ကန္နားစီးရေးတဲ့ ပေါ်လက်တစ်စ်

ムラカミJuly 19, 20133min25414

 

 

ဘာရယ်မဟုတ် ဟိုဆြာ ရေးတဲ့ အပျော့ဂိုဏ်း အမာဂိုဏ်း ပိုစ့်မှာ ဝင်အာချောင်ရင်း

သဂျိုင်ခီးရဲ့ ဆွပေးနှိုက်ယူခြင်း ခံရတယ် ပေါ့ခညာ ..ဟုတ်ကဲ့ ..။

ပရော့ဂျက်လုပ်မဟဲ့ ဆိုပြီး လူကြီးတွေကို နေရာချထားပေးဖို့အတွက် သဂျီးတယောက်

ဘယ်ချောင်ကမှန်းမသိတဲ့ matrix ကြီးတခုကို ကောက်ကတ် ဆွဲပါတော့တယ်။

အဲ့ဒီမှာပဲ သူက အချက်ကြီး ၂ချက်ကို ထုတ်ပြလာပါတယ်..

– Authoritarian

– Libertarian

 

ပညာရှင်တွေတော့ ဘယ်လိုပြန်တယ် မသိဘူး ကန္နားစီးကတော့

– ဗဟို ထိန်းချုပ်မှု စနစ် နဲ့

– တာဝန်ခွဲဝေပေးမှု စနစ်လို့ပဲ ပြန်ချင်ပါတယ်။

 

နောက်ထပ် ဆွဲထုတ်ပြတဲ့ ၂ခုကတော့

– Economic Scale

– Social Scale

 

တို့ပဲ ဖြစ်ပါတယ်.. သည်တော့ .. matrix မှာ အကွက်ကြီး ၄ကွက် ရလာပါတော့တယ်ဗျာ..

အကွက် ၄ကွက်အကြောင်းမပြောခင် အရင်ဆုံး ဘယ်သန် လား ညာသန်လား အရင်ပြောရပါမယ်။

 

ဘယ်သန် (လက်ဝဲယိမ်း) လစ်ဘရယ်

  • – လူမှုဘဝတွေ နဲ့ ချိတ် ဆက်ပါသတဲ့
  • – ဒီမိုခရက် ၊ လေဘာ နဲ့ ကွန်မြူနစ်ပါတီတွေပါဝင်တတ်ပါတယ်
  • – သာတူညီမျှမှုကို အားပေးပါတယ်။
  • – တိုးတက်ရေး ဝါဒီ တွေဖြစ်ပါတယ်။
  • – အရှေ့ကိုပဲ မျှော်တတ်ပါတယ်။
  • – ပြုပြင်ပြောင်းလဲ ရေးသမားတွေဖြစ်ပြီး လောကကို ပိုကောင်းတဲ့အရာ အသစ်တွေ ယူဆောင်ပေးမယ်ဆိုတဲ့ သဘာဝရှိသူတွေပါ။
  • – ကျင့်ဝတ် အပေါ်မှာ တည်ဆောက်ပါတယ်။
  • – လူမှုဘဝတွေ တိုးတက်ရေး ကိုအားပေးပါတယ်။
  • – လူနည်းစု ကို ကာကွယ်စောင့်ရှောက်ပါတယ်။
  • – Equality > Freedom

 

မိသားစုဘဝ

  • – မိသားစုဘဝ တွေမှာ မိဘ ကသားသမီးကို အားဖြည့်ပံ့ပိုးပေးတဲ့နည်းနဲ့ ချစ်ကြပါတယ်
  • – ဒီလိုနဲ့ ကိုယ့်အားကိုယ်ကိုး ချာတိတ်လေးတွေ မွေးပါတယ်။ ပွင့်လင်းမှု ကိုယ်ချင်းစာတရားနဲ့ မိမိကိုယ်ကို ဝေဖန်ပိုင်းခြား တတ်သူလေးတွေ ဖြစ်လာကြပါတယ်။

 

အရွယ်ရောက်ချိန်

 

  • – အခွင့်အလမ်း ဖန်တီးတတ်တဲ့ ချာတိတ်တွေ အရွယ်ရောက်တဲ့အခါ အရည်အချင်းပြည့်ဝသူတွေ ဖြစ်လာပါတော့တယ်။
  • – မြို့ပြ လူနေမှု ဘဝ မှာ မွေ့လျှော်တတ်ပြီး မီဒီယာ ဆောက်လုပ်ရေး အတတ်ပညာသည် သိပ္ပံ နဲ့ သင်ကြားရေး အလုပ်တွေကို လုပ်ကိုင်တတ်ကြပါတယ်။

 

ခံယူချက် (ဝါ) ယုံကြည်မှု (ဝါ) သဘောထား

  • ဘာသာရေး – သိပ္ပံနည်းကျ စုစည်းမှုမရှိ အစဉ်အလာ မလိုက်နာတတ်။
  • လူ့အခွင့်အရေး – လေ့လာစူးစမ်းမှု ရှိသင့်။
  • ဆောင်ပုဒ် – one for all and all for one

 

ရွေးသင့်သည့်အချက်

  • – တရားမျှတမှု
  • – အကူအညီလိုအပ်သူများ ကို ကူညီစောင့်ရှောက်ပေးနိုင်မှု
  • – ကိုယ်ကျင့်တရားကောင်းမွန်သော စံပြပုဂ္ဂိုလ်များ ပေါ်ထွန်းမှု
  • – အာဏာအလွဲသုံးမှုကို တိုက်ဖျက်သူများ ပေါ်ထွန်းမှု
  • – သံတမာန်ရေးရာ အားကောင်းမှု
  • – ငြိမ်းချမ်းရေး ဆောင်ရွက်မှု
  • ပုံရိပ် – ချိုးငှက်။
  • လားရာအရပ် – တီထွင်ဖန်တီးမှု။

 

ညာသန် (လက်ယာယိမ်း) ကွန်ဇာဗေးတစ်

  • – လူမှု ဘဝတွေနဲ့ ချိတ်ဆက်ထားမှု ကင်းတတ်ပါတယ်။
  • – ရီပါ့ဘလစ်ကင်န် ကွန်ဇာဗေးတစ်ဗ် နဲ့ နေရှင်နယ်လစ်စ် တွေ ပါ
  • – ပါဝါ နဲ့ အကျိုးအမြတ်ကို အားပေးပါတယ်။
  • – ရှေးရိုးစွဲ ဝါဒီတွေပါ။
  • – အစဉ်အလာနဲ့ အတိတ်သမိုင်းကို စောင့်စည်းသူတွေပါ။
  • – ထိန်းသိမ်းကာကွယ်ရေးသမားတွေဖြစ်ပြီး လောကမှာ ရှိတဲ့ ကောင်းတဲ့အရာတွေကို မပျောက်ပျက်ရအောင် ကာကွယ် ခုခံသူတွေဖြစ်ပါတယ်။
  • – ကိုယ်ကျင့်တရား ဆောင်ပုဒ်တွေ အပေါ်မှာ တည်ဆောက်သူတွေပါ။
  • – တည်ငြိမ်တဲ့ လူမှုဘဝတွေကို ထိန်းသိမ်းဖို့ အားပေးပါတယ်။
  • – ပြောင်းခိုသူ ကိစ္စရပ်တွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ပါတယ်။
  • – Freedom> Equality

 

မိသားစုဘဝ

  • – မိဘတွေက သားသမီး ကို နီးစပ်နွေးထွေးစွာ ချစ်ကြပါတယ်။
  • – ဒီလိုနဲ့ confidence ရှိတဲ့ ကလေးတွေ မွေးလာပါတယ်။ အဲ့သည့်ကနေ မိမိကိုယ်ကို ကာကွယ်တတ်တဲ့ စိတ်ဓါတ်ခိုင်မာတဲ့ ကိုယ့်ဟာကိုယ် ထိန်းချုပ် စီမံနိုင်စွမ်းရှိမှု စတာတွေရရှိလာပါတယ်။

 

အရွယ်ရောက်ချိန်

  • – ပင်ကိုယ် ဝိသေသ ကိုပိုင်ဆိုင်သော မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ လူအဖြစ် လူလားမြောက်ကြပါတယ်။
  • – ကျေးလက်နဲ့ မဖွံ့ဖြိုးသေးတဲ့ နေရာတွေမှာ အနေများတတ်ပြီး အစိုးရအမှုထမ်း (စစ်။ရဲ။ တရားရေး စသည်)နဲ့ ကိုယ်ပိုင်စီးပွားရေး နဲ့ ရှယ်ယာ ပိုင်ဆိုင်စုဆောင်းသူတွေအဖြစ် အတွေ့ရများပါတယ်။

 

ခံယူချက် (ဝါ) ယုံကြည်မှု (ဝါ) သဘောထား

  • ဘာသာရေး – ဘုရားကိုယုံကြည်ကိုးကွယ်သူ တစုတစည်းတည်း ရှိသူ မိရိုးဖလာ လိုက်နာသူ
  • လူ့အခွင့်အရေး – သူတပါးအရေးကို ဝင်ရောက်မစွက်ဖက်သင့်
  • ဆောင်ပုဒ် – survival of the fittest

 

ရွေးသင့်သည့်အချက်

  • – စိတ်ပိုင်း ရုပ်ပိုင်း ပြင်းပြမှု
  • – စစ်အင်အား တောင့်တင်းမှု
  • – အာဏာ ခိုင်ကျည်မှု
  • – မိမိကိုယ်ကို စောင့်ရှောက်နိုင်သူများကို ကူညီအားဖြည့်ပေးမှု
  • – သဘောထားရေးရာ ခိုင်မာသော စံပြပုဂ္ဂိုလ်များ ပေါ်ထွန်းမှု
  • – အခွင့်အလမ်း ဖန်တီးသူများ ပေါ်ထွန်းမှု
  • ပုံရိပ် – လင်းယုန်ငှက်။
  • လားရာ အရပ် – အရင်းရှင်စနစ်။

 

အထင်မကြီးနဲ့ ဗျို့ ..အောက်ကပုံကြီးကို လိုရာဆွဲ ရေးထားတာ …မိုက်တယ်နော.. Data Visualization လို့ခေါ်တယ်..

အဲ့ဒါအနုပညာတရပ်ပဲ…တကွက် ကာတွန်းလို Bird-Eye view လို ထင်းကနဲ လင်းကနဲ မြင်အောင်ပြနိုင်တယ်..

စာနဲ့ ရေးရတာ ရှည်တယ်ဗျ… အဲ့ဒါကြီးက မတုရဌာ ဂုဏ်ဆိုလား (မှားရင်ပြင်ပါ) ကျစ်လစ်မှုဂုဏ်လည်းမြောက်တယ်။

ရေးဖို့လည်း မလွယ်ဘူး လူတိုင်းလည်း မရေးတတ်ဘူးရယ်… ဟော .. အခု ကျော်တို့ ရွာထဲ အဲ့ဒါမိုး ရေးကြတော့မယ်..

 

politics-22exq3x

 

Ref: http://ebonstorm.wordpress.com/2010/05/17/left-versus-right-comparison-and-contrast/
ဒီကစလို့ သဂျီးရဲ့ matrix ဘက်ကို ပြန်သွားပါ့မယ်။

ထိပ်ဆုံးဗျာ ညာဘက် အပေါ်ထောင့်ကွက် ကနေ စပြီး ဆွေးနွေးကြည့်ပါ့မယ်။

1). Upper Right

ကွန်ဇာဗေးတစ် အယူရှိပြီး ဗဟိုထိန်းချုပ်မှု စနစ် အားပေးသူများ အစုဖြစ်ပါတယ်။

ပိတ်သတ်ကြီး သိပါတယ်.. ဒီ အထဲမယ် အနီဂိုဏ်းနဲ့ အစိမ်းဂိုဏ်းသားတွေချည်း ရှိမယ်ဆိုတာ ..။

ကပ်တီးမူးလဲကြီးတွေ နဲ့ ဖွတ်.. .တွေလည်း ရှိနေမှာပါ။

အပြင်းအပျော့ သာ ကွာချင်ကွာမယ် ဒီထဲကတော့ တော်တော့်တန် ထွက်နိုင်သေးအံ့ မထင်။
2). Upper Left

လစ်ဘရယ် အယူရှိပြီး ဗဟိုထိန်းချုပ်မှု စနစ် အားပေးသူများ အစုပါ။

ခရိုနီ တချို့ ရှိမယ်ထင်ပါတယ်.. ။ အပြောင်းအလဲကိုတော့ လိုလားတယ်

သို့သော် အရာရာ ဖွင့်ချပစ်လိုက်မှာကိုလည်း မလိုလားဘူး..။

အဲ.. အပြောင်းအလဲကို ကြောက်ရွံ့သူ လှိုင်းစီးသူ တွေ နဲ့ အသက်အရွယ်ကြီးရင့်သူတွေ လည်း ရှိနေနိုင်ပါသေးတယ်။

 

3) Lower Right

ကွန်ဇာဗေးတစ် အယူရှိပြီး တာဝန်ခွဲဝေပေးမှု ကို အားပေးသူများ ပေါ့။

ဒီထဲမတော့ အနှစ်တထောင် ကျိမ်ဇာ မိနေသူတွေ ရှိပါမယ်။ ငိငိ..

ဖိုးပယ်လာ (တိုင်၄လုံးမှာ) ၂လုံးခွဲကနေ ၃လုံးလောက်ထိ တော့မျှတ ကောင်းမွန်စေချင်ပြီး

မီဒီယာ ဘာသာရေး နဲ့ ပြောင်းခိုသူ အရေးတွေမှာတော့ဖြင့် အထိမခံသူတွေဖြစ်ပါလိမ့်မယ်။

(အကွက်ဝင်တုန်းဆော်ဒါ မဟုတ်ဘာဘု) မျက်စိကြီးနားကြီး သာစားတဲ့ ဇီးကွက်စီးပွားရေးကနေ

ဈေးကွက်စီးပွားရေးဖြစ်ချင်သော်လည်း မက်ဒေါ်နယ် ဝင်လာလို့ လမ်းထိပ်က ငမုန့်ဟင်းခါးဆိုင်လေး

အရင်းပြုတ်သွားရင် ဆိုတာမျိုး ပူတဲ့လူတွေလည်း ဒီထဲနေမှာပါ။

 

4) Lower Left

လစ်ဘရယ်အယူရှိပြီးတာဝန်ခွဲဝေပေးမှု ကို အားပေးသူများ ပါ။

ဒီကွင်းမှာ ဒေါင်း က တယ ်မေမေ .. ရှင်းတော့ဘူးနော်…

ဒချိဒချိ။

 

Myanma-Left–right-politics

 

 

အဲ့လောက်ပါပဲဗျာ..။

ဘယ်စနစ်မှတော့ perfect မဖြစ်ပါဘူး .. မဖြစ်ဆို no one is perfect ဆိုတော့

perfect မဖြစ်တဲ့ လူကလုပ်ထားတဲ့ အရာဆိုတော့ ဘယ်လိုမှကို perfect ဖြစ်စရာ

အကြောင်းမရှိတာ။ သာတဲ့အပိုင်း နာတဲ့အပိုင်းတွေ ကျိန်းသေပေါက်ကို ရှိမှာပါ။

စနစ်၂ခုလုံးခွထိုင်ပြီး ကိုယ်ကြိုက်တာလေးတွေချည်းရွေးယူလို့တော့ ဘယ်ဖြစ်နိုင်ပါ့မလဲနော..။

ဒါ့ကြောင့်မို့ ..လစ်လစ် ဆိုတိုင်းလည်း မျက်စိမှိတ်မချစ်တတ်သလို တစ်တစ် ဆိုတိုင်းလည်း

အသံကြားတာနဲ့ မမုန်းပါဘူး … (အင်အားချိန်ခွင်လျှာပြန်မျှလိုက်သီ..)

 

(စာကြွင်း)

ရွာထဲက လူတွေကိုလည်း အကွက်ခွဲ ထည့်ကြည့်ချင်မိသား …။

တကယ်က ခွဲထည့်ကြည့်ပြီးပါပြီဗျာ …။ ထည့်ပီးဆို ..ဟိုနေ့က shortlist ထုတ်ကတည်းက

ရွာ့ စပျစ်သီး စာရင်းကိုလည်း ရှော့လစ်စ် ပီးသားပါ..။

သတ်ချင်သတ်ပလိုက် မပြဘူး..။

(အလကား အတည် နောက်တာ..)

 

ဒက်ဂလောက်…ဒက်ဂလောက်…

 

14 comments

  • kai

    July 19, 2013 at 4:57 pm

    အသစ်ဆွဲထားသဟေ့…
    ပုံတွေနေရာချတာ.. ပြန်ချိန်ဆကြည့်ပေးပါဦး…

    • Inz@ghi

      July 19, 2013 at 5:13 pm

      ဘဘဒဂုံတာရာ ကောဟင်င်င်

      • kai

        July 21, 2013 at 2:19 pm

        ကိုကိုကြီးနဲ့.. ဒေါ်စုကြားထဲချမလားလို့…
        သခင်သန်းထွန်း.. သခင်စိုးတို့ကိုတော့.. ဘယ်အပေါ်ခြမ်းထဲထည့်မှာပါ…။

        ဒီလိုဇယားချကြည့်တော့..
        တိုင်းပြည်တိုးတက်ချင်ရင်.. ဒီချုပ်ကဦးတင်ဦးနဲ့.. ၈၈တို့ပူးပေါင်းတဲ့စကားနားထောင်ရမယ်လို့.. ပေါ်လွင်လာသလိုလို…. :mrgreen:

        ဒါမှမဟုတ်… ဦးသိန်းစိန်နဲ့..ဒေါ်စုပူးတွဲအလုပ်..ဝါဒအတိုင်း.. လိုက်ကြရမယ်လိုလို…

        • Inz@ghi

          July 22, 2013 at 4:19 am

          ကျနော် တသက်လုံး အရှုံးပေးရမယ့်
          ကောင်မလေးတယောက် တွေ့ပီဗျ
          စာရေးစာဖတ်လျှော့ တော့မီဖြစ်သီ
          ငိငိ.
          တကယ်ဆိုရင်. ပဲလိုဒယ်.

  • အရီးခင်လတ်

    July 19, 2013 at 6:52 pm

    {{
    ရွာထဲက လူတွေကိုလည်း အကွက်ခွဲ ထည့်ကြည့်ချင်မိသား …။
    တကယ်က ခွဲထည့်ကြည့်ပြီးပါပြီဗျာ …။ ထည့်ပီးဆို ..ဟိုနေ့က hortlist ထုတ်ကတည်းက
    ရွာ့ စပျစ်သီး စာရင်းကိုလည်း ရှော့လစ်စ် ပီးသားပါ..။
    }}
    အမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်း
    ဒီ မှင်စာလေး ထားတဲ့ နေရာမှာ နေကြမဲ့ အစား (ကျုပ် ကို “ဘရွှေ” နဲ့ နေရာတူထား နေမလား မသိ)
    ကိုယ့်ဟာကို လက်ဝဲယိမ်း လား၊ လက်ယာယိမ်း လား အကြမ်းဖျင်း စီစစ် ကြည့်ချင်ရင် ဒီ Case တွေ နဲ့ စစ်ကြည့်ကြပြီး
    ဘယ်မှာ နေချင်တယ် လို့နေရာပြောကြပါလား ရွာသူ/သား တို့ ရေ။
    (အနောက်တိုင်း စံ တွေပေမဲ့ မြန်မာပြည်မှာလဲ သွင်းကြည့် လို့ ရမှာပါထင်ရဲ့)

    (၁) နိုင်ငံ ရဲ့ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် အားလုံးကို အစိုးရ ကို လုပ်စေလိုလား၊ ပုဂ္ဂလိက ကို လုပ်စေလိုလား။
    (၂) အမျိုးသမီး တစ်ယောက် ကိုယ်ဝန်ဖျက်ချ တာ ကို လက်ခံ/မခံ။
    (၃) ပြစ်မှုကြီး လို့ သေဒါဏ်ချတာ ကို လက်ခံ/မခံ။
    (၄) လူတန်းစားခွဲခြား မှု တွေ (လူနည်းစု ကို လူများစုက အနိုင်ကျင့်နေတာတွေ) နေရာအနှံ့ ရှိနေသေးတယ် လို့ ထင်/မထင်။
    (၅) အစိုးရကျောင်းတွေ ရဲ့ ထောက်ပံ့ပေးမှု စွမ်းအားကို ပိုအားပေးသင့်သလား၊ အမှန်တကယ် ကြိုးစားနိုင်တဲ့ သူတွေရဲ့ အရည်အချင်း ကို ကို ပိုအားပေးသင့်သလား၊
    (၆) တိုင်းပြည်ထဲ ကို တရားဝင် လာရောက်နေနိုင်သူ တွေ ကိုသာ အားပေးချင်သလား၊ ခိုးဝင်လာသူတွေ ကိုရော ထောက်ပံ့ပေးချင်လား။
    (၇) လိင်တူ လက်ထပ်မှု တွေကို အားပေး/မပေး။
    (၈) အခွန်ငွေကို ချမ်းသာသူတွေ ဆီက ပိုပြီး ကောက်သင့်/မသင့်။
    (၉) အလုပ်မကိုင် မရှိတဲ့သူတွေ အတွက် အစိုးရက အခွန် ထဲ ကနေ ထောက်ပံ့သင့်/မသင့်။
    (၁၀) ရာသီဥတု တွေ ပြောင်းလဲလာတာ စက်ရုံ တွေ ကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေထုတ်တာ များတာမို့ ဖြစ်နိုင်သမျှ ဒါတွေ ကို တားသင့်/မသင့်။

    လူပြိန်း လိုဘဲ တွေးပြီး စဉ်းစားမိတာလေးတွေ။
    မှားပြောနေမိတာရှိလဲ ပြင်ပေးကြပါ။

    တွေ့လာပါလိမ့်မယ်။
    အားလုံးက ဟိုခုန်လိုက် ဒီကူးလိုက် နဲ့။
    ကုလားမစည်းနင်း သလိုမျိုး။
    😆

    • Inz@ghi

      July 19, 2013 at 8:00 pm

      အိုက်ဒါပျောတာပေါ့ one dimension မလုပ်ဘဲ two dimensional matrix ကြီး ချရေးလိုက်တော့. ငိငိ.
      ဒါတောင် စတုတ္ထလှိုင်း digital decide ထည့်မတွက်ထားသေးဘူး
      ထည့်များထည့်လို့ကတော့.
      ဒချိဒချိ.

    • Zaw Thant

      August 9, 2013 at 11:32 am

      .. အရီးမေးခွန်းတွေ ဝင်ဖြေလိုက်တာ ဟိုဖက်ခုန်လိုက် ဒီဖက်ခုန်လိုက်ဖြစ်ပြီး ချော်လဲသွားပါတယ်.. 😀

  • uncle gyi

    July 19, 2013 at 11:20 pm

    သေပြီးတဲ့သူတောင်မနေရပါလားနော်

  • အရီးခင်လတ်

    July 20, 2013 at 1:38 am

    စကားအတင်းစပ်လို့
    Tom Hanks ကား You’ve Got Mail ကို ခေတ်မမှီဘူး ဆိုလို့ နောက်တစ်ကား ထပ် ညွန်း မယ်။
    “The Terminal”
    http://en.wikipedia.org/wiki/The_Terminal
    ပြည်တွင်းစစ်ကြောင့် သူနိုင်ငံ ပျောက်သွားလို့ New York ကနေ ပြန်မရ ဖြစ်နေပြီး New York မြို့ထဲလဲ ဗီဇာမရှိတော့သမို့ ပြန်ဝင်လို့မရ။
    ဒီတော့ လေဆိပ် ရဲ့ တာမီနယ်လ် ထဲမှာ ဘဲ နေနေ ရတဲ့ ဇာတ်လမ်း။

    ခေတ်နဲ့ ညီသလား မမေး နဲ့။
    အခု ကမ္ဘာ့ လေဆိပ် တာမီနယ်လ် ၂ခု မှာ လူ၂ယောက် ဝင်မရ ထွက်မရ ဖြစ်တာ ဟုတ်။
    တစ်ယောက်က Russia မှာ Snowden ပေါ့။
    😉

    • Inz@ghi

      July 22, 2013 at 2:53 pm

      စနေနေ့ကစလို့ ရုပ်ရှင် မကြည့်တော့ဘူး အရီး
      စာလည်း မရေးတော့ဘူး ကျနော့်တခြမ်းကို ကျနော် ပြန်ကောက်ရပြီ

  • မင်းမင်း

    July 20, 2013 at 9:24 am

    ဒီပိုစ်တွေ ကြည့်ရဒါ

    ကြည့်ရဒါ

    ကြည့်ရဒါ

    ရဒါ

    ပညာရပါ၏။

    အမြင် ကျယ်လာသလိုလိုရှိပါ၏။

    ကျုပ်ကို နေရာပေးမယ်ဆိုရင် ဟီဟိ

    ဟို သီဟတင်စိုး နဲ့ တွဲပေးပါလားးးး

    သူလဲ ဂျပန်တွေရဲ့ ရွှေ ရည်စိမ်လွတ်လပ်ရေး ကို

    တိုက်နေတာ သဘောကျလို့ပါ။

    တိုက်လို့ပြီးပြီ။ လွတ်လပ်ရေးအစစ်အမှန် ရပြီ

    ဆိုရင်။ နေရာချထားရေးလုပ်ကြည့်မယ်။

    (အရီးပြောသလို စကားဝဲရတာ အသံမပီတော့

    နားထောင်လို့ကောင်းပါ့မလားမသိဘူး :mrgreen:)

  • ဦးကြောင်ကြီး

    July 22, 2013 at 9:40 am

    ဘယ်မှာလဲမသိ စာပြောင်တခု ဖတ်ဖူတာ ကွန်ဆာဗေးတစ်သမားက သူ့လောက် ကမာ္ဘဂျီး မတော်မတတ်၊ သူသာ အမှန်ဆုံးထင်တယ်၊ လစ်ဘရယ်ကြတော့ ကမာ္ဘဂျီး သူမကယ် သေဖွယ်ရာရှိ မှတ်သတဲ့..။ ကိုယ့်ကိုယ်ကို ပျံချိန်ကြည့်၊ သူများကို အဲဒီစံနဲ့ တိုင်းထွာကြည့်ပေါ့ဗျာ…။ စင်ထရယ် ဗဟိုပြုဝါဒီကတော့ ဟိုမရောက်ဒီမရောက် ဂျားကားရားဂျီး ပေါ့ဗျာ..။ သေချာဒါတော့ ဖြစ်ဖြစ်မြောက်မြောက် စင်ထရယ်ဝါဒ ခေါင်းဆောင်ရယ်လို့ မတွေ့မိသေးဂျောင်းဗာ….။

  • Zaw Thant

    August 9, 2013 at 11:28 am

    .. ဒီပိုစ့်ကို အရင်က မတွေ့လိုက်ဘူး.. ဖတ်ရွေး nominee ထဲတွေမှ အခု ပြန်လာဖတ်ရတယ်.. ပြောရရင် ကိုမင်းဇာနည် ရှင်းပြထားတဲ့ ပုံလေးက အတော်ပြည့်စုံတယ်.. တစ်ခုရှိတာက သူက 1 dimension အနေ့နဲ့ ဘယ်ညာ Liberal & Conservative ကိုပဲခွဲထားတာဆိုတော့ အဲ့ဒီအထဲမှာ social ကော economic ကော ပေါင်းရေးထားတာ.. သူကြီးလက်ချက် 2 dimension ကျတော့ social ကို အပေါ်အောက်ခွဲ၊ economic ကို ဘယ်ညာခွဲတာဆိုတော့ ထဲ့ရတာ နည်းနည်း လက်ဝင်သွားတယ်..

    ကိုမင်းဇာနည် ရှင်းပြတဲ့ အထဲက Social နဲ့ပါတ်သတ်တဲ့ အချက်တွေမှာ Conservative ဖြစ်ရင် အပေါ်ခြမ်းပို့ချင်ပါတယ် (အပြာင်းအလဲ မကြိုက်တာ၊ ရွေပြောင်းသူတွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ချင်တာ၊ တစ်ဦးချင်းလွတ်လပ်ခွင့်ထက် အများစု (နိုင်ငံ) အကျိုးကို ပိုအလေးထားတာ၊ ဘာသာရေးမှာ အထိမခံတာ၊ စတာတွေနဲ့ အစွန်းရောက်လာရင် အာဏာရှင်ဆန်တာ စတာတွေ)… ဆိုတော့ ထိပ်ဆုံးမှာ ဦးသန်းရွှေစလို့ သူ့အောက်မှာ လက်ရှိ ဦးသိန်းစိန်အစိုးရ၊ သံဃာတော်တွေ၊ တချို့ပြည်သူတွေ ကို အကြမ်းဖြင်းထားလို့ရမယ်ထင်ပါတယ်..

    Social နဲ့ပါတ်သတ်လို့ Liberal ဖြစ်ရင် (ပြောင်းလဲမှု၊ လူနည်းစုကိုစာနာမှု၊ တစ်ဦးချင်းလွတ်လပ်ခွင့် အားပေးသူတွေ၊ အစွန်းရောက်ရင် မင်းမဲ့ဝါဒ) အောက်ခြမ်းထဲပိုချင်တယ်.. လူလတ်တန်းစားတွေ၊ နိုင်ငံတကာ ကိုရောက်ရှိနေတဲ့ လွတ်လပ်မှုအရသာကို သဘောပေါက်ကြတဲ့ liberal သမားတွေ၊ အာဏာရှင်စနစ်ဒဏ်ကို ခံရတာကြာလို့ ဆန့်ကျင်ဖက် ကိုမျှော်နေတဲ့ ပြည်သူတွေ ကိုထည့်ချင်ပါတယ်၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုထားလို့ရပါတယ်..

    Economic နဲ့ ပါတ်သတ်လို့ capitalism ကိုအားပေးတဲ့ စီးပွားရေးမှာ အစိုးရစွက်ဖက်မူနည်းတာ၊ အခွန်လျှော့၊ ပြိုင်ဆိုင်မှုအားပေး၊ တော်ရင်တော်သလို ချမ်းသာခွင့်ပေးတာ၊ ကိုယ်ကျန်းမာရေးစီးပွားရေး ကိုယ့်တာဝန်ကိုယူရတာ စတဲ့ အချက်တွေကို ကြိုက်တဲ့လူတွေကို ညာခြမ်းထဲထည့်ချင်ပါတယ်.. (အစိုးရအနေနဲ့ လွတ်လပ်ခွင့်ပေးထားပြီး တာဝန်ယူမူနည်းသွား).. ခရိုနီတွေကို ဒီညာဖက်ထဲထားချင်ပါတယ်..

    Economic နဲ့ ပါတ်သက်လို့ socialism ဘက်သမ်းတဲ့ အချက်တွေ ဖြစ်တဲ့ စီးပွားရေးမှာ အစိုးရပါဝင်မှုထိမ်းချုပ်မူများတာ၊ အခွန်အကောက်များ၊ ပြိုင်ဆိုင်မှုကိုကန့်သတ်၊ လူတန်းစားကွာဟမှုကို်ထိမ်းချုပ်တာ၊ ပြည်သူ့ကျန်းမာရေးစီးပွားရေးကို အစိုးရက တာဝန်ယူစီမံပေးတာ (စီးပွားရေးမှာ ထိမ်းချုပ်မှုများပြီး လူမှုဖူလုံရေးမှာ တာဝန်ယူမှု ပြန်ပေး) စတဲ့ အချက်တွေကို အလေးပေးတဲ့ လူတွေကို ဘယ်ခြမ်းထဲ ထည့်ချင်ပါတယ်.. လူများစု ဆင်းရဲနေတဲ့၊ ခရိုနီတွေကို မုန်းကြတဲ့ ကိုယ့်နိုင်ငံပြည်သူပြည်သားအများစု က ဒီဖက်ထဲပါမယ်ထင်ပါတယ်..

    ကျွန်တော်က အခုလိုစဉ်းစားလိုက်တော့ တချို့နေရာတွေမှာ ကိုမင်းဇာနည် မြင်တာနဲ့ နည်းနည်းမတူဘူးဖြစ်နေတယ်.. ဥပမာ ကျွန်တော့် အနေနဲ့ ခရိုနီတွေကို ညာဖက်ခြမ်းထဲ့ချင်တယ်

    ဒါပေမယ့် ပြောသာပြောရတာပါ.. ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးပုံစံ မပီပြင်သေးတော့ ပြောရတာ အတော်ခက်နေသေးတယ်.. အတိုက်အခံခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ထဲမှာလည်း အဏာရှင်စနစ်ကနေ ဒီမိုကရေစနစ်ရောက်ဖို့သာ အာရုံထားနေရတော့ စီးပွားရေး policy ပိုင်းမှာ ညာလား ဘယ်လား ဆိုတာ ထင်ထင်ရှားရှား မပြနိုင်ကြသေးဘူးလို့ထင်ရပါတယ်..

Leave a Reply