ကျောင်းသားလူငယ်/အနုပညာ/စွန့်ပစ်ပစ္စည်း/ပြပွဲ ပြိုင်ပွဲ (၂)

ဇီဇီJuly 29, 201310min35025

 

IMG_4727

 

 

ပြီးတော့ လာကြည့်တဲ့ သူတွေကိုလည်း ပို့(စ) ကာတ် လေးတစ်ခုစီပေးပြီး ဗုဒ်ခိုင်းတာပါ။
ဘယ် လက်ရာ/အတွေးကို ကြိုက်တယ်။ ဘာကြောင့်ကြိုက်တယ်။
စိတ်အားတက်စေမဲ့ ကောမန့်လေး စသည်ဖြင့် ရေးခိုင်းတာပါ။ ကော်မန့်ပေးရတဲ့ လူတွေ ကလည်း အနုပညာ ဆန်ဆန်များပေးချင်ရင် ပေးလို့ရအောင် ရောင်စုံခဲတံ၊ စတစ်ကာ စသည်ဖြင့် ထိုင်ခုံလေးတွေမှာ တင်ပေးထားပါတယ်။
တော်တော်စည်ကားနေတယ်ပဲ ပြောရမှာပေါ့လေ။

ကလေးတွေရဲ့ ပကတိ အတွေး
ပကတိ လက်ရာ
အသုံးမဝင်တဲ့ ပစ္စည်းတွေကို ဘယ်လို အသုံးဝင် အောင် သုံးရမလည်းဆိုတဲ့ အတွေ့ အကြုံ
စတာတွေ တိုးတက်လာနိုင်တဲ့ ပွဲမျိုးမို့ သူများတော့မသိ။ ကျနော်တော့ ကိုယ်တိုင် လည်း ထစ်ကနဲရှိ လွှတ်ပစ်မယ်ဆိုတဲ့ အကျင့်ကြီးဖျောက်ပြီး တတ်နိုင်ရာလေး စဉ်းစားပြီး ပြန်သုံးမှပဲလို့ တွေးမိလို့။
(ကျနော် ဒီ မှာ နေတာ အမှိုက်ခွန်ပေးရတာ အတန်ဆုံးပါပဲ။ ဟီးးးးးးး)
ဒါမဲ့ ကျနော်တို့ အတွေးတွေက ကလေးလေးတွေ အတွေးလောက်တောင် မကျယ်ပြန့်တော့ပဲ ဘောင်ခတ်ထားတာ နေသားကျနေခဲ့ပါပြီ။

IMG_4718
Title – My Home
၃၁) ရှိတဲ့ ပန်းချီကား အဟောင်းပေါ်မှာ ဝက်ဝံပုံလေးတွေ ထပ်ဆွဲထားတာပါ။

 

IMG_4723
Title – Unity in Diversity
၃၂) ရွှံ့စေးလိုမျိုးကို အရောင်ချယ်ထားတာပါ။

 

IMG_4725
Title – Nine of M(I)NE
၃၃) ကိုယ့်ဘဝရဲ့ အရေးပါဆုံး ၉ ခုကို သီတင်းစာ စက္ကူတွေနဲ့ ပုံဖော်ထားပါတယ်။

 

IMG_4728
Title – The secret of my Treasure Box
၃၄) ပုံဆွဲ/အရောင်ချယ်ပြီးမှ ဖြတ်ညှပ်ပြီး ပြောချင်တာကို ပုံဖော်ထားပါတယ်။ ပုံးလေးထဲ ထည့်ထားတာပါ။

IMG_4730
Title – Pillars of the Living M.I.N.D.S
၃၅) ဒါက ပလာစတာမှုန့်နဲ့လုပ်ထားတာ။ တစ်ချို့တွေ ဆို ဘာဆိုလိုချင်တုန်း ကျနော်နားမလည်။

IMG_4732
Title – United We Stand, Divided We Fall
၃၆) ဒါက ဆေး မချယ်ထားတဲ့ ရွှံ့ရုပ်တွေ

IMG_4734
Title – Different walks of Life
၃၇) ကြွေရည်သုတ် ဖိနပ်လေးတွေ၊

IMG_4736
Title – New Awakening
၃၈) ဆီဆေးမှတ်တာပဲ။

IMG_4738
Title – Where m I?
၃၉) ပန်းချီကား အဟောင်းလေးတွေနဲ့ ဝင်္ကပါ လုပ်ထားတာ။

IMG_4740
Title – My Confident Self
၄၀) ကြယ်သီးတွေနဲ့ ပုံဖော်ထားတာပါ။

IMG_4742
Title – Treasured Memory
၄၁) ဖဲပြားလေးတွေ သုံးထားတာပါ။

IMG_4745
Title – An Artist, An Artpiece
၄၂) ဖော်မေကာ အပြားလေးတွေ

IMG_4747
Title – Happy Family
၄၃) ကြွေရည်သုတ် အရုပ်တွေ။ အိုးပုတ်တွေကို သတိရစေတယ်။

IMG_4750
Title – Our Mosaic Garden
၄၄) နံရံ အလှဆင် ကြွေပြားတွေပါ။

IMG_4752
Title – Life is like a tiers of cupcakes
၄၅) မုန့်ပုံစံလုပ်ထားတဲ့ ကြွေရည်သုတ် ပစ္စည်းလေးတွေပါ။

IMG_4754
Title – Swimmy
၄၆) ဒါက ခရုတွေနဲ့ ပြထားတဲ့ ပြကွက်

IMG_4756
Title – Friends or Foes
၄၇) ဒါက ခြတွေပါတဲ့။ ရှိတဲ့ အရုပ်လေးတွေနဲ့ သုံးထားတယ် ထင်ရဲ့

IMG_4758
Title – Standing Tall
၄၈) ဒါက ရှမွိုင်လို အစမျိုးတွေကို ဖြတ်ညှပ်ကပ်။

IMG_4760
Title – CHANGE!
၄၉) ဒါလည်း စွန့်ပစ် ကစားစရာတွေနဲ့ ဖော်ထားတဲ့ အိုင်ဒီရာ အသားပေးပြခန်းလေးပါ။

IMG_4762
Title – Windows into our Worlds
၅၀) ဆေးရောင်စုံ ပန်းချီ။ သင်္ဘောဆေးပါတဲ့။

IMG_4764
Title – Dreams
၅၁) အိမ်မက် အမျိုးမျိုးကို ကျောက်တုံးး ပုံစံ အမျိုးမျိုးနဲ့ ပုံဖော်ထားတာ။

IMG_4766
Title – Memories
၅၃) ဒါက ရီဆိုင်ကယ် အိတ်တွေသုံးပြီး ပြထားတာ။

IMG_4768
Title – Black & White
၅၄) တစ်ခါတစ်ရံ ဘဝရဲ့ ရိုးရှင်းမှုတွေကို အဖြူ အမည်းသုံးပြီး ပြထားတဲ့ အကွက်လေးတွေပါ။

IMG_4770
Title – Home, where Love beings
၅၅) ကြွေရည်သုတ် ပစ္စည်းသုံးထားတဲ့ အထဲ ဒါလေးပဲ နားလည်ပြီး အကြိုက်ဆုံးပဲ။

IMG_4774
Title – Mr. Johnny Fungus
၅၆) ဒါက တစ်ရှူးဘူး စတဲ့ အဟောင်းတွေနဲ့သုံးထားတာ။

IMG_4776
Title – I want to Fly
၅၇) မှို့သွတ် ခေါင်းအုံး နဲ့ ပန်းချီနဲ့ ရောသုံးထားတာပါ။

IMG_4778
Title – “S” for Self- Potrait
၅၈) ဒါက အနက်ရောင် အဝတ်အစားမှာ အမှုန်ကပ်ရင် လှိမ့်တဲ့ ဒလိမ့်လေးတွေကို သုံးထားတာပါ။ ဓာတ်ပုံလေးတွေ ကပ်ထားပြီး။

IMG_4780
Title – Up We Go
၅၉) ဒါက ပုလင်း အဖုံး ခွံတွေနဲ့ ဓာတ်ပုံတွေကို မီးပုံးပျံ ပုံ လုပ်ထားတာပါ။

IMG_4784
Title – Wonderful World
၆၀) ပလာစတာနဲ့လုပ်ထားတဲ့ အရုပ်တွေ… အထင်ကရ နေရာတွေပါ။

IMG_4786
Title – Future Me
၆၁) ကြက်တောင် ဘူးခွံတွေ

IMG_4788
Title – The World I see
၆၂) အဝတ်စ အဟောင်းတွေနဲ့ သရုပ်ဖော်ထားတာပါ။

နားလည်မှု လွဲမှားတစ်စုံတစ်ရာ ရှိခဲ့သော် ကျနော့ ချို့ယွင်းမှုသာဖြစ်ကြောင်းးးးး
ကျေးဇူးတင်ပါတယ်။   :mrgreen:

 

 

25 comments

  • ဗုံဗုံ

    July 29, 2013 at 10:20 am

    လှလိုက်တာ တော်လိုက်တာကလေးတွေက
    မမဂျီးနဲ့ မိဗုံနဲ့ အကြိုက်တူတယ်
    အသည်းပါရင်ကို ကြိုက်နေတော့တာ.. :mrgreen:
    မိဗုံတို့ဆီက စွန့်ပစ်ပစ္စည်းတွေကိုလည်း ပြစားမယ်လေ
    ဘယ်သူမှ ကြည့်နိုင်မှာမဟုတ်ဘူး နံစော်နေတာနဲ့ :mrgreen:

    • KZ

      July 29, 2013 at 11:29 am

      အဲ။
      ဗုံ ကလေးးးး
      မမဂျီးပြောတာ အဲဒီ နံစော်နေတဲ့ စွန့်ပစ် ပစ္စည်းပြောတာဟုတ်ဘူးးး

      :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 29, 2013 at 10:49 am

    ကျုပ်တိုူ့ဆီမှာတော့ ပလင်းခွံဆိုရင်ငံပြာရည် ရေနံဆီထည့်တယ်
    ဘူးတွေဆိုရင် အချိုမှုန့်တို့ ငြုပ်သီးမှုန့်တို့ ဆနွင်းမှုန့်တို့ထည့်တယ်
    အဲ့သည်နည်းနဲ့ စွန့်ပြစ်ပစ္စည်းတွေကို အသုံးချဂျဘါဒယ်

    • KZ

      July 29, 2013 at 11:28 am

      အဲဒါလည်း ရီစိုင်ကလင်း တစ်နည်းပဲ။
      :mrgreen:

  • မင်းမင်း

    July 29, 2013 at 11:22 am

    ကလေးတွေရဲ့ အတွေး အိုင်ဒီယာကောင်းကြ တော်ကြသလို့

    အန်တီခိုင်ဇာကလည်း တင်ဆက်ဖေါ်ထုတ်ဝေမျှမူ့အပိုင်းမှာလည်း

    အင်မတန်တော်ပါပေတယ်။(အားအားယားယားတော့မမြှောက်တတ်ဘူးမှတ်ပါလေ :mrgreen:

    • KZ

      July 29, 2013 at 11:26 am

      မန်းလေး လာမှ မုန့်ဝယ်ကျွေးမယ် အန်လကယ် မင်းမင်းကို။ 😀

  • အရီးခင်

    July 29, 2013 at 1:11 pm

    လက်ရာတွေက တကဲ့ ပရိုတွေ ဘဲ။
    ပန်ဒါလေး တွေ ကို အရမ်းချစ်တယ်။
    မျှပေးတာလေး ကျေးဇူးပါ ကေဇီ ရေ့။
    မင်းမင်းပြောတာ မှန်ပါ့။ 😛

    • KZ

      July 29, 2013 at 3:10 pm

      ကျနော်ဖြင့် ဓာတ်ပုံလိုက်ရိုက်ရင်းးးးး
      ကိုယ်သာဆို ဒီလို အတွေးမျိုး လက်ရာမျိုး
      မရနိုင် မလုပ်နိုင်ဘူး ဆိုတာ သေချာနေတာပဲ။ ဟီးဟီးးး

      ဖန်တီးနိုင်မှု အားနည်းခဲ့ပါတယ် အရီးရေ။ 😀

  • kai

    July 29, 2013 at 3:43 pm

    သီဟပူရီယန်( သီဟပူရီးစ်မဟုတ်) တွေ .. ဒီလိုနယ်ပယ်နေရာမျိုးမှာ.. အရင့်ပညာအရမ်းမြင့်တယ်ထင်မိတယ်…

    ကမ္ဘာတန်းအဆင့်မှီယုံမက.. ကျော်တယ်ထင်ကြောင်း. :kwi:

    • KZ

      July 29, 2013 at 4:00 pm

      ပိုက်ဆံနဲ့ ပတ်သက် ပညာတိုင်းမှာ သာပါတယ် တဂျီးရယ်။
      ဘာမဆို ဒါနဲ့ ပဲ တိုင်းကြတယ်။ 😀

      “Minimising waste makess Economic cents and Enviromental sense” တဲ့

  • မဟာရာဇာ အံစာတုံး

    July 29, 2013 at 4:49 pm

    ဒီပုံတွေလည်း မိုက်တယ် …
    ကျုပ်သာဆို ဘာမှ လုပ်တတ်မှာ မီဟုတ်ဝူးးး
    အဲ့လောက် တော်ဒါ … ဟီးးဟီးး :mrgreen:

    • KZ

      July 30, 2013 at 5:43 pm

      အခု တစ်ခု အောင်မြင်ပြီဟုတ်။
      ကွန်ဂရက်ကျူလေးရှင်းးး
      ခုမှ ပြောရမယ်။ နာ့မောင်လေးကို။ :mrgreen:

  • padonmar

    July 30, 2013 at 3:53 am

    တခါက YWCA မှာ တစ်ရက်တာ သင်တန်းစုံတက်ဖူးတယ်။
    သင်တန်းတစ်ခုကို ၅၀ဝ ပေးတက်ရတယ်။
    လက်ကိုင်ပန်းစည်းနည်း၊ထုပ်ပိုးစက္ကူတွေနဲ့ ခွက်ကလေးတွေ အလှခြယ်နည်း၊
    ငါးအကြေးခွံတွေကို ဆေးရောင်ခြယ်ကော်နဲ့ စက္ကူမှာကပ်ပြီး ပန်းချီကားလုပ်နည်း၊
    လမ်းဘေးက မြက်ပန်းကလေးတွေနဲ့ ပန်းချီလုပ်နည်း
    စိတ်ဝင်စားလို့ လိုက်သင်မိတယ်။
    အဲဒါလေးတွေ ကလေးတွေကို ကျောင်းမှာ ဖွံ့ဖြိုးရေးချိန်သင်ပေးရရင်ကောင်းမှာပဲ။

    • KZ

      July 30, 2013 at 5:41 pm

      ကျောင်းဖွံ့ဖြိုးချိန်တွေ ဘာသင်ကြလည်း မသိတော့ဘူး အာတီဒုံ။
      အနော် တို့တုန်းက မိန်းကလေး အိမ်တွင်းမှုတွေဘာတွေသင်သေးဗျ။

      🙂

  • Ma Ma

    July 30, 2013 at 10:56 am

    အခုဒီမှာလုပ်နေကြတဲ့ ကျောက်ပန်းချီဆိုတာလည်း စွန့်ပစ်ပစ္စည်းကို အကောင်းဆုံးနည်းနဲ့ အသုံးချနေတဲ့ ဝင်ငွေရပေါက်ရလမ်းကြီးတစ်ခုပေ့ါ။
    တွင်းထွက်ကျောက်တွေကို သွေးတဲ့အခါ ထွက်လာတဲ့ ကျောက်အစအနတွေကို ပန်းချီပညာနဲ့ လှပအောင်ပေါင်းစပ်လိုက်တော့ တန်ဖိုးရှိတဲ့ အလှဆင်ပစ္စည်း ဖြစ်လာတယ်။
    ကျောက်အစအနဖြစ်ပေမယ့် တွင်းထွက်မို့ ချက်ကျောက်ထက်စာရင် တန်ဖိုးရှိတာ အမှန်ပဲ။ 🙂

    • KZ

      July 30, 2013 at 5:39 pm

      ဟုတ်တယ်မမ။
      ကျနော်က ကျောက်ပန်းချီ အရမ်းသဘောကျတာ။
      မိုးကုတ်နေတုန်းက တော်တော်စုမိတယ်။ 🙂

  • Min Zarni

    July 30, 2013 at 11:59 am

    Shee တွေ့ရင် အတော် စိတ်ဝင်စားမှာဗျ…သူ့ကိုပြဖို့ မှတ်သွားပါဂျောင်း..
    ဒချိ..ဒချိ။

  • ဦးကျောက်ခဲ

    July 30, 2013 at 12:52 pm

    အင်းပေါ့လေ…
    မိလ္လာရေဆိုးကိုတောင် ပြန်သန့်စင်ပြီးသုံးကြတဲ့ ခြင်ကြားပူ ဆိုတော့…
    ဒေါ်မြလေး လေသံနဲ့ မန့်လိုက်မယ် “ပြောချင်ဘူး… ပြောချင်ဘူး” ဟီ ဟိ
    🙂

      • ဦးကျောက်ခဲ

        July 30, 2013 at 1:00 pm

        ကျောက်စ်နဲ့ ကိုမတ်တောင်မှ…
        Evian ရေသန့်ဝယ်သောက်ပြီး၊ ကျွန်းသူကျွန်းသားတွေအတွက်…
        အလှူဒါနပြုကြသူငါ၊ ကုသိုလ်ပြု၊ အားပေးခဲ့သေးတယ်ဗျ…
        သာဓု ခေါ်ကြပါ… ဟီ ဟိ
        🙂

        • KZ

          July 30, 2013 at 5:37 pm

          အာ။
          ဒီ အဖေနဲ့ ဒီ သား ဒီပို့(စ) ကို မနှောက်ပါလားလို့ မှတ်နေတာ။
          သောက်ရေက ဝယ်သုံးတာပါအေ။ နာမည်မဖျက်ကြပါနဲ့။ 🙂

  • ရွာစားကျော် မင်းနန္ဓာ

    July 30, 2013 at 2:50 pm


    ကလေးတွေရဲ့လက်ရာတဲ့
    ကိုယ်တွေ ဘယ်လိုမှ မစဉ်းစားမိတဲ့ အိုက်ဒီယာနဲ့ ဖန်တီးမှုတွေဗျ
    လေးစားလောက်တယ်..

    • KZ

      July 30, 2013 at 5:38 pm

      ကျနော်တို့က တခြား ပုံသေနည်းတွေ စဉ်းစားရသေးတာကိုးးး :mrgreen:

  • lele kyi

    July 31, 2013 at 10:13 am

    နောက်ကျပြီးမှဒီပိုစ့်ကိုရောက်လာမိတယ်။ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့သူတို့လက်ရာတွေပဲ။။suntec city မှာလုပ်တာလားဟင်။ မပြီးသေးရင်သွားကြည့်ချင်သေးတယ်။ တောမှာရောက်နေတဲ့ ကျမအတွက်က ခိုင်ဇာ တို့သတင်းပေးမှ သိရတာ။ လောကကြီးနဲ့ နဲနဲအဆက်ပြတ်နေသလိုပဲ။ နေမထွက်ခင်ရုံးရောက်။ နီယွန်မီးတွေလင်းမှအိမ်ရောက်နဲ့။ 🙁

    • KZ

      August 1, 2013 at 1:50 pm

      ခုမှပဲ ရီပလိုင်း ပြန်ရတော့မယ် လဲ့လဲ့ရေ။
      ကျနော်လည်း အလုပ်က အဲ့ဒီမှာမို့သာ သိလိုက်တာ။
      နို့မို့ မသိလိုက်မသိဘာသာဖြစ်နေမှာ။
      ပြီးခဲ့တဲ့ စနေကတော့ မရှိတော့ဘူးးးး
      ခရီးသွား လက်မှတ်ကိစ္စတွေ လုပ်နေကြတာတွေ့တာပဲ။
      🙂

Leave a Reply