♫♥✿* အာဇာနည်မျိုးချစ်စိတ်ဆိုတာ♫♥✿*

999645_279083138899663_1401487750_n

ဒီနေ ့ဖေစ့်ဘုတ်နဲ ့အင်တာတက်ပေါ်က စာမျက်နှာတော်တော်များများမှာ မျိူးချစ်အာဇာနည်တော်တော်များများ က မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားတဲ့
ခေါင်းဆောင်တွေကို အလေးပြုကြတာမြင်တော့ ဝမ်းသာမိတယ်.
..ကျွန်မတို ့မြန်မာနိုင်ငံသူ ့ကျွန်ဘဝအောက် ကို နှစ်၁၀ဝ လုံးကျရောက်နေတဲ့ အချိန်မှာ ကျွန်မတို ့ဘိုးဘွားဘီဘင်တွေအတွက်တော့
လောကငရဲပေါ့..နှိပ်စက်မှုမျိုးစုံကြားမှာ အလူးအလဲခံနေရတဲ့ ဘဝကိုငါတို ့သာဆိုရင်ဆိုတဲ့စိတ်လေးနဲ ့
လေးလေးနက်နက်တွေးမိပါသလား
သူ ့ကျွန်ဘဝက လွတ်ဖို ့ရရာလက်နက်စွဲပြီး အသက်ကိုစွန် ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုယ့်ရဲ ့ရှေးအဆက်ဆက်က အဘိုးတွေ အဘွားတွေကိုရော သတိရပါသလား.ကျဆုံးသွားတဲ့ အာဇာနည် တွေဟာ ကိုယ်ချစ်တဲ့ ဖခင် …အစ်ကို..ခင်ပွန်း …ချစ်သူ တစ်ယောက်ယောက်များဖြစ်နေခဲ့ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ဝင်မိပါသလား..တစ်ကယ်လို ့သင်ကိုယ်တိုင် သူတို အပေါ် ကိုယ်ချင်းစာစိတ်လေး
ဝင်မိရင် ရဲ ့ကျေးဇူးတွေကို ရင်ထဲက တစ်ကယ်လေးစာရင် တစ်ခုခုပေးဆပ်သင့်တယ်လို ့မထင်ဘူးလား ၊။

.ကျွန်မတို ့တွေ အခုလို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်
ဘာသာ အဖြစ် လွတ်လပ်စွာ ရပ်တည်နေနိုင်ဖို ့ ကျွန်မတို ့ရဲ ့ရှေးအဆက်ဆက်က သူရဲကောင်း ဘိုးဘိုး ဘွားဘွားတွေ ဘဝနဲ ့ရင်း
ပြီးပေးဆပ်ခဲ့ရတာပါပဲ.. သူတို ့တွေက လူသာ သေသွားတာ ရာဇဝင်မသေဘူး.ခန္ဓာ ကိုယ်သာ
ပုတ်သွားတာ နာမည်တစ်လုံးတော့ မပုတ်သွားဘူး…အခုကျွန်မတို ့တွေ အသက်ရှင်နေတဲ့ အချိန်မှာရော..ကျွန်မတို ့ရဲ ့နောင်လာမယ့်
Generation လေးတွေအတွက် ကိုယ်ကဘယ်လို နာမည်မျိုး ချန်ထားခဲ့ချင်လည်း..

အမှန်တစ်ကယ် အာဇာနည်ပုဂ္ဂိုလ်တွေအပေါ် လေးစားကြည်ညိုပြီး ကျေးဇူးဆပ်ချင်တဲ့သူတွေကကို်ယ့်စိတ်ကိုကိုယ်ပြန်မေးကြည့်ပါလား
ပြီးရင် လက်တွေ ့လေး လုပ်ကြည့်ပေါ့…..
ကျွန်မ စိတ်ထဲက ခံယူချက်နဲ ့ အတွေးအမြင်လေးတစ်ခု ပြောပြချင်ပါတယ်…လက်ခံတယ် လက်မခံဘူးဆိုတာက စာဖတ်သူတွေသဘောပါ
လူချင်းတူပေမယ် စိတ်ချင်းမတူဘူးလေ…ကျွန်မဖြစ်စေချင်တာက…အခုခေတ်လူငယ်တွေ ဘဝတန်ဖိုး ဘာသာတန်ဖိုး မြန်မာနိုင်ငံရဲ ့တန်ဖိုး
သိစေချင်တယ်..ဘာလို ့လဲဆိုတော့ ဒီအရာတွေအားလုံးဟာ လွယ်လွယ်နဲ ့ရလာခဲ့တာ မဟုတ်လို ့ပါ….
အာဇာနည် ဘိုးဘိုးတွေလို အသက်ပေးပြီး ကာကွယ်ဖို ့မလိုဘူး…အသိပေးပြီး ကာကွယ်ရင်ပဲ..လုံလောက်ပြီး…ဒါဆိုရင် အသက်ပေးသွားတဲ့
တမလွန်က အာဇာနည်တွေ သူတို ့ကို သူတို ့အသက်ပေးရကျိုး နပ်ပြီလို ့ဝမ်းသာပီတိဖြစ်စေချင်လို ့..
အသိပေးပြီး ကာကွယ်ရမှာက သိပ်မခက်ပါဘူး…အကြမ်းဖျင်းတော့..

(၁) ကိုယ့်ကြောင့် ကိုယ့်မြန်မာနိုင်ငံကို တခြားနိုင်ငံတွေက အထင်သေးစရာဖြစ်အောင်မနေဖို ့…
ဆိုလိုတာက..အခုဆိုရင်…တစ်နိုင်ငံ နဲ ့တစ်နိုင်ငံ..ချစ်ကြည်ရေးအဖြစ် အလုပ်လုပ်ခွင့် စီးပွါးရေး လုပ်ခွင့် လည်ပတ်သွားလာခွင့်တွေ ရှိခဲ့ပြီမို ့ ကိုယ့်နိုင်ငံက
သူတို ့တွေ လာလည်တဲ့အခါ..ကို်ယ့်ဘက်က စပြီး ကိုယ်ကျင့်တရား မပျက်စီးဖို ့အရေးကြီတယ်..တစ်လောက သတင်းလေးတစ်ခု ဖတ်လိုက်ရတယ်..ပုဂံမှာ
ဘူရားဖူးတဲ့ နိုင်ငံခြားသားနှစ်ယောက်ကို ရိုက်နှက်ပြီး ပစ္စည်းတွေလုသွားတယ်တဲ့..စိတ်တော်တော်မကောင်းဖြစ်ရတယ်..သူတို ့တွေ သူတို ့နိုင်ငံ ပြန်ရောက်လို ့
ဒီအကြောင်းတွေ ပြန်ပြောကြရင် တရားခံ နှစ်ယောက်ကို နာမည်တပ်ပြီးမပြောပါဘူး…မြန်မာနိုင်ငံ နာမည်တပ်ပြီးပြောမှာနော်…ဘယ်သူ သိက္ခာကျလဲ..
နိုင်ငံ သိက္ခာကျတယ်..မြန်မာနိုင်ငံမှာ လူဆိုးသူခိုးတွေ တယ်ပေါသကိုးလို ့ပြောကြမှာ..တို ့အာဇာနည်တွေ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို ့အသက်ပေးခဲ့တာ..သူခိုး
ဂျပိုးနိုင်ငံ ဖြစ်ဖို ့လားဟင်..သူတို ့တွေအသက်သွေးချွေးရင်းပြီး ပေးဆပ်ခဲ့တာ ဒီလိုအပြောခံရမယ်ဆိုရင် တော်တော်ဝမ်းနည်းနေလိမ့်မယ်…နောက်တစ်ချက်က
ပြည်ပမှာ အလုပ်လုပ်ခွင့်ရတဲ့ မြန်မာလူမျိုးတွေ အတွက် သတိထားရမှာက ကိုယ်ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သူတစ်ယောက်ပါ…ကိုယ်အလုပ်လုပ်တဲ့ သူဌေး
နဲ ့ သူတို ့လူမျိုးတွေ ကြားမှာ ကိုယ်ကျင့်တရားနဲ ့သိက္ခာကို ထိန်းသိမ်းဖို ့ပါ..ကိုယ်ခိုးရင် ကိုယ့်နာမည်မတပ်ပါဘူး..မြန်မာလူမျိုးဆိုပြီး နာမည်တပ်ပါတယ်..မြန်မာ နိုင်
ငံမှာ လူမျိုးပေါင်းစုံရှိတာလဲ သူတို ့မသိဘူး..သူတို ့သိတာ မြန်မာပြည်က လာရင် မြန်မာပဲ…ဒါ့ကြောင့် အလုပ်အပေါ်မှာ ရိုးသားကြိုးစားဖို ့လိုပါတယ်….ဒါဆိုရင်
သင်ဟာ မြန်မာနိုင်ငံကို အသိပေးပြီး ကာကွယ်ရာ ရောက်ပြီ…

(၂) ကိုယ့်ကြောင့် ကိုယ့်လူမျိုး ဂုဏ်မညှိုးဖို ့ ကိုယ့်လူမျိုး အချင်းချင်း စောင့်ရှောက်ကာကွယ်ဖို ့ပါ..
ဆိုလိုတာက…ကျွန်မတို ့မြန်မာနိုင်ငံမှာ လူမျိုး ပေါင်းစုံဘာသာပေါင်းစုံ နေကြတဲ့အတွက်..ဓလေ့ထုံးစံ တော့ မတူကြပါဘူး..လူတိုင်းကတော့ ကိုယ့်လူမျိုး
ကိုချစ်ကြတာချည်းပဲ….ကိုယ့်လူမျိူးကို ချစ်တတ်ကြပေမယ့် မကာကွယ်တတ်ကြဘူး..မြေမြိုလို ့ လူမျိုးမပျက်..လူမျိုမှလူမျိုးပျက်တယ် စကားကကျွန်မ အမြင်လေးပါ..
အခုခေတ်အွန်လိုင်းပေါ်က မျိုးချစ်ပုဂ္ဂိုလ်တော်တော်များများက အမျိုးဘာသာ စောင့်ရှောက်ရေးတရားဟောတာ အိပ်ပေါက်နဲ ့ဖားကောက်သလို
ပါပဲ….ကိုယ့်လူမျိုးရဲ ့အားနည်းချက်ကို အရင်မပြင်ပေးပဲ…ဘာသာခြားဆိုင်မှာ မဝယ်ဖို ့ ဘာသာခြားကို လက်မထပ်ဖို ့ မွတ်စလင်
မကောင်းကြောင်း တရုတ်မကောင်းကြောင်း တွင်တွင်အော်နေလို ့ ပါ..သက်သေပြပါ့မယ်..
.လက်ရှိ ကျွန်မတို ့မြို ့လေးမှာ နေထိုင်တာက မွန် ကရင် ဗမာ တရုတ် မွတ်စလင် ဟိန္ဒူ ပါ..တစ်နှစ်နေလို ့မွန် ကရင် ဗမာ တိုင်းရင်းသားအမျိုးသမီးတွေ တရုတ် မွတ်စလင် ဟိန္ဒူ
လူမျိုးကို ယူတာ မရှိပါဘူး…၅ နှစ်နေမှ တစ်ယောက်ပဲ ကြားဖူးပါတယ်…အဲ..လူမျိုးအချင်းချင်းပဲ..ငယ်ငယ်ရွယ်ရွယ်နဲ ့ယူကြပါတယ်.ပြီးတော့ ဖြတ်လမ်းနည်း
နဲ ့စီးပွါးရှာကြတယ်..ပြီးတော့ သူတို ့သားသမီးတွေကို ဘာသာရေးအသိ လူမှုရေးအသိ စာပေအသိတွေ ဘဝနဲ ့ပက်သက်တဲ့ အသိတွေ မပေးနိုင်ပါဘူး..
ငယ်ငယ်ရွယ်ရွယ်နဲ ့ အရက်သမား..ဖဲသမား လောင်းကစားသမားတွေ ဖြစ်ကြတာ တအားများတာပဲ…အဲ့ဒါဘာဖြစ်လို ့လဲဆိုတော့ ဘဝတန်ဖိုးမသိလို ့အမျိုးကိုမချစ်လို ့ပါ..ကျွန်မတို ့
မြို ့မှာ အရက်ဆိုင်တွေဖွင့်ထားတဲ့သူတွေဟာ တရုတ်တွေ မွတ်စလင်တွေ ဟိန္ဒူတွေမဟုတ်ပါဘူး…မွန်နဲ ့မြန်မာလူမျိုးတွေပါ..ဘုရားတားမြစ်ထားတဲ့ အလုပ် ငါးမျိုးထဲမှာ
သေရည်သေရက်ရောင်းတာရယ်..လူရောင်းတာရယ် ပါတယ်…အခုခေတ်မြန်မာ အမျိုးသမီးတွေ မလေး ထိုင်း တရုတ်နိုင်ငံမှာ ရောင်းစားခံရတာတွေ ပြည့်တန်ဆာ
ဘဝရောက်နေတာတွေဟာ.. တရုတ်တွေ မွတ်စလင်တွေက ရောင်းတာမဟုတ်ပါဘူး..ကိုယ့်လူမျိုးအချင်းချင်းပဲ..ရောင်းတာ လူကုန်ကူးတဲ့ သူတွေအဖမ်းခံရရင် တရားခံက
ကိုယ့်လူမျိုးကြီးပဲ..စဉ်းစားရင် သိပ်ဝမ်းနည်းဖို ့ကောင်းတယ်…ကိုယ့်လူမျိုးကို သူများမျိုလို ့မပျက်ပါဘူး..ကိုယု့်အချင်းချင်း ပြန်ဖျက်မှပျက်တာပါ…အရက်ဆိုင်လေး မာဆက်လေး ကေတီဗီ နိုင်ကလပ်လေးမထောင်ခင် သေချာစဉ်းစားပါ..ငါ့အလုပ်ဟာ ငါတို ့လူမျိုး ကို ငါကိုယ်တိုင် ပြန်ဖျက်နေတာပါလားလို ့သိစေချင်တယ်.

ကိုယ့်လူမျိုး ပျက်စီးမှ ကိုယ်ချမ်းသာမယ်ဆိုရင် ..အဲ့ဒီချမ်းသာခြင်းဟာ ယုတ်ညံ့တဲ့ ချမ်းသာခြင်းပါ…နောက်တစ်ခု က ဘာသာခြားကို ယူတဲ့
အမျိုးသမီးတွေကို အမျိုးဖျက်မ ဆိုပြီး မျိုးစုံဆဲနေတဲ့ ဖွဘုတ်က အမျိုးကောင်းသားတွေ တစ်ခုသိစေချင်တယ်..ဘာသာခြားကို ယူသွားတဲ့ အမျိုးသမီးတွေကို ဆဲနည်းပေါင်းစုံ
မဆဲခင်မှာ ကိုယ်တိုင်က ကိုယ့်တိုင်းရင်းသား မြန်မာအမျိုးသမီးတွေအပေါ်တစ်ကယ် နှမလို အစ်မလို ကာကွယ်စောင့်ရှောက်လိုတဲ့ စိတ်လေး ရှိပါသလား.
ရှိတယ်ဆိုရင် မြန်မာအမျိုးသမီးတွေကို တန်ဖိုးထားပါ.သူတို ့လေးတွေ လမ်းမှားနေတာ မြင်ရင် နှမချင်းကိုယ်ချင်းစာစိတ်နဲ ့အသိပေးပြီးဆုံးမပါ..ဖေစ့်ဘွတ်ကမိန်းမ မကောင်းကြောင်း ပိုစ့်တစ်ခုမှာ ကွန်မန် ့အခြေအတင်ပေးတာလေးက သံဝေဂရဖို ့ကောင်းတယ်..တစ်ယောက်က
**ဒီခေတ်မိန်းကလေးတွေက အရမ်းအညှာလွယ်တယါ. အပျိုစစ်တယ်ဆိုတာ ရှားတယ်**တဲ့…နောက်တစ်ယောက်က ဘာပြန်ပြောလဲ ဆိုတော့.***.ရှိပါတယ်ကွ..ပထမနှစ် ဖရက်ရှာလေးတွေကွ..မင်းသာ..
ငွေကို ပုံပေးလိုက် စစ်စစ်လေးရမယ်ကွ *** တဲ့ ကျွန်မတော်တော် စိတ်မကောင်းဖြစ်မိတယ်..လူငယ်တွေအတွက် လူကြီးတွေပေးထားတဲ့ လွတ်လပ်မှုက ဖြစ်ချင်သလိုဖြစ်ဖို ့လား.
ဖြစ်ချင်သလိုဖြစ်ကြလို ့ပြဿနာတွေ ဖြစ်လာရင် နာမည်ပျက်မှာက..ကိုယ့်မိဘ..ဆွေမျိုး ကိုယ့်လူမျိုးလေ..တစ်ချိန်တုန်းက ပျော်စရာ
ကောင်းတဲ့ ကျွန်မတို ့မော်မြိုင်တက္ကသိုလ် ကြီးဟာ အခုချိန်မှာ အပျက်တွေနဲ ့ဝိုင်းရံထားပါတယ်…ကျောင်းနားတစ်ဝိုက်မှာ တိတ်တိတ်ပုန်း မာဆက်တောင် ရှိတယ်တဲ့..ပြည့်တန်ဆာ
တွေလည်း ပေါတယ်တဲ့…အဲ့ဒီအလုပ်နဲ ့စီးပါွးရှာတဲ့သူတွေဟာ မွတ်စလင်တွေ တရုတ်တွေမဟုတ်ဘူးနော်..ကိုယ့်အချင်းချင်း တွေပဲ…နောက်တစ်ချက်က
.အခုခေတ်လူငယ်တွေ ကို လမ်းမှားရောက်အောင် ပို ့နေတာ အမျိုးဖျက်နေတာ Sexy ကျတဲ့ အသပြာ မော်ဒယ်လ်တွေပါတယ်..ငါပိုက်ဆံရဖို ့စပွန်ဆာရဖို ့ ဘယ်လိုပဲ
ဝတ်ရဝတ်ရ ချွတ်ရချွတ်ရ..လုပ်မယ်ဆိုတာချည်းပဲ…Sex ဆိုတာ ကိလေသာအလုပ်မို ့ Sexyကျတာလည်း ကိလေသာကို အားပေးတာပဲ…အဲ့လိုဖော်တာ
အရှက်အကြောက်တရားမရှိတဲ့ အနောက်နိုင်ငံကလူတွေအကျင့်ပါ..သူတို ့မှာ လင့်ဝတ္တရား မယားဝတ္တရားမရှိဘူး..ကာမေသုကံဆိုတာမရှိဘူး..ဖြစ်သလိုနေလို ့ရတယ်..ကျွန်မတို ့
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ လူ ့ကျင့်ဝတ် မယားကျင့်ဝတ် လင့်ကျင့်ဝတ်ရှိတယ်..ဂါရဝတရားရှိတယ်..

အဲ့ဒီဂါရဝတရားတွေက .လူ ့ဘဝရဲ ့လေးနက်တဲ့ တန်ဖိုးတစ်ခုပါ..အဲ့ဒီသတ်မှတ်ချက်တွေမရှိတာဟာ..ခွေးလေးကြောင်လေးတွေပါ..ဘာကျင့်ဝတ်မှ မလိုဘူး.

နေချငင်သလိုနေ ဘယ်သူ ့ကို မှဂရုစိုက်စရာမလိုဘူးလေ..လူဆိုရင်တော့ လူ ့ကျင့်ဝတ် နဲ ့ဂါရဝတရားဆိုတာ ရှိကို ရှိရမယ်..နောက်တစ်ချက်က..လူငယ်တွေအတွက်
.သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ချစ်သူ
ကောင်းဆိုတာ ကောင်းတဲ့အလုပ်တွေကို အတူတူမျှဝေဖို ့ပါ.သင်္ကြန်တုန်းက မြန်မာအမျိုးသမီးတွေ ဖြစ်ချင်သလိုဖြစ်နေတာတွေကို ဘေးနားကနေပြီး အမျိုးကောင်းသားတွေက အားပျေးနတာကို ကြည့်
ပြီး တွေးမိတယ်..လူငယ်ဆိုတာ တစ်နေ ့ ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို တစ်နည်းနည်းနဲ ့ထိန်းရမှာ သူတို ့လေးတွေ အခုလို ပေါ့ပျက်ပျက်နေရင် သူတို ့
လေးတွေရဲ ့Generation လေးတွေက ဘယ်လိုဖြစ်လာမလဲ..အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုလူမျိုးတွေက ဘယ်လိုထိန်းမလဲ.
ဒီခေတ်မှာ အရာရှိတွေ..ဌာနဆိုင်ရာက လူတွေ ကိုယ်ကျင့်တရား မကောင်းတာဟာ သူတို ့ကိုယ်တိုင် အမျိုးဘာသာ သာသနာကို
မလေးစာလို ့ မချစ်လို ့ပါ..ဘာသာရေးအဆုံးအမမရှိလို ့ ငါဝရင်ပြီးရော ဘယ်သူသေသေ ဆိုတဲ့ သူတွေများတယ်..အခုကျွန်မတို ့မြို ့က ရပ်ကွက်ဥက္ကဌ တွေ အမတ်လောင်းတွေဆိုတာ အတန်းပညာအရည်အချင်းတော့ ရှိပါတယ်.ဘဝ.အသိတရားမရှိပါဘူး..ဘာသာသာနာအဆုံးအမ နဲ ့ပက်သက်တဲ့အရေအချင်းမရှိပါဘူး..အရက်သမားကို ဥက္ကဌတင်တာ ကျွန်မတို ့မြို ့မှာပဲ ရှိမယ်ထင်ပါရဲ ့..

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို ့ပညာအရည်အချင်းထက် စိတ်ဓါတ်အရေအချင်းအရေးကြီးပါတယ်..

ဗိုလ်ချုပ်အောင်ဆန်းမဖြစ်ခင် ကလေးအောင်ဆန်
ဘဝကတည်းက သူ ့ရဲ ့စရိုက် စိတ်ဓါတ်က သူများနဲ ့မတူဘူး..ဘဝအသိရှိတယ်…ကိုယ်ကျင့်တရားရှိတယ်..မျိုးချစ်စိတ်ရှိတယ်..ဒါတွေကို လူငယ်တိုင်း အတူယူနိုင်မယ်ဆိုရင်တော့ကျွန်မတို ့ မိသားစု ရပ်ရွာ နဲ ့

အနာဂတ်မြန်မာနိုင်ငံတော်ကြီး တရားမျှတစွာ ငြိမ်းချမ်းလိမ့်မယ်လို ့ထင်တယ်..

အခု တစ်လောခေတ်စားနေတဲ့ ဘာသာခြား လုမျိုးခြားနဲ ့ပက်သက်တဲ့မျိုးစောင့်ဥပဒေလိုပဲ.
..နောက်ထပ်ဥပေဒေတစ်ခုထပ်ထွက်လာရင်ကောင်းမှာ..အမျိုးအချင်းချင်း ကို ပြန်စောင့်ရှောက်ရမယ့်ဥပဒေပေါ့..အဲ့ဒီဥပဒေကို စိတ်ဝင်စားရင် ပြော ကျွန်မ
အကြမ်းရေးပြီး အရှင်ဝီရသူနဲ ့ ၉၆၉ အဖွဲ ့တင်ပြပေးမယ်..

(၃) ကို်ယ့်ကြောင့် ကိုယ့်ဘာသာ သာသနာ ဂုဏ်မညှိုးပါစေနဲ ့..
လူတိုင်းက ကိုယ်ကိုးကွယ်တဲ့ ဘာသာ တိုင်းကို ယုံကြည်ကြပါတယ်..ဒါပေမယ့် ကိုယ်ယုံကြည်တဲ့ ဘာသာကို သူများယုံကြည်လာအောင် မနေတတ်ကြဘူး…ကိုယ်လေးစားတဲ့ ဘာသာ
ကို သူများလေးစားအောင် မနေတတ်ကြဘူး..ကိုယ့်ဘာသာသာသနာကို မကာကွယ်တတ်ကြဘူး..ကိုယ့်ဘာသာရဲ ့အဆုံးအမကို မလေးစားဘူး.
အထူးသဖြင့် ဖေစ့်ဘွတ်က အမည်ခံဘာသာရေးသမားတွေ ..၉၆၉ တံဆိပ်ကို Profile လုပ်ပြီးကျွန်မန် ့ထဲမှာ ဆဲနည်းပေါင်းစုံ ဆဲနေတဲ့သူတွေ. မြင့်မြတ်တဲ့ ဘာသာတရားကို
မရိုသေဘဲ အမည်ခံရုံသက်သက်
နဲ ့ကိုးကွယ်တယ်ဆိုရင်တော့ ကိုယ့်အတွက်အကျိုးမရှိတဲ့အပြင် ကိုးကွယ်တဲ့ဘာသာကို ဂုဏ်ညှိးစေပါတယ်…ဥပမာ ဗုဒ္ဓက ဆဲဆိုတာကို တားမြစ်တာကို ကိုယ်က ဘာသာခြားကို သွားဆဲ
ရင် သူတို ့က ပြောပြီ..ဟ မင်းတို ့ဗုဒ္ဓက ဆဲဖို ့သင်ပေးထားတာလား မင်းတို ့ဗုဒ္ဓဘာသာဝင်တွေ အတင့်အတန်းမရှိ ဆဲဆိုနေတာပဲလို ့ပြောရင် ကိုယ့်ကြောင့် ကိုယ့်ဘာသာ ကိုယ့်
လူမျိုး သိက္ခာကျပါတယ်..ဗုဒ္ဓကိုယ်တော်တိုင် ဘာသာခြားတွေ လူကြားထဲမှာ ဆဲဆိုတာ ခံရတယ်…ဒါပေမယ့် ဘယ်လိုနည်းနဲ ့တုံ ့ပြန်ခဲ့လဲ..ဒါကို ကျွန်မတို ့စံအဖြစ်ထားပြီး
ှုဘုရားရှင်အတိုင်း တုံ ့ပြန်ဖို ့ပါပဲ..

***အကယ်၍ ငါဘုရားကို သင်ကလက်ဆောင် တစ်ခု ပစ္စည်းတစ်ခု လာပေးတဲ့အခါ ငါဘုရားက လက်မခံရင် အဲ့ဒီလက်ဆောင်ဟာ မူလပိုင်ရှင်ဖြစ်တဲ့ သင့်

လက်ထဲပဲပြန်ရောက်သွားလိမ့်မယ်။

အခုလဲ ငါဘုရား ကိုလာဆဲတဲ့အခါ ငါဘုရားက လက်မခံဘူး၊ဒေါသမဖြစ်ဘူး၊ပြန်မဆဲဘူး ဆိုရင် အဲ့ဒီအကုသိုလ်ဟာ မူလ ဆဲတဲ့သူကိုပဲ ပြန်အကျိုးပေးလိမ့်မယ်တဲ့”။

.**ဝစီဗေဒ ထိထိုင်းရှ*** ဆိုပြီး မြန်မာစကားပုံလဲ ရှိတယ်လေ။ဒါ့ကြောင့် အရေမရ အဖတ်မရ

ကိုယ့်အတွက် ကိုယ့်ဘာသာအတွက် အကျိုးမရှိတဲ့ ရိုင်းရိုင်းစိုင်းစိုင်းဆဲတာ ရှောင်ကြပါ။

သူ ဂုဏ်နှိမ့်ရင် ကိုယ့်ဂုဏ်နိမ့်တယ်ဆိုတဲ ့ဆုံးမစကားလေးလို ပဲ သူ ့ဘာသာကို အပုတ်ချ ဆဲဆိုနေရင် ကိုယ့်ဘာသာ ဂုဏ်နိမ့်လို ့ ကိုယ့်ကြောင့် ကိုယ့်ဘာသာ သာသနာ
ဂုဏ်မနိမ့်ပါစေနဲ ့လား.

နောက်တစ်ချက်က ကိုယ့်ဘာသာ ကို ကိုယ်တိုင် ရိုသေလေးစားဖို ့ပါ.
ဘုရားစေတီတော်တော်များများမှာ ***စုံတွဲများ မသင့်မလျှာ် မနေရ ***ဆိုတဲ့ ဆိုင်းဘုတ်မြင်တိုင်း..မြန်မာလူငယ်တွေ အရှက်မဲ့တာ အများကို ကြေငြာသလိုဖြစ်နေတာမို ့
တအားရှက်ဖို ့ကောင်းတယ်…ဂါရဝတရားဆိုတာ နေရာဒေသ
အသက်အရွယ်အလိုက် လိုက်နာရမယ့်တရားပါ ..ဘုရားပေါ်က အမှိုက်တွေ မြင်တိုင်း အော် ငါတို ့ဗုဒ္ဓဘာသာဝင်တွေ ကိုယ်ကန်တော့တဲ့ဘုရားကို ကိုယ်တိုင် အမှိုက်ပုံဖြစ်အောင် လုပ်နေတာပါလား..လို ့ သိရတော့တယ်..ကြောင်လေးတွေတောင် သူတို ့မစင်ကို သူတို ့သဲနဲ ့ပြန်ဖုံးတတ်

တဲ့ အသိလေးရှိကြတယ်..လူတွေက စားပြီးသားကို သိမ်းဖို ့မသိတာ…အံ့တော့အံ့ဩမိတယ်..ဘာသာရေးအဆုံးအမအားနည်းလို ့မိဘတွေက မဆုံးမလို ့ဖြစ်ပါလိမ့်မယ်…

.ဆရာဟိန်းဇေရဲ ့ဒဿနလေးလို ***လောကကြီးကို အလှမဆင် ချင်နေပါ အမှိ်ုက်တော့ မဖွပါနဲ ့***ဆိုသလိုပေါ့
အမျိုး ဘာသာ သာနာကို မကာကွယ်နိုင်ရင်တောင် ကိုယ့်ကြောင့် သိက္ခာမကျပါစေနဲ ့ လူ ့ဘဝဆိုတာ တစ်ကယ့်ကို ခဏလေးပါ..တစ်ခဏတာလူ ့ဘဝမှာ
လူပီသဖို ့ လူစိတ်ရှိဖို ့ တာဝန်ယူတတ်ဖို ့အရေးကြီးပါတယ်..လူပီသဖို ့ဆိုတာ လူမှာ အကောင်းအဆိုး အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့ အသိညဏ်ရှိပါတယ်..ဒါ့ကြောင့်
ကိုယ့်ဘဝကို အသိညဏ်နဲ ့ကောင်းမကောင်း သေချာဆန်းစစ်ပြီးပါ.. လူစိတ်ရှိဖို ့ဆိုတာက လူမှာ အရှက်တရား အကြောက်တရားရှိတယ်ကုသိုလ် အကုသိုလ်ခွဲခြားနိုင်တယ်
းါ့ကြောင့် လူသားအချင်းချင်း စာနာစိတ်လေး ကိုယ်ချင်းစာစိတ်လေး နဲ ့သူ တစ်ပါး ကို မကောင်းတာ
လုပ်ရင် သူ ့နေရာမှာ ငါဆိုတဲ့ စိတ်ကလေးရယ် ဝဋ်ဆိုတာ လည်တတ်လို ့အသိလေးထားသင့်တယ်.
.တာဝန်ယူတတ်ဖို ့ဆိုတာက သမိုင်းပေးတာဝန်ကို ထမ်းဖို ့ပါ..ကိုယ့်ဘိုးဘွားမိဘတွေ က ကိုယ့်ကို ကျွေးမွေးစောင့်ရှောက်လာခဲ့အတွက် အဲ့ဒီကျေးဇူးကို သိပြီး ကိုယ့်ကြောင့်
သူတို ့သမိုင်း ကိုယ့်သမိုင်း မရိုင်းအောင် နေသင့်တယ်..ဘယ်သူ ့ရဲ ့မြေး က ဘယ်လိုဆိုးတာ ဘယ်သူ ့ရဲ ့သား သမီးက ဘယ်လိုဆိုးတာ ဘယ်လူမျိုး ကဘယ်လိုဆိုးတာ
ဘယ်နိုင်ငံက ဘာ်လိုဆိုးတယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ ကိုယ့်ရဲ ့အပြုအမူ စိတ်ဓါတ် ခံယူချက်နဲ ့ဆိုင်ပါတယ်..မြန်မာ့သူရဲကောင်းသမိုင်းကြောင်းတွေမှာ ထင်ရှားတာက ဘုရင်လေး
ပါးနဲ ့အာဇာနည် ကိုးယောက်ပါ..ဘုရင်လေးပါးက မြန်မာ့သမိုင်းမှာသာ နာမည်ကြီးတာ မွန်တွေရဲ ့သမိုင်း ယိုးဒယားတွေရဲ ့သမိုင်းမှာတော့ လူယုတ်မာ စာရင်းမှာပါတယ်..
အနော်ရထာ မင်းကြီး ဗုဒ္ဓသာသနာ ပြုဖို ့မွန်လူမျိုးပေါင်းများစွာ အသက်ပေးရတယ်..အလောင်းဘုရား တတိယမြန်မာနိုင်ငံ ထူထောင်ထို ့မွန်လူမျိုးတွေ မွန်ထီးနန်းကို စွန် ့ရတယ်..
ထိုင်းလူမျိုးတွေလဲ အသက်ပေါင်းများစွာ စတေးရတယ်..ဘုရင့်နောင် လဲ မြန်မာနိုင်ငံ အင်ပါယာထူထောင်ဖို ့အိမ်နီးချင်းနိုင်ငံတွေ အသက်အိုးအိမ်စည်းစိမ်စွန် ့ရတယ်..ကိုယ်ချမ်းသာ
ဖို ့သူများသေရတယ်ဆိုတာ ဘုရားအဆုံးအမနဲ ့ဆန့်ကျင်တဲ့သူတွေ အလုပ်ပါ..သူူတို ့ကြောင့်မြန်မာ့သမိုင်း ရာဇဝင်မလှတာ သူတို ့မသိသွားရှာဘူး.
အနော်ရထာမင်းလက်ထက်ကစပြီး ဗုဒ္ဓဘာသာနိုင်ငံအဖြစ်သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံ မြန်မာမင်းတွေ
..မှာ မင်းကျင့်တရားဆယ်ပါးနဲ ့ပြည့်အောင် အုပ်ချုပ်တဲ့ မင်းဆက် ဘယ်နှစ်ဆက်များရှိခဲ့ပါသလဲ..မြန်မာနိုင်ငံ သူ ့ကျွန်ဘဝရောက်ခဲ့တာရော ဘယ်မင်းကြောင့်လဲ..

ကိုယ့်ရဲ ့ခံယူချက် အပြုအမူ စိတ်ဓါတ်တွေရဲ ့အကောင်းအဆိုးကို ကိုယ့်ရဲ ့သားစဉ်မြေးဆက်အထိ အကျိုးသက်ရောက်ပါတယ်..
မြန်မာရာဇဝင် သူရဲကောင်းချင်းတော့ တူပါတယ်.သေသွာတာချင်းတူတယ်..ဂုဏ်သတင်းချင်းတော့ မတူပါဘူး..
အခုလဲ အာဇာနည်ကိုး ယောက် အသက်ပေးသွားတာက သူများနိုင်ငံ သူများလူမျိုးကို သွားစော်ကားလို ့သွားဖျက်ဆီးလို ့မဟုတ်ဘူး.
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်လို ့မဟုတ်ဘူး..ကိုယ့်လူမျိုးအတွက် ငရဲအကျခံပြီး
အင်္ဂလိပ်တွေတော်လှန်ခဲ့တာ..မြန်မာ့လွပ်လပ်ရေးအတွက် ဆွေးနွေးရင်းနဲ ့အသက်ပေးခဲ့တာ..
.ဒီလိုသူရဲကောင်းတွေက ထာဝရ လေးစားသင့်တဲ့သူရဲကောင်းတွေပါ..ကျွန်မတို ့တွေ ..ဗိုလ်ချုပ်လို
့နိုင်ငံနဲ ့အမျိုးဘာသာ သာသနာအတွက် အသက်ပေးဖို ့မလိုဘူး..ကျွန်မတို ့နိုင်ငံဂုဏ်မညှိုးအောင် ကျွန်မတို ့လူမျိုးမပျက်စီးအောင် ကျွန်မတို ့ဘာသာ သာသနာမကွယ်အောင်
အသိလေးနဲ ့ကာကွယ်ယုံပါ….အသက်ပေးဖို ့မလိုတော့ပါဘူး…အဘိုးအဘွားတွေ အသက်သွေးနဲ ့ခင်းထားတဲ့ လမ်း အသိလေးနဲ ့လျှောက်ပေးယုံပါပဲ..
ကဲအာဇာနည်ပုဂ္ဂိုလ်တွေကို အလေးပြုတဲ့ သူငယ်ချင်းများ အသိလေးနဲ ့လျှောက်ပေးနိုင်လိမ့်မယ်လို ့ ကျွန်မထင်တယ်…ဘာလို ့လဲဆိုတော့ အမျိုးဘာသာ သာသနာ ချစ်တဲ့
စိတ်လေး လူတိုင်းရင်မှာရှိနေလို ့ပါ..တစ်ကယ်နည်းမှန်းလမ်းမှန်မချစ်တတ်သေးလို ့သာ မသိတာပါ..ဟုတ်တယ်ဟုတ်…

စစ်မှန်တဲ ့အာဇာနည်မျိုးချစ်စိတ်လေး ပိုင်ဆိုင်နိုင်ပါစေ..
လေးစားစွာဖြင့် ..

လူအမျိုးမျိူးစိတ်အထွေထွေမို ့လွတ်လပ်စွာ တွေးခေါ်နိုင်ပါသည်..
Written By ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)
http://www.haymonchan.blogspot.com
https://www.facebook.com/yourthulay

9 comments

  • kai

    July 19, 2013 at 4:54 pm

    ကမ္ဘာတန်း..ကမ္ဘာ့ နိုင်ငံတွေမှာတော့.. အာဇာနည်နေ့ရယ်လို့.. သတ်မှတ်ပြဌာန်းတဲ့နိုင်ငံ… သိပ်မရှိကြပေဘူးဗျ…
    လက်ချိုးရေလို့ရလောက်တယ်..။

    အဲဒါလေး.. မတူတဲ့အတွေးပေါ်လာအောင်.. ချပြတာ…။ :mrgreen:

  • အလင်း ဆက်

    July 19, 2013 at 9:53 pm

    မျိုးချစ်စိတ်တော့….
    ပိုင်နိုင်အောင် ကြိုးစားနေပါတယ် ။
    လိုပါသေးတယ် ။

  • padonmar

    July 19, 2013 at 10:39 pm

    ကျန်စစ်သားမင်းကြီးကတော့ ပြည်သူချစ်သော နယ်မချဲ့သော မင်းကြီးဖြစ်မယ်ထင်ပါတယ်။

  • ဝင့်ပြုံးမြင့်

    July 20, 2013 at 1:02 am

    (အလောင်းဘုရား တတိယမြန်မာနိုင်ငံ ထူထောင်ထို ့မွန်လူမျိုးတွေ မွန်ထီးနန်းကို စွန် ့ရတယ်..)
    အဲဒါလေး တစ်ကြောင်းတော့ မထောက်ခံပါ။ အလောင်းဘုရားသာ တတိယမြန်မာနိုင်ငံတော် မထူထောင်ခဲ့ရင် ခုလောက်ဆို ဗမာလူမျိုး မရှိတော့ပါ။ မွန်က လူသတ်ပိုကြမ်းပြီး ဗမာများကို ပိုနှိပ်စက်နိုင်သောကြောင့်ဖြစ်ပါတယ်။ မွန်တို့ကသာလျှင် ဗမာဘုရင် မဟာဓမ္မရာဇာဓိပတိကို နန်းချပြီး ဗမာ့ထီးနန်းကို သိမ်းပိုက်ထားခြင်းဖြစ်ပါတယ်။ အလောင်းဘုရားဟာ တစ်ခတ်မှာတစ်ယောက်သာရှိနိုင်တဲ့ သူရဲကောင်းစစ်စစ်ဖြစ်ပါတယ်။
    အလောင်းဘုရားတော်လို့ ဟိုင်းကြီးကျွန်းကိစ္စမှာ ပြတ်သားခဲ့လို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်တွေရဲ့ သူ့ကျွန်ဘဝကို နှစ် ၁၀ဝ ခန့်နောက်ကျပြီးမှ ရောက်ခဲ့တာပါ။ အလောင်းဘုရားကြောင့်သာမဟုတ်ရင် မြန်မာတွေ သူ့ကျွန်ဘဝ နှစ် ၂၀ဝ ဖြစ်မှာပါ။
    မြန်မာတွေ သူ့ကျွန်ဘဝရောက်တာ ဆဌသံဃာယနာ အတင်ကောင်းတဲ့ မင်းတုန်းမင်းတြားကြီး ကောင်းမှုကြောင့်ပါ။ အသက်ငယ်လွန်းတဲ့ သီပေါမင်းကို တော့ အပြစ်မြင်ကြည့်လို့ မရပါ။

    • Inz@ghi

      July 20, 2013 at 8:17 am

      ဘာာာာာာာာာာာ
      မွန်က. လူသတ်ပိုကြမ်းဒယ်. ဟုတ်စ

      • Inz@ghi

        July 20, 2013 at 10:31 am

        ကျနော် ဖတ်ဖူးတဲ့ သမိုင်းမှာတော့ဖြင့် မွန် စစ်တပ်က ဗမာဘုန်းကြီးကို သတ်တာမတွေ့ဖူးဘူး
        (မှားလျင်ထောက်ပြပေးပါ). ဗမာဘုရင်ကသာ မွန်ဘုရင် ဗမာဘုန်းကြီးကို လှူတဲ့ကျောင်း
        မီးတင်ရှို့တာဖတ်ဖူးရဲ့. မွန်ရဟန်းတွေ ကိုသတ်တာ မွန်ပိဋကတ်တွေ လောင်တိုက်သွင်းတာ
        လည်းဖတ်ဖူးရဲ့. မွန်တွေဘက်ကတော့ မြန်မာ ပိဋကတ် ဘာလုပ်တယ်မဖတ်ဖူးဘူး
        စစ်နိုင်သူတို့ လားရာအရပ် မွန်တွေသာနိုင်ကြည့် သင်းတို့လည်း ဒါမျိုး
        လုပ်ကြမှာပဲ လို့ စောဒက တက်စရာတော့ရှိသဗျ.
        သို့သော် သည်လိုလုပ်ခဲ့တယ်ဆိုတာ သမိုင်းဝင်ပီး သမိုင်းတွင်ခဲ့ပီမို့

        သည်ကိစ္စက လူမျိုးရေးချိုးနှိမ်မှု ရဲ့ မကောင်းတဲ့ ဝဋ် လိုက်နေတယ်ပဲမှတ်ရဲ့ဗျာ.
        ရောမက ခေါမကိုနိုင်တော့ လက်မှုပညာသယ်တွေ အတွေးအခေါ်ပညာရှင်တွေ ကို
        သိမ်းသွင်းခေါ်ဆောင် တန်ဖိုးထားရကောင်းမှန်းသိခဲ့လို့.
        ရီနေဆန်း ခေတ် ပေါ်ပေါက်ခဲ့ပီး ကမာ္ဘ့ အနုပညာသမိုင်း.
        တဆစ်ချိုးပြောင်းခဲ့တယ်.

        မွန်ဘုန်းကြီး သတ်တဲ့ ဘိရုမာတွေ ခညာ တော့
        ကိုယ် က ပုဂံလိုမြို့ ပြနိုင်ငံထူထောင်ချိန် သိမ်းမြစ်ထဲ
        ငါးဖမ်းစားနေခဲ့တဲ့ အရိုက်းအစိုင်းတွေ ကျွန်ပြုတာ ခံရသေးရဲ့မဟုတ်လားဗျာ

        အခန့်မသင့်တဲ့အခါ သမိုင်းမယ် စစ်ဆိုတာ ဖြစ်တတ်ကြတာချည်း.
        စစ်နိုင်သူတိုင်းကိုတော့ အပြစ်မဆိုလိုချင်ဘူးဗျာ
        ဘယ်သူနိုင်နိုင်ပါ. သို့သော် လူမျိုးကြီးဝါဒ ကျင့်သုံးသူ.
        ကိုယ့်ထက်သာ မနာလို မီးတင်ရှို့ သမိုင်းကိုဖျောက်
        နောင်လာနောက်သားတွေကို လိမ် ဒါမျိုး ကိုသာ မီးဒုတ်ရှို့ချင်ရဲ့

        သွားလေသူသခင်အောင်ဆန်းရယ်. ခီညားကို
        အူးအောင်ဇေယျ ဆိုတဲ့ ကျောက်ပေါက်မသက်သက်နဲ့
        အာဝဏာရှင် ပဒေသရာဇ် အသိုးကြီးနဲ့ နှိုင်းတာ ကျုပ်ရင်နာပါဘိ.
        အူးအောင်ဇေယျ မိဘတွေကလေ. သိလားး.
        မင်းညိုစံ နဲ့ စောညိမ်းဦး တဲ့. သူက မွန်ကရင်များလားကွယ်.
        မွန်ဗမာအရေးကိုပြောတဲ့အခါ ဘယ်ဘက်ပါးသော်လည်းကောင်း
        ညာဘက်ပါးသော်လည်းကောင်း အရိုက်ခံရသလိုခံစားမိတာမို့
        မဆွေးနွေးတော့ပါဘူးဗျာ.
        ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ မဟာသူရဲကောင်းဝါဒ လိုက်စားသူတွေကို သားမချစ်ဘူး သွားလေသူအဘိုးဗိုလ်ချုပ်ရယ်

        P.S ဩဂျရိုး ကိစ္စ လိုအပ်ပါက အစဆွဲထုတ်ပါမီ.

  • အရီးခင်လတ်

    July 21, 2013 at 1:34 pm

    {{
    အဲ့လိုဖော်တာ အရှက်အကြောက်တရားမရှိတဲ့ အနောက်နိုင်ငံကလူတွေအကျင့်ပါ..
    သူတို ့မှာ လင့်ဝတ္တရား မယားဝတ္တရားမရှိဘူး..ကာမေသုကံဆိုတာမရှိဘူး..ဖြစ်သလိုနေလို ့ရတယ်..
    }}

    အရီးလဲ အရင်ကတော့ အနောက်တိုင်းက လူတွေကို အဲဒီလို ထင်ခဲ့တာပါ။
    ဒါပေမဲ့ ကာလဘဲ ပြောင်းသွားလို့လား။ တို့တွေ ဘဲ Brain Wash လုပ်ထားခံခဲ့ရလို့လား မသိ။
    လက်တွေ့မှာ အင်မတန်ယဉ်ကျေးပြီး မိသားစုဘဝ ကို တန်ဖိုးထား တဲ့ အနောက်တိုင်းသားတွေ၊ အရှက်အကြောက်တရား ရှိတဲ့ အနောက်တိုင်းသားတွေ အများကြီးပါဘဲ။
    ဘဝ ကို ဖြစ်သလို ပရမ်းမတာ မနေကြပါဘူး။
    အဖိုး အဖွားကြီး တွေ ဆို အိုချိန်ထိ တစ်ယောက်ကိုတစ်ယောက် ဖေးမ နေတာ မြင်ရသမို့ တကယ်ကြည်နူး အတုယူစရာပါ။
    သတိထားမိတာ ကတော့ ဒီက လူတွေ က ငွေနောက် ကို လိုက်နေတာထက် မိသားစု နဲ့ ပျော်နေကြတာဘဲ။
    ဒါကလဲ နေရာ ဒေသထက် လူရဲ့ အသိဉာဏ် ပညာ ပေါ်မှာဘဲ မူတည်ပါတယ်။
    မြန်မာပြည်မှာ နေရာတိုင်း မှိုလိုပေါက်နေတဲ့ ကရာအိုကေ တွေ၊ မာဆတ် တွေ ဟာ ဒီလို အနောက်တိုင်းတွေ မှာ မှိုလိုပေါက်မနေတာတော့ အမှန်ဘဲ။
    တော်ရုံ ပညာတတ် အသိုင်းအဝိုင်း ကလူတွေ ဆေးလိပ်၊ အရက် ရှောင်တာ ဒီမှာ ယဉ်ကျေးမှုဖြစ်လာပြီ။

    မြန်မာပြည်မှာ သူများတွေ ဆီက မကောင်းတာ တွေ အဝင်များနေပြီး ကောင်းတာတွေ ယူဖို့ လွတ် နေတာ ဝမ်းနည်းစရာဘဲ။

  • kai

    July 21, 2013 at 2:09 pm

    အဲ့လိုဖော်တာ
    အရှက်အကြောက်တရားမရှိတဲ့ အနောက်နိုင်ငံကလူတွေအကျင့်ပါ..သူတို ့မှာ လင့်ဝတ္တရား မယားဝတ္တရားမရှိဘူး..ကာမေသုကံဆိုတာမရှိဘူး..ဖြစ်သလိုနေလို ့ရတယ်..ကျွန်မတို ့
    ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ လူ ့ကျင့်ဝတ် မယားကျင့်ဝတ် လင့်ကျင့်ဝတ်ရှိတယ်..ဂါရဝတရားရှိတယ်..

    အဲ့ဒီဂါရဝတရားတွေက .လူ ့ဘဝရဲ ့လေးနက်တဲ့ တန်ဖိုးတစ်ခုပါ..အဲ့ဒီသတ်မှတ်ချက်တွေမရှိတာဟာ..ခွေးလေးကြောင်လေးတွေပါ..ဘာကျင့်ဝတ်မှ မလိုဘူး.

    … မှားယွင်းတဲ့.. အစွန်းရောက်အတွေးလို့ထောက်ပြချင်မိတယ်…
    ကိုယ်တိုင်ဆယ်စုနှစ်တခုမကချီပြီး.. အနောက်နိုင်ငံမှာနေတဲ့အခါ.. (လက်တွေ့ကျကျအမြင်အရ..) အဲဒီအမြင်..အတွေး..အရေးတွေဟာမှားတယ်လို့.. ထောက်ပြလိုပါတယ်…။

    စာတခုလုံးကိုခြုံဖတ်ရင်လည်း.. ရွာသူလေးချမ်းချမ်းအတွေး.. အရေးတွေဟာ.. လက်ယာဖက်ယိမ်းလွန်းနေတယ်လို့…..
    ကွန်ဆာဗေးတစ်ဖြစ်ိလွန်းနေတယ်လို့…

    ဂေါတမဗုဒ္ဓဟာ.. အလယ်အလတ်လမ်းစဉ်.. အစွန်းနှစ်ဖက်လွတ်သည့် မဇ္ဈိမပဋိ ပဋာအတွေးအခေါ်ကိုသာပြောဟောပါကြောင်း…။

Leave a Reply