ့ အတွေးပါ။ ဒီတွေးနေတာကို သဟမ္ပတိ ဗြဟ္မာက သိတယ်။ ဘုရားရှင်တော့ လူတွေ အပေါ်မှာ ဒီလိုတွေးနေပြီဆိုတာ။

အဲဒါနဲ ့ အဲဒီဗြဟ္မာကြီးက အချို ့လူတွေက ဘုရား အပျော်အပါးနည်းကြတာ ရှိပါ သေးတယ်။ငြိမ်းငြိမ်းချမ်းချမ်းနေတဲ့သူတွေလည်း ရှိပါသေးတယ်။ မြတ်စွာဘုရားသာ တရားဟောမယ်ဆိုရင် သူတို ့ မြတ်စွာဘုရား ဟောတဲ့အတိုင်းကျင့်ပြီး တရားထူး ရနိုင်ပါတယ်။ မဟောခဲ့လိုရှိရင်တော့ သူတို ့အတွက် မဟာ ဆုံးရှူံးမှုကြီးဖြစ်ပါလိမ့်မယ်-လို ့လျှောက်ထား တောင်းပန်တာမှ သုံးခါကြီးများတောင်ပါပဲလား။ မြတ်စွာဘုရား သူလျှောက်ထားပန်တာလည်း အကြောင်းတစ်ရပ်၊ကိုယ်တော်တိုင် ဉာဏ်တော်နဲ ့ကြည့်ရှုတော်လည်း အဲဒီတိုင်းဘဲတွေ ့တော့- အင်း ဒီလိုဆို ငါတရားဟောတော့မယ်။ မသေမယ့်တံခါးကို ဖွင့်ပေးတော့မယ်။(မငိုရမယ့်တံခါး၊မလွမ်းမဆွေးရမယ့်တံခါး)ကို ဖွင့်လိုက်တော့မယ်။ တရားဟောမယ် ဆိုလိုတာပါ။ ဘယ်သူ ့ကို အရင်ဟောရမလဲ စဉ်းစားတော်မူပြန်ပါတယ်။ လောကီအရာ ဆရာတော်စပ်ခဲ့ဘူးတဲ့ ရသေ့၂ ပါးကိုသွားတွေ ့တယ်။လောကမှာ လူတွေ အများကြီးပါ ဟောမယ်ဆိုရင် ဘာလို ့သူတို ့ ကို စိတ်ထဲမှာပေါ်တာလည်းဆိုတော့ ဆရာဖြစ်ခဲ့ဘူးတယ်၊ကျေးဇူးရှိခဲ့တယ်။ဒါ့ထက် သူတို ့ရဲ ့ဉာဏ်ရည်ဉာဏ်သွေးက တရားတော်နာရင် ထိုးဖောက်သိမြင်နိုင်လောက်အောင်ဉာဏ်ရည်ရှိသွေးရှိသူတွေ ဖြစ်တယ်။လူပြိန်းကိုဟောလို ့ ဘာထူးမှာလဲ။ကျွဲပါးစောင်းတီး၊ နွားပလာတာ ကျွေး-သလိုဖြစ်မှာပေါ့။ အရေးကြုံလာရင် အကျိုးရှိ၊မရှိကို ကြည့်တတ်ရတယ်ဆိုတဲ့သဘောပေါ့။ နောက်ထပ်စဉ်းစားတော်မူပြန်တယ်။ ဘယ်သူ ့ကို တရားဟောရမလဲဆိုတော့-ပဉ္စဝဂ္ဂီ (၅)ဦးကိုတွေ ့မြင်ပါတယ်။

လူတွေနားလည်ထားသလို ပြောတာ ပါ။ (တကယ်တမ်းက ပဉ္စဝဂ္ဂီ-ဆိုရင်လုံလောက်ပြီ၊ ပဉ္စ-၅ပါး၊ဝဂီ္ဂ-အုပ်စု။) သူတို ့က တရားကျင့်ဖေါ်ကျင့် ဖက်လည်းဖြစ်၊တရားကျင့်တုန်းက လည်း မြတ်စွာဘုရားကို လိုလေးသေးမရှိအောင် ပြုစုထားကြတယ်။ မြတ်စွာဘုရားနဲ ့သူတို ့အချင်းချင်း ကွဲသွားတာက- သူတို ့က ခေါင်းပါးနိုင်သမျှ ခေါင်းပါးအောင်၊ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်တဲ့အထိ ကျင့်တယ်။ တစ်ရက်မစားဘဲကျင့်၊ ၂ရက်မစားဘဲကျင့်။စသဖြင့်ပေါ့လေ။ သူတိုက ကျင့်နေရင် ပြီးတာပဲ။မှန်တယ်ထင်လို ့ လုပ်ကြတယ်။ရည်ရွယ်ချက်ကလည်း အေးငြိမ်းမှုကို ရှာကြတယ်။ အရှာလွဲမှန်း သူတို ့ကိုယ်ကို သူတို ့မသိ။ဘုရားလည်း သူတို ့နဲ ့အတူ အဲလို ကျင့်ခဲ့ဘူးတယ်။ သူတို ့က မြတ်စွာဘုရားကို သဘောကျလို ့။လူမိုက်အားပေးတော့ မဟုတ်ပါဘူး။ လူမိုက်အလုပ်လုပ်နေတာကိုမှ မသိ ကြဘဲ။(မိုက်အောင်လုပ်နေတာမဟုတ်ပေမယ့် လူမိုက်အလုပ်လို ့အားမနာတမ်းပြောရမှာပဲ။)ဘုရားကလည်း အစားသောက်ကို မစားဘဲကျင့်ခဲ့တာလည်း ရှိခဲ့တယ်။ပါးစပ်၊နှာခေါင်းတွေက လေမရှုူပဲ ဘယ်လို ဖြစ်မယ်ဆိုတာကို အမျိုးမျိူးကို စမ်းသပ်ကြည့်ခဲ့တယ်။လုပ်သမျှအလုပ်တွေက အလွဲချော်တွေ။ ၄နှစ်၅ နှစ်နဲ ့သဘောမပေါက်ဘူး။ ဘုရားဖြစ်မည့်ဘဝနော်။ ၆နှစ်မြောက်မှာ သိသွားပြီ။ ငါ- ဒီနည်းမရရင် ဟိုနည်း ပြောင်းမယ်။ နဂိုရ်ကလေးဘဝက အာနပါန-လုပ်ခဲ့တာလေး ပြန်အမှတ်ရသွားတယ်။ ပုံမှန်စားမယ်၊ပုံမှန်အိပ်မယ်။ပုံမှန်ကျင့်မယ်။ ပုံမမှန်-လုပ်ခဲ့လို ့ဘာမှ မဖြစ်ခဲ့တာကို သဘောပေါက်သွားတယ်။အဲဒါနဲ ့ ခွဲထွက်သွားခဲ့ကြတာ။ပဉ္စဝဂ္ဂီ-တွေက ဒီရဟန်းကြီးကမ္မဋ္ဌာန်းလူထွက်ကြီး- လို ့ စွပ်စွဲခံရတဲ့အထိပေါ့။ ဒီနေရာမှာ-ပုံမှန်အကျင့်နဲ ့ဘုရားတရားထူး ရခဲ့တာရယ်၊သူတို ့အချင်းချင်းဆက်စပ်ခဲ့ပုံလေးတွေုသိစေချင်လို ့ ပြောလိုက်တာပါ။

အဲဒါနဲ ့ မြတ်စွာဘုရားက-
ဓမ္မစက္ကံ ပဝတ္တေတုံ၊ ဂစ္ဆာမိ ကာသိနံ ပုရံ။
အန္ဓီဘူတသိ္မ ံ လောကသိ္မ ံ၊အာဟဉ္ဆံ အမတဒုန္ဒုဘိ ံ။
ဆိုလိုတာက-
ကာသိတိုင်းရဲ ့မြို ့တော်ကို သွားပြီး တရားစက်ကြီး စတင်ကာနိုးတော့မယ်။ လောကလူတွေ အမှောင်ထဲမှာ နေသူတွေလို ဖြစ်တယ်၊ တရားစည်ကို ကြားအောင် တီးပါတော့မယ်။ ထင်ရှားတာကို ပြောတာပါ။ တကယ်တမ်းသွားမှာက အဲဒီမြို ့ှက-ဗာရာဏသီ။ အိသိပတန မိဂါဒါဝုန်တောအုပ်-တဲ့။ခုခေတ်လူတွေ ပြောကြသလိုပေါ့။ ဘယ်ကလဲဆိုရင် ကိုယ့်မြို ့ကို ပြောကြတယ်။ ပြီးမှ အဲနားက ရွာ-ဆိုတာမျိုးလို မှတ်ပါ။ မြတ်စွာဘုရား ခရီးကို စတင်နှင်ခဲ့ပါတယ်။ဗောဓိပင်နဲ ့ဂယာရွာကြား မြတ်စွာဘုရားနဲ ့ ဥပက ဆိုတဲ့ လူကြီးတစ်ယောက်နဲ ့တွေ ့တယ်။ ဘုရားမှန်းမသိပါဘူး။ ဒါပေမယ့် ဘုရားကို သူ သိချင်တာမေးလိုက်တယ်။ တုံးတိကြီး မေးလို ့ကလည်းမကောင်း။သူမြင်တာကိုလည်း တည့်တိုးပြောလိုက်တယ်။ ဟာ-အာဝုသော-
သင်ရဲ ့ အိန္ဒြေက တည်ကြည်တယ်။အသားအရေ ကလည်းလှတယ်။ဖြူစင်နေတာပဲ။ သင်ဟာ ဘယ်သူ ့ဆီ ရဟန်းပြုခဲ့တာလဲ။သင်ရဲ ့ဆရာက ဘယ်သူလဲ။ဘယ်သူ ့တရားကိုနှစ်သက်သလဲ-တဲ့။ မြတ်စွာဘုရားက ငါမှာ ဘုရားဖို ့နည်းလမ်းပေးဆရာမရှိ။ လူပြည်နတ်ပြည်မှာ ငါနဲ ့တူသူလည်းမရှိ။ ငါက သမ္မာသမ္ဗုဒ္ဓ- စသဖြင့် ပြောခဲ့တယ်။ (အာဝုသော-ဆိုတာ သူငယ်ချင်းပုံစံမျိုး။ရွယ်တူနဲ ့ငယ်သူတို ့ကို သုံးတဲ့ စကားဖြစ်တယ်။) ဒီနေရာမှာ သဘောပေါက်လိုက်ပါ-တရားအလုပ်လုပ်ရင် လှပတယ်နော်။ ချောမောတယ်နော်။ လှချင်ချောချင်သူများ…….တရားကိုလက်မနှေးသင့်)။ ဟုပေယျာပါဝုသော- အင်း ဟုတ်လောက်ပါတယ်လေ- ခေါင်းလေး တဆတ်ဆတ်နဲ ့ ဆန် ့ကျင်ဘက်လမ်းကို သွားပါတယ်။

ဘုရားရှင်က သူ ့ကို တရားဟောရင် သဘောပေါက်မှာမဟုတ်ဘူးဆိုတာသိတော်မူတယ်။ဒါနဲ ့ ပဉ္စဝဂ္ဂီတို ့နေရာ ရောက်လာပါတယ်။ သူတို ့အားလုံး ဘုရားကြွလာတာကို မြင်ကြတယ်၊မြင်ကြပေမယ့် တီတိုးတီးတိုး ပြောထားကြတယ်။ အိုး- ရှိမခိုးကြတမ်း၊ခရီးမကြိုကြစတမ်း၊သပိတ်တွေ အပိုသင်္ကန်းတွေကို မသယ်ကြစမ်း။ ဒါပေမယ့် တို ့ဆီလာတာဆိုတော့ နေရာလေးတော့ ပေးမယ်၊သူထိုင်ချင်ရင် ထိုင်လိမ့်မယ်-လို ့အချင်းချင်း ကတိတည်ကြဖို ့ပြောထားကြတယ်။ ဒါပေမယ့် ဘုရားရှင်က နီးထက်သထက်နီးလာပြီ။ သူတို ့ အချင်းချင်း ပြောထားတဲ့ စကားကို အမှတ်မရတော့။ဘယ်နှယ့်လုပ်ကြမလဲဟေ့-လို ့တောင် စကားပြောချိန်မရလိုက်။ သူတို ့ မလုပ်ကြ စတမ်းဟေ့-လို ့ပြောထားတာတွေကို အားလုံး လုပ်တယ်။ဒါ့ပြင် မနေနိုင်ကြလွန်းလို ့ခြေဆေးရေ ၊ ခြေဆေးခုံ၊ ပွတ်တိုက်စရာတွေပါ လိုလေးသေးမရှိ လုပ်ကြပါလေရော။ ဒါပေမယ့် ဘုရားကို တရား ထူးရတာကို သူတို ့သဘောမပေါက်သေး။ မြတ်စွာဘုရားကို အာဝုသော- လို ့ဘဲ အချင်းချင်း အနေထားလိုပြောဆိုကြတယ်။ မြတ်စွာဘုရားက-အရဟံ တထာဂတော သမ္မာသမ္ဗုဒ္ဓ ဖြစ်ပြီ။ အာဝုသော-လို ့ မခေါ်နဲ ့တော့။ ပြောတာကိုလည်း နားထောင်ပါဦး၊ငါဘုရား အမတ-တရားကို သင်တို ့ကို ဟောမလို ့။ သင်တို ့ ငါဘုရား ပြောတဲ့အတိုင်းသာကျင့်။သေချာပေါက် ပြောရဲတယ်။ နောက်ဘဝ မဟုတ် ဒီဘဝကို တရားထူးမယ်။ ဒါပေမယ့် – သူတို ့ကို ဘယ်လိုပြောပြော မရ။သူတို ့နားလည်ထားတာက မြတ်စွာဘုရားကို -ဘာတဲ့-ကမ္မဋ္ဌာန်းလူထွက်။ ပြောချက်က ကြည့်အုံး။ တရားဟောမယ့် ဘုရား မိုလို ့သာ။ (ပုထုဇဉ် အတွေးမျိုးတွေးကြည့်ပါ)။ တရားကျင့်တုံးကတောင် ဘာမှ မရတာ၊ခုတရားရတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုတော့ ဝိစိကိစ္ဆာ-ခေါ် သံသယ အပိုင်းအစများနဲ ့။ လူတွေရဲ ့သဘော သဘာဝလား၊ အဲလိုမျိုး လူတွေ မလုပ်နိုင်တာ လုပ်ပြရင်၊ မဟုတ်ကို အဟုတ်ထင်သွားတတ်ကြတယ်။ အမှန်အမှားကို သေချာ သဘောမပေါက်သေးရင် ဖြစ်တတ်တဲ့ သဘောလို ့ပဲ ပြောလေရမလား။ ခုကြည့်လေ- သူတို ့ တော်တော် နားချခက်နေတယ်။သုံးကြိမ်မြောက်ကျမှ မြတ်စွာဘုရားပြော စကား ကိုနားထောင်တယ်။နားထောင်တာကလည်း အဆုံးစွန်စကားပြောလိုက်လို ့သာပေါ့။ သင်တို ့ကို နဂိုရ်က ဒါမျိုး ပြောဘူးလား-တဲ့။ သူတို ့က-မပြောဘူးပါဘုရား- ပေါ့။ဒီလို နဲ ့ သူတို ့ ဆီက သဘောက်သွားပြီသလိုက်တာနဲ ့ပဲ ဟောတော့မယ် ဆိုပြီး ဓမ္မစကြာကို စတင် ဟောတော်မူခဲ့ပါတယ်။
ကဲ နိဒါန်းရေးတာနဲ ့ရှည်သွားပြီ။ဒီ လို စခဲ့တာကိုလည်း သိစေချင်တယ်။သင်ခန်းစာတွေ မသိသေးသူ တွေလည်းရှိမယ်။ အထူးသဖြင့် လူပုဂ္ဂိုလ်တွေပေါ့။သာသနာ့ဝန်ထမ်း အများ စုက သိပြီးသားပါ။တရားတော် ရဲ ့ အကျဉ်းချုပ်က-
ပဗ္ဗဇိတ-များဟာ-
၁။အပျော်ပါးရှောင်ကိုကြရမည်။
၂။အကျင့်မှားကိုရှောင်ကြမည်။
၃။လမ်းမှန်ကိုလျှောက်ကြရမည်။-ဆိုတာပါပဲ။
ပါဠိကတော့- ပဗ္ဗဇိတ-များ ဆိုတာဟာ ဒီနေရာမှာ အဓိက ကတော့ ပဉ္စဝဂီ္ဂ တို ့ကို ဟောတာဖြစ်လို ့
ရသေ့များကို ဆိုချင်ဆို၊ ဆိုလို ့ ရနိုင်ရဲ ့။ အခြားနေရာမှာတော့ ရှင်၊ရဟန်းများကို ပဗ္ဗဇိတ-သုံးတာလည်း ရှိပါတယ်။ ဒီလိုဆိုရင် ဒီတရားဟာ လူအများအတွက် မဆိုင် ထင်စရာရှိပြန်ရော။ဟုတ်တယ်ဟုတ်။ ပြောစရာ
ရှိတာကို လူအများစု နားလည်အောင်ပြောရရင်တော့-ပဗ္ဗဇိတ-ဆိုတာက စိတ်ရှုပ်စိတ်ထွေး တွေကို ဖြေရှင်း နေသူမျိုးကို ခေါ်ပါတယ်။ လူဆိုရင် အဂါရိယ ပဗ္ဗဇိတ။(လူ ့ဘောင်က ပဗ္ဗဇိတ) ရှင်ရဟန်းဆိုရင်- အနဂါရိယ (အိမ်ယာ မရှိ ပဗ္ဗဇိတ-) လို ့ ပြောရင် အခြားကျမ်းဂန်တို ့အလို ပြော ဆိုလို ့ရပါတယ်။ ဒီလောက်ဆို ရိုးတိုးရိပ်တိပ်မဟုတ် အတော်သဘောပေါက်မယ်လို ့ထင်မိရဲ ့။

၁။အပျော်ပါးကို ရှောင်ကြရမည်။
သာသနာ့ဝန်ထမ်းများဟာ အပျော်ပါး ရှောင်ကို မဖြစ်မနေ ရှောင်ရပါမည်။
အကြောင်းပြချက် ငါးခု တွေ ့ရတယ်။၁။ဟီနော-တဲ့။မြင့်မြတ်တဲ့ ရဟန်းဘဝနိုင်တဲ့ ဓမ္မပီတိ နဲ ့စာရင်
ဒီပျော်ပါးမှုတွေဟာသိပ်ပျော်စရာ မကောင်းလှပါဘူး။ခဏပျော်ရယ်ပါ။တကယ်အပျော်စစ်မှ မဟုတ်ဘဲ။ ဒါကြောင့် အပျော်ပါးဟာ ဓမ္မနဲ ့ဆိုတော့ တော်တော်လေးကို ဟီန-နိမ့်ပါတယ်။ ၂။ဂါမ္မော-ရွာသူရွာသား မြို ့သူမြို့သားတွေရဲ ့ အကျင့်တွေ ဖြစ်တယ်။သူတို ့လုပ်ရိုးလုပ်စဉ် ဖြစ်တယ်။ ၃။ပေါထုဇ္ဇနိကော-ပုထုဇဉ် လူသားတွေ ပိုင်ဆိုင်တဲ့ အလုပ်။ဆိုလိုတာက စိတ်ရှုပ်ထွေးများသူတွေရဲ ့အလုပ်ဆိုရင် မမှားလောက်ပါဘူး။၄။အနရိယော-အရိယာ
သူတော်ကောင်းများရဲ ့အလုပ်မဟုတ်။ စိတ်ကို ဖြေရှင်းသူတို ့ရဲ ့အလုပ်မဟုတ်ဘူးပေါ့။ ၅။အနတ္ထသံဟိတော- စိတ်ကို ဖြေရှင်းတဲ့နေရာ အကျိုးဖြစ်ထွန်းမည့် အလုပ်မဟုတ်ဘူး။
ဒီလိုဆိုရင် လူတွေအတွက် ခက်တော့မှာဘဲ။အဆိုတော်တွေ မျက်လုံးပြူးမယ်၊ပန်းခြံပိုင်တဲ့ အစိုးရတွေ မျက်ခုံး လှုပ်တော့မှာဘဲ။ လူတွေအတွက်တော့ အပျော်ပါးမကြူးနဲ ့ဆိုတာကို သတိပေးထားတာ သုတ္တန်တွေမှာ ရှိပါတယ်။ပျော်ချင်ပျော်ပါ။စိတ်ဖိစီးမှု ပန်းခြံမှာလည်း ဖြေချင်ဖြေပေါ့။ ရှိုးပွဲမျိုး လည်းကြည့်ပေါ့။ လွန်လွန်း အောင် တော့ အပျော်မလိုက်စားနဲ ့ပေါ့။ လွန်လွန်းတာကို စာအလို အန္တ- အစွန်းရောက်တယ်လို ့ခေါ်တယ်။အစွန်း မရောက်တဲ့ အပျော်အပါး ကို ထိန်းချင်ရင်တော့ ၅ပါးသီလကို လုံခြုံအောင် ထိန်းပေါ့။အဲဒီထဲမှာ ရှိူးပွဲမပါ။ ပန်းခြံမသွားရ မပါဘူး။သာသနာ့ဘောင်ကို သာ အတင်းအကြပ်ပြောထားတာပါ။ အဓိက ရည်မှန်းအလုပ်နဲ ့
ပြဒါးတစ်လမ်း၊သံတစ်လမ်းဖြစ်နေလို ့ပါဘဲ။

၂။အကျင့်မှားကိုရှောင်ကြမည်။
အကျင့်မှားကိုတော့ ရဟန်းရှင်လူ မည်သူမဆို သတိ အတော်ထားသင့်ပါတယ်။ အကြောင်းပြချက် သုံးခုတွေ ့ပါတယ်။ ၁။ဒုက္ခော- ဆင်းရဲလို ့တဲ့။ ဟုတ်တယ်။အကျင့်မှားကို ကျင့်သူလောက်ဆိုးတာမရှိဘူး။ ပြာသာပြာပြီး ဖွဲမထွက်ဆိုတာမျိုးဘဲ။နောက်မြန်မာစကားပုံ တစ်မျိုးနဲ ့ပြောရရင် ပိုးသာကုန် မောင်ပုံ စောင်းမတတ်-တဲ့။ခု ကိုယ့်ဖာသာတော့ ကိုယ့်မှားနေ တယ်လို ့ ဘယ်သူမှ ထင်လိမ့်မည် မဟုတ်။မှန်တယ်ထင်လို ့လုပ်၊ စွတ်လုပ်၊ဇွတ်လုပ်နေခြင်းဘဲ ဖြစ်တယ်။အကျင့်မှားတွေ ဘာတွေမှားနေကြသလဲ။နဲနဲတော့ ထောက်ပြမယ့် သင့်မယ်ထင်တယ်။ ခု မြန်မာတစ်ဝှမ်း ရမ်းသမ်းပြီး ယုံနေကြတာ ဗေဒင်၊နတ်ကတော်။ဟုတ်လိမ့်နိုးန်ိုးနဲ ့ ၂လုံး အကွက် တစ်ရာ လူအယောက်တစ်ရာ ဂဏန်းတစ်မျိုးစီပေးတာမျိုးကို ပေါက်သည့်သူမှယုံတာမျိုး။၃လုံး ဂဏန်း အကွက် ၁၀၀ဝကို လူတစ်ထောင် ဂဏန်းတစ်မျိုးစီ ပေးတာမျိုးကို ပေါက်သည့်သူမှာယုံတာမျိုး။ ဒီစကားတွေက တရားဟော ဘုန်းကြီးတွေလည်း ပြောတာများလှပြီ။နားမဝင်။ အဆောင်ကောင်းရင် စာမေးပွဲအောင်မယ် ဆိုပြီး
အဆောင်လုပ်တာမျိုး။တစ်ခုချင်းပြောရင် ပြီးနိုင်မှာကိုမဟုတ်ဘူး။ ရှိသေးတယ် ရွတ်တာ ဖတ်တာကျ
ပဋ္ဌာန်းကို အိမ်တွေမှာ မရွတ်ကောင်းဘူး၊ ဒါ့ပြင် အမျိူးသမီးတွေလည်း ပဋ္ဌာန်းမရွတ်ကောင်းဘူး။ငရဲကြိးတယ်။
ဘယ်လို ပါးစပ်ပေါက်ကများ ပြောလိုက်သလဲ မသိပါဘူး။ ပြီးတော့ရှိသေးတယ် ရိပ်သာအချင်းချင်း ကိုယ့်ရိပ်သာ က ကောင်းတယ်၊သူ ့ရိပ်သာက ဘယ်လို ညာလို။မြတ်စွာဘုရား တရားတော်အတိုင်း မဟုတ်ဘဲ သွေဖီနေတဲ့ အကျင့်မှန်သမျှ ဟာ ဆင်းရဲတာပဲ။ မြတ်စွာဘုရား ဒါတွေသိလို ့ ဟောထားတာရှိတာပဲ။ စီးပါွးဖြစ်ချင်ရင် အလုပ်လုပ်ကြိုးစား၊စုဆောင်း၊ခွေ ျတာ။အပေါင်းသင်းကောင်း ဆိုတဲ့ လုပ်တတ်ကိုင်တတ်ရှာပေါ့။ ပဋ္ဌာန်း အမျိုးသမီးများ ရွတ်ဆိုမှုနဲ ့ ပတ်သက်လို ့ သူငယ်ချင်း အမျိုးသမီးကြီး တစ်ဦးက ပြောဘူးတယ်။ ပဋ္ဌာန်းရွတ်ရင် ရုပ်လှလို ့ တဲ့။ကဲ….။သူက တော့ ရွတ်ကောင်းတယ် လို ့ ခံယူယုံမဟုတ်ဘူး၊လှတောင်လှ ပါသတဲ့။ အဓိက ပဋ္ဌာန်းရွတ်တော့ စိတ်ကြည်လင်။စိတ်ကြည်လင်တော့ ရုပ်ကြည်လင်တဲ့ သဘောပါနော်။ ဘုရားကတော့ ပဋ္ဌာန်းရွတ်ကြဟေ့…ရုပ်လှတယ်လို ့လည်း မပြောပါဘူး။(စမ်းကြည့်ပေါ့ ထူးတာ ရှိမှာပါ)။ ကိုယ်လုပ်သလို မဖြစ်တဲ့အခါ ငါလုပ်တာ ကောင်းတာတွေချည်း လုပ်ရဲ ့သားနဲ ့ မဟုတ်တဲ့ ဟာတွေချည်း ဖြစ်နေရတယ်- ဆိုတာလည်း တွေ ့ဖူးတဲ့သူတွေ ရှိပါလိမ့်မယ်။ ဒါလည်း ဖြစ်တတ်ပါတယ်။ ကောင်းတာလုပ် ရင် ကောင်းတဲ့ အကျိုး ခံစားရတယ်။မကောင်းတာလုပ်ရင် မကောင်းတဲ ့အကျိုးခံစားရတယ်- ဒါဟာ ကမ္မနိယာမ-လို ့အားလုံးသိထားကြတယ်။ စိုက်လိုက်မျိုးစေ့ရဲ ့ အသီး ခံစားကြရမှာပဲ။သို ့ပေမယ့်- ခုလုပ်လို ့ ခု အကုန်လုံး အကျိုးပေးမယ်လို ့ မဆိုလိုဘူးလေ။ ခု အပင်စိုက် ခု အသီးစားမှ မဟုတ်ဘဲ။ ပိုးကိုက်လို ့ သေသွားတာလည်း ရှိမယ်။ စိုက်လိုက်တဲ ့ မျိူးစေ့ တိုင်း အကုန် ပေါက်ရိုးလား။(နဲနဲလေး ဒီနေရမှာ ဆက်မဖတ်သေးပဲ စဉ်းစား လိုက်ပါဦး)။ အဲလိုပါဘဲ- အချိန်တန်လို ့ အကျိုးသင့် အကြောင်း သင့်ရင် ဖြစ်လာမှာပါ။ကံ-ဟာ ဆန်းကြယ်တယ်။ဒါကြောင့်လည်း ကံအကျိုးပေးမှုတွေကို မကြံစည်မတွေးတောနဲ ့၊ လွန်လွန်ကဲကဲ စဉ်းစား ပါများရင် ချောင်တတ်တယ်။လွင့်သွားတတ်တယ်-လို ့ပြောဟောထားတာရှိပါတယ်။ဒါတွေ မသိတော့ ဒုက္ခော-ပေါ့။၂။အနရိယော-၃။အနတ္ထသံဟိတော။ အပေါ်ကလိုမျိုးမှတ်လိုက်ပါ။ အထူးသတိထား ရမှာက-ကုန်ရှူံး-တစ်ခေါက်၊အိမ်ထောင်ကျမှား- တစ်ဘဝ။ ဆရာမှားရင် တစ်သံသရာလုံးမှောက်မယ်။
ဆက်လေ-(ဂဏန်းပေးဆရာထံသွားရင် တစ်သက်တာစုထားတာပြောင်မယ်။) ဒီနေရာမှာ ခုခေတ်လူများ မှားတတ်တဲ့ သဘာဝ တွေကို မမှားအောင် ကိုယ်နားလည်သလို ပြောပြတာပါ။

၃။လမ်းမှန်ကို လျှောက်ကြရမည်။
လမ်းမှန်ကို လျှောက်တတ်ဖို ့ အရေးကြီးတယ်။မြတ်စွာဘုရား လမ်းမှန်ကို မဇ္ဈိမ ပဋိပါဒါ-လို ့ ဟောထားပါတယ်။အဲဒါက လူအများသိနေ ရနေတာပါပဲ။
၁။သမ္မာဒိဋ္ဌိ ၂။သမ္မာသင်္ကပ္ပေါ ၃။သမ္မာဝါစာ ၄။ သမ္မာကမ္မန္တော ၅။သမ္မာအာဇီဝေါ ၆။သမ္မာဝါယာမော ၇။သမ္မာသတိ။၈။သမ္မာသမာဓိ- အများစု ရပြီးသားမို ့ ပါဠိ လိုရေးချလိုက်တာပါ။

၁။သမ္မာဒိဋ္ဌိ-အမှန်မြင်ပါ။အမှန်နားလည်တာ။ အကြမ်းဖျင်း ကောင်းတာဆိုးတာလုပ်တာတွေဟာ ကိုယ့်အထံ
ပြန်လာမယ်ဆိုတောလောက်တော့ သဘောပေါက်ထားပေါ့။ ဒါ့ထက်မြင့်တဲ့နားလည်မှုကတော့ သစ္စာတရားကို သိမြင်နားလည်ရမှာပါ။

၂။သမ္မာသင်္ကပ္ပေါ-မှန်တဲ့အတွေးခေါ်မျိုးတွေးပါ။ကိုယ်လုပ်တာပြောတာမှန်သမျှ သူများကို မထိခိုက်စေဘဲ အကျိုးရှိအောင်လုပ်မယ်လို ့ တွေးပါ။ဒါ့ထက်မြင့်တဲ့အတွေးကတော့ ကာမဂုဏ်အာရုံ တွေကထွက်မြောက်ဖို ့၊မေတ္တာကို ရန်သူမိတ်ဆွေ မခွဲခြားဘဲထားနိုင်သည့်အထိအတွေး၊ သူတစ်ပါးကို စိတ်နဲ ့တောင်မပစ်မှားမိစေဖို ့။

၃။သမ္မာဝါစာ-စကားမှန်ကို ပြောပါ။လိမ်ညာပြောခြင်း၊နားမခံသာတဲ့စကားပြောခြင်း၊ပြောင်လှောက်ပျက်ရယ်
ပြုခြင်းများကို ရှောင်လိုက်ရင်စကားတွေက မှန်သွားမှာပါ။ပိယဝါစာ ချိုသာတဲ့စကား၊ကိုယ်ပြောလိုက်တဲ့ အကျိုး ရှိမည့်စကားဟာ သူတစ်ပါး ဟဒယင်္ဂမ-နှလုံးသားစွဲအောင်ပြောဆိုလိုက်ပါ။

၄။ သမ္မာကမ္မန္တော-မှန်တဲ့အလုပ်ကို လုပ်ပါ။ ကိုယ့်အတွက်ဘဲလုပ်လုပ် သူများအတွက်ဘဲလုပ်လုပ် လုပ်တဲ့ နေရာမှာ အကျိုးရှိတဲ့ အလုပ်ကို မိမိခန္ဓာကိုယ်ကို အသုံးပြုပါ။ဥပမာပြောရရင် ဘုရားပန်းလဲ၊ ဆွမ်းတော်ကပ်ခြင်း မျိုးတွေပေါ့။

၅။သမ္မာအာဇီဝေါ- မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းပြုတာပါ။သမ္မာအာဇီကျကျ လုပ်ကိုင်ပါ။သူတစ်ပါးမျက်ရည် ကျမည့်အလုပ်မျိုးတွေ။ပတ်ဝန်းကျင်ဒုက္ခပေးမည့် အလုပ်မျိုးတွေရှောင်ပါ။

၆။သမ္မာဝါယာမော-မှန်ကန်တဲ့လုံ ့လရှိပါ။ကောင်းတာလုပ်တာမှန်သမျှ ဝီရိယရှိပါ။စီးပါွးရေးရေး ဖြစ်ဖြစ်၊ တရားအားထုတ်ရာဖြစ်ဖြစ် တက်ကြွနေပါစေ။ကုသိုလ်နယ်ပယ်မှာ မလုပ်ဖူးကုသိုလ်ကို လုပ်ဖူးအောင်လုပ်၊ လုပ်ဖူးကုသလိုလ်ကို ထပ်တိုးလုပ်။အကုသိုလ်နယ်ပယ် မလုပ်ဖူးတဲ့ အကုသိုလ် ကို မလုပ်မိစေနဲ ့၊လုပ်နေဆဲ အကုသိုလ်ကိုလည်း ရပ်တန်းက ရပ်လိုက်တော့။အခြားအလားတူ အကုသိုလ်လည်း အဖြစ်မခံနဲ ့။ဒါကလည်း မှန်ကန်တဲ့ ကြိုးစားခြင်းပဲ။

၇။သမ္မာသတိ-မှန်သောသတိ ထားပါ။ သတိ ဆိုတာ အမှတ်ရနေခြင်းပါ။ကောင်းတဲ့အလုပ်၊ လုပ်နေကျ လုပ်ငန်း ကိစ္စအဝဝ နဲ ့ လုပ်နေကျ ကုသိုလ်တွေ မပျက်မကွက် လုပ်ဖြစ်အောင်လုပ်ပါ။
(သတိဆိုမှ တော့ မကောင်းတာရှိသေးလို ့လား စဉ်းစားရှိတယ်။မကောင်းတာတွေချည် း အမှတ်ရနေရင်
မိစ္ဆာသတိ-လို ့ခေါ်ပါတယ်။)

၈။သမ္မာသမာဓိ- မှန်ကန်တဲ့ စူးစိုက်မှုမျိူးထားပါ။တစိုက်မတ်မတ်လုပ်ပါ။စူးစိုက်တာကလည်း မှန်တဲ့အလုပ်တွေ ဖြစ်ဖို ့လိုပါတယ်။စီးပွါးရေးအတွက် လုပ်ငန်းခွင်အတွက်တစ်စိုက်မတ်မတ်လုပ်ရမယ်၊ အဲလိုမဟုတ်ဘဲ -ဥပမာ-ဂိမ်းဆော့တာမျိုးတွေ။သူလည်းစူးစိုက်ရတာပဲ။ဖဲရိုက်တာ၊ငါးများတာလည်း စူးစိုက်တာပဲ။မိစ္ဆာသမာဓိ- လိုခေါ်တယ်။ကုသိုလ်နယ်ပယ်မှာတော့ ဈာန်ရတဲ့ အထိ စူးစူးစိုက်စိုက် လုပ်ရမှာပေါ့။
ကဲဗျာ-ရှစ်ပါးစလုံးကတော့ ပြီးသွားပြီ၊မရှင်းသေးရင် ခဏခဏ ဖတ်သင့်ပါတယ်။အနည်းဆုံး ကိုယ်နဲ့ ဆက်စပ်ပတ်သက်သူတွေ ကို အကြမ်းစား ပြောနိုင်တဲ့ အထိပေါ့။ကိုယ်တိုင်လည်း တကယ်ကျင့်ပါ။
မြတ်စွာဘုရားက အာမခံထားပါတယ်။ ဒီလမ်းလျှောက်ရင် ဒီခရီးပေါက်မယ်ဆိုတာလေ။

စက္ခုကရဏီ- အမြင်ရှင်သွားမယ်၊ဉာဏကရဏီ-အသိရှင်းသွားမယ်၊ဥပသမာယ-စိတ်အပူရှုတ်တွေ ပြေအေးရှင်းသွားမယ်။ အဘိညာယ-ထူးထူးခြားခြားသိမယ်။သမ္ဗောဓာယ-ဖေါက်ထွင်းသိမယ်။ နိဗ္ဗာနာယ-ငြိမ်းအေးရာအစစ်ရဖို ့ဖြစ်တယ်။
အဲဒီနောက် သစ္စာ(၄)ပါးတရားကို ဆက်လက်ဟောတော်မူပါတယ်။ တရားတော်အဆုံးမှာ
အရှင်ကောဏ္ဍည (အရှင်ကွန်းဒင်ည) ဓမ္မစက္ခု- တရားမျက်စိ ပေါက်လာတယ်။တရားထူးရတယ်၊ သောတာပန် ဖြစ်တယ်။ ယံ ကိဉ္စိ သမုဒယ ဓမ္မံ၊သဗ္ဗံ တံ နိရောဓဓမ္မံ-ဖြစ်ခဲ့တာအားလုံးဟာ ပျက်ရမည့်သဘောရှိပါလား-ဆိုတာ သဘောပေါက်ရှင်းလင်းသွားခဲ့တယ်။
(သောတာပန်မဖြစ်သေးသမျှ သညာသိ- စိတ်က သိသလိုရှိနေတာ၊ တကယ်သိမည်မထင်၊ပါးစပ်
ကသာ ပြောနိုင်မှာဖြစ်ပါတယ်။)
တရားတော်ပြီးသွားတာနဲ ့ ဘုမ္မာဒေဝါ-လို ့ဆိုတဲ့ ဘုမ္မစိုဝ်း နတ်တွေကစပြီး – စတုမဟာရာဇ်၊တာဝတိ ံသာ၊
ယာမာ၊တုသိတာ၊နိမ္မ္မာနရတိ၊ပရနိမိ္မတဝသဝတ္တိ၊ဗြဟ္မာဘုံတိုင်အောင် တစ်ဆင့်တစ်ဆင့် ပြောကြားသွားတာ
လောကဓာတ်ကြီးတစ်ခုလုံး တစ်ခဏချင်းသိမ့်သိမ့်တုန်သွားတာပဲ။ပါးစပ်ကလည်း ပြောပြောဆိုဆိုနဲ ့.”.မြတ်စွာဘုရား ဗာရာဏသီ အိသိပတန မိဂဒါဝုန်တောမှာ တရားဦးကို ဟောတာ ၊ဘယ်လိုရဟန်းမျိုး ပုဏ္ဏားမျိုး နတ်မျိုး မာရမျိုး ၊ဗြဟ္မာမျိုးတွေ…အို. စကားကုန်ပြောရရင် ဘယ်သူမှ ဒီလိုမဟောနိုင်ဘူး-”တဲ့။
လောကဓာတ်တစ်သောင်းကလည်း နတ်တွေဗြဟ္မာတွေ အရောင်ထက်သာလွန်အောင် လောကကြီးတစ်ခုလုုံး လင်းထိန်တောက်ပတဲ ့အစားထိုးပြောမရတဲ့ အရောင်တွေ ထွက်ပေါ်လာခဲ့တယ်။ ကောင်းခြီးပေးပုံက လည်း မြေငလျင်လည်းလုပ်တာပေါ့လေ။ဟိုယိ မ်းဒီယိမ်း။မည့်သူ ့ကိုမှပေးတဲ့ ငလျင်မျိုးမဟုတ်ပါဘူး။သက်မဲ့ကတောင် မနေဘူးဆိုတာ သက်သေထူလိုက်တာ။အဲဒီအချိန်မှာပဲ ဘုရားရှင်က အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော-
ကောဏ္ဍညတော့ တရားထူးသိသွားပြီ၊ ကောဏ္ဍညတော့ တရားထူးရသွားပြီ လို အနီးရှိသူအပေါင်း သိအောင် ပီတိဖြစ်ပြီး ပြောတော်မူလိုက်ပါတယ်။ အဲဒီလို သောတာပန်ဖြစ်ပြီးနောက် ရှင်၊ရဟန်းအဖြစ်ကို
တောင်းခံပါတယ်။ မြတ်စွာဘုရားက ဧဟိ ဘိက္ခု-ရဟန်း လာလော့-ဆိုလိုက်တာနဲ ဝါတော်(၆၀)ရ
မထေရ်ကြိးအလား ခန် ့ညားသော ရဟန်းဖြစ်ကို ရခဲ့ပါတယ်။သပိတ်ပရိက္ခရာ အပြည့်စုံနဲ ့ပေါ့။(မူလစာထဲမှာ ရဟန်းဖြစ်သွားတယ်-ဟု ပါတယ်၊ အဖွင့်ကျမ်းကျမ်းများအလို သိစေဖို ့အတွက် ဝါတော်၆၀၊ပရိက္ခရာအပြည့်စုံလို ပြောတာပါ။)ထို ့နောက် –
သွာက္ခာတော ဓမ္မော၊စရ ဗြဟ္မစရိယံ သမ္မာဒုက္ခဿ အန္တကိရိယာယ-တရားတွေကို ကောင်းကောင်း
ဟောထားပါတယ်။မြတ်တဲ့ အကျင့်ကို ဒုက္ခ ဆုံးတဲ့ အထိ ကျင့်ပါ။ကျန်ရဟန်းတော်များလည်း ဆက်လက်
တရားဟောတော်မူပါတယ်။သောတာပန်ြ ဖစ်သွားကြပါတယ်။ သူတို ့ကို ကျတော့ အများမို လို ့ ဧထ ဘိက္ခဝေါ-ရဟန်းတို ့လာကြလော- (အများဖြစ်လို ့ပါဠိပြောင်းသွားတာ) ခေါ်တော်မူပြီး ရဟန်းတော် ၅ပါး စပေါ်ခဲ့ပါတယ်။
ဒီလောက်ဆိုရင်တော့ ဓမ္မစကြာအကြောင်း သိကြလိမ့်မယ်လို ့ထင်ရဲ ့။ မရေးဘဲ ချန်ထားခဲ့တဲ့ သစ္စာပိုင်းမှာ
သစ္စာတရားတော်များ များစွာ များစွာရှိနေပါတယ်။ ခေါင်းစဉ်က လိုရင်းအကျဉ်းချုပ်ဖြစ်တယ် ရှောင်ဖို ့၂ချက်နဲ ့
လျှောက်ဖို ့ လမ်း၁ချက်ဦးတည်ထားတယ်။ အလွတ်ရထားပြီးသော လူများသိရှိစေရန်နဲ ့ မရသေးသူများလည်း
ဒီသုတ်တော်ဟာ ပွဲဦးတရားတော် ထိရောက်မှုရှိသောတရားတော်ဖြစ်ပါကြောင်း ရည်ရွယ်ပါတယ်။
မှတ်ချက်။ ။ဤတရားကို ဝါဆိုလပြည့်နေ ့နေ ့ဆွမ်း ဆက်ကပ်လှုူဒါန်းသော- ဂျာမနီနိုင်ငံ၊ဖရိုက်ဇင်းမြို ့၊ ဒေါက်တာ စိုင်းလုံးကျောက်၊ဒေါ်ခင်သန်းမြ တို ့၏ နေအိမ်တွင်လည်းကောင်း၊ ညချမ်းအခါ-မြူးနစ်မြို ့ ဂျာမနီနိုင်ငံ သူ နိုင်ငံသား လူများအား လည်းကောင်း ဟောခဲ့ပါသည်။ ၎င်းတရားကို ပြန်လည် မွန်းမံ ထားခြင်းဖြစ်ပါသည်။
အရှင်တေဇောဘာသ(မြင်းခြံ)
သုဒ္ဓံ အတ္တာနံ ပရိဟန္တု
(မိမိစိတ်ကို ဖြူစင်အောင်ထားနိုင်ကြပါစေ)

ဓမ္မစက္က ပဝတ္တ္တန သုတ္တ (ဓမ္မစကြာ)

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:233830

 

 

 

18 comments

  • အရီးခင်လတ်

    July 21, 2013 at 1:11 pm

    မဇ္ဈိမ ပဋိပါဒါ လမ်းမှန်ရောက်ဖို့ကြိုးစားနေဆဲ။
    သာဓု၊ သာဓု၊ သာဓု ပါ။
    Post လေးအတွက် ကျေးဇူးပါ အလင်းဆက်ရေ။ 😛

    • အလင်း ဆက်

      July 21, 2013 at 2:13 pm

      ဟုတ်ကဲ့
      သားလ ည်း
      အဲဒိ လမ်းစဉ်ကို
      လမ်းမှန်ပဲ ဖြစ်မယ်လို ့ယူဆပြီး
      ကြိုးစားလျှောက်ချင်တယ်
      အရီးရေ
      🙂

  • ဦး ကြိမ်

    July 21, 2013 at 4:39 pm

    လမ်းတွေ ့ရင်ပြောပါအလင်းဆက်ရေ……တို့တွေ့လည်း ပြောမှာပါ
    ရွာထဲကတွေ ့တဲ့သူရှိလည်း လက်တို့ကြပါ……
    မေ့ မထားကြပါနဲ့………။

    • အလင်း ဆက်

      July 22, 2013 at 9:50 am

      ဟုတ်ကဲ့ ဦးကြိမ်…ရေ..
      ဖြစ်ချင်တာလေး..ပေါ့ ။
      ဖြစ်သင့်တယ်လည်း.ထင်တယ်လေ…
      🙂

  • Inz@ghi

    July 22, 2013 at 7:05 am

    မိန်းမယူတော့မယ် ဆိုမှ ဝါက ဝင်သွားသေး ..ကတောက်ခ်..

    • ဦးကျောက်ခဲ

      July 22, 2013 at 7:52 am

      ဟတ်လူ ဆြာဂီ၊ ကျောက်စ်က ဟာလေးလူးလျာလုပ်မရလို့…
      ဝါတွင်းကို စိတ်နာနေတာ…
      တောက်စ်… ဝါတွင်းလက်မထပ်ရလို့ ဘယ်ဆြာ ကွန့်သွားလည်းမသိ…
      ဘုန်းကြီးလမ်းမသလားရတာ လူကိုလာရောကြိတ်တော့…
      မောင်ဂီတို့ ကျော်တက်တာ ခံရတော့မယ်… :mrgreen:

    • အလင်း ဆက်

      July 22, 2013 at 9:51 am

      ဒါများ…
      လွယ်ပါတယ်…ဂီရေ…

      ယောကျာ်ားယူလိုက်ပေါ့ ။
      အဟိ ။
      နောက်ထာနော် ။

  • ဦးကြောင်ကြီး

    July 22, 2013 at 9:26 am

    ဝါဆိုလပြည့်
    စာပျိုတဓလေ့
    ငါကိုယ်ခွ၍
    သာခိုညမေ့…

  • surmi

    July 22, 2013 at 9:33 am

    ​အော်​ … ဝါဆိုလပြည်​့ …
    အ​အေးဆိုင်​မှာ အရက်​ခိုး​ရောင်​း​နေတာ​တွေ ….
    အင်​ူးးးး မ​ပြော​တော့ပါဘူးကွယ်​
    အခု လမ်​း​တွေပိတ်​​နေတယ်​ 🙂

    • အလင်း ဆက်

      July 22, 2013 at 10:22 am

      ဟုတ်ပါ့ ဦးဆာရယ်..
      ခိုးရောင်းတာ တမျိုုး
      ပေါ်တင်ရောင်းတာ တမျိုး…
      လမ်းသွား ရင်း..ပုလင်းအသေးလေးတွေကိုင်ပြီး..သောက်သွားကြတာတမျိုးနဲ ့..
      ဖြစ်ချင်တိုင်းကိုဖြစ်နေကြတော့တာပဲ….

      ရောင်းတဲ ့သူတွေကို အပြစ်တင်ရမလား..
      ဝယ်သူတွေ ကို အပြစ်တင်ရမလား..
      နောက်ဆုံးတော့…
      လိုက်ကြည့်နေတတ်တဲ ့
      ကိုယ့်ကို ပဲ..ကိုယ် ပြန် အပြစ်တင်ရတော့မယ် ။

  • DEPARKO DEPARKO

    July 22, 2013 at 11:02 am

    ညီလေးအလင်းဆက်ရေ လက်တောင်အတိုအရှည်မညီသေးတာဘဲကွယ် ကိုယ့် အကိုဆိုရင်ဒီနေ့မနက်အစောကြီး ကတည်းက မူးနေပြီ အဖေက တရားသမား ဆေးလိပ်တောင်မသောက်တတ်ဘူး သူ့မှာ လပြည့်နေ့ဆိုတဲ့အသိတောင်မရှိတော့ဘူး ဒါကြောင့် အတ္တာဟိ အတ္တနောနာထော မိမိ ကိုယ်သာကိုးကွယ်ယာတဲ့ ကိုယ်တော့ ကိုယ့် ကို ကိုယ် ဘဲဆုံးမတော့တယ် ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်ဘို့ဘဲ အရေးကြီးတယ် ကိုယ်ဆိုရင် အရက် ဘီယာ ဆေးလိပ် ကွမ်း အားလုံး ကို လုံးဝစွန့်လွှတ်လိုက်တာ ၁ဝ နှစ်ကျော်ပြီ ဘယ်သူ့အတွက်မှမဟုတ်ဘူး ကိုယ်ကောင်းဘို့အတွက်ဘဲ အခု ဒီ ပို့လေးဖတ်ရတာ လပြည့်နေ့မှာ ကျက်သရေရှိလိုက်တာ ကျေးဇူးပါ အလင်းဆက်ရေ

    • အလင်း ဆက်

      July 22, 2013 at 6:12 pm

      ကျွန်တော်တော့…
      ဘီယာကို အခုမှ စကြိုက်နေပြီ..။
      ခက်တယ်…။

      ကျွန်တော်က ကြက်ဖကြိးလိုပဲ..ဗျာ..။
      သူများကိုသာ အိပ်ရာက ထအောင် တွန် တွန် နှိုးနေတာ ။
      ကိုယ်တိုင်က… အိပ်တန်းပေါ်က မဆင်းချင်တဲ ့..ကြက်ဖကြိီးလိုပဲ ။

      ====================
      ဖတ်ရှု ဆွေးနွေးပေးတဲ ့..ဦးဒီပါရေ..
      ကျေးဇူးပါဗျ ။
      🙂

  • ကိုရင်စည်သူ

    July 22, 2013 at 3:48 pm

    တိုက်တိုက်ဆိုင်ဆိုင် ညက သီတဂူဆရာတော်ဘုရားကြီး တရားနာလိုက်ရတယ်..
    ဒီနေ့ကို ဝါဆိုလပြည့်နေကို သတိမထားမိဘူး… တရားအကြောင်းကတော့
    ဂန္ဓာရတိုင်း ယခု (ပါကစ်စတန်နဲ့ အာဖဂန်)က ဘုရင်တစ်ပါးက ဘုရားရှင် သက်တော် ၅၅ ရောက်ခါမှ
    ဘုရားပွင့်တယ်သိလို့ ဗိန်မိသာရ မင်းလက်ဆောင်ပေးတဲ့ ရွှေပရပိုက်ဒ်ကို ဖတ်ရင်း စတုတ္ထဈာန်အထိ
    ရသွားပြီး ဗုဒ္ဓရှိတဲ့ ဇေတဝန်ကို အလာ မာဂဓတိုင်းက အိုးလုပ်တဲ့
    အလုပ်ရုံမှာ တစ်ည ဘုရားဟောအပြီး သုံးမဂ်ရ အနာဂါမ်ဖြစ်။ ပံသကူ သင်္ကန်းရှာရင်း
    နွားဝှေ့ခံ သေရတယ်။ (ယခင်ဘဝတစ်ခု သမီးပျိုကို ဝိုင်းဖျက်စီးပီး သတ်ခဲ့ကြတဲ့ ကံတစ်ခုကြောင့်)
    ဆရာတော် ဆိုချင်တာက သီလ၊ပညာ၊စာဂ၊သတိ လေးပါး ရှိရင် ဘယ်ဘာသာတရားမဆို
    သစ္စာတရားကို တွေ့မြင်နိုင်ပါတယ်လို့ ကိုယ်ဉာဏ်လေးနဲ့ထင်တာ ဆွဲ တွေးပြီး တရားနာလိုက်တယ်…
    ဒီညတော့ အရက်မသောက်တော့ပါဘူး.. မသောက်တော့တာလည်း တစ်နှစ်ကျော်ပီ… မရလို့.. မရလို့.. 😳 :mrgreen:

    • အလင်း ဆက်

      July 22, 2013 at 6:05 pm

      သာဓုပါ ကိုရင်စည်ကြိ်ီးရေ..သာဓု သာဓု ။

      ကျွန်တော်လည်း..ဝါဆိုလပြည့်နေ့တော့ ရှောင်မယ် ။
      😆

  • Inz@ghi

    July 22, 2013 at 6:31 pm

    ကိုယ်တော့ကလောင်ဖြုတ်သိမ်းတော့မယ် ဒညင်းဝက်ရေ.
    ကိုရင်တို့ပဲဆက်ရေးရစ်ကြတော့.
    ကျုပ်တော့ဘဝစာမျက်နှာတွေပဲ. ရေးတော့မယ်.

    ့. နဲ့အတူတူ

  • မိုး မင်းသား

    July 22, 2013 at 6:43 pm

    ဆက်ဆက်ရေ…..

    လူတိုင်းကိုတော ့…မပြောချင်ပါဘူး….

    အခုလေးတင်…အင်တာနက်ဆိုင်ကိုကျွန်တော်ထွက်လာတော ့….

    စည်ကားနေလိုက်တာဗျာ….အရက်ဆိုင်မှာလေ….

    အဘိဓမ္မအခါတော်နေ ့မှာတောင်….မနေနိုင်ကြတာပါလားလို ့

    ကျွန်တော်တွေးလာမိသေးတယ်……

    • အလင်း ဆက်

      July 22, 2013 at 7:35 pm

      ဖြစ်ရမယ်..လေ ။

      ==========
      သူကြီးပြောပြောနေသလို.ပြောရတော့မလားး
      စနစ်ကြောင့် မဟုတ်ဘူး..လို ့…

Leave a Reply