ကျောင်းသားလူငယ်/အနုပညာ/စွန့်ပစ်ပစ္စည်း/ပြပွဲပြိုင်ပွဲ (၁)

ဇီဇီJuly 29, 20138min39226

IMG_4647

 

ပြီးခဲ့တဲ့ တစ်ပတ်က ဆိုက်ထဲသွားရင်း တွေ့လာတဲ့ ပွဲလေးတစ်ခုပေါ့။

ကျနော့ ဆိုက်က များသောအားဖြင့် ရှော့ပင်းစင်တာတွေမှာ ရှိတာ။

အပြန်ကျရင် သွားချင်ရာသွားးး ဝယ်ချင်ရာဝယ်ရုံပဲ။

ထားပါတော့။ အဲဒါ သွားရင်းလာရင်း အဲ့ဒီ နေရာ စုစုလေးကို မြင်လိုက်တာ အလုပ်ထဲကို အာရုံက မရတော့ဘူးးး။

ပြီးပြီ ဆိုတာနဲ့ တန်းပြေးတာ။ ပြေးသာ ပြေးရ ဖုန်းတစ်ခုပဲ ပါတာ။ အဲတော့ ဖုန်းကင်မလာလေးနဲ့ပဲ ကြိုးစားရိုက်ခဲ့တာပါ။

ကြည့်လိုက်ပါဦးနော်။

 

ဟို အရင် အာတီဒုံ ပို့(စ) မှာပြောဖူးတယ်ထင်ပါတယ်။ ဒီက ကျောင်းတွေမှာ ပရောဂျက်လေးတွေရှိရင် နေရာ အနှံ့က အိမ်တွေကို အိတ် (ဒါမှမဟုတ်) ပုံးလေးတွေ ကို ကျောင်းသားလေးတွေက လာထားလေ့ရှိပါတယ်။

အိမ်မှာ လည်း မသုံးချင်၊ လုံးဝ လွှတ်ပစ်ရလောက်အောင်လည်း မဟုတ်သေးးး နှမြောနေသေးရင် စတဲ့ ပစ္စည်းတွေကို ပေးလိုက်လို့ရတယ်။

ဒါမှမဟုတ် ဘာပစ္စည်းပဲ ပစ်ပစ် အစားအသောက်ဟောင်းတွေနဲ့ ညစ်ပေနေတာမျိုးမဟုတ်ရင် ယူသွားပါတယ်။

ကျနော်လည်း ကိုယ့်တွေ့မကြုံခင်က ဘယ်လိုများလုပ်ကြတုန်းပေါ့။

ခု ပြပွဲလေးက ကျောင်းတွေက ကလေးတွေ ဒီလို ရီဆိုင်ကယ် ပစ္စည်းလေးတွေသုံးပြီး ဖန်တီးထားတဲ့ အရာလေးတွေကို ပြထားတဲ့ ပွဲလေးပါ။

၁) ဘယ်လို ပစ္စည်းလေးတွေ သုံးပြီး ဖန်တီးထားလဲ။

၂) ဘယ်လို အတွေးတွေနဲ့ ဖန်တီးထားလဲ။

၃) ဘာလေးတွေ ဖန်တီးထားလဲ စသည်ဖြင့်တွေ့ကြရမှာပါ။ ပြခန်း အကုန် ဆိုရင် ၁၀ဝ ကျော်ရှိတာပါ။ ကျနော် အလုပ်ဆင်းချိန် လိုက်ရိုက်ရတာမို့ ကမန်းကတန်းနဲ့ ၆ဝ လောက်ပဲ ပါပါတယ်။ ၂ ပို့(စ) ခွဲတင်ပါ့မယ်။

သူ့တို့ရဲ့ အိုင်ဒီယာလေးတွေကို ဓာတ်ပုံအောက်မှာ မူရင်း အတိုင်းရေး ချင်သော်ငြားးး ဘာသာပြန်ခိုင်းမှာ စိုးလို့ မရေးတော့ပါဘူးးး  :mrgreen:

 

သိချင်တဲ့ ပုံကိုသာ မေးပါတော့ ပြောပြပါ့မယ်။ ဘာပစ္စည်းလေးတွေ သုံးထားတယ် ဆိုတာက ကျနော် မှတ်မိသလောက် ပြောပြပါ့မယ်။ ဘာပုံလေးတွေ ဖန်တီးထားတယ်ဆိုတာတော့ ဓာတ်ပုံမှာ မြင်ရပါ့မယ်။

IMG_4655
Title – Texture City
၁) အင်္ကျီစ အဆင်လေးတွေ အတိုင်း ခဲခြစ်ပြီးပုံဖော်ထားတာပါ။

 

IMG_4657
Title – Avant-Garde Crayon
၂) ဒါက ဖယောင်းပုံဆွဲခဲတံမျိုးနဲ့ ဆွဲထားတာပါ။

 

Title - Fashion Book ၃) စက္ကူအပိုင်းအစ/လက်ဆောင်ထုတ်တဲ့ စက္ကူတွေနဲ့ ဖန်တီးထားပါတယ်။
Title – Fashion Book
၃) စက္ကူအပိုင်းအစ/လက်ဆောင်ထုတ်တဲ့ စက္ကူတွေနဲ့ ဖန်တီးထားပါတယ်။
IMG_4661
Title – How I see myself
၄) ဖယောင်း နဲ့ ဆွဲထားတဲ့ ကိုယ်တိုင်ရေးပုံတူတွေပါ။ မူလတန်းကျောင်းသားလေးတွေပါ။

 

 

IMG_4663
Title – Corner of Inspiration
၅) ကြိုးစ ရောင်စုံလေးတွေကို ကပ်ပြီး ပုံဖော်ထားပါတယ်။

 

 

IMG_4665
Title – Our Neighbouthood/Our Home
၆) ကြက်ဥထည့်ရောင်းလေ့ရှိတဲ့ ကတ်ထူစက္ကူခွက်တွေကို ဆေးရောင်ချယ်ထားတာပါ။

 

 

IMG_4667
Titel – Hide and Seek/Our Favorite Game
၇) ဒါကတော့ မြင်တဲ့ အတိုင်း ထိုင်ခုံနဲ့ သူငယ်ချင်းတစ်စု ပုံလေးတွေနဲ့ ပြုလုပ်ထားတာပါ။

 

 

IMG_4670
Title – School
၈) ကျောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ပိုင်အတွေးကို ဆွဲထားတဲ့ ပုံလေးတွေ စုစည်းထားတာပါ။
IMG_4674
Title – Our Favorite Playing Things
၁၀) ဒါက အထက်တန်းး ကျောင်းသားတွေ ရဲ့ အတွေးပေါ့။ သေချာကြည့်မှ တစ်ခုချင်းဆီက ကစားနည်းတစ်မျိုးဆီပါပါတယ်။ လက်ဗွေပုံစံလေးတွေနဲ့ တင်စားထားတာပါ။

 

IMG_4676
Title – Colourful World
၁၁) ဒါက ပန်းချီလက်ရာတစ်ခုလို့ပဲ သိခဲ့လိုက်ပါတယ်။ ရောင်စုံလောကကြီးကို တင်စားထားတယ် ပြောပါတယ်။

 

IMG_4678
Title – Our Art Building
၁၂) ဒါက တစ်ဦးချင်းစီရဲ့ လက်ရာလေးတွေကို စုပေါင်းကပ်ထားခြင်းပါ။

 

IMG_4680
Title – Chasing our dreams
၁၃) ကတ်ထူပြားတွေနဲ့ ပုံဖော်ထားတဲ့ နဂါးပါ။
IMG_4685
Title – Diversity in Community
၁၅) ဖန်စရောင်စုံကို ကတ်ထားတာပါ။

 

 

IMG_4687
Title – Curiosity
၁၆) အတွေးတစ်ခုနဲ့ ဆွဲထားတဲ့ ပန်းချီလက်ရာလေးပါ။

 

 

IMG_4689
Title – The world around Us
၁၇) အနုစိတ်ဆွဲထားတဲ့ ပန်းချီနဲ့ အတွေးးး

 

 

IMG_4691
Title – Can you spot the Artists?
၁၈) တစ်ယောက်ချင်းစီရဲ့ အမြင်နဲ့ ဆွဲထားတာကို ပေါင်းစပ်ထားတာပါ။

 

 

IMG_4693
Title – My imaginary animals
၁၉) စိတ်ကူးထဲက အကောင်ပလောင်တွေကို ပုံဖော်ထားတာပါ။ မူလတန်းလက်ရာပါ။

 

 

IMG_4695
Title – Go in Peace. Don’t go into pieces
၂၀) ကတ်ထူတွေကို ချိုးပြီး ဆေးရောင်ဆိုးထားတဲ့ ဆင်ရုပ်။

 

 

IMG_4697
Title – Every child is an Artist
၂၁) ဒီ စက္ကူရုပ်တွေကတော့ ဘုရားပွဲက ပစ်တိုင်းထောင်လေးတွေ၊ ဖိုးဝရုပ်လေးတွေကို သတိရစေတယ်။

 

 

IMG_4699
Title – Land of Flowers
၂၂) ဒါက ကလေးတွေ ဆော့ရတဲ့ ပုံသွင်းခဲလေးတွေနဲ့ ပုံဖော်ထားတယ်လို့ ယူဆရပါတယ်။ မှန်ခန်းထဲမှာမို့ ထိကြည့်လိုမရ။

 

 

IMG_4702
Title – Big Step Little Feet
၂၃) ဒါကတော့ ဆွဲထားတဲ့ ပန်းချီမှာ ဖိနပ်ကြိုးလေးက အစစ်ပါ။

 

IMG_4704
Title – Fluttering Hearts
၂၄) ဆွဲထားတဲ့ ဆီဆေးကားမှာ စက္ကူရုပ်တွေ လိုက်ကပ်ပြီး ပုံဖော်ထားတာပါ။

 

IMG_4706
Title – Shredded Communicated strips
၂၅) ဒါက သတင်းစာ/ဂျာနယ်/စာစောင် အဟောင်းတွေ နဲ့ လုပ်ထားတာပါ။

 

IMG_4708
Title – Cats
၂၆) ကလေးတွေကို ကြောင်လေးတွေနဲ့ တင်စားထားတဲ့ ခဲခြစ်လေးးး၊ စာရေးကိရိယာတွေလည်း ပါသေးတယ်။

 

IMG_4710
Title – Majestic Beauty
၂၇) ဒါကတော့ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ လက်ရာမူ။

 

IMG_4712
Title – Our Amazing Little Hands
၂၈) ဒါကသေချာကြည့်ရင် လက်ဖဝါး/လက်ပုံစံ ပန်းချီကတ်တွေနဲ့ ပုံဖော်ထားတာပါ။

 

IMG_4714
Title – Balance
၂၉) နာရီအဟောင်းတွေနဲ့ ပြောချင်တာတွေ သရုပ်ဖော်ထားတာပါ။

 

IMG_4716
Title – Be inspired
၃၀) ဒါက ကျော်ကြားသူတို့ရဲ့ ပုံတူပါ။ လက်ရာမြောက်တယ်လို့ခံစားရပါတယ်။

26 comments

  • ဦးကြောင်ကြီး

    July 29, 2013 at 9:06 am

    ပျော့ပျော့လေးနဲ့ နံတဲ့ကြောင်ချီးကို ပန်းချီကားမှာ အရောင် ဆေးခြယ်ဖို့ သုံးနိုင်ရင် ဘောက်ကောင်းလိုက်မဲ… ပါဖျူးမ်အတွက်ဆို ကြောင်သေး… အနံ့ပျော့ပျော့ ကိုလုံးအတွက် ကြောင်ချီး… နိပ်ဟ..

    • KZ

      July 29, 2013 at 11:32 am

      များများစားပြီး ပါထားပြီး
      အောင်ကြူး အရင် သိမ်းထားလိုက်။
      ပရော့ဂျက်ရှိမှ ဆက်သွယ်လိုက်မယ် နော်။
      😛

  • ဗုံဗုံ

    July 29, 2013 at 10:23 am

    ဒီထဲမှာ နာရီအဟောင်းတွေနဲ့ သရုပ်ဖော်ပုံကြိုက်တယ်
    စဉ်းစားတတ်လို့
    မိဗုံလည်း အိမ်က ဒန်အိုးအဟောင်းတွေ ဒယ်အိုးအဟောင်းတွေနဲ့ သရုပ်ဖော်အုံးမှ :mrgreen:

    • KZ

      July 29, 2013 at 11:33 am

      ဗုံ့ မေမေ မျက်ခုံးလှုပ်နေလောက်ပြီ။ 😀

  • မင်းမင်း

    July 29, 2013 at 11:13 am

    အတွေးစိတ်ကူးလေးတွေကို အကောင်အထည်ဖော်ပြီးပြထားတာ

    အတုယူစရာပါ။ ဒီလိုသိအောင်ဖော်ပြပေးလို့ လူတွေ အသိတမျိုးမျိုးရနိုင်ပါတယ်။

    ရလို့လဲ အားပေးကြတယ်ထင်ပါတယ်။

    သုတ တွေရလို့ ကျေးဇူးပါ။

    ပိုပြီးအမြင်ကျယ်လေရအောင် အပိုင်း နှစ်ကိုသွားလိုက်ပါအုံးမယ်။

    • KZ

      July 29, 2013 at 11:36 am

      အန်လကယ် မင်းမင်းရေ။
      ဟုတ်တယ်။
      ကျနော်ကိုယ်တိုင် ကြည့်ရင်းနဲ့ကို ဒီလို လုပ်လို့လည်း ရပါလားဆိုတဲ့ အတွေးရသွားတယ်။
      အမှိုက်က စ ပြဿဒ်မီးလောင်မဲ့ အစား ရွှေဖြစ်အောင် လုပ်နိုင်ကြရင် ပိုကောင်းမလားပဲ။
      ပြောပါတယ်ဗျာ။
      ကျနော်တို့ အတွေးတွေ က ဘောင်ထဲရောက်ကုန်ပြီလို့။
      အမှိုက်ဆိုရင် သုံးစားမရဘူးလို့ပဲ သိတော့တာကလားးးး 😀

  • အရီးခင်

    July 29, 2013 at 2:17 pm

    မြန်မာပြည်မှာလဲ သတင်းစာအဟောင်း၊ ဂျာနယ်အဟောင်း၊ ပလပ်စတစ်၊ သံတိုသံစ အလကားမဖြစ်။ ငွေတောင်ဖြစ်ပါသေး။ 😉
    ဒီပြပွဲ ထဲ က Creative အစွမ်းရှိတဲ့ ကလေးတွေ ထဲ တို့ မြန်မာလေးတွေ လဲ ပါနေမှာ သေချာပါတယ်။

    • KZ

      July 29, 2013 at 3:06 pm

      မှန်ပါ့ဗျာ အရီးရေ။
      မြန်မာ ကလေးတွေ ရဲ့ ဉာဏ်ရည်က တခြားကလေးတွေနဲ့ ယှဉ်နိုင်ပါတယ်။
      ချုပ်ချယ်မှု မရှိတဲ့ ဖန်တီးမှုတိုင်းမှာ ကျနော်တို့ ဆီက ကျောင်းသားတွေ က ထိပ်တန်းမှာချည်းပါပဲ။ 🙂

      ကျနော်တို့ လူမျိုးက ဉာဏ်ရည် အရ တော်ပါတယ်။
      စိတ်ဓာတ် အရလည်း အခြေခံ အားဖြင့်ကောင်းကြပါတယ်။ (ဟီးးး ဒီလောက်ပဲ ပြောပါရစေ)
      မျိုးစေ့မှန် တယ် ခေါ်မှာပေါ့။
      ရေမြေကောင်းတဲ့နေရာမှာ စိုက်ပျိုးနည်းလေးကောင်းသာ ကောင်းးးးးးးရင်………………….. ။ 😀

  • Ma Ma

    July 29, 2013 at 4:08 pm

    နာရီအဟောင်းတွေနဲ့ ပြောချင်တာကို သရုပ်ဖော်ထားတာကို ကြည့်ပြီးးးးး
    တီထွင်ဖန်တီးမှုနဲ့ ပေါင်းလိုက်တာ စွန့်ပစ်ပစ္စည်းဆိုတာတောင် ပျောက်သွားတယ်။

    တရားတစ်ပုဒ်နာဖူးတဲ့အထဲမှာ အမှိုက်ဆိုတာကို အဓိပ္ပါယ်ဖော်ထားတာ….
    အသုံးမကျတာကို အမှိုက်လို့ ပြောတာမဟုတ်ပဲ
    အမှိုက်ဆိုတာ နေရာမှားနေတဲ့ အရာတဲ့။

    • KZ

      July 29, 2013 at 4:17 pm

      ဟုတ်တာပေါ့ မမရေ။
      မှတ်ထားရဦးမယ်။
      ပကတိ တန်ဖိုးဘယ်လောက်မြင့်မြင့် သူ့ကို အသုံးမချနိုင်တဲ့ နေရာရောက်ရင် အမှိုက်ဖြစ်တာပဲပေါ့နော်။
      🙂

  • မဟာရာဇာ အံစာတုံး

    July 29, 2013 at 4:39 pm

    Big Step Little Feet

    ဒီပုံလေးကို အတော် သဘောကျဒယ် …
    ဖိနပ်ကြိုး အစစ်ကို သုံးထားခြင်းထက် ..
    ဆွဲထားတဲ့ ပန်းချီပုံရဲ့ အဒိဘယ် ကို သဘောကျတာ … နှစ်ခြိုက်တာ …
    ဂွတ်ထ ဘဲ မမကေဇက် ရာ ..

    • KZ

      July 29, 2013 at 4:56 pm

      ကျန်းးးးး
      မောင်ဂလေးက သေချာကို ကြည့်သွားတာတော့။
      ဒီပုံကလေး က အတွေးရော၊ သရုပ်ဖော်တာလေးရော ကောင်းတယ်။ 🙂

  • Mr. MarGa

    July 29, 2013 at 7:30 pm

    ပုံတွေကို ကြည့်လိုက်တယ်
    အတွေးတစ်စ ထွက်လာတယ်
    ဪ………..တစ်ချိန်က ငုံ့ကြည့်ခဲ့ရတဲ့ တိုင်းပြည်
    အခုတော့ မော့ကြည့်နေရပြီ
    ကလေးချင်း တူရင်တောင်
    ငါတို့ ကလေးတွေမတော့ ဒီလို အခွင့်အရေးတွေ အခွင့်အလမ်းတွေ ရဖို့က ဝေးနေဆဲပါလား လို့
    ဒီအတွေးကိုတော့ အားငယ်တယ်ဆိုပြီး အပြစ် မဆိုလောက်ဖူး ထင်ပါရဲ့လေ
    🙁

    • KZ

      July 30, 2013 at 5:49 pm

      အားမငယ်ပါနဲ့ တဂျားလေးရယ်။
      တို့ ဆီလည်း ဖြစ်လာမှာပါ။
      ဘယ်တော့တုန်းလို့တော့မမေးကြေးးးး 😀

  • ဝင့်ပြုံးမြင့်

    July 30, 2013 at 1:11 am

    ဒီလောက်ပုံတွေ အများကြီးကို တင်ပေးတာ ကျေးဇူးတင်လိုက်တာ မခိုင်ဇာရယ်။ အံ့လည်း အံ့ဩသွားတယ်။ တိုင်တယ်ပေးပုံကအစ ပညာရင့်လိုက်တာနော်။ သူတု့ိနိုင်ငံက ကလေးကို ဒီက လူကြီးကတောင် ကြောက်နေရပြီ။

    • KZ

      July 30, 2013 at 5:48 pm

      ကျနော် ဆို တိုင်တယ် နဲ့ ပုံနဲ့ တွဲကြည့်ရတယ်။
      ဒီ တိုင်း ဆို သဘောမပေါက်လို့။ ဟီးဟီးးး 😀

  • kyaw swar kaung

    July 30, 2013 at 2:40 am

    KZ
    ဒီပို ့စ်ကို ဖတ်ခွင့် ကြည့်ခွင့်ရတဲ့အတွက် ကျေးဇူးပါ…
    ပုံတော်တော်များများကို သဘောကျပါတယ်..ချီးကျူးပါတယ်..။ အတွေးအခေးရော လက်ရာပါ အရမ်းကောင်းတယ်..။
    ကလေးတွေလို ့ထောင် မထင်ရပါဘူး..။
    ခုဒီဘက်မှာဆို ကလေးအတွေး ကလေးလက်ရေး ကလေးလက်ရာစတိုင်နဲ ့နာမည်ကြီး လုပ်ငန်းကြီးတွေကအစ ကြော်ငြာအဖြစ်
    သုံးတယ်..။
    မြန်မာကလေးတွေ တော်ပါတယ်.. လိုအပ်နေတာက ပံ့့ပိုးမှုပါ။
    ခုပွဲက ဘယ်နိုင်ငံမှာလဲ မခိုင်။

    • KZ

      July 30, 2013 at 5:47 pm

      စင်ကာပူမှာ ပါ ကိုကျော်စွာ။
      😛

  • padonmar

    July 30, 2013 at 3:38 am

    မယ်ဆွိရေ၊ကျေးဇူးပါ။ကြိုးစားပမ်းစား မျှဝေပေးလို့။
    အမှိုက်ကရွှေ ဖြစ်အောင်လုပ်တဲ့ ချင်ကျားပူ ကလေးတွေကို ချီးကျူးပါတယ်။
    ဒို့ကလေးတွေလည်း ဒီလို လုပ်ခွင့်ရရင် ဒီလိုပဲ တော်ကြမှာပါ။

    • KZ

      July 30, 2013 at 5:47 pm

      ကျနော်တို့ ကလေးတွေ က ဉာဏ် ပိုကောင်းပါတယ် အာတီဒုံရေ။ 🙂

  • TNA

    July 30, 2013 at 8:25 am

    စိတ်ကူးကောင်းလိုက်တာ။ သားကိုပြဖို့သိမ်းထားလိုက်အုံးမယ်။ သူတို့လဲလုပ်တော့လုပ်တယ် ပြပွဲထိတော့ မဖြစ်လာဘူး။ အိမ်ကနေ ပိတ်စလက်ဝါးလောက်ကလေးတွေဖြတ်ပေးလိုက်ရသေးတယ်။ သတင်းစာနဲ့တော့ သစ်ကုလားအုပ်လုပ်လာသေးတယ်။ နောက် တခါသုံးထမင်းစားဖော့ပန်းကန်ပြားနဲ့ နာရီလုပ်ထား တယ်။ ကေဇီပြောတဲ့ဟာမျိုးဖြစ်မယ်ထင်တယ်နော်။

    • KZ

      July 30, 2013 at 5:46 pm

      ကလေးတွေ ရဲ့ ဖန်တီးနိုင်မှု စွမ်းရည်ကို သိရတာပေါ့ မွသဲရေ။

      စု၊ တု၊ ပြု လို့လည်း ရတာပေါ့။

      🙂

      • Min Zarni

        July 30, 2013 at 5:53 pm

        တချို့လက်သရမ်းတဲ့ကောင်တွေ ကျတော့
        စု စု ပြီးမှ ဖျက်တာဗျ. ငိငိ

        တော်သေးတယ် မဟာဂီတဲ့ နီးစပ်တဲ့ ရှီး က
        သူ့ပိတ်သတ်မဟုတ်လို့

        • KZ

          July 30, 2013 at 5:58 pm

          နာ့ ပို့(စ) မှာ သူ့ ကြွားခွင် မရှိတာကို ရအောင် ကြွားသွားသေးးး
          လေးစားလောက်ပါရဲ့။
          ပညာ တစ်ဝက်လောက် ပေးပါ။ 😀

      • ဦးကျောက်ခဲ

        July 30, 2013 at 6:13 pm

        အိမ်က ပစ္စည်းအကောင်းတွေကို ဖျက်…
        စု၊ တု၊ ပြု ပြီး စွမ်းရည်ပြမည့် ကလေးများနဲ့ တွေ့ပါစေကွယ်…
        ဟီ ဟိ 🙂

Leave a Reply