ကျွန်တော် နဲ့ဘာဆက်စပ်မှုမှမရှိတဲ့  ဒီအိမ်ပေါ်ကို………ဘယ်လိုအတွေး…ဘယ်လိုသတ္တိတွေနဲ့…..လျပ်တပြက်အတွင်းမှာ ဆုံးဖြတ်ချက် ချပြီးတက်သွားရဲ တဲ့

ကိုယ့်စိတ်ကို…ကိုယ့်ဖာသာတောင်နားမလည်နိုင်တော့………..။အိမ်ပေါ်မှာထမင်းစားဖို့ ပြင်နေတဲ့အိမ်သားတွေထဲ…..အသက်ကြီးကြီးနဲ့  အဘတစ်ယောက်က…ဟေ့…..ဘာဖြစ်လို့လည်း

ကျွန်တော့ကိုရဲတွေလိုက်ဖမ်းနေလို့ပါ…ဟု စိုးတထိတ်ထိတ် နဲ့……. ရိုးသားစွာပြောမိလိုက်သည်   ……သွားသွား….အခန်းထဲမှာပုန်းနေ တဲ့

ကျန်တဲ့မိသားစုတွေကအဆိုးအကောင်းဘာမှမမေးကြ…….အဘကြီး`၏ စကားကိုနားထောင်ရင်းကျွန်တော့ကိုအကဲခတ်နေဟန်တူသည်…….

ထမင်းဝင်စားပါလား….လို့ပြောတော့ ကျွန်တော်ကမဆာတဲ့ အကြောင်း…ဘယ်ကိုသွားမှာလည်း..မော်တော်ဆိပ်ကို သွားမှာဖြစ်ကြောင်း

သွားတတ်သလား ဆိုတော့……မသွားတတ်ကြောင်း….မေးသမျှတွေကိုတခုပြီးတခုပြောပြနေပါတယ်…..ဒါဆိုဒီမြို့ ကမဟုတ်ဖူးပေါ့….

ကျွန်တော်ကခေါင်းငြိမ့် ပြရင်း..အဘက…လက်သုတ်နေတဲ့ ကောင်လေးနှစ်ယောက်ကိုစကားတစ်ခွန်း လှမ်းပြောလိုက်တယ်

လမ်းထိပ်ကိုသွားကြည့်စမ်း…..ပြီးရင် ဒီခလေးကိုမော်တော်ဆိပ်ထိလိုက်ပို့ပေး……လိုက်တဲ့….။

အဖြစ်အပျက်တွေက ပူတလှည့် အေးတလှည့်မို့ကိုယ့် စိတ်ကိုဒုံးဒုံး မချရဲသေး……အဘကိုကျေးဇူးတင်စကားပြောဖို့မေ့ရင်း

အိမ်ပေါ်ကဆင်းလိုက်သွားခဲ့တယ်…….ကောင်လေးနှစ်ယောက်ရဲ့  ရှေ့  နဲ့ နောက်နဲ့ ကြားထဲ မှာလိုက်လာရင်း မော်တော်ဆိပ်ကိုရောက်ခဲ့တယ်

မွန်းတည့်ကျော်ပြီ ဖြစ်၍ ရွာကမော်တော်တွေ မရှိနိုင်တော့………ဟော..အထက်မော်တော်ပေါ်မှာ……ကျော်အောင့်ကိုတွေ့ပြီ

မော်တော်ပေါ်တက်ပြီးကျော်အောင့်ကို………မင်းအင်္ကျီချွတ်  မော်တော်ပေါ်ကခမောက်တလုံးခဏယူဆောင်းထား

မြစ်ဖက်ကိုမျက်နှာလှည့်နေ..ရဲတွေမမှတ်မိအောင်…ကျွန်တော့အင်္ကျီကိုကျော်အောင့်ကို ပေးရင်းတိုးတိုးလေးပြောလိုက်တယ်…..မော်တော်ထွက်တော့မှာမို့

ကောင်လေးနှစ်ယောက် နဲ့…… ကျေးဇူးတင်စကား ပြောဖို့မေ့သွားတဲ့ အဘအတွက်ဈေးထဲကမုန့်တွေ အပြေးဝယ်ရင်းပေးနိုင်ခဲ့တယ်…….

သိပ်မကြာခင်မှာပဲ….မော်တော်စက်နိုးသံတွေဟာတ ဖုန်းဖုန်း တဒိုင်းဒိုင်းနဲ့ ..နားကွဲမတတ် ဆူညံပွက်လောရိုက်တော့တာပါပဲ……..

ကျွန်တော့အ တွက်တော့ အချို မြိန်ဆုံးသော……ဂီတသံတွေလို…နားထဲမှာကြားယောင်ရင်း

နွေးနွေး နဲ့ သားလေး ဆီသို့…..အမြန်ဆုံးပြန်ရောက်ချင်စိတ်သာစိုးမိုးနေပါတော့တယ်…………။

 

 

 

 

About ဦး ကြိမ်

ဦး ကြိမ် has written 8 post in this Website..

ရို သား ဖျောင့်မတ် ခြင်းကို နိုင်သရွေ့ ထမ်းပိုးရင်း လောကလမ်းကို လျှောက်နေသူပါ..........။