အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၇၇)

မီးနီလေး တဖျတ်ဖျတ်နဲ့ ရဲတွေပါလာတဲ့ ဂျစ်ကားတစ်စီး ကျွန်တော်တို့

တန်းလျားဆောင်ရှေ့ လာရပ်တယ်။ ရဲအုပ်တစ်ယောက်နဲ့ရဲသားနှစ်ယောက်

ခုန်ဆင်းလာတာမြင်တော့ ကျွန်တော်လည်း ရင်တုန်သွားတယ်။ ကြောက်တဲ့စိတ်

က ဝမ်းထဲကနေ အေးစက်ပြီး စိမ့်ပျံ့ထွက်လာသလိုပဲ။ ဒီတစ်ချီတော့ သွားပဟ လို့

တွေးမိတယ်။ နောက်ဆုံးတော့ ရာဇဝတ်ဘေး ပြေးမလွတ်ပါလား။ ကျွန်တော့်ဘဝ

ဖန်လာပုံက အဲဒီလိုချည်းပဲ။ အဆင်ပြေမယ်ကြံရင် ကံကဆိုးပြီ။ အေးအေးသာသာ

ရပ်နေရတဲ့အချိန်လေး ခြေထောက်အောက်က ကောဇောကို ဆောင့်ဆွဲထည့်လိုက်သ

လိုမျိုးပေါ့။ ခုလည်း အချစ်စစ်နဲ့ တွေ့ပြီဟဲ့လို့ စိတ်ထဲ တနွေးလှိုက်လှိုက် ဖြစ်ရုံ ရှိသေး

ဂျေး အောင်းရမယ့် ကိန်းဆိုက်နေပါပကောလား။ ဧကရာဇ်ကြီး ရှားဂျဟန်လိုပေါ့ ..ချစ်တဲ့

သူနဲ့ ကွေကွင်းရတော့မှာ။ ကျွန်တော့်ရဲ့ မွမ်းတက်ဇ် မဟယ်လေး နီတာနဲ့ အဝေးကြီးဝေး

လို့ အကျဉ်းစံဘဝမှာ အထီးကျန်ပြီး ထောင်ထဲမှာပဲ ရင်ကွဲနာကျသေရတော့မှာပါလားလို့

တွေးမိပြီး ကြေကွဲသွားတယ်။

ရဲအုပ်က အော်လံလေး ယူပြီး အော်ဖို့လုပ်တယ်။ ကျွန်တော့်နားထဲ ကြားယောင်လာတာက –
ရမ် မိုဟာမက် သောမတ်စ် ခေါ် ရာဂျူးရှာမား လက်မြှောက်ပြီး ထွက်လာခဲ့ပါ..” ဒါပေမယ့်

တကယ်တမ်းကျတော့

“ဒီတန်းလျားဆောင်မှာ နေသူများအားလုံး အပြင်လာထွက်လာပေးပါ” တဲ့။

ရဲအုပ်က ဆက်အော်တယ်။

“အက်ဂရာ ဘဏ်မှာ ဓားမြတိုက်မှုတစ်ခု ဖြစ်ပွားသွားပါတယ်..တရားခံအဖြစ်

သံသယရှိသူဟာ ဒီမှာ ပုန်းနေနိုင်တယ်ဆိုတဲ့ ယုံကြည်လောက်တဲ့ သတင်း အထောက်

အထားတွေ ကျွန်တော်တို့ ရရှိထားပါတယ်..ဒါ့ကြောင့် ဒီနေရာမှာ ကျွန်တော်တို့

ရှာဖွေ စစ်ဆေးမှုပြုလုပ်ရပါလိမ့်မယ်..” 

ရဲသားတွေက တစ်ခန်းပြီးတစ်ခန်း စေ့စေ့စပ်စပ်ရှာကြတယ်။ ကျွန်တော့်အခန်းရောက်တော့

ကျွန်တော့်နာမည် ၊အသက်၊ အလုပ်အကိုင် ဘာညာမေးတယ်။ ပြီးတော့ ဒီနားတစ်ဝိုက်

မသင်္ကာစရာ ဘာတွေ့သလဲ လို့လဲ မေးသေးတယ်။ ကျွန်တော် တရားမဝင်ဧည့်လမ်းညွှန်

လုပ်နေတာတော့ မပြောပါဘူး။ ကျွန်တော်က တက္ကသိုလ် ကျောင်းသားတစ်ယောက်ပါလို့.

..ပြီးတော့ ဒီအဆောင်ကို ရောက်တာမကြာသေးဘူးလို့ ပြောလိုက်တော့ သူတို့ကျေနပ်သွား

တယ်။ အိပ်ယာအောက်တို့ ၊မီးဖိုခန်းတို့ကို လှန်လှောကြည့်ကြသေးတာပေါ့။ ပြီးတော့ နောက်

တစ်ခန်းကူးသွားကြတယ်။

ရှန်ကာ့ အခန်းရောက်တော့ ရဲအုပ်က ရှန်ကာ့ကို နာမည်ပြော ဆိုတော့ ရှန်ကာ ဗလုံးဗထွေးနဲ့

သူ့ထုံးစံအတိုင်း ပြန်ပြောတော့ ရဲအုပ်ကြောင်သွားတယ်။

“ဘာကွ…ပြန်ပြောစမ်း..”

“အူဒ်ဇစ်ဖန်”

“တယ်..စောက်ကလေးက ငါ့ကို ဟာသလုပ်နေတာလား..”

ရဲအုပ်က တင်းပြီး ရာဘာတုတ်နဲ့ ရိုက်မယ် လုပ်တော့ ကျွန်တော်လည်း အမြန်ဝင်ပြီး တားရတယ်။

“ဟိုး..ဟိုး..ရဲအုပ်ကြီး ခင်ဗျာ..သူက စိတ်သိပ်ပြီး မနှံ့ဘူး..ပြီးတော့ စကားလည်း မပြောတတ်လို့ပါ ခင်ဗျာ..”

“စောစောက ပြောပါလားကွ..လာ ဟေ့ကောင်တွေ နောက်တစ်ခန်းရှာမယ်..ဒီေစောက်ရူးလေး အခန်းက

မင်းတို့ ဘာမှ တွေ့မှာ မဟုတ်ဘူး..”

အခန်းသုံးဆယ်လောက်ကို သုံးနာရီနီးပါး ရှာပြီးတဲ့နောက် အခန်းတစ်ခန်းမှာ မြှုပ်ထားတဲ့

ငွေထုပ် တစ်ထုပ်ကို တူးဖော်ရရှိလိုက်တယ်။ အဲဒီအခန်းက ကျွန်တော်တို့ကဗျာဆရာ နဂျ်မီ

ရဲ့အခန်းပဲ။ မုတ်ဆိတ်နဲ့ ကဗျာဆရာလေ။ သူ့ကိုယ်သူတော့ ဘောလီးဝုဒ်က သီချင်းရေး

ဆရာ လို့ဆိုတာပဲ။ ကျွန်တော်တို့အားလုံး အံ့အားသင့်သွားကြတာပေါ့။ ကျွန်တော်တို့ကဗျာ

ဆရာလေးက အချိန်ပိုင်းဓားမြတိုက်တဲ့ အလုပ်လည်း လုပ်သတဲ့ ဆိုတော့လေ။ လူတစ်ယောက်

မြင်ရုံ သိရုံမဟုတ်ဘူး..တော်တော်တန်တန်ပေါင်းကြည့်ရင်တောင် အကြောင်းကို ကောင်းကောင်း

သိနိုင်ရိုးလား ခင်ဗျာ..။အသွင်အပြင် အသွေးအမွေး ကလည်း လှည့်စားတတ်တာမျိုးလား။

အပွေးမြင်တိုင်း အပင် မသိနိုင်ဘူး ထင်တာပဲ။ အဲ..သူများသာပြောနေတာ။ကျွန်တော် ဖုံးထား

တဲ့ ကျွန်တော့်နောက်ကြောင်းရာဇဝင်များ ဒီကလူတွေ သိလို့ကတော့ တို့အဆောင်ကို နာမည်

ဆိုးထွက်အောင် ထပ်လုပ်ခံထိပြန်ပဟေ့ လို့ပဲ ပြောကြမလားနော။

*****************************

လဂျ်ဝန်တီက ဒူရ်ဂါ ဘုရားကျောင်းနားမှာရောင်းတဲ့ ဆိုင်က လဒူ မုန့် လတ်လတ်ဆတ်ဆတ်

လေးတွေ ဝယ်ပြီး ကျွန်တော့်အခန်းကိုရောက်လာတယ်။ သူ့ကြည့်ရတာ စိတ်လှုပ်ရှားနေပုံပဲ။

“အမလေး..အစ်မရယ်..လဒူချိုချိုလေးတွေက ဘာအတွက်များပါလိမ့်..လစာတိုးပြီ ထင်ပါ့နော်..”

“ဒီနေ့တော့ အပျော်ဆုံးပဲဟယ်..ဒူရ်ဂါ အရှင်မ စောင်မမှုနဲ့ တို့ရွေးခဲ့တဲ့ အရာရှိကလေးက

လက်ချ်မီး နဲ့ လက်ထပ်ဖို့သဘောတူလိုက်ပြီဟ..ငါ့ညီမလေးတော့ ကောင်းကောင်းစံစား

ရတော့မပေါ့..အေး..ငါလည်း မင်္ဂလာပွဲအတွက်ကြိုတင်ပြင်ဆင်နေတယ်..ချောက်ချီးချောက်

ချက်တော့ ဘယ်ဖြစ်မလဲ..သူများတကာထက် သာအောင်တော့ လုပ်မှ..”

“တင်တောင်းဖို့ကရော..အစ်မရဲ့..သတို့သားဘက်က ဘာတွေများ တောင်းဆိုထားလဲ..”

“ဘာမှတောင်းပါဘူးအေ…သူတို့မိသားစုက သိပ်ပြီး ရည်မွန်ကြတာဟဲ့..ငွေမလိုဘူးတဲ့..

ပစ္စည်းနည်းနည်းပါးတော့တင် ဖို့ပြောတာပေါ့..”

“ဘာများတုန်း..အစ်မရဲ့”

“အင်း..ဘာဂျက် စကူတာလေးတစ်စီးရယ်.. ဆွမ်းမိ(တ်) မွှေစက် မစ်ဆာလေးတစ်လုံးရယ်

..ရေးမွန်က အမျိုးသားဝတ်စုံ ငါးစုံလောက်..နောက်ပြီးတော့ လက်ဝတ်ရတနာ နည်းနည်းရယ်ပါပဲ..”

ဪ နည်းနည်းပါးပါးတဲ့။ ကျွန်တော်လည်း မျက်လုံးပြူးသွားတယ်။

“အာ..အစ်မကလည်း..အဲဒါတွေဆို…အင်း..တစ်သိန်းလောက်တော့ ကုန်မယ်နော..

ပိုက်ဆံဘယ်ကရမှာတုန်း..”

“အေးဟဲ့..အရင်ကတည်း လက်ချ်မီး မင်္ဂလာဆောင်ဖို့အတွက် ဆိုပြီး စုဆောင်းထားတာလေးတွေ

ငါးသောင်းလောက်တော့ ရှိတယ်..လိုတဲ့ ငါးသောင်းလောက်တော့ မနက်ဖြန်ကျရင် သခင်မ ရာနီ

ဆီကပဲချေးလိုက်တော့မယ်..”

“သူက အစ်မကို အဲဒီလောက်ပေးပါ့မလားဗျ..သေချာလို့လား..”

“အိုး..ပေးမှာပေါ့ဟ..ငါက သူခေါ်ဖူးသမျှထဲ အတော်ဆုံး အိမ်ကူ မဟုတ်လား..”

“ဟုတ်ပါပြီဗျာ..ကံကောင်းပါစေ အစ်မရယ်..”

*****************************
ကျွန်တော်လည်း နီတာ့ဆီ သွားမြဲ သွားလျက်ပေါ့။ ဒါပေမယ့် အဲဒီလိုနေရာမျိုးမှာ တွေ့ရတာ

စိတ်ကျဉ်းကြပ်တယ်။ နောက်ပြီးတော့ ဟိုမျက်လုံးဂဏှာမငြိမ်တဲ့ ဖာခေါင်း ရှရမ်နဲ့ မဆက်ဆံ

ချင်ဘူး။ အဲဒါနဲ့ နီတာက အပြင်မှာ တွေ့ဖို့အကြံပေးတယ်။ သောကြာနေ့ဆို နီတာ က တစ်ယောက်

တည်း ရုပ်ရှင်သွားကြည့်တတ်တယ်လေ။ ကျွန်တော်လည်း ရုပ်ရှင်ရုံသွားပြီး သူနဲ့တွေ့တာပေါ့။

သူက ပေါက်ပေါက် ကြိုက်တယ်။ အဲဒီတော့ ပေါက်ပေါက် အထုပ်ကြီးတစ်ထုပ်ဝယ်ပြီး မှောင်မည်း

ညစ်ပတ်နေတဲ့ နောက်ဆုံးတန်းမှာ သွားထိုင်ကြတယ်။ ရုပ်ရှင်ရုံလား..အကက်ရှ် တော်ကီစ် လေ။

ကျွန်တော်ကတော့ ရုပ်ရှင်ကောင်းကောင်းမကြည့်ဘူး။ နီတာ့ကိုပဲ ထိုင်ကလိနေတာ။ ကျွန်တော်က

ကလိ ၊ သူက တဟိဟိ တခွိခွိ နဲ့ပေါ့။ ရုပ်ရှင်ပြီးလို့ ရုံထဲကထွက်လာရင် လာမမေးနဲ့။ ဘာတွေပြသွား

လဲတောင် သေချာမသိဘူး။ ကျွန်တော့်မျက်လုံးက တစ်ချိန်လုံး နီတာ့ ဆီမှာကိုးခင်ဗျ။

ကျွန်တော်တို့နှစ်ယောက် ဇာတ်လမ်းကလည်း..အင်း..ကြည်နူးစရာ အချစ်ဇာတ်လမ်းရှည်ကလေး

အဖြစ် တဖြည်းဖြည်းပြောင်းလဲလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါရဲ့။

****************
ရှန်ကာ တစ်ယောက် ငိုပြီး ကျွန်တော့်အခန်းထဲ ဝင်လာတယ်။

“ဘာဖြစ်တာတုန်း”

ရှန်ကာက သူ့ဒူးခေါင်းကို ပြတယ်။ ပွန်းပဲ့ပေါက်ပြဲ နေတဲ့ဒဏ်ရာတစ်ခုဗျ။ ကျွန်တော်လည်း

ချက်ချင်းစိုးရိမ်သွားတယ်။

“ဟ..ဒါဘယ်လိုဖြစ်လို့ ဒီဒဏ်ရာရလာတာတုန်း..ချော်လဲတာလား..”

ရှန်ကာက ခေါင်းခါပြီး ကွိကွိကွကွ နဲ့ရှင်းပြတယ်။

တစ်ကြိမ်လောက်တော့ သူ့ကို စကားပီပီလေးပြောတတ်စေချင်ပါရဲ့ဗျာ..။

“အေး..ငါလည်းမင်းပြောတာ နားမလည်ဘူး…ကိုင်း..အပြင်ထွက်ပြီး ဘယ်လိုဖြစ်

တယ်ဆိုတာသာပြပေတော့..”

ရှန်ကာ အပြင်ထွက်ပြီး ညွှန်တယ်။ ကျွန်တော်တို့ ဝင်းက ကျောက်ခင်းလမ်းကလေးဟာ

မိန်းလမ်းကြီးကို ဆုံသွားတဲ့နေရာကိုပေါ့။ အဲဒီနားက လမ်းထောင့်မှာ ရင်တား အကာလေး

တစ်ခုတော့ရှိတယ်။လမ်းမကြီး နဲ့ ပလက်ဖောင်းကြား အကာကလေးပါ။ ဒီနားက ကလေးတွေ

က အဲဒီအပေါ်တက်တက်ပြီး ခုန်ချတမ်း ကစားနေကြ။

“ အရ်ကယို မာ..တရိယ်လာ..ခရ်..ဃဟိုရ်..ထှယ်..” ရှန်ကာ သူ့ဒူးခေါင်းလေး ပြလို့ ကျွန်တော့်

ကို ပြောပြန်တယ်။ကျွန်တော်လည်း သူပြတဲ့ဘက် လိုက်ကြည့်မိတော့ သဘောပေါက်သွားတယ်။

ဒီကောင်လေး လမ်းဘေးက အကာပေါ်တက်ပြီး ခုန်ချရင်း ဒူးပြဲသွားတာဖြစ်မယ်လို့ ကျွန်တော်

ယူဆလိုက်တယ်။

“ကဲ..လာ လာ.. အစ်မ လဂျ်ဝန်တီ ဆီသွားမယ်..သူ့မှာ ဆေးရှိတယ်..မင်းဒဏ်ရာကို ဆေးထည့်ပြီး

ပတ်တီးစည်းခိုင်းရမယ်..”

ကျွန်တော် မမြင်လိုက်တာ ရှိတယ်။ သွားရည်တရွှဲရွှဲ နဲ့ သွားဖြဲပြီး မာန်ဖီရန်လိုနေတဲ့ ခွေးဝဲစား လေး

တစ်ကောင်ကိုပေါ့။ အဲဒီ ပလက်ဖောင်းဘေး အကာလေး အောက်နားတင်ပဲ။ခွေးမှ ညစ်စုတ်

စုတ် နဲ့ အနက်စက်ကလေးတွေ ပါတဲ့ ခွေးဝဲစား။

**********************
နှစ်သစ်တစ်ခု အရုဏ်ကျင်းပြီ။ မျှော်လင့်ချက်အသစ်တွေနဲ့ အိပ်မက်သစ်တွေပါ ဆောင်

ယူလာတာပေါ့။ နီတာနဲ့ ကျွန်တော်က လက်ထပ်ဖို့ အသက်ပြည့်ပြီလေ။ ဆယ့်ရှစ်နှစ်

အသီးသီးပြည့်ကြပြီ။ ပထမဆုံးအနေနဲ့ အနာဂတ်ရေး မျှော်တွေးစဉ်းစားစရာ တစ်

ခုတော့ ရှိလာပြီ ထင်ပါ့။နီတာ တစ်ယောက် ကျွန်တော့်ဘေးမှာ ရှိစေဖို့ပေါ့ဗျာ။ ဒီက

လူတွေကို အရင်လို ပိုက်ဆံမချေးတော့ဘူး။ ခုဆို တစ်ပြား နှစ်ပြားလည်း ကျွန်တော့်အ

တွက် လိုအပ်လာပြီ။

 

ဒီကနေ့က သောကြာနေ့။ ပြီးတော့ လပြည့်နေ့လည်း ဖြစ်တယ်လေ။ ဒီလိုမျိုးက

ကြုံတောင့်ကြုံခဲ ဆိုတော့ နီတာကို ဖျောင်းဖျပြီး ရုပ်ရှင်ရုံ မသွားတော့ဘဲ တဂျ်မဟာ ကို

ခေါ်လာခဲ့တယ်။ အဲဒီညနေပိုင်းမှာ ကျွန်တော်တို့နှစ်ယောက် စကျင်ကျောက်ခုံမှာထိုင်ရင်း

ရေပန်းနဲ့ စိမ့်ညို့ညို့ ဆိုက်ပရပ်ပင်တန်းတွေနောက်က ပေါ်ထွက်လာမယ့် လမင်းကို စောင့်

စားနေကြတယ်။ပထမဆုံး ကျွန်တော်တို့ညာဘက်ကနေ ငွေခြည်အလင်းဖျော့ဖျော့က

သစ်ပင်ရှည်တွေနောက်ဘက်မှာ ပေါ်ထွက်လာပါရော။ လမင်းက အိမ်ခြေအဆောက်အ

ဦတွေ နဲ့ သစ်ပင်သစ်ရွက်တွေကြားက တိုးထွက်နိုင်အောင် ရုန်းကန်နေရသလိုလို။

ဟော..ရုတ်တရက်ပဲ လမင်းကြီးက ကောင်းကင်ပေါ်မှာ ခမ်းခမ်းနားနား ထွန်းလင်းလာ

ပါပကော။ ညကန့်လန့်ကာကို ဘေးဆွဲချပြီး တဂျ်မဟာ ကို ထည်ထည်ဝါဝါ မြင်တွေ့လာ

စေတော့တာပဲ။ နီတာ နဲ့ ကျွန်တော်လည်း မှင်သက် ငေးမောနေမိတယ်။ယမုံနာ မြစ်ကမ်း

က ငွေခြည်လဲ့ဖြာနေတဲ့ တဂျ်မဟာရဲ့ အဆန်းတကြယ်ပုံလွှာက ကောင်းကင်ဘုံနန်းကြီး

တစ်ခုလိုပါပဲလား။ ကျွန်တော်တို့နှစ်ယောက်လက်ချင်းဆုပ်ကိုင်ပြီး ငေးမောနေတာ

နိုင်ငံခြားသား ခရီးသွားတွေကိုတောင် သတိမမူမိတော့ဘူး။ သူတို့က ဒီလိုမျိုး လပြည့်ည

မှာ တဂျ်မဟာရဲ့အလှကိုခံစားဖို့ ဒေါ်လာ ငါးဆယ်စီပေးရတယ်လေ။

 

နီတာ့ကိုတစ်လှည့် တဂျ်မဟာကိုတစ်လှည့်ငေးရင်း တွေးမိတာက ဒီလောက် ပြီးပြည့်စုံ

ခမ်းနားလှတဲ့ တဂျ်မဟာတောင် နီတာ့ရဲ့ ပြစ်မျိုးမထင်တဲ့ မျက်နှာလေးနဲ့ ယှဉ်လိုက်တော့

ညှိုးမှိန်သွားသလိုပါလား..လို့။ ကျွန်တော် မျက်ရည်ကျလာတယ်။ ဒီ ဆယ့်ရှစ်နှစ်တာ

ကာလရှည်အတွင်းမှာ နှလုံးသားထဲ တိမ်မြုပ်သိုမှီးထားတဲ့ အချစ်ဆိုတဲ့ခံစားချက်ဟာ

မြည်ဟီးခုန်ပေါက်လို့ ထွက်လာပါပကော။ ရေကာတာ ဖွင့်ချလိုက်သလိုမျိုး။ဪ..

ဧကရာဇ်ကြီး ရှားဂျဟန်ဟာ မွမ်းတက်ဇ် မဟယ် အပေါ် ဘယ်လိုများ ခံစားပြီး အချစ်

စိတ်တွေ ပွားခဲ့တယ်ဆိုတာ ပထမဦးဆုံး အကြိမ်အဖြစ် ကျွန်တော် နားလည်မိပြီ။

ခံစားမိပြီ။ တွေ့ကြုံမိပြီကော။

 

ဒီခဏတာကလေးဟာ ကျွန်တော့်တစ်သက်စာ စောင့်စားခဲ့ရတာကိုး။

အဲ..ဒီအတွက်လည်း သေချာ လေ့ကျင့်ထားပါတယ်။ ကျွန်တော်တို့ကဗျာဆရာ နဂျ်မီ

ထောင်ထဲမရောက်ခင်က ကျွန်တော့်အတွက် အူရဒူ ကဗျာစာအုပ်လေးတစ်အုပ် ထားခဲ့

ပါရော။ အဲဒီထဲက အချစ်အကြောင်းဖွဲ့နွဲ့ထားတဲ့ကဗျာစာပိုဒ်လေးတွေ တော်တော်များ

မှတ်မိတယ်။ နဂျ်မီ က ကျွန်တော့်အတွက်ဆိုပြီး နီတာ့အကြောင်း အမွှမ်းတင်ထားတဲ့

ကဗျာလေးတစ်ပုဒ်တောင် ရေးစပ်ပေးခဲ့သေးတယ်။ ဒီလိုမျိုးပေါ့ –

“ မင်းအလှ အမတ ဆေးရည် နဲ့

ဟောဒီ မိဘမဲ့လေး ဘဝကို ရွှင်ပျစေခဲ့..။

အချစ်နာကျရင် ငါ သေပွဲဝင် လိမ့်မယ်။ အဲဒီအခါ..

မရဏ တစ်ဖက်ကမ်း ကနေ ငိုပွဲဆင်ရလိမ့်ဦးမပေါ့။

ဒီမှာ..ငါ့အိမ်သူသက်ထား အဖြစ် မင်း ငြင်းသင့်သလား..ငြင်းမှာလားကွယ်..။”

နာမည်ကျော် ရုပ်ရှင်တွေထဲ ပြောင်မြောက်တဲ့ စကားပြောခန်း တွေ ကျွန်တော် တော်တော်

များများ မှတ်မိတယ်။ ပြန်စဉ်းစားတယ်။ ဒါပေမယ့်ဗျာ..လရောင်ရွှန်းမြမြနဲ့ ထွန်းပတဲ့ တဂျ်မဟာ

အောက်မှာ နီတာနဲ့ နှစ်ကိုယ်ယှဉ်လို့ ထိုင်မိတဲ့အချိန် အဲဒါတွေ ကျွန်တော် မေ့ပစ်လိုက်တော့တယ်။

သူ့မျက်လုံးတွေထဲ ကျွန်တော်ကြည့်ရင်း ရိုးရိုးလေးပဲ မေးလိုက်တယ်။ ငါ့ကို ချစ်သလား လို့ပေါ့။

သူကလည်း တစ်လုံးပဲ ပြန်ဖြေတယ်။ အင်း တဲ့။ပြီးရော။ အဲဒီ အင်း ဆိုတာကလေးက ဟောဒီ

ကမ္ဘာပေါ်မှာ ရှိသမျှ ကဗျာတွေထက် ပြီးပြည့်စုံတဲ့ အဓိပ္ပါယ်ကို ဆောင်တယ်။ ကျွန်တော်လည်း

အဲဒီအဖြေကလေးကြားရော နှလုံးသားထဲမှာ ငြိမ့်ခနဲ..သိမ့်ခနဲ ပျော်သွားတယ်ဗျာ။ စွမ်းအားကြီး

တဲ့ ကျွန်တော့်အချစ်စိတ်ဟာ မြေပေါ်ကနေရုတ်ခြည်းထိုးတက်ပြီး စွန်ကလေးတစ်ခုလို ပျံသန်း

သွားတယ်။ ပြီးတော့ ပထမဆုံးအကြိမ်အနေနဲ့ တဂျ်မဟာက အထိမ်းအမှတ် ဂူသချုင်္ ိင်းရယ်လို့

မဟုတ်တော့ဘဲ ကိုယ့်အိမ်ကိုယ့်ယာလို ခံစားမိတယ်။ လမင်းကြီးကလည်း ကျွန်တော်တို

့နှစ်ယောက်တည်း ကွက်ပြီး သီးသန့်ထွန်းလင်းပေးသလိုမျိုး။ သူ့အလင်း နဲ့ ဖျန်းပက်လို့

ကျွန်တော်တို့ နှစ်ယောက်တည်းတစ်ကမ္ဘာလေးကို ကောင်းချီးပေးသလိုမျိုး..။
**************************

10 comments

  • အရီးခင်လတ်

    July 23, 2013 at 2:13 pm

    ဖတ်သွားကြောင်းလေး သတင်းပို့တာပါ။ 🙂

  • Ma Ma

    July 23, 2013 at 3:11 pm

    ရွာ့ပွဲအပြီးမှာ တက်လာလို့ ဝမ်းသာပါတယ်။
    စာအုပ်ထုတ်ဖြစ်ရင် တစ်အုပ်တော့ ရောင်းရပြီလို့ စာရင်းတို့ပေးထားပါ။ 🙂

  • မောင်ဘလိူင်

    July 23, 2013 at 4:25 pm

    စာအုပ်အဖြစ် ထုတ်ဖြစ် မထုတ်ဖြစ်တော့ မသေချာသေးပါဘူး ဗျာ..ပြောထား
    တာတော့ရှိပါတယ်။ ထုတ်ဖြစ်ရင်တော့ ရွာထဲ အတင်းလိုက်ရောင်းရမှာပဲ..

    :hee:

    • ဦးကျောက်ခဲ

      July 23, 2013 at 4:29 pm

      ထုတ်ဖြစ်ရင် တစ်အုပ်ဝယ်ဖို့ ကျောက်စ် စရံပေးတယ် :mrgreen:

        • မောင် ပေ

          July 24, 2013 at 6:48 pm

          စာအုပ်ထုတ်ဖြစ်ရင်
          အတွင်း ထိပ်စာမျက်နှာတွေမှာ
          ကျုပ် လုပ်ငန်းလေးတွေ ကို
          ကြေညာခ ဖရီးနဲ ့ ထည့်ပေးပါနော

  • Mr. MarGa

    July 23, 2013 at 7:21 pm

    ဖတ်သွားသဗျိုးးး
    pdf ကိုတော့ တာဝန်ယူပါတယ် ဆိုတာလေးရယ်
    ပုံနှိပ်စာအုပ် ဝယ်ဖို့ တန်းစီထားတယ် ဆိုတာလေးရယ်
    အဲ့ဒါ အဲ့ဒါ (ခွက်ဒစ်တူ ကပေ) :mrgreen:

Leave a Reply